ဒီမိုကရေစီသည် သွင်းကုန် မဟုတ်
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, June 16, 2013

ပြင်ဦးလွင်မှ လူမဆန်တဲ့ ပုံပြင်လေးတစ်ပုဒ်

ပြင်ဦးလွင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ခိုင်ဝတ်ရည် သန္တာမောင်(ခ) သဲသဲ ဆိုတဲ့ အမျိုးကောင်း အမျိုးသမီးလေးကို လက်ထပ်ယူမယ်လို့ ယုံလောက်အောင်ပြောပြီး ကာမကို လိမ်ညာ ယူခဲ့သတဲ့။ အဲဒီ အမျိုးသမီးလေးမှာ ကိုယ်ဝန် ရှိတဲ့အခါ တာဝန် မယူနိုင်လို့ ကိုယ်ဝန်ဖျက်ချဘို့ ပိုက်ဆံပေး ခဲ့တယ်။ မိခင်စိတ်ရှိတဲ့ ခိုင်ဝတ်ရည် သန္တာမောင်က ကျော်သီဟခိုင်းတဲ့အတိုင်း ကိုယ်ဝန်ကိုဖျက်မချဘဲ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး သားယောင်္ကျားလေး တစ်ယောက် မွေးဖွားခဲ့တာ အခုဆိုရင် အဲဒီကလေးက (၁၄)နှစ် သားအရွယ် ရောက်နေပြီဖြစ်ပါတယ်။ အဲဒီကလေးနဲပတ်သက်ပြီး မိခင်ဖြစ်သူက သူ့သားလေး လူ့လောက အလယ်မှာ အဖေခေါ်စရာမရှိ ဖြစ်မှာစိုးလို့ ကျော်သီဟကို ဖခင် အဖြစ် မြွက်ဟကြော်ညာပေးဖို့ တောင်းဆိုတာ လူစိတ် မရှိတဲ့ ကျော်သီဟက လက်မခံလို့ အခု ဆိုရင် ပြင်ဦးလွင် ခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်နေရတယ်လို့ သိရတယ်။

တိရစ္ဆာန်တောင်မှ ကိုယ့်သားသမီးကို ချစ်တဲ့စိတ်၊ စောင့်ရှာက်လိုတဲ့စိတ် အပြည့်ရှိတာ အားလုံး သိကြပြီးဖြစ်ပါတယ်။ အခုဖြစ်စဉ် အရဆိုရင် ကျော်သီဟ ဟာ တိရစ္ဆာန်လောက်တောင်မှ အသုံးမကျတဲ့ သူအဖြစ် ပြင်ဦးလွင် မြို့သူ/ သားတွေက နှာခေါင်းရှုံ့ကုန်ကြပြီ။ အဲဒီလို ကိုယ့်လုပ်ခဲ့ တဲ့ ကိုယ့်တာဝန်ကိုတောင် မယူနိုင်တဲ့ ၊ ယူချင်စိတ် မရှိတဲ့ တိရစ္ဆာန်လောက်တောင် မေတ္တာတရား မထားတတ်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံနေတဲ့လူကို NLD ပါတီက ပြင်ဦးလွင် မြို့နယ် အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အရေးအရာ ကိစ္စတွေကို တာဝန်ယူ ၊ တာဝန်ခံ ဆောင်ရွက်ဖို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခဲ့တယ်။ဒီလို ကိုယ့်တာဝန်ကိုတောင် မယူတတ်တဲ့ ကျော်သီဟလို လူက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်နေတော့ ပြင်ဦးလွင် မြို့သူ/သားတွေအနေ နဲ့ သူတို့ပေးလိုက်တဲ့ မဲတွေ အတွက် အရမ်းနှမြောနေကြပြီ။ မှားမှန်းလည်း သိနေကြပြီ။ ဒီလိုလူမျိုးကို အားကိုးလို့ မရမှန်းလည်း သိကုန်ကြပြီ။ 

လူ့အခွင့်အရေး မရှိဘူး ၊ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ တွင်တွင်အော်နေတဲ့ NLD ပါတီရဲ့ ဗဟို ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကျော်သီဟ ကိစ္စကျတော့ ဘာဖြစ်လို့ နှာစေးနေတာလဲ။ ခိုင်ဝတ်ရည် သန္တာမောင်ကို မိန်းမချင်း ကိုယ်ချင်းစာစိတ် နည်းနည်း လေးမှမရှိတော့ဘူးလား?။ ဒီပါတီ ၊ ဒီကိုယ်စားလှယ်တွေကို (၂၀၁၅)မှာ မဲပေးသင့် ၊မသင့် မဲဆန္ဒရှင် ပြည်သူတွေ စဉ်းစားသင့်ပြီ။

Wednesday, April 3, 2013

ကိုယ်တွေ့ကြုံရသူ ဆရာဝန် တစ်ဦး ပြောသည့် ဗလီမီးလောင်မှု ဖြစ်ရပ်မှန်


အခု dutyက အပြန် လမ်းမှာ လူတွေ ပြောနေကြတယ်။ မီးကွင်းပစ်တာတဲ့။ လှေကားမှာ ဓာတ်ဆီတွေ လောင်းထားတယ်တဲ့။ ကျွန်တော်နေတာက ပန်းဘဲတန်းဆိုတော့ ပိုဆိုးတာပေါ့။ အဆိုးဆုံးက အိမ်ရောက်လို့ facebook လည်းဖွင့် ရော international မှာပါ ကောလဟာလတွေ အပြည့်ပဲ။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ အဖြစ်မှန်ကို လူတွေသိစေချင်တယ်။ 

ကျွန်တော် မနေ့က အရေးပေါ် ERC2 dutyကျတယ်။ မနက် ၃နာရီ ခွဲလောက်မှာ ဗလီတစ်လုံး မီးရှို့ခံရလို့ ဆိုတဲ့ သတင်း စဝင် လာတယ်။ ကျွန်တော် တို့လို အစိုးရဋ္ဌာန တွေတောင် ကောလဟာလ သတင်းက စဝင် လာတာ ပြောပါတယ်။ ကျွန်တော် ကတော့ ပထမလုံးဝ မယုံဘူး။ april fool လို့ပဲ ထင်တာ။ နောက် eleven က internet သတင်း တက်လာတော့မှ အကုန်လုံး လန့်ဖြန့်ပြီး ကြိုတင် ပြင်စရာ ရှိတာ တွေပြင်ကြတယ်။ house surgeon လေးတွေကော emo , ဆရာမ တွေကော အလုပ်သမား တွေကောပေါ့။ drip line တွေ ထရော်လီတွေ mask တွေ အကုန် အစုံ အလင်နဲ့ ကိုယ်တွေ တတ်နိုင် သလောက် ပြုစု ကုသပေးဖို့ ပြင်ဆင် ထားကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းချက် မပြည့် မြောက်ခဲ့ ပါဘူး။ ရောက်လာ သမျှက injury patient တစ်ယောက်မှ မပါပဲ အကုန်လုံး dead body ချည်းဖြစ်နေ လို့ပါ။ ၄ နာရီ ၂၀မှာ body ၄ခု စရောက်တယ်။ နောက်တစ်ခေါက် က ပစ်ကပ်ကားနဲ့ ၆ခု ။ နောက်ဆုံး တစ်ခေါက်က ၃ခု စုစုပေါင်း ၁၃ ခု ရောက်ပါတယ်။ ထူးခြားတာက မီးသတ်ကားတွေ ရဲကားတွေ လူနာတင်ယာဉ်တွေ အကုန်လုံးက ဥသြသံ လုံးဝ မဆွဲပဲ စည်းကမ်း တကျ ဆောင်ရွက်နေကြ တာပါ။ သူတို့နဲ့ အတူတူ အစ္စလာမ် ဘာသာဝင်ယောက် ၄၀ လောက်လည်း ပါလာပါတယ်။ 

ကျွန်တော်လည်း ဖြစ်ကြောင်း ကုန်စင်ကို မေးတာပေါ့။ မီးသတ်က တာဝန်ရှိသူတွေကော ရဲတွေကိုကောပေါ့။ သူတို့က သေချာ ရှင်းပြကြ ပါတယ်။ ဗလီဆရာက ညအိပ်ခါ နီးတိုင်း လူစစ် ပါတယ်တဲ့။ မနေ့ညက ၇၀ ရှိပါတယ်တဲ့။ အခု ၁၃ ယောက်ဆုံးပါး သွားပြီး ၅၃ယောက်ကို ကယ်ထား နိုင်ပြီး ၄ယောက် ပျောက်နေတယ်လို့ ပြောပါတယ်။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကားနဲ့ စက်က ကပ်နေပြီး လှေကားကို မီးကူးတာပါ။ အဲဒီ လှေကားက ထပ်ခိုးကို တက်တဲ့ လှေကားဖြစ်ပြီး ထပ်ခိုးမှာ အိပ်တဲ့ ကလေး ၁၃ယောက်လုံး ပိတ်မိသွားတာပါ။ ထပ်ခိုးက လေးဘက် လေးတန် အလုံပိတ် ဖြစ်ပြီး မီးလောင်တဲ့ လှေကား တစ်ခုပဲ ထွက်ပေါက် ဖြစ်နေ တာကြောင့် ဘယ်လိုမှကယ်လို့ မရဘူးလို့ မီးသတ်ဗိုလ်ကြီးက ပြောပါတယ်။ သူတို့မှာ အထောက်အထား ဓာတ်ပုံတွေ အကုန်ရှိတယ် လို့လည်း ဆိုပါတယ်။ 

ကျွန်တော်လည်း ပါလာတဲ့ အစ္စလာမ် ဘာသာဝင် တော်တော် များများကို လိုက်မေးကြည့် ပါတယ်။ သူတို့ကလည်း ဒီအတိုင်းပဲ ပြောကြ ပါတယ်။ ဗလီကျောင်းက တာဝန်ရှိ လူကြီးတွေလည်း ပါလာပြီး သူတို့လည်း ဒီလိုပဲ ပြောကြ ပါတယ်။ ဘယ်သူမှ ရှို့မီးတို့ မီးကွင်း ပစ်တာတိုံ့ မပြောကြပါဘူး။ သူတို့ ကိုယ်တိုင်က အဲဒါမျိုး လုံးဝ မဖြစ်နိုင်ဘူး။ တံခါးက သော့ခတ် ထားတာဖြစ်ပြီး အထဲက စလောင်တာလို့ ပြောကြ ပါတယ်။ ကျန်တော်နဲ့ တူတူ dutyကျတဲ့ team leader ကော နောက် ရောက်လာတဲ့ FA ကောကလည်း အစ္စလာမ်တွေပဲ ဆိုတော့ သူတို့လည်း စိတ်မကောင်း ဖြစ်နေကြ ပါတယ်။ ကျွန်တော် ကတော့ သေချာအောင် အကုန်လုံးကို သေချာ အောင် လိုက်မေးကြည့် ထားတာပါ။ ဆေးရုံ လုံခြုံရေး အတွက် တံခါးပိတ် ထားတာကို တချို့တွေ အတင်းဖွင့်ခိုင်းလို့ ကတောက် ကစ ဖြစ်တာက လွဲလို့ ဘာမှပြသနာ ကြီးကြီး မားမား မဖြစ်ပါဘူး။ အဲဒီတော့ ဒါ ရှို့မီးမဟုတ်ဘူး ဆိုတာ နားလည်ကြမယ်ထင် ပါတယ်။ သက်သေ အနေနဲ့ င်္မီးသတ်တွေ ရဲတွေ ဆေးရုံက ဆရာဆရာမတွေ အလုပ်သမားတွေ အတူတူ ပါလာတဲ့ အစ္စလာမ် ဘာသာဝင်တွေ ဗလီက တာဝန်ရှိသူတွေရှိကြပါတယ်။

အခုတော့ဗျာ ကောလဟာလတွေက ဆိုးလွန်းအားကြီးပါတယ်။ လူတွေက ဘာတွေ ဖြစ်ချင်နေကြ တာလဲ။ လူတွေ ပါးစပ်က စည်းကမ်းမဲ့ လွန်းအားကြီး ပါတယ်။ အပြစ်မဲ့ ပြီး သေဆုံး သွားတဲ့ ကလေး ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို အသုံးချပြီး အကြမ်းဖက်မှုတွေ ဘာသာရေးသွေးကွဲမှုတွေ အုံကြွမှုတွေ ဖြစ်အောင် လုပ်နေတဲ့ ပြောနေတဲ့ ရေးနေတဲ့ လူတွေရဲ့ လုပ်ရပ်တွေကတော့ အောက်တန်းကျ လွန်းအားကြီးပါတယ်။

ကျွန်တော် ဒီလို status မျိုးရေးလေ့ ရေးထမရှိပါဘူး။ အခု ရေးရတာကလည်း ကိုယ်သိတဲ့ အမှန်တရားတစ်ခုကို ပြောရမယ့် ဝတ္တရားရှိတယ်လို့ ခံယူထားလို့ပါ။ လူတိုင်း အမှန်ကိုသိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်တော့်ရဲ့ fb account မှာ ရှိတဲ့ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေတော့ အမှန်သိသင့်တယ် ထင်လို့ပါ။ လူတိုင်း ကောလဟာလ ဘေးမှ ကင်းဝေးနိုင်ကြပါစေ။
Kaung  Myat  Min Yangon General Hospital facebook မှ ကူးယူဖော်ပြပါသည်။





Saturday, March 30, 2013

NLD ပါတီဝင်တစ်ဦးက လ၀က ၏ ဆောင်ပုဒ်တစ်ခုကို ဖျက်သိမ်းပေးရန် တောင်းဆို


မတ်လ 27 ရက်နေ့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် NLD ပါတီဝင် ဘင်္ဂလီတစ်ဦးဖြစ်သူ ဦး-----------က လ၀ကတွင်ရေးသားသားသည့် ''မြေမြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်မည်" ဆိုသည့် ဆောင်ပုဒ်ကို ဖျက်ပယ် ပေးရန် တရားဝင် တောင်းဆို လိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး သံတွဲ ခရိုင်အုပ်ချုပ်ရေးမှူးမှ မည်သို့မျှ သတင်းထုတ်ပြန်ခြင်း မရှိကြောင်းနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ကိစ္စဖြစ်သဖြင့် ဖျက်၍ မရနိုင်ကြောင်း ပြောခဲ့သည်ဟု သိရသည်။


 မြန်မာနိုင်ငံသည် လူမြို၍ လူမျိုးပျောက်မည်ကို စိုးရိမ်ရသော အနေအထားတွင် ရှိသဖြင့် ပိုမိုပြီး သတိထားရမည့် အချိန်တွင် ထိုသို့ ပြောဆို လာခြင်းသည် နိုင်ငံတော်၏ အချုပ်အချာ အာဏာကို ဖျက်ဆီးရာ ရောက်ကြောင်းနှင့် ထို ဆောင်ပုဒ်သည် ပြဿနာ မဖြစ်ခင် ကတည်းက ရှိနေပြီးသား ဖြစ်သဖြင့် မည်သည့် အတွက်ကြောင့် ထိုသို့ ပြု လုပ်ရသည်ကို လေ့လာရန် လိုအပ်ကြောင်းလည်း ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သူများက ပြောပါသည်။ ထိုအစည်းအဝေးသို့ ပါတီပေါင်းစုံမှ ပါတီဝင်များနှင့် ဒေသခံ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်းလည်း သိရှိရ ပါသည်။


By RSV


Tuesday, March 12, 2013

ပြည်မြို့ NLD နှစ်ခြမ်းကွဲကာ အချင်းချင်းဆန္ဒပြမှု တရားရုံးမှ ကိုင်တွယ်မည်

ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိ NLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော်ဆန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက် ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီရုံးရှေ့တွင် ဦး ကျော်ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦးတိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့မှ ဦးဆောင်၍ ““အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား လှိုက်လှဲစွာ ထောက်ခံပါသည်။ ဗဟိုညီလာခံ ကြီးအား လှိုက်လှဲစွာထောက်ခံ အပ်ပါသည်”” ““ပြည်မြို့နယ် ညီ လာခံ ကိုယ်စားလှယ်(၃)ဦးအား မမှန်မကန်သည့်အတွက် (လုံးဝ) (လုံးဝ)ပြင်းထန်စွာ ကန့်ကွက်ပါ သည်””၊  ““မမှန်မကန်သော ပြည်မြို့နယ်မှ ကိုယ်စားလှယ် (၃) ဦးအား မထောက်ခံပါ””၊ ““ဒေါက် တာ ခင်မောင်ဝင်းပါ (၃)ဦးအား ပြည်မြို့နယ်မှ လုံးဝ လက်မခံ နိုင်ပါ””ဟူသော စာတမ်းပါ ဗီနိုင်း ပိုစတာများ၊ ဗီနိုင်းစတွင် ခွပ် ဒေါင်းအစစ်တွေရဲ့ ဆန္ဒဟူသော ခေါင်းစဉ်ဖြင့် ““အမျိုးသား ဒီ/ ချုပ် အဖွဲ့ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီ လာခံကြီးကို ယုံကြည်မျှော်လင့် ချက်အပြည့်နဲ့ ကြိုဆိုပါ၏။ ပြည် သူတွေက ပိုပြီးတော့ ချစ်ခင်လေး စားယုံကြည်အားထားရသော အမျိုးသားဒီ/ချုပ်အဖွဲ့ဖြစ်ချင် ပါတယ်။ ပြည်သူတွေအကျိုး အတွက် မရည်စူး၊ ကိုယ်ကျိုး အတွက်ပဲ ရှေ့တန်းတင် လက်ဦး မှုကို အရယူ ပါတီဝင်ဖောင်တွေ ကို လိုသလိုသုံး၊ လူတွေမွေး၊ ဒီမိုကရေစီ အခွင့်အရေးကို အသုံးချ ကြိုတင်လူရွေးပြီး တာ ၀န်တွေကို လုပ်ကြံယူထားသူ များကို လုံးဝမလိုလားပါ။ မျိုး ချစ်မျက်ကန်းများ မဖြစ်ကြပါစေ နှင့်၊ ကြယ်ဖြူနှင့် ခွပ်ဒေါင်းအစစ် များ၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်””ဟူသော ဗီနိုင်းများကိုင် ဆောင်ကာ လူအင်အား(၅၀)ဦး ခန့်ဖြင့် ဆန္ဒဖော်ထုတ်၍ ညနေ ၅ နာရီ ၅၀ အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရ သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအား ဦးဆောင်သူ ဦးကျော်ဆန်း၊ ဦးမြင့်သိန်းတို့အဖွဲ့အား သက် ဆိုင်ရာတာဝန်ရှိသူများမှ ခွင့်ပြု ချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း ကြောင့် ပြည်အမှတ်(၂)ရဲစခန်း မှူး ရဲအုပ်လှထွန်းမှ တရားလို ပြုလုပ်၍ ဦးဆောင်သူ ဦးကျော် ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦး တိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့အား (ပ) ၂၀၇၊ ၂၀၁၃ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

From : hot news

Wednesday, March 6, 2013

NLD ဈေးရောင်း ရန်ပုံငွေ ရှာပွဲ ပြည်သူများ မကျေနပ် ( the hot news )


NLD ဗဟိုအဆင့် အကွဲအပြဲ အစ ကိုယ်စားလှယ် (၄) ဦးအား တာဝန်မှ ရပ်စဲ

မိမိ ပါတီဝင်များအား ထိန်းသိမ်း မနိုင်သည့်  ၊ စည်းကမ်းမဲ့သည့် NLD ပါတီ၏ ဗဟိုအဆင့် ပထမဆုံး ခြေလှမ်းအဖြစ် ဒီမိုကရေစီ စနစ်နှင့် မညီညွတ်စွာ အဖြစ်မှန်ကို စုံစမ်း စစ်ဆေးမှု မပြုပဲ သတင်း အကြားဖြင့် ညီလာခံ ကိုယ်စားလှယ် (၄) ဦး ထုတ်ပယ် လိုက်ကြောင်း NLD က မတ် (၅) ရက်နေ့တွင် ကြေညာချက် ထုတ်ပြခဲ့သည်။ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း ညီညွတ်ရေးကို ပြိုကွဲစေသော အပြုအမူ၊ အပြော အဆိုနှင့် လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်း ရရှိထား သဖြင့် ယခုလ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ ရက်နေ့တွင် ကျင်းပမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ လိုက်ကြောင်း ဒီချုပ်မှ သတင်း ထုတ်ပြန် လိုက်သည်။

ညီလာခံ ကိုယ်စားလှယ် အဖြစ် မှ ရပ်စဲခံ ရသူများမှာ ဦးခင်မောင်ဝင်း၊ ဥက္ကဋ္ဌ (ဗဟိုညီလာခံ ကိုယ်စားလှယ်) အလုပ် အမှုဆောင်အဖွဲ့၊ လမ်းမတော်မြို့နယ်၊ ဦးသန့်ဇင် (ဗဟိုညီလာခံ ကိုယ်စားလှယ်) ရွှေပြည်သာမြို့နယ်၊ ဦးခင်မောင်ရှိန်၊ ဥက္ကဋ္ဌ (ဗဟိုညီလာခံ ကိုယ်စားလှယ်)မြောက်ပိုင်း ခရိုင်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဒေါ်မိမိကြီး (ဗဟို ညီလာခံ ကိုယ်စားလှယ်) ကောလင်း မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးတို့ ဖြစ်သည်။

NLD ပါတီသည် ညီလာခံများကို ရပ်ကွက် ကျေးရွာ အဆင့်မှ တိုင်းဒေသကြီး ပြည်နယ် အဆင့်ထိ ကျင်းပပြုလုပ်ရာတွင် ပြသနာများစွာ၊ ပါတီဝင် အချင်းချင်း ဆန္ဒပြမှုပေါင်း များစွာ ဖြစ်ပေါ်ခဲ့ပြီး အခု ဗဟိုအဆင့်တွင်လည်း ဖြစ်ပေါ်လျက်ရှိသည်။ 


Friday, February 22, 2013

NLD ပါတီ အား မွတ်ဆင်လင်ဘာသာများလွမ်းမိုးနေဟု ဆရာတော် အရှင် ၀ီရသူဝေဖန်

NLD ပါတီ အား မွတ်ဆင်လင်ဘာသာများလွမ်းမိုးနေဟု ဆရာတော် အရှင် ၀ီရသူဝေဖန်



ဆရာတော် ၀ီရသူဟောကြားချက်
ဒီကနေ့ အဲဒါပဲပေါ့ ဘာပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ကြပါ။ ဘာအမြင်နဲ့ အလုပ်လုပ်ရမလဲ? အမျိုးသားရေး အမြင်နဲ့ အလုပ်လုပ်ရပါမယ်ဘုရား။ ဘာနဲ့ အလုပ်လုပ် ရမလဲ? အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်ရမယ်။ မျက်စိနဲ့ ကြည့်ရင်လည်း အမျိုးသားရေး အမြင်နဲ့ ကြည့်ရမယ်။ နားနဲ့ကြားနာရင်လည်းပဲ အမျိုးသားရေး အမြင်နဲ့ နားထောင်ရမယ်။ အဲဒီလိုပဲ ဘယ်လိုအလုပ်ပဲလုပ်လုပ် အမျိုးသားရေးအမြင်နဲ့ပဲ အလုပ်လုပ်ရမယ်။ စားလည်း အမျိုးသားရေး အတွက်ပဲစား၊ သွားလည်း အမျိုးသားရေးအတွက်ပဲ သွား။ အေး အရောင်းအဝယ် လုပ်လည်း အမျိုးသားရေးအတွက်ပဲ အလုပ်လုပ်ပါ။
အဲဒါတွေကိုဦးဇင်းတို့ တိုင်းသူ ပြည်သားတွေမှာ အားနည်းနေလို့ ဒီကနေ့ လိုက်ဟောနေရတာ။
အေး သူတို့တတွေ ကြတော့နော် ခင်ဗျားတို့ကြည့် ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ အလုပ်လုပ်တာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးခေတ် မရောက်ခင်တုန်းကစစ်အစိုးရခေတ်၊ စစ်အစိုးရနဲ့ ပေါင်းပြီးတော့ သူတို့တွေ အမျိုးသားရေးအမြင်တစ်ခုတည်းနဲ့ အလုပ်လုပ်ခဲ့ကြလို့

ဒီကနေ့ ရန်ကုန်မြို့ကြီးရဲ့ ဆောက်လုပ်ရေးဈေးကွက်ကိုသူတို့ အုပ်စီးသွားပြီ ချုပ်ကိုင်သွားပြီ။

အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်လို့။ သူတို့လည်းစစ်တပ်ကိုချစ်တယ်လို့တော့ မထင်နဲ့။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် စစ်တပ်နဲ့ ပေါင်းတာ။ အဲဒီလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေတ်ကောင်းလာတော့ အလုံးလိုက်၊ အရင်းလိုက် ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲသူတို့ ဝင်ကြတယ်။ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးလုပ်တာ။ နိုင်ငံရေးခံယူချက်ရှိလို့ မဟုတ်ဘူး။ ဒီမိုကရေစီကို နားလည်လို့ မဟုတ်ဘူး။ လူ့အခွင့်အရေးကိုလေးစားလို့ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်ကိုယ်က လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့သူတွေ။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရက်ရက်စက်စက် ချိုးဖောက်နေတဲ့ သူတွေ။ အေးဒါပေမယ့် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီထဲ ဝင်တယ်။ ဘာကြောင့်လဲ။ ဒီပါတီထဲပါတီအာဏာရရင် သူတို့တတွေ နေရာရမယ်။ သူတို့တွေနေရာရရင် သူတို့ အမျိုးသား အကျိုးစီးပွားအတွက် အများကြီး အလုပ်လုပ်နိုင်မယ်။ နောက်ဆုံးအကာအကွယ် ပေးနိုင်မယ်။ဒီရည်ရွယ်ချက်နဲ့ ဝင်တယ်။

ဒီကနေ့ NLD ခေတ်ကောင်းလာတော့ကော NLD ထဲပြောင်းပြီး သူတို့တွေ နေရာယူ သွားကြပြီ။ ဘယ်မြို့မှာ ကြည့်ကြည့် ရုံးထိုင်နေရင် မုတ်ဆိတ်တွေချည်းပဲ။ အဲတော့ မိတ္ထီလာရောက်တော့ မိတ္ထီလာက ဒကာတော်က လျှောက်တယ်။

ခွပ်ဒေါင်းဟာ ခွပ်ဒေါင်း မဟုတ်တော့ပါဘူး ဆရာတော်၊ မွတ်ဒေါင်း ဖြစ်သွားပါပြီ။

ဘာ့ကြောင့်တုံးဗျ။

မွတ်ဆလင်တွေ ချည်းပဲ။

အေး ခင်ဗျားပြောတဲ့ စကားလည်း မဆိုးဘူးဗျ။

စဉ်းစား ကြည့်နေနော်။ သူတို့ နိုင်ငံရေးခံယူချက် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်တယ်။ ဘာအမြင်နဲ့ လုပ်လဲ၊ အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။ ဒါဘဲ၊ အဲတော့ ဘာဖြစ်မလဲ၊ သူတို့တွေ နေရာရတာပေါ့။

နေရာရတော့ ဘာဖြစ်မလဲ။ သူတို့လူမျိုး၊ သူတို့ ဘာသာ တိုးတက်အောင် လုပ်နိုင်တာပေါ့။

တစ်ခုပဲပြောလိုက်မယ်။ ဦးဇင်းမြို့လှမြို့ကိုရောက်တယ်။ ဦးဇင်းတွေ ဆီးပြီးတိုင်တယ်။

အာဇာနည်နေ့ကတဲ့ NLDရုံးမှာဆွမ်းကပ်ချင်တာတဲ့။ ဆွမ်းကပ်ခွင့် မရဘူးတဲ့။

ထောင်းခနဲ ဖြစ်သွားတယ်။ ရိုင်းလှချည်လားကွာ၊ ဒီ အုပ်ချုပ်ရေးမှူးက ဒီအာဏာပိုင်တွေက ဗိုလ်ချုပ်အောင်ဆန်းဆုံးတဲ့ နေ့တောင် ဆွမ်းကပ်ခွင့် မပေးဘူး။ ဘာကောင်တွေလဲပေါ့။

မဟုတ်ဘူး ဘုရားတဲ့။ NLD ရုံးက ကုလားအိမ် ငှားပြီးဖွင့်ထားတာ၊ ကုလားကခွင့်မပေးတာ။

သေဟ၊ ပြီးရော၊

သူတို့ နေရာရသွားပြီလေ။ NLDရုံးလေးအငှားဖွင့်တဲ့အိမ်ကတောင်မှ ဒီဆွမ်းလေး ကပ်ခွင့်ကို ပိတ်ပင်ခဲ့ရင် ဒီပါတီ ဥက္ကဋ္ဌ ဖြစ်သွားခဲ့သော်၊

ဒီနိုင်ငံ့ ခေါင်းဆောင်ဖြစ်သွားခဲ့သော်၊ ဒီလွှတ်တော် ကိုယ်စားလှယ်၊ ဒီလွှတ်တော် အမတ်ဖြစ်သွားခဲ့သော် စဉ်းစားကြည့်ပါ။

မလွယ်ဘူးနော်၊ ဒီကိစ္စက အလေးအနက်တွေးလေ ကြောက်စရာကောင်းလေပဲနော်၊ သူတို့တွေ စီးပွားရေးလုပ်လည်း အမျိုးသားရေးအမြင်နဲ့ လုပ်တယ်။

ဒါကြောင့် သူတို့ အမျိုးသားတွေ ဟိုးမြေတွေ လိုက်ဝယ်တာတွေ၊ အိမ်တွေ လိုက်ဝယ်တာ။ ဒီငွေထုပ် ပိုက်ပြီးတော့ မိန်းကလေးတွေ လိုက်တောင်းတာ။ ဒီဟာတွေပြပြီး မိန်းကလေးတွေကို မြူဆွယ်တာ။ အကုန် အမျိုးသားရေးအမြင်နဲ့ အကုန် အလုပ်လုပ်နေတာ။ အကုန်ကပ်တာ။ စစ်အစိုးရ ခေါင်းဆောင်တုန်းက ဗိုလ်ချုပ်ကြီးတွေကို ကပ်တာ။ ပါတီထောင်တော့ ပါတီ ခေါင်းဆောင်တွေကို ကပ်တယ်။

NLD အားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကပ်တယ်။

လိုက်ကြည့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်က ပြန်လာ၊ နိုင်ငံခြားက ပြန်လာတဲ့အခါ လေဆိပ်မှာသူ့ကားပဲစီးလာတာ။ မန္တလေးကိုလာတယ်။ လေဆိပ်မှာ သူ့ကုလားကားပဲ စီးတာ။ ကပ်ထားပြီ။ အပီကပ်ထားပြီ။

ဘယ် ရော်နယ်ဒို ဘယ်လောက် ကောင်းကောင်း ခင်ဗျား ၄၊ ၅ ယောက် ကပ်ထားတော့ လှုပ်ကိုမလှုပ်တော့ဘူး။

ရခိုင်ပြည် အတုံးအရုံးနဲ့ အသတ်ခံရတာဒေါ်စုတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ဘာတတ်နိုင်တုန်း၊ အဲဒါမှတ်ထား။ သူတို့တွေ အမျိုးသားရေးအမြင်နဲ့ အလုပ်လုပ်နေတာ။

ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ မင်းကိုနိုင် ဘာတတ်နိုင်သေးတုန်း၊ ရခိုင် အရေးအခင်းမှာတစ်ခွန်းမှကိုမဟနိုင်တော့ဘူး။ ကပ်ထားပြီ၊

ခင်ဗျားတို့ ရန်ကုန်သတိထား။ အမျိုးသားရေးကိုအလေးအနက်ထားကြမှ ဖြစ်မယ်။ အဲဒီလိုပဲ၊

ဟိုးဦးဇင်းတို့ ပြီးခဲ့တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် လောက်က မွန်ပြည်နယ် သွားတယ်။ တွေ့ခဲ့ရတယ်။ ရာဇာမင်းဆိုတဲ့ ကားအသင်း၊ ကုလားပိုင်ပဲ။ အဲဒီ ကားအသင်းက အဲဒီကားပိုင်ရှင်ကအဲဒီကားအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေ၊ မထသဥက္ကဋ္ဌ ဖြစ်နေတာ။

အေး သူဖြစ်လိုက်ကတည်းက ကထိန်ခင်းခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲ။ အပိုအလုပ်တွေ၊ ပြီးပြီ။

သူနေရာရသွားတာနဲ့ တပြိုင်နက် တန်းပြီးတော့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ လှူဒါန်းခွင့်ကိုပိတ်ပစ်လိုက်ပြီ။ သတိထားပါ။

ဦးဇင်းတို့တွေက အမျိုးသားရေးနဲ့ လူမှုရေးကွဲတယ်။ အဲအမျိုးသားရေးနဲ့ လူ့အခွင့်အရေးကွဲတယ်။

နိုင်ငံရေး သမားတွေက အမျိုးသားရေးနဲ့ လူ့အခွင့်အရေးမကွဲဘူး။

ဒါကြောင့်မို့လို့ သူတို့တွေက ဓမ္မဘက်မှာလည်း မရပ်တည်နိုင်ဘူး။ ပြည်သူဘက်မှာလည်း မရပ်တည်နိုင်ဘူး။

ဒီလို လူတွေသာ ဆက်တိုက် ဆက်တိုက် နေရာရကြည့်။ ကထိန်ခေတ် ဆိုတာတောင် ဘယ်ပျောက်သွားမှန်း သိမှာမဟုတ်တော့ဘူး။ အဲဒါပဲလေ။ သူနေရာရသွားပြီး၊ နေရာရတော့ ဘာဖြစ်လဲ။ ကထိန်ခင်းခွင့်ကို ပိတ်ပစ်လိုက်တယ်။ ကထိန်ခင်းခွင့်ကို ပိတ်ပင်လိုက်တော့ ဘာဖြစ်မလဲ။ ဗုဒ္ဓဘာသာနစ်နာတာ၊ ထိခိုက်တာ၊ ကုသိုလ်တရားတွေ ဆုံးရှုံးသွားတာ။

အေးအဲဒါတွေကိုသိတဲ့အခါကျတော့ မော်လမြိုင်က စာချ ဆရာတော်လေး တွေ စုဖွဲ့ထားတဲ့ သံဃာကွန်ယက်က အဲဒီမှာ စတစ်ကာတွေ ကပ်ပြီး လိုက်ပြီးတော့ ဘာသာတူ လူမျိုးတူ ဆိုင်တွေမှာ ဈေးဝယ်ဖို့၊ ဘာသာတူ လူမျိုးတူကားအသင်းတွေကိုပဲ စီးဖို့၊ ဒါမျိုးလေးလိုက်ပြီးတော့ ဆောင်ပုဒ်လေးတွေနဲ့ ပြောကြတယ်။

စားလည်း ၉၆၉၊ သွားလည်း ၉၆၉၊ ဝယ်လည်း ၉၆၉၊ စီးလည်း ၉၆၉၊ အဲလိုမျိုးတွေ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး ဒါလေးကို ရည်ရွယ်ပြီးတော့ စားလည်း ၉၆၉ ဝယ်စားခဲ့သော် ဘုရား၊ တရား၊ သံဃာ အထိမ်းအမှတ် သင်္ကေတ အမှတ်အသားပါတဲ့ ဆိုင်တွေမှာ ဈေးဝယ်စားပါ။ သွားလည်း ၉၆၉ ဘာသာတူ လူမျိုးတူတဲ့ ကားအသင်းတွေကို သွားပါ။ အဲဒါမျိုးဆိုတာဝယ်လည်း ၉၆၉၊ ရောင်းလည်း ၉၆၉၊

အေး ကိုယ်က ဈေးတစ်ခု ဝယ်တယ်။ ကိုယ့်ပစ္စည်းတစ်ခုရရုံနဲ့ မပြီးသေးဘူး။ ဒီအမြတ်ငွေ ရန်သူလက်ထဲ ရောက်သွားရင် အမျိုးဘာသာသာသနာအကုန်နစ်နာတယ်။ ဒီငွေတွေနဲ့ မိန်းကလေးတွေကို ယူမယ်။ အတင်းအဓမ္မ ဘာသာသွတ်သွင်းမယ်။ မွေးလာတဲ့ ကလေးတွေ အကုန်လုံး တိုင်းပြည်ရဲ့ အန္တရာယ် ဖြစ်မယ်။ ဘာသာကိုဖျက်စီးမယ်။ သာသနာကိုဖျက်စီးမယ်။ နောက်ဆုံး လူဦးရေတိုးပွားရင် ရခိုင်ပြည်လိုနယ်ချဲ့မယ်။ တိုင်းပြည်ကိုလုယူမယ်။

သွားပြီလေ၊ ဒါကြောင့်မို့လို့ ဒီအဝေးကြီးကို ကြည့်တယ်။ ဒီအရှည်ကို ကြည့်တယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်းရရုံလေးနဲ့ ဈေးအလွယ်တကူမဝယ်နဲ့။ ၉၆၉ သင်္ကေတပါတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်ပါ။

ဒီလိုလိုက်လံပြီးဟောတော့ ဘာဖြစ်တုန်းဆိုတော့ အဲဒီ ရာဇာမင်းကား မော်လမြိုင်ကလူတွေ မစီးကြတော့ဘူးဗျာ။ အဲဒီကျတော့ ဟိုဘက်ကနေ ဒီရန်ကုန်ကို လာရင် ကားကချောင်နေတာပဲ။ လူသိပ်မပါဘူး။ သူတို့ အချင်းချင်းပဲ လာကြတာ။ စီးကြတာ။ ဒါပေမယ့် ရန်ကုန်ကနေဟိုဘက်ကိုလာတဲ့ ကားကျတော့ အပြည့်ဗျ။ ရွှေမြန်မာတွေ အားပေးကြတာ။

အဲတော့ ရာဇာမင်းကားဘာလုပ်လဲ။ ဈေးချပ လိုက်တယ်။ အစတုန်းကတော့ အဈေးအတူ ၆၀၀၀ ပဲ။ ၅၀၀၀ အထိချပလိုက်တယ်။ ၁၀၀၀ သက်သာတယ်။ ဗမာတွေ မစီးဘူး။ ၁၀၀၀ နဲ့ ကိုယ့်ကားပဲကိုယ်စီးမယ်တဲ့။ ထပ်ချလိုက်တယ်။ အဆင့်ဆင့်။ ၃၅၀၀ အထိချ လိုက်တယ်။ အဲဒီအချိန်မှာဗမာတွေ တောင့်ခံ မနေနိုင်တော့ဘူး။ အခု ပြန်စီးနေပြီ။

သွားပြီလေ။ ဒီပွဲသာဗမာတွေရှုံးရင် နောက် ဒီလိုဟာမျိုးတွေ သူတို့တတွေ အုပ်စုဖွဲ့ပြီးတော့ ဒီဆော်ဒီအာရေးဗီးယားတွေလို ရေနံသူဌေးတွေက ထောက်ပံ့တဲ့ ငွေတွေနဲ့ အဲ့စီးပွားရေးတွေ အပြိုင် လုပ်တော့မှာ။ ဒါမျိုးတွေ အများကြီးပဲ။

ဒီတစ်ခုပဲပြောလိုက်မယ်။ ဒါကြောင့်မလို့ ဗမာတိုင်း ဗမာတိုင်း ကလေ ဟိုသက်သာတာလေး တစ်ခုတည်းကို မကြည့်နဲ့ ဒီလို ကိုယ်က ရေသာခိုလိုက်တဲ့အတွက်ကြောင့် ဒီငွေလေး ၁၅၀၀ လောက် ကိုယ်ကြည့်မြင်လိုက်တဲ့ အတွက်ကြောင့် ဒီ ၁၅၀၀ ပေါင်းသောင်းချီသွားရင်၊ သိန်းချီသွားရင် အေးရန်သူရဲ့ အင်အားဟာ ဘယ်လောက်ထိအောင် ကောင်းသွားမလဲ။ ဘယ်လောက်ထိအောင် ကြီးသွားမလဲ။ ကြီးရင် ကြီးသလောက်၊ ကောင်းရင် ကောင်းသလောက် လူမျိုးကိုဝါးမြိုမယ်။ ဘာသာ သာသနာကို ဖျက်စီးမယ်။ နိုင်ငံရဲ့ ရေထု၊ မြေထုတွေကိုလုယူမယ်၊ သိမ်းပိုက်မယ်။

ဒါဘဲ။ အဲဒီအထိကို ကြည့်ပြီးတော့ တစ်မျိုးသားလုံးကဒီဘက်ကသွားတဲ့ လူတွေရော၊ ဟိုဘက်က လာတဲ့လူတွေ အကုန်လုံးညီတူမျှတူကိုယ့်ကားကိုပဲစီးကြမယ် ဆိုရင်တော့ ခရီးသွားတာတောင်မှ၊ ကားစီးတာတောင်မှ အမျိုးသားရေးအမြင်နဲ့ သွားကြမယ်။ အမျိုးသားရေးအမြင်နဲ့ စီးကြမယ်။ နောက်ဆုံးကုလားလျှော့တဲ့ အဲငွေ ၁၅၀၀ သည် ငါ့အမျိုး ဘာသာသာသနာအတွက် လှူဒါန်းပါ၏။ အဲဒီ ၁၅၀၀ အဆုံးရှုံးခံပြီး ကိုယ့်ကားကို စီးလိုက်ပါ။

အေးအဲဒါဆိုရင် ဒီပွဲအနိုင်ရရင်တော့ နောက်ပွဲတွေလည်း ရွှေမြန်မာတွေ ဆက်ပြီးတော့ အနိုင်ရနိုင်ပါတယ်။ အဲဒါဆိုရင် ပစ်မှတ်တစ်ခုချင်း၊ တစ်ခုချင်း၊ တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီးတော့ ကိုယ့်အမျိုး ဘာသာသာသနာကို ကာကွယ်သွားရုံပဲ။ အေး ဒီပွဲမှာတော့ ကိုယ်တော်လေးတွေနဲ့ ပြည်သူတွေနဲ့ ပေါင်းပြီးတော့ တိုက်တယ်။ ဒါပေမယ့် ဈေးနှုန်းက အဆမတန် ကွာနေတယ်။ ဒီဘက်ကလည်း သိပ်ပြီးတော့ မချနိုင်ဘူး။ ချနိုင်တဲ့ နည်းလမ်းတွေကို သူတို့ ရှာကြံနေကြတယ်။ ဒါကြောင့်မလို့ ပြည်သူ့အား မပါရင်တော့ အဲဒီမော်လမြိုင် ကျဆုံးတော့မှာ။

ပလေတို ဒီမို