ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, February 22, 2013

NLD ပါတီ အား မွတ်ဆင်လင်ဘာသာများလွမ်းမိုးနေဟု ဆရာတော် အရှင် ၀ီရသူဝေဖန်

NLD ပါတီ အား မွတ်ဆင်လင်ဘာသာများလွမ်းမိုးနေဟု ဆရာတော် အရှင် ၀ီရသူဝေဖန်



ဆရာတော် ၀ီရသူဟောကြားချက်
ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။
အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
အေး သူတို့တတွေ ကြတော့နော် ခင်ဗျားတို့ကြည့် ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ အလုပ်လုပ်တာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ် မရောက်ခင်တုန်းကစစ်အစိုးရခေတ်၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ သူတို့တွေ အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ အလုပ်လုပ်ခဲ့ကြလို့

ဒီကနေ့ ရန်ကုန်မြို့ကြီးရဲ့ ဆောက်လုပ်ရေးဈေးကွက်ကိုသူတို့ အုပ်စီးသွားပြီ ချုပ်ကိုင်သွားပြီ။

အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်လို့။ သူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့ မထင်နဲ့။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပေါင်းတာ။ အဲဒီလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေတ်ကောင်းလာတော့ အလုံးလိုက်၊ အရင်းလိုက် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲသူတို့ ဝင်ကြတယ်။ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးလုပ်တာ။ နိုင်ငံရေးခံယူချက်ရှိလို့ မဟုတ်ဘူး။ ဒီမိုကရေစီကို နားလည်လို့ မဟုတ်ဘူး။ လူ့အခွင့်အရေးကိုလေးစားလို့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေ။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ သူတွေ။ အေးဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီထဲ ဝင်တယ်။ ဘာကြောင့်လဲ။ ဒီပါတီထဲပါတီအာဏာရရင် သူတို့တတွေ နေရာရမယ်။ သူတို့တွေနေရာရရင် သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အလုပ်လုပ်နိုင်မယ်။ နောက်ဆုံးအကာအကွယ် ပေးနိုင်မယ်။ဒီရည်ရွယ်ချက်နဲ့ ဝင်တယ်။

ဒီကနေ့ NLD ခေတ်ကောင်းလာတော့ကော NLD ထဲပြောင်းပြီး သူတို့တွေ နေရာယူ သွားကြပြီ။ ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေချည်းပဲ။ အဲတော့ မိတ္ထီလာရောက်တော့ မိတ္ထီလာက ဒကာတော်က လျှောက်တယ်။

ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး ဆရာတော်၊ မွတ်ဒေါင်း ဖြစ်သွားပါပြီ။

ဘာ့ကြောင့်တုံးဗျ။

မွတ်ဆလင်တွေ ချည်းပဲ။

အေး ခင်ဗျားပြောတဲ့ စကားလည်း မဆိုးဘူးဗျ။

စဉ်းစား ကြည့်နေနော်။ သူတို့ နိုင်ငံရေးခံယူချက် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်တယ်။ ဘာအမြင်နဲ့ လုပ်လဲ၊ အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါဘဲ၊ အဲတော့ ဘာဖြစ်မလဲ၊ သူတို့တွေ နေရာရတာပေါ့။

နေရာရတော့ ဘာဖြစ်မလဲ။ သူတို့လူမျိုး၊ သူတို့ ဘာသာ တိုးတက်အောင် လုပ်နိုင်တာပေါ့။

တစ်ခုပဲပြောလိုက်မယ်။ ဦးဇင်းမြို့လှမြို့ကိုရောက်တယ်။ ဦးဇင်းတွေ ဆီးပြီးတိုင်တယ်။

အာဇာနည်နေ့ကတဲ့ NLDရုံးမှာဆွမ်းကပ်ချင်တာတဲ့။ ဆွမ်းကပ်ခွင့် မရဘူးတဲ့။

ထောင်းခနဲ ဖြစ်သွားတယ်။ ရိုင်းလှချည်လားကွာ၊ ဒီ အုပ်ချုပ်ရေးမှူးက ဒီအာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဆုံးတဲ့ နေ့တောင် ဆွမ်းကပ်ခွင့် မပေးဘူး။ ဘာကောင်တွေလဲပေါ့။

မဟုတ်ဘူး ဘုရားတဲ့။ NLD ရုံးက ကုလားအိမ် ငှားပြီးဖွင့်ထားတာ၊ ကုလားကခွင့်မပေးတာ။

သေဟ၊ ပြီးရော၊

သူတို့ နေရာရသွားပြီလေ။ NLDရုံးလေးအငှားဖွင့်တဲ့အိမ်ကတောင်မှ ဒီဆွမ်းလေး ကပ်ခွင့်ကို ပိတ်ပင်ခဲ့ရင် ဒီပါတီ ဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊

ဒီနိုင်ငံ့ ခေါင်းဆောင်ဖြစ်သွားခဲ့သော်၊ ဒီလွှတ်တော် ကိုယ်စားလှယ်၊ ဒီလွှတ်တော် အမတ်ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ။

မလွယ်ဘူးနော်၊ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေပဲနော်၊ သူတို့တွေ စီးပွားရေးလုပ်လည်း အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။

ဒါကြောင့် သူတို့ အမျိုးသားတွေ ဟိုးမြေတွေ လိုက်ဝယ်တာတွေ၊ အိမ်တွေ လိုက်ဝယ်တာ။ ဒီငွေထုပ် ပိုက်ပြီးတော့ မိန်းကလေးတွေ လိုက်တောင်းတာ။ ဒီဟာတွေပြပြီး မိန်းကလေးတွေကို မြူဆွယ်တာ။ အကုန် အမျိုးသားရေးအမြင်နဲ့ အကုန် အလုပ်လုပ်နေတာ။ အကုန်ကပ်တာ။ စစ်အစိုးရ ခေါင်းဆောင်တုန်းက ဗိုလ်ချုပ်ကြီးတွေကို ကပ်တာ။ ပါတီထောင်တော့ ပါတီ ခေါင်းဆောင်တွေကို ကပ်တယ်။

NLD အားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်တယ်။

လိုက်ကြည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်က ပြန်လာ၊ နိုင်ငံခြားက ပြန်လာတဲ့အခါ လေဆိပ်မှာသူ့ကားပဲစီးလာတာ။ မန္တလေးကိုလာတယ်။ လေဆိပ်မှာ သူ့ကုလားကားပဲ စီးတာ။ ကပ်ထားပြီ။ အပီကပ်ထားပြီ။

ဘယ် ရော်နယ်ဒို ဘယ်လောက် ကောင်းကောင်း ခင်ဗျား ၄၊ ၅ ယောက် ကပ်ထားတော့ လှုပ်ကိုမလှုပ်တော့ဘူး။

ရခိုင်ပြည် အတုံးအရုံးနဲ့ အသတ်ခံရတာဒေါ်စုတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဘာတတ်နိုင်တုန်း၊ အဲဒါမှတ်ထား။ သူတို့တွေ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်နေတာ။

ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ မင်းကိုနိုင် ဘာတတ်နိုင်သေးတုန်း၊ ရခိုင် အရေးအခင်းမှာတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ ကပ်ထားပြီ၊

ခင်ဗျားတို့ ရန်ကုန်သတိထား။ အမျိုးသားရေးကိုအလေးအနက်ထားကြမှ ဖြစ်မယ်။ အဲဒီလိုပဲ၊

ဟိုးဦးဇင်းတို့ ပြီးခဲ့တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် လောက်က မွန်ပြည်နယ် သွားတယ်။ တွေ့ခဲ့ရတယ်။ ရာဇာမင်းဆိုတဲ့ ကားအသင်း၊ ကုလားပိုင်ပဲ။ အဲဒီ ကားအသင်းက အဲဒီကားပိုင်ရှင်ကအဲဒီကားအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေ၊ မထသဥက္ကဋ္ဌ ဖြစ်နေတာ။

အေး သူဖြစ်လိုက်ကတည်းက ကထိန်ခင်းခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ။ အပိုအလုပ်တွေ၊ ပြီးပြီ။

သူနေရာရသွားတာနဲ့ တပြိုင်နက် တန်းပြီးတော့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှူဒါန်းခွင့်ကိုပိတ်ပစ်လိုက်ပြီ။ သတိထားပါ။

ဦးဇင်းတို့တွေက အမျိုးသားရေးနဲ့ လူမှုရေးကွဲတယ်။ အဲအမျိုးသားရေးနဲ့ လူ့အခွင့်အရေးကွဲတယ်။

နိုင်ငံရေး သမားတွေက အမျိုးသားရေးနဲ့ လူ့အခွင့်အရေးမကွဲဘူး။

ဒါကြောင့်မို့လို့ သူတို့တွေက ဓမ္မဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ပြည်သူဘက်မှာလည်း မရပ်တည်နိုင်ဘူး။

ဒီလို လူတွေသာ ဆက်တိုက် ဆက်တိုက် နေရာရကြည့်။ ကထိန်ခေတ် ဆိုတာတောင် ဘယ်ပျောက်သွားမှန်း သိမှာမဟုတ်တော့ဘူး။ အဲဒါပဲလေ။ သူနေရာရသွားပြီး၊ နေရာရတော့ ဘာဖြစ်လဲ။ ကထိန်ခင်းခွင့်ကို ပိတ်ပစ်လိုက်တယ်။ ကထိန်ခင်းခွင့်ကို ပိတ်ပင်လိုက်တော့ ဘာဖြစ်မလဲ။ ဗုဒ္ဓဘာသာနစ်နာတာ၊ ထိခိုက်တာ၊ ကုသိုလ်တရားတွေ ဆုံးရှုံးသွားတာ။

အေးအဲဒါတွေကိုသိတဲ့အခါကျတော့ မော်လမြိုင်က စာချ ဆရာတော်လေး တွေ စုဖွဲ့ထားတဲ့ သံဃာကွန်ယက်က အဲဒီမှာ စတစ်ကာတွေ ကပ်ပြီး လိုက်ပြီးတော့ ဘာသာတူ လူမျိုးတူ ဆိုင်တွေမှာ ဈေးဝယ်ဖို့၊ ဘာသာတူ လူမျိုးတူကားအသင်းတွေကိုပဲ စီးဖို့၊ ဒါမျိုးလေးလိုက်ပြီးတော့ ဆောင်ပုဒ်လေးတွေနဲ့ ပြောကြတယ်။

စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ဝယ်လည်း ၉၆၉၊ စီးလည်း ၉၆၉၊ အဲလိုမျိုးတွေ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဒါလေးကို ရည်ရွယ်ပြီးတော့ စားလည်း ၉၆၉ ဝယ်စားခဲ့သော် ဘုရား၊ တရား၊ သံဃာ အထိမ်းအမှတ် သင်္ကေတ အမှတ်အသားပါတဲ့ ဆိုင်တွေမှာ ဈေးဝယ်စားပါ။ သွားလည်း ၉၆၉ ဘာသာတူ လူမျိုးတူတဲ့ ကားအသင်းတွေကို သွားပါ။ အဲဒါမျိုးဆိုတာဝယ်လည်း ၉၆၉၊ ရောင်းလည်း ၉၆၉၊

အေး ကိုယ်က ဈေးတစ်ခု ဝယ်တယ်။ ကိုယ့်ပစ္စည်းတစ်ခုရရုံနဲ့ မပြီးသေးဘူး။ ဒီအမြတ်ငွေ ရန်သူလက်ထဲ ရောက်သွားရင် အမျိုးဘာသာသာသနာအကုန်နစ်နာတယ်။ ဒီငွေတွေနဲ့ မိန်းကလေးတွေကို ယူမယ်။ အတင်းအဓမ္မ ဘာသာသွတ်သွင်းမယ်။ မွေးလာတဲ့ ကလေးတွေ အကုန်လုံး တိုင်းပြည်ရဲ့ အန္တရာယ် ဖြစ်မယ်။ ဘာသာကိုဖျက်စီးမယ်။ သာသနာကိုဖျက်စီးမယ်။ နောက်ဆုံး လူဦးရေတိုးပွားရင် ရခိုင်ပြည်လိုနယ်ချဲ့မယ်။ တိုင်းပြည်ကိုလုယူမယ်။

သွားပြီလေ၊ ဒါကြောင့်မို့လို့ ဒီအဝေးကြီးကို ကြည့်တယ်။ ဒီအရှည်ကို ကြည့်တယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်းရရုံလေးနဲ့ ဈေးအလွယ်တကူမဝယ်နဲ့။ ၉၆၉ သင်္ကေတပါတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်ပါ။

ဒီလိုလိုက်လံပြီးဟောတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီ ရာဇာမင်းကား မော်လမြိုင်ကလူတွေ မစီးကြတော့ဘူးဗျာ။ အဲဒီကျတော့ ဟိုဘက်ကနေ ဒီရန်ကုန်ကို လာရင် ကားကချောင်နေတာပဲ။ လူသိပ်မပါဘူး။ သူတို့ အချင်းချင်းပဲ လာကြတာ။ စီးကြတာ။ ဒါပေမယ့် ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ ကားကျတော့ အပြည့်ဗျ။ ရွှေမြန်မာတွေ အားပေးကြတာ။

အဲတော့ ရာဇာမင်းကားဘာလုပ်လဲ။ ဈေးချပ လိုက်တယ်။ အစတုန်းကတော့ အဈေးအတူ ၆၀၀၀ ပဲ။ ၅၀၀၀ အထိချပလိုက်တယ်။ ၁၀၀၀ သက်သာတယ်။ ဗမာတွေ မစီးဘူး။ ၁၀၀၀ နဲ့ ကိုယ့်ကားပဲကိုယ်စီးမယ်တဲ့။ ထပ်ချလိုက်တယ်။ အဆင့်ဆင့်။ ၃၅၀၀ အထိချ လိုက်တယ်။ အဲဒီအချိန်မှာဗမာတွေ တောင့်ခံ မနေနိုင်တော့ဘူး။ အခု ပြန်စီးနေပြီ။

သွားပြီလေ။ ဒီပွဲသာဗမာတွေရှုံးရင် နောက် ဒီလိုဟာမျိုးတွေ သူတို့တတွေ အုပ်စုဖွဲ့ပြီးတော့ ဒီဆော်ဒီအာရေးဗီးယားတွေလို ရေနံသူဌေးတွေက ထောက်ပံ့တဲ့ ငွေတွေနဲ့ အဲ့စီးပွားရေးတွေ အပြိုင် လုပ်တော့မှာ။ ဒါမျိုးတွေ အများကြီးပဲ။

ဒီတစ်ခုပဲပြောလိုက်မယ်။ ဒါကြောင့်မလို့ ဗမာတိုင်း ဗမာတိုင်း ကလေ ဟိုသက်သာတာလေး တစ်ခုတည်းကို မကြည့်နဲ့ ဒီလို ကိုယ်က ရေသာခိုလိုက်တဲ့အတွက်ကြောင့် ဒီငွေလေး ၁၅၀၀ လောက် ကိုယ်ကြည့်မြင်လိုက်တဲ့ အတွက်ကြောင့် ဒီ ၁၅၀၀ ပေါင်းသောင်းချီသွားရင်၊ သိန်းချီသွားရင် အေးရန်သူရဲ့ အင်အားဟာ ဘယ်လောက်ထိအောင် ကောင်းသွားမလဲ။ ဘယ်လောက်ထိအောင် ကြီးသွားမလဲ။ ကြီးရင် ကြီးသလောက်၊ ကောင်းရင် ကောင်းသလောက် လူမျိုးကိုဝါးမြိုမယ်။ ဘာသာ သာသနာကို ဖျက်စီးမယ်။ နိုင်ငံရဲ့ ရေထု၊ မြေထုတွေကိုလုယူမယ်၊ သိမ်းပိုက်မယ်။

ဒါဘဲ။ အဲဒီအထိကို ကြည့်ပြီးတော့ တစ်မျိုးသားလုံးကဒီဘက်ကသွားတဲ့ လူတွေရော၊ ဟိုဘက်က လာတဲ့လူတွေ အကုန်လုံးညီတူမျှတူကိုယ့်ကားကိုပဲစီးကြမယ် ဆိုရင်တော့ ခရီးသွားတာတောင်မှ၊ ကားစီးတာတောင်မှ အမျိုးသားရေးအမြင်နဲ့ သွားကြမယ်။ အမျိုးသားရေးအမြင်နဲ့ စီးကြမယ်။ နောက်ဆုံးကုလားလျှော့တဲ့ အဲငွေ ၁၅၀၀ သည် ငါ့အမျိုး ဘာသာသာသနာအတွက် လှူဒါန်းပါ၏။ အဲဒီ ၁၅၀၀ အဆုံးရှုံးခံပြီး ကိုယ့်ကားကို စီးလိုက်ပါ။

အေးအဲဒါဆိုရင် ဒီပွဲအနိုင်ရရင်တော့ နောက်ပွဲတွေလည်း ရွှေမြန်မာတွေ ဆက်ပြီးတော့ အနိုင်ရနိုင်ပါတယ်။ အဲဒါဆိုရင် ပစ်မှတ်တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီးတော့ ကိုယ့်အမျိုး ဘာသာသာသနာကို ကာကွယ်သွားရုံပဲ။ အေး ဒီပွဲမှာတော့ ကိုယ်တော်လေးတွေနဲ့ ပြည်သူတွေနဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဆမတန် ကွာနေတယ်။ ဒီဘက်ကလည်း သိပ်ပြီးတော့ မချနိုင်ဘူး။ ချနိုင်တဲ့ နည်းလမ်းတွေကို သူတို့ ရှာကြံနေကြတယ်။ ဒါကြောင့်မလို့ ပြည်သူ့အား မပါရင်တော့ အဲဒီမော်လမြိုင် ကျဆုံးတော့မှာ။

ပလေတို ဒီမို

Thursday, February 21, 2013

အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ အရိုက်ခံရ



၁၀-၂-၂၀၁၃ရက်နေ့ ည၁၀-၀၀နာရီကျော်ခန့်တွင် ရိုက်မှုဖြစ်ပွားခဲ့ပါသည်။

၂၇လမ်း၊ ၆၉ လမ်းထောင့် ယခင်ထွန်းလှ ဟိုတယ်၊ ယခုမြမန္တလာ ဟိုတယ်ရှေ့ တွင် ဆိုင်ကယ် စီးလာေ သာ "အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် စိတ္တရမဟီ ရပ်ကွက် ညီလာခံ ကျင်းပရေးကော် မရှင်ဥက္ကဌဒေါက် တာေ ဇယ်ာေ နဝင်း" အား အမည်မသိဆိုင်ကယ်သမား(၃)ယောက်မှ နောက်မှ ဝင်ရိုက်ခဲ့ပါသည်။

ဘေ့စ်ဘော ရိုက်တန် များဖြင့်ဆက်တိုက် ရိုက်ခဲ့ပါသည်။ဦးခေါင်းတွင်ပြင်းထန်စွာ ဒါန်ရာ ရရှိခဲ့ပြီး ခန္ဓာကိုယ် အနှံ့တွင်လည်း ဒါန်ရာရရှိခဲ့ပါသည်။ ၄င်းညတွင်ပဲ ရိုက်မှု(၇)မှု ဆက်တိုက်ဖြစ် ပွားခဲ့သည် ဟုကြားသိခဲ့ ရပါသည်။

အမှုမှန်ပေါ်ပေါက်ရေး အတွက် သက်ဆိုင်ရာသို့တိုင်ကြား ထားပြီးလည်းဖြစ် ပါသည်။မန္တလေး မှာနောက် ထပ် ဒီလို ကိစ္စမျိုး ထပ်မဖြစ်ပေါ်ရေး အတွက် အားလုံး သတိဝိရိယဖြင့် ပူးပေါင်းပါဝင် ကူညီကြဖို့ သတိပေး နှိုးဆော် အပ်ပါသည်။ 


Posted From Chan AyeYouth

ကျောက်ပန်းတောင်း NLD ငွေအလွဲ သုံးစားသူများကို စုံစမ်း စစ်ဆေး ဖယ်ရှားပေးရန် စာများ ဖြန့်ဝေ

ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ထွန်းရွှေ ဦးဆောင်သော လူငယ် ၁၀ ဦးသည် မြို့ပေါ်ရှိ လူစည် ကားသော လက်ဖက်ရည် ဆိုင် များတွင် ပါတီ စည်းကမ်း ဖောက်ဖျက် သူများ နှင့် ငွေ အလွဲ သုံးစား လုပ်သူ များကို စုံစမ်း စစ်ဆေး ပြီး ပါတီမှ ဖယ်ရှားရန် တောင်းဆို သည့် စာမျက်နှာ ၅ ခုပါ သော စာရွက် များကို ၃-၂-၂၀၁၃ ရက်နေ့ နံနက် ပိုင်း ၈ နာရီမှ ၁၂ နာရီ အထိ လိုက်လံ ဖြန့်ဝေ လျှက် ရှိကြောင်း သတင်း ရရှိသည်။
၎င်းစာပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်ပန်းတောင် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးတွင် နေ့လည် ၂ နာရီ အချိန်၌ ပါတီဝင် ၂၅ ဦးခန့်ဖြင့် အစည်း အဝေး ခေါ်ယူ ညှိနှိုင်း ခဲ့ရာ ပြေလည်မှု မရရှိခဲ့ကြောင်း၊ ထိုသို့ ပြေလည်မှု မရရှိ ခဲ့ခြင်းကြောင့် အစည်းအဝေး ကိုရပ်နားကာ လူစုခွဲ ခဲ့ရကြောင်း သတင်း ရရှိသည်။
စာပါ အချက်များတွင် ယခု NLD သည် ယခင် မ.ဆ.လ အတိုင်း လုပ်နေပြီ ဟု၎င်း၊ မြို့ပေါ်တွင် နာမည် ကြီးနေ သော သတင်း တခု ကတော့ အမှုပွဲစား လုပ်၍ ထောင်ကျ နေသူ တစ်ဦးကို နိုင်ငံရေး မှုဖြင့် ထောင်ကျ သည်ဟု ကျောက်ပန်းတောင်း NLD ကထောက်ခံ လို့ လွတ်လာ သည်ဟု ကြားသိ ခဲ့ရကြောင်း၊ ငွေအလွဲ သုံးစား ခြင်း နှင့် ပတ်သက်ပြီး ပါတီဝင် များဖြစ် ကြသည့် ဦးနီ၊ ဦးရဲလှ၊ ဦးသန်းဖေ၊ ဦသန်းဝင်း၊ ဒေါ်အေးမြင့်ကြည်၊ ကိုအေးနိုင်၊ ဦးရွေကို တို့အား ရံပုံငွေ ရှာဖွေပြီး ရှင်းတမ်း မထုတ်ခဲ့၍ စစ်ဆေး အရေးယူ ပေးရန် ဟု၎င်း၊ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူ ဥိးတိုင်အေး နျင့် ခင်မင် ရင်းနီး ခဲ့သော ဦးရွှေကို၊ ကိုအေးခိုင်၊ ကိုဇော်ဝင်း တို့အား ရှုံ့ချပွဲ ကို ကျောက်ပန်းတောင်း NLD ပါတီ အတွင်း ပြုလုပ်ခဲ့ကြောင်း၊ ပညာရေး ဒါန ပြုလုပ်ရာ တွင် ကျရှင် ဆရာများမှ NLD ပါတီ ဦစီးသည် ဆိုသော စကားလုံးကို မထည့်လိုဘဲ၊ ကျောင်းအမည်ကို ကျူရှင် ဆရာ များဦးစီးသော ပညာ ဒါန ကျောင်းဟု အမည်ပေးရန် တောင်းဆိုမှုတွင် ကျူရှင် ဆရာများသည် NLD ပါတီ ကို ထောက်ခံ သူများ သာ ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးတိုင်အေး နှင့် ပတ်သက်၍ နိုင်ငံရေး အမြင် မတူသာ ရှိပြီး မည်သူ့ ကိုမျှ ဒုက္ခ မပေးကြောင်း၊ ဦတိုင်အေးမှ ငွေပေးကာ NLD ပါတီကို ဖြိုခွဲရန်ဟု အပြင် မှာ သတင်း လွှင့်ခဲ့ကြောင်း၊ မိမိတို့ သုံးသော ငွေကို သာရှင်းရန် နှင့် ငွေစာရင်း ကိုတော့ မရှင်းဘဲ သူများ မဟုတ် သည်များကို သတင်း ဖြန့်နေ သည့် ကိုယ်တိုင်က ကိုယ်ရော စိတ်ပါ အောက်တန်း ကျနေ သည့် ကျောက်ပန်းတောင်း NLD များ သတိထား ကြရန်နှင့် မန္တလေးတိုင်း NLD စစ်ဆေးရေး တာဝန်ခံ များဖြစ် ကြသည့် ဒေါ်ဝင်းမြမြ နှင့် ဦးမျိုးနိုင် တို့ လာရောက် စစ်ဆေးခဲ့ရာ စာရင် ရှင်းတမ်း ထွက်ပေး ရန်သာ ပြောခဲ့ကြောင်း၊ ရှင်းတမ်းတွင် ပိုငွေ ၁၆၃၂၅၀ ဟုရေး ထားပြီး ၄င်း ပိုငွေကို ကိုအေးခိုင် ထံတွင် ရှိနေ ကြောင်း၊ ကိုအေးခိုင် ထံမှ ရငွေဟု ရှင်းတမ်းတွင် ထည့် ရေး ရမည် ဖြစ်သော်လည်း ကိုအေးခိုင် ထံသို့ လှူငွေ ဟု ရေးသား ထားသည် မှာ ရိုးသား မှု လုံးဝ မရှိ ဟုထင် မြင်မိကြောင်း ရေးသား ထားသည် ကို သိရှိရပါသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဥပဒေနှင့် အညီ မလုပ်သည့် ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး အား အရေးယူပေးစေလို


ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွှေးချယ်ရေး ကို ဥပဒေနှင့်အညီ မလုပ်သည့် ရွှေတောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဟာ သမ္မတကြီးရဲ့ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို အကောင်အထည် ဖော်နေတာ ဘဲလား

ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ပြီး ဥပဒေနှင့်အညီ ရွေးချယ်ပွဲများ ပြုလုပ်မည်ဆို သောကြောင့် ပြည်သူများဝမ်း သာရပါတယ်။ သို့ပါသော်လည်း ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ သုံးဆင့်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွှေးချယ်ပွဲအား လွန်ခဲ့သော (၂၄-၁၂-၂၀၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ဘက်(၂)ဦးမှာ မဲတူညီနေပါတယ်။ ဒါကြောင့်ရွေးချယ်ပွဲသို့ တက်ရောက် နိုင်ခြင်းမရှိသော (၁၀)အိမ်စု ကိုယ်စားလှယ်များကို ခေါ်ယူမဲပေးခိုင်းပြီး ရွေးချယ်ခဲ့ပါတယ်။ သို့ရာတွင် ရွေးချယ်ခံ ရသူသည် ဒေသတွင်တဆက်တစ်စပ်တည်း နေထိုမှုမရှိဘဲ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် သူဖြစ်သော ကြောင့် ဥပဒေနှင့်မညီကြောင်း ကြီးကြပ်သူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မှဆုံးဖြတ်ခဲ့ပါတယ်။ ကြီးကြပ်သူ(၂)ဦးသည် ၄င်းတို့၏ တူတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး တွင် ပါဝင်လုပ်ကိုင်ခွင့်မရတော့သဖြင့် မိမိဆန္ဒသဘောအလျှောက် နှုတ်ထွက်သွားပါသည်။ ထို့နောက်တွင် ရပ်/ကျေး NLDပါတီဝင်များမှ ကြီးကြပ်သူ (၅)ဦးလုံးအား ထုတ်ပယ်ပေးရေး တောင်းဆိုခဲ့၍ မြို့နယ်အုပ်ချုပ် ရေးမှူးမှ (၅)ဦးစာလုံး ပြန်လည်ရွေးချယ်ရန် ညွှန်ကြား ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် နည်းဥပဒေအခန်း(၂) အပိုဒ် ၇၊ ၈၊ ၉၊အတိုင်း ထပ်မံပြုလုပ်ရမည်ဟု ညွှန်ကြား ဆောင်ရွက်လျှက် ရှိသဖြင့် ကြီးကြပ်သူ ဦးမောင်တိုးနှင့် ဦးအောင်ကြည်တို့မှ ဥပဒေနှင့်မညီကြောင်း တင်ပြ ခဲ့သော်လည်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ကျေးရွာတွင်း အုပ်စုဖွဲ့မှု မကြေနပ်မှုများဖြစ်ပေါ်ခြင်း၊ မီးရှို့ပစ်မယ်၊ ဒီကြီးကြပ်ရေး အဖွဲ့နှုတ်ထွက် မပေးလျှင် ဒို့အကြောင်းသိရမယ်ဟု၍ ခြိမ်းခြောက်စာများ ကပ်ခြင်းများပြုလုပ် ဆောင်ရွက်လျှက် ရှိနေသည်ကို သိရှိသော်လည် ထိန်းသိမ်းလုပ်ကို ဆောင်ရွက်ခြင်း မရှိဖြစ်နေပါတယ်။ ထို့ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ နည်းဥပဒေအခန်း(၂) ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ အပိုဒ် (၁၀)အရ ဆယ်အိမ်စု ကိုယ်စားလှယ်များအားလုံးက လျှို့ဝှက်မဲပေး၍ သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွှေးချယ်ရာတွင် ဆန္ဒမဲအရေ အတွက်တူညီနေလျှင် ဖြစ်စေ အငြင်းပွားမှုပေါ်ပေါက်ခဲ့လျှင်ဖြစ်စေ၊ ကြီးကြပ်ရေးအဖွဲ့သည် ရရှိသော အဖွဲ့သည် ရရှိသောဆန္ဒမဲရွေးချယ်ခြင်းကို နည်းဥပဒေ (၈)နှင့် (၉)တို့ပါအတိုင်း ထပ်မံ ပြုလုပ်ရမည့်ဟု အတိအလင်းဖော်ပြ ထားသည့်နှင့် အညီ ဆောင်ရွက်သင့်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ အကြံပြုဆွေးနွေးခဲ့ ကြောင်းသိရှိရပါတယ်။
ထိုသို့ညှိနှိုင်း ဆောင်ရွက်မှုအား အကြောင်းတစ်စုံ တစ်ရာပြန်ကြား ခြင်းမရှိသည့် အပြင် ထပ်မံ၍ ဥပဒေနှင့် လွဲမှားစွာ ဆောင်ရွက်နေသည့် အပြင် ရမ်းကားခြင်း၊ ခြိမ်းခြောက်ခြင်း များအား အရေးယူ ဆောင်ရွက် မှုမရှိသည့်အတွက် မြို့နယ်အုပ်ချုပ်ရေး မှူးမှ အားပေးကဲ့သို့ဖြစ်နေပါတယ်။
အလားတူပါဘဲ ရွှေတောင်မြို့နယ် မကျီးပေါက်ကုန်း ကျေးရွာအုပ်စု တွင်လည်း ကြီးကြပ်သူ(၅)ဦးမှ ဥပဒေနှင့်အညီ ဆယ်အိမ်စု ကိုယ်စားလှယ်များ ရွှေးချယ်ခြင်းမရှိဘဲ ကြီးကြပ်ရေးအဖွဲ့ဝင် ဦးဌေးမြင့် သည် ၄င်းတို့နှင့်နီးစပ်သူကို အုပ်ချုပ်ရေးမှူး ဖြစ်ရေးအတွက် ဆယ်အိမ်စု ကိုယ်စားလှယ်များ အား ကိုယ်တိုင်လိုက် လံစည်းရုံး၍ ပြည်သူသိရှိမှု နည်းပါး ပြီး အချိန်တိုအတွင်း ရွေးချယ်ခဲ့သည့် ရွှေးချယ်ခံရသူမှာ ကိုယ်ကျင့်တရားနှင့် ပတ်သတ်ပြီး နာမည်ပျက်ရှိသူ ဖြစ်သောကြောင့် ပြန်လည်ရွေးချယ်ပေးရန် ပြည်သူများမှတင်ပြသော်လည်း အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ နေသည့်အတွက် ပြည်သူများ အခက်တွေ့ပြီး မကျေမနပ်ဖြစ်နေ ကြပါသည်။
၎င်းကိစ္စအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှတဆင့် ပွင့်လင်းမြင်သာမှုရှိရှိ အဖြစ်မှန်ဟုတ်မဟုတ် ပြန်လည်စီစစ်ကူညီပေးရန်တင်ပြ ဆောင်ရွက်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ အရေးယူဆောင်ရွက်ခြင်းမရှိ ကြောင်းသာသိရှိရပါသဖြင့် ဦးသိန်းစိန်ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးသန့်ရှင်းသောအစိုရကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့မျက်နှာမထောက်ထားဘဲအကောင်အထည်ဖော်နေတာလားလို့ အထက်ဌာန ၀န်ကြီးများကို ပြောကြားပေးပါဦးခင်ဗျား

ကျောက်ထုမြို့ NLD ဥက္ကဋ္ဌ နုတ်ထွက်


မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဝင်း က ပါတီကို နှတ်ထွက်စာတင်ထားသည်ဟု သိရှိရသည်။

နှုတ်ထွက်သည့် အကြောင်းရင်းကို  ဦးဌေးဝင်း က ပြောသည်မှာ ၄င်း အနေဖြင့် NLD ပါတီဝင် များအား ဆက်လက်၍ လက်တွဲ မရတော့ခြင်း ပါတီမှာ ပါဝင်တဲ့ သူများ ဟာလည်း ဒေသ ကောင်းကျိုး ဆောင်ရွက်သူများ မဟုတ် ကျေးရွာတွင် အပါယ်ခံ အဖျက်သမား အရက်သမား၊ ချဲသမား၊ အရက် ခိုးချက်သမား၊ စသည်ဖြင့် ဖြစ်နေပြီး အခွင့်ထူးခံသမားများ ပါတီကို ယုံကြည်လို့ ဆောင်ရွက်ကြသူများ မဟုတ်ဘဲ အာဏာလိုချင်သူများဖြစ်နေတယ်။   ဥပမာ ဆိုလျှင် ယခု ကံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အရွေးခံရသူ ဦးကျော်ဇေယျဆိုလျင် ယခင်က ဆိုင်းဘုတ်ငါ့အိမ်မှာတင် ငါတို့က ပြည်သူအတွက် အနစ်နာခံမယ် လုပ်မယ်ပြောပြီး ယခု အချိန်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူး လည်း အရွေးခံရတော့ ပါတီဆိုင်းဘုတ်ဖြုတ် ပြီး အုပ်ချုပ်ရေးမှူး လုပ်သွားတယ်။ ပါတီကိုအသုံးချပြီး အာဏာယူ သွားတယ်ဟု ပြောသည်။

ဆက်လက်ပြီ ဦးဌေးဝင်းက ပြောသည်မှာ ဆော မြို့နယ်ပါတီ ဥက္ကဋ္ဌ လည်းဖြစ် ညီလာခံ ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးကျော်တင်ကလည်း ညီလာခံ ကိုယ်စားလှယ် ဖြစ်ရေး သူ၏ ဆွေမျိုးတွေကို  မြို့နယ်ကော်မတီ၊ ညီလာခံကော်မရှင် ခန့်ပြီ်းလူငယ်တွေနေရာ မပေးပဲ ယခင် လူဟောင်းများနှင့် သူ၏ရွာဖြစ်သော တေးရွာမှ သူ့ဆွေမျိုးများ၊ နှင့် သူနှင့် မျိုးတူရာ တောင်သား လူမျိုးများကို နေရာပေးခြင်း အုပ်စုဖွဲ့ခြင်း လုပ်ပြီး ပါတီ ညီလာခံတွင် သူ့စိတ်ကြိုက် လုပ်ဆောင်သွားခဲ့တယ် ဟု ပြောသည်။

ဆော မြို့နယ်ပါတီ ဥက္ကဋ္ဌ  ဦးကျော်တင်သည် ဆောမြို့နယ် NLDပါတီ ညီလာခံတွင် လက်ရှိ တက်ကြွစွာပါဝင် လုပ်ဆောင်နေသည့် ကိုသစ္စာ၊ ကိုလှိုင်ထွန်း၊ ဖိုးဇော်တို့အား နေရာ မပေးလိုသည့် အတွက် ယခင် NLD လူဟောင်း သီးကုန်းမှ ဦးရဲမြင့် နှင့်ပူးပေါင်းပြီး လူငယ်များ မပါဝင်ရေး ဆောမြို့နယ် လောင်းရှည်ဒေသကို ကွင်းဆင်း၍ လူငယ်တွေကို မဲမပေးရေး၊ အခွင့်ထူးခံများ ဖြစ်သဖြင့် လူဟောင်းတွေက အတွေ့အကြုံရှိသည့် အတွက် ဦးကျော်တင်ကို မဲပေးရေး ကွင်းဆင်း တိတ်တိတ်စည်းရုံးပြီး  တက်ကြွ ဆောင်ရွက်သူတွေကို အရင်ရှင်းခဲ့သည်။  ကျောက်ထုဒေသနှင့် ညောင်ကန်၊ ငှက်ချောင်၊ ကံချောင်းဒေကို သူ၏ ဆွေမျိုးမကင်း တူတော်သူ ဦးကျော်မြင့်မှ ကွင်းဆင်းပြီး ဦးကျော်တင်ကို မဲပေးရေး ဆောမှ လူငယ်တွေကို မဲပေးရေး တိတ်စည်းရုံးခဲ့ကြောင်း သိရှိရသည်။

အဲဒီလို အခွင့်ထူးခံသူတွေ၊ အာဏာလိုချင်သူတွေ အကျင့်ပျက်သမားတွေနှင့် ဆက်လက်ပြီး လက်မတွဲနိုင်တဲ့ အတွက် NLDကျောက်ထု မြို့နယ်ခွဲ ဥက္ကဋ္ဌ ရာထူးနေရာ ကရော ပါတီကပါ နှုတ်ထွက်တာ ဖြစ်ကြောင်း ဦးဌေးဝင်းက ပြောကြားသည်။
NLD ပါတီသည် ရပ်ကွက် / မြို့နယ် / ခရိုင် ညီလာခံများ ပြုလုပ်ကျင်းပပြီး နောက်ပိုင်းတွင် အာဏာလုမှုများ ၊ သဘောထားကွဲမှုများ ပိုမို ဖြစ်ပွားလျက် ရှိပြီး တစ်ဦးချင်းရော ၊ အဖွဲ့လိုက်ပါ နှုတ်ထွက်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။


Tuesday, January 29, 2013

ခွပ်ဒေါင်းတံဆိပ် အသုံးပြု၍ စီးပွားရှာမှု အတွက် တံဆိပ်အသုံးပြုခ (၄၀)သိန်းအား အလှူငွေ အဖြစ်ပေးအပ်

ခွပ်ဒေါင်း ရွှေနေကြာစေ့ လှော် ထုတ်လုပ်သူ ဦးလှမျိုးက ၄င်း၏ စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် ခွပ်ဒေါင်း တံဆိပ် ရွှေနေကြာနှင့် ခွပ်ဒေါင်း တံဆိပ် ယိုစုံ လုပ်ငန်းများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမှတ်တံဆိပ်ကို ၄င်း၏ စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုထားမှုကြောင့် ရေရှည်တွင် အဖွဲ့ချုပ်က တရားစွဲလာနိုင်သဖြင့် မူပိုင်ခွင့် အနေဖြင့် ၄င်း၏ ယိုစုံနှင့် နေကြာ လုပ်ငန်းများတွင် အမြဲတမ်း အသုံးပြု ရရှိရေး အလှူငွေ ကျပ် သိန်း (၄၀) လှူဒါန်းလိုက်ကြောင်း သိရှိရသည်။

၎င်းလှူဒါန်းသည့် ငွေများအတွက် အလှူငွေ လက်ခံပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်)၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ် တို့အား အလှူငွေပေးအပ်ပွဲခြင်းကို ဇန်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းက ရွှေဂုံ တိုင် M3 ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခွတ်ဒေါင်းတံဆိပ် ရွှေနေ ကြာစေ့တွင် ယိုစုံလုပ်ငန်းရှင် ဦးလှမျိုးမှ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသို့ ကျပ် ၁၀ သိန်း ကို ဟံသာဝတီဦးဝင်းတင်သို့ လည်းကောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ကျပ် ၁၀ သိန်း ကို နာယက ဦးတင်ဦးသို့ လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်)သို့ ကျပ် ၁၀ သိန်းကို လူငယ်တာဝန်ခံ ကိုမောင်မောင်ဦးသို့ လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်သို့ ကျပ် ၁၀ သိန်းကို ကိုကျော်စိုးလင်းသို့ လည်းကောင်းပေးအပ် လှူဒါန်းသွားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းမျဉ်း အခန်း(၅)၊ အပိုဒ်(၁၀) (ဇ)အရ အဖွဲ့ချုပ်နှင့် စပ်လျဉ်းသည့် အလံ၊ တံဆိပ်၊ ဓာတ်ပုံ၊ အထိမ်းအမှတ် ပစ္စည်း၊ ပုံရိပ် စသည်တို့ကို အဖွဲ့ချုပ် (ဗဟို)က စိစစ်ပြီးတာဝန်ပေးထားသည့် အဖွဲ့များ၊ လုပ်ငန်းဌာနများက လွဲ၍ မည်သည့် အဖွဲ့ဝင်ကမှ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပေးကမ်းခြင်း တို့ မပြုလုပ်ရဟု ဖော်ပြထားသည်။


www.channelnewsmyanmar.com မှ ကူးယူ ဖော်ပြပါ သည်။

Monday, January 28, 2013

အနိုင်ရ ပြည်ခိုင်ဖြိုးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်နယ်-ခရိုင်-မြို့နယ်ပါတီ ကော်မတီဝင်တို့၏ စိတ်ဓာတ် ရေးရာများ ပြုပြင် သင့်ပြီလော၊ သို့မဟုတ်

၂၀၁၅-ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးသည် တရွေ့ရွေ့နီးကပ်လာပြီဖြစ်ပါသည် ၊ ပါတီများဟာလည်း ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက်ကြိုးစား လှုပ်ရှားဆောင်ရွက် နေကြ ပြင်ဆင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရပြီဖြစ်ပါတယ်။

ပါတီရေးရာကဏ္ဍတွင် တစ်ဦးတစ်ယောက်၏ ဆန္ဒအဆုံးအဖြတ်နှင့် အမိန့်ပေးစနစ်အရ မျက်စိမှိတ်ပြီး အများက လိုက်လျှောရသည့် အဖြစ်မျိုး မည်သည့်အခါမှ မသက်ရောက်စေအပ်သည့် နည်းတူ စုပေါင်းညှိနှိုင်းမှု ၊ဆွေးနွေးမှု၊ ဆန္ဒယူမှု အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစုက လိုက်နာမှု စုပေါင်းပြီး ဆုံးဖြတ်ချက်များကို ပါတီအဆင့်ဆင့်နှင့် ပါတီဝင်အသီးသီးက လိုက်နာမှု အခြေခံ အဖွဲ့အစည်းအဆင့် ဆင့်နှင့် ပါတီဝင်များက အခြေအနေမှန်များကို အမှန်အတိုင်းတင်ပြမှု အပြန်အလှ န်လေစားမှု စသည့် ဒီမိုကရေစီ သဘောတရားများကို ပါတီအတွင်း ခံယူလေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း စွဲမြဲစွာမှတ်ယူ ကြရမည်ဖြစ်ပါသည်။

အသွင်သဏ္ဍန်အရ ဖွဲ့စည်းမှု ကျစ်လစ်ခိုင်မာသဖြင့် ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရသော ပါတီကေဒါများ အနေဖြင့် ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း၊ အရိပ်သုံးပါး နားလည် ပြီး အကင်းပါးခြင်း၊ လိမ်မာပါးနပ်ခြင်းတို့ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို တက်တက် ကြွကြွဆောင် ရွက်လိုသော ပါတီကေဒါများကို နေရာပေးဦးဆောင်စေခြင်းဖြင့် ပါတီ၏အနှစ်သာရ ပိုမိုပြည့်စုံစေ နိုင် မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

မိမိတို့ပါတီအတွင်းရှိ တိုင်းရင်းသားများလည်း တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့် အရေး၊ တရားမျှတမှု အခွင့်အရေး စသည်တို့ကို ခံစားခွင့်ရှိကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် အတိ အလင်းပြဌာန်း ထားပြီးဖြစ်ပါသည်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည် ပြည်ထောင် စု ကြီးတည်တံ့ခိုင်မြဲရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း တိုင်းရင်းသားတိုင်းကလက်ခံယုံကြည် ထားရာ အရေးကြီးဆုံးဖြစ်ပါသည်၊ တိုင်းရင်းသား လူမျိုးအချင်းချင်းတို့ သွေးစည်း ညီညွတ်ရေးသည် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း ချစ်ချစ်၊ ခင်ခင်၊ ယုံယုံ ၊ကြည်ကြည် နှင့် ပြည်ထောင်စု မြန် မာ နိုင်ငံတော်ကြီးအကျိုးစီးပွား လူမျိုးအားလုံး၏အကျိုးစီးပွားတို့ကို အတူတစ်ကွ လုပ်ကိုင်သွားခြင်း ဖြစ်ကြောင်း ခံယူထားရန် အရေးကြီးပါသည်။

တစ်ဦးနှင့် တစ်ဦး သံသယရှိမှုများနှင့် ဆက်ဆံရေး လတ်တလော မပြေလည်မှုများကို အခြေခံ၍ ဖြစ်ပေါ်လာသော လူမျိုးကြီး လူမျိုးငယ်ဟူသော လူမျိုးစွဲဝါဒများ ကင်းစင်ပပျောက်လျှက် မိမိတို့ သည် ပြည်ထောင်စုမြန်မာ နိုင်ငံသားများဖြစ်ကြ သည်ဟု တစ်လုံးတစ်ဝတည်း ခံယူလုပ်ဆောင် သွားရန်လည်း အလွန်အရေးကြီး ပါသည်။

သို့ဖြစ်၍ လူမျိုးစုအလိုက် လူဦးရေ အများအပြားေ နထိုင်ရာဒေသတွင် ပညာတတ်ဘွဲ့ရ သော ပါတီကေဒါများအား ဒေသကို ဦးဆောင်နိုင်ရေး အတွက် ရွေးကောက်ပွဲတွင် အရွေးချယ်ခံ ကိုယ်စားလှယ် အဖြစ် ရွေးချယ်တာဝန် ပေးသင့်ပါသည်၊
ဥပမာ “၀“ (လွယ်လ) လူမျိုး အများအပြားနေထိုင်ရာဒေသတွင် “၀“(လွယ်လ) ပညာတတ် ကိုယ်စားလှယ်လောင်း ကိုရွေးချယ်သင့်ပါသည်၊
ယခင်(၂၀၁၀)ရွေးကောက်ပွဲ တွင်အရွေးချယ်ခံခဲ့ရသော ပါတီကိုယ်စားလှယ်များကလည်း ထာဝရနေရာယူလိုသော အတ္တစိတ်များ ကို ချုပ်တည်းလျှက်အခြားသောပါတီကေဒါများ ဆက်လက်ဦးဆောင်နိုင်ရန် နားလည်ပေးသင့်ပါသည်၊

- ယနေ့ယှဉ်ပြိုင်နိုင်ငံရေးပါတီများ အင်အားတိုးပွားလာရခြင်းမှာ မိမိတို့ပါတီအတွင်း ထက်မြက် သောမျိုးဆက်သစ်များအား နေရာပေးရန် ပျက်ကွက်ခြင်းဟူသော အကြောင်းအရာပါဝင်နေ ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသည်၊ ထက်မြက်သော ပါတီကေဒါများကို နေရာပေးရန် ၀န်မလေးသင့် ကြောင်းသင်ခန်းစာရယူသင့်ပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပါတီကော်မတီ အတွင်းတွင်ပင်ပါတီကေဒါအချို့သည်မိမိ ကိုယ်တိုင်ပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍတွင် နေရာရယူလျှက်မကဘဲ ၄င်းနှင့်ဆက်နွယ်သောဆွေမျိုး ညှာတိများကိုပင် ပါတီဦးဆောင်မှုအခန်းကဏ္ဍအတွင်း အတင်းအကြပ် သွပ်သွင်းလိုသောပုဂ္ဂိုလ်များ ပါတီတွင်း ဒီမိုကရေစီအရေးကို ပစ်ပါယ်လျှက်၎င်းတို့အလိုရှိပုဂ္ဂိုလ်များကို မရမကပင် ပါတီဦးဆောင်မှု ကဏ္ဍတွင်ထည့်သွင်းဖွဲ့စည်းပေးရန်အတင်းအကြပ် တောင်းဆိုသော ကေဒါများပင်ရှိနေပါသည်၊အဆို ပါပုဂ္ဂိုလ်များသည် နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်မှ ဒေသသို့ ရောက်ရှိလာပါက ပတ်ချွဲနှပ်ချွဲ ပြောဆိုကာ ဖေါ်လံဖားရာတွင် ကျွမ်းကျင်ခြင်း ထိုသို့ပြုမူတတ်သော်လည်း ပါတီတွင်းလုပ်ငန်းများကိုမူ စာတစ်စောင်မျှကိုပင် ရေးသားခဲ့ဖူးကြောင်းမတွေ့ရပေ၊ ရုပ်စွအဆုံး အချို့ဆိုလျှင်ပါတီရုံုးသို့ပင် မလာ ရုံးတွင်ဘာလုပ်နေသည်ကိုပင်၎င်းတို့မသိသော ပုဂ္ဂိုလ်မျိုးများဖြစ်နေကြောင်းတွေ့ရမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲနိုင်ခြေရှိသော ပုဂ္ဂိုလ်များကိုကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းဟူသော အကြောင်းပြချက်သည် အထိုက်အလျှောက်မှန်ကန်မည်ဖြစ်ပါသော်လည်း ပါတီကေဒါအများစု၏ စည်းရုံးရေးစွမ်းအား ကောင်းမွန်ခဲ့ပါက မည်သူမဆိုရွေးကောက်ပွဲတွင် အနိုင်ရပုဂ္ဂိုလ်ဖြစ်နိုင်ပါသည်၊
ပြည်သူ၏နှစ်လုံးသည်းပွတ်ကို ကိုင်လှုပ်နိုင်သောစည်းရုံးရေးစွမ်းအားကို မည်သူမျှ အန်မတုနိုင် ကြောင်းသက်သေ သာဓကအများအပြားရှိကြောင်း သတိပြုသင့်ပါသည်။

ပါတီတွင်းကေဒါတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်အလေးထား ခြင်း တို့သည် ပါတီလုပ်ငန်းအောင်မြင်ရေးကို ဆောင်ကျဉ်း ပေးနိုင်မည်မလွဲပါ နယ်မြေတာဝန်ခံ ဗဟိုအလုပ် အမှုဆောင်နှင့် အလျင်းသင့်သော ပါတီကေဒါက မည်သူ့ကိုမှ ထီမထင်သောငါတကော ကောနေသော လုပ်ရပ်များသည် အလွန်ဆက်ဆုတ်ဖွယ်အဖြစ်တွေ့မြင်ရမည်ဖြစ်ပါသည်၊
အထက်နှင့်အောက်ဟူသော အသုံးအနှုန်းအစား ပြည်နယ်နှင့် ခရိုင်၊မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စု ပါတီကော်မတီများဟူ၍သာ သုံးနှုန်းသင့် ပါသည်၊
မည်သူက အထက်၊မည်သူက အောက်ဆိုသည်ထက် ပါတီကော်မတီအချင်းချင်း အပြန်အလှန် လေးစားလျှက် လုပ်ငန်းအောင်မြင်ရေးကိုသာဦးတည်သင့်ပါသည်၊
ပါတီကော်မတီချင်းတွင် ကော်မတီချင်း အဆက်အဆံ မပြုနိုင်လောက် အောင် အစေးမကပ်ဖြစ်ပေါ်နေပါက ပါတီစည်းလုံးညီညွတ် ရေးအတွက် အလားအလာ၏ မကောင်းတော့ကြောင်း သတိပြုမိပါသည်၊
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၏ ပစားပေးခံရသူဖြစ်လင့်ကစား အခြား ပါတီကေဒါများ အပေါ် ပလွှားမှုမရှိသင့် အားလုံး သည်လုပ်ဖော် ကိုင်ဖက်များ ဖြစ်ကြောင်း ခံယူနိုင်သော စိတ်ဓာတ်မွေးမြူ သင့်ပါသည်။

သို့ဖြစ်၍မိမိကိုယ်ကိုယ် မိမိသုံးသပ်လျှက်ဝေဖန်စမ်းစစ်လျှက်ပြုပြင်သင့် သည်များကို ပြုပြင်ပြီး စိတ်သစ်လူသစ်ဖြင့်ရှေ့ခရီးသို့ ချီတက်ရန်လိုအပ်ပါသည်၊ သို့ဖြစ်ပါ၍ကောင်းမွန်မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင် ထားရှိသော မိမိတို့ပါတီကြီးသည် စိတ်သဘောထား သေးသိမ် သော အတ္တကြီးမားသော ပုဂ္ဂိုလ်များနှင့် လားလားမျှ မအပ်စပ်ပါကြောင်း၊ ထို့အပြင် ထာဝရ လွှတ်တော် ကိုယ်စားလှယ်နေရာ ရယူလိုသော ပုဂ္ဂိုလ်များ အတွက်လည်း ထာဝရနေရာမျိုးမရှိ၊ တစ်ဆွေတစ်မျိုးလုံး အတွက် သီးခြားဖန်တီး ထားသော နေရာမျိုးလည်း မရှိပါကြောင်း ပါတီတွင်း ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်း အမည်စာရင်း ကြိတ်ပုန်း ခုတ်ကာ လက်သိပ်ထိုးပြီး နေရာ ရယူရန်ကြိုးစား အားထုတ်လျှက် ရှိသူ ပါတီကေဒါ အချို့ဂရုပြုမိစေရန် အပြု သဘောဖြင့် ရေးသား တင်ပြလိုက်ပါသည်။

--- စိုင်းဖိုးအိပ်
တောင်ပေါ်သားပါတီကေဒါ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရှမ်း(အရှေ့)။