ဒီမိုကရေစီသည် သွင်းကုန် မဟုတ်
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, October 19, 2013

သံတော်ဆင့် အယ်ဒီတာချုပ်ကြီး ၏ လူသိ ခံဝံ့/ မခံဝံ့ အတိတ် အပိုင်းအစများ

ယနေ့  သံတော်ဆင့် ဂျာနယ် ထွက်ပါတယ် ။ ယခင်က မဖတ်ဖြစ်ပေမဲ့  ယနေ့ တော့  ၀ယ် ဖတ် အားပေးဖြစ်ပါတယ် ။ ဦးဌေးဦး နဲ့  ဦးတင်ထွဋ် ကို ရန်တိုက်ပေးထားတဲ့ သတင်းပါတယ် ။ ဦးတင်ထွဋ်ကို ဆက်သွယ်မေးမြန်းချက် သတင်းဖေါ်ပြထားတာ တွေ့ ရပါတယ် ။ ပြီးတော့ ပါတီဌာနချုပ် က ပြည်သူ့  ဆက်ဆံရေးဌာန ဌာနမှူး ဥိးကျော်သူရ အကြောင်း ရေးသား ဖေါ်ပြထားတာတွေ့ ရပါတယ် ။ ပြည်သူ့  ဆက်ဆံရေးဌာန ကို ပါတီဌာနချုပ် အဆင့်သာမက တိုင်းနှင့်ပြည်နယ် ဒေသကြီး အသီးသီးတွင်ပါ တိုးချဲ့ ဖွဲ့  စည်းထားသည့် အချိန်တွင် ထမ်းဆောင် ရသည့် တာဝန်ကတော့ ပြည်ခိုင်ဖြိုး ပါတီ သည် ပြည်သူ့  ပါတီ အဖြစ် ရပ်တည်ရေး / ပြည် ခိုင် ဖြိုး ပါတီ နှင့် ပြည်သူ တစ်သားတည်း ဖြစ်ရေး ဆိုတဲ့  ရည်မှန်းချက် အများအပြားပါဝင်တဲ့  လုပ်ငန်းများဆောင် ရွက်ခြင်း ဖြစ်ပါတယ် ။




ယနေ့  ပြည်ခိုင်ဖြိုး ပါတီ၏ ပြည်သူ့ ဆက်ဆံရေး ဌာနများ အနေဖြင့် ရည်မှန်းချက်တာဝန် ကို ထမ်းဆောင် ချိန်တွင် ပြည်ခိုင်ဖြိုး ကျေးဇူးခံ ကျေးဇူးစားများအချို့  ကျေးဇူးကန်း စော်ကား သူတစ်ချို့ ၏ အုပ်စုဖွဲ့  ၍ သတင်းဂျာနယ် စာစောင်များမှ တစ်ဆင့် နှောင့်ယှက် ခြင်းများကို ကြုံတွေ့ နေရပါသည်။ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့ ဆက်ဆံရေး တာဝန်ခံတစ်ဦးအနေဖြင့် ပြည်သူ့ ဆက်ဆံရေးဌာန ၏ တာဝန်ကို ပေါက်မြောက် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုး ပါတီ၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်နေသည့်ကျေးဇူးကန်းသူ ကျော်စွာဝင်း(မောင်ရေစက်) (သံတော်ဆင့်ဂျာနယ် ) ကို မွေးထုတ်လေ့ကျင့်  ပေးခဲ့သည့် သာကေတမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးသို့ ယနေ့  တစ်ခေါက် အရောက်သွားခဲ့ပါသည်။
 

သွားခဲ့ရသည့် အကြောင်းရင်းကတော့  သာကေတမြို့ နယ် ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် သံတော်ဆင့် ဂျာနယ် အယ်ဒီတာချုပ်ကြီး မောင်ကျော်စွာဝင်း (မောင်ရေစက်) အပေါ် နာကျည်း မုန်းတီးအောင် ပြစ်မှား စော်ကားခဲ့သည့် လုပ်ရပ်များ ရှိခဲ့သလား / မောင်ကျော်စွာဝင်း အပေါ် ရန်ငြိုးဖွဲ့  စရာ လုပ်ရပ်များ ဆောင်ရွက်ခဲ့ ပါသလား ဟု သိချင်ခဲ့သည်လည်း ပါဝင်ပါသည်။

ကြားသိရချက်များ ကတော့ ကျော်စွာဝင်းကို မြို့ နယ် အဆင့် တာဝန်ရှိသူများ က နာမည် အမျိုးမျိုး မှည့်ခေါ်ခဲ့တာ ကို အရင် သိရပါတယ်။ငါးမြွေထိုး၊ သူတောင်းစား ၊ အထက်ဖား အောက်ဖိ (ငဖါးကောင်) စသည့် နာမည်ပျက်များ ဖြင့် ပြည့်နှက်နေသူတစ်ဦးဖြစ်ကြောင်း သာ ကြားသိရသည်။


ကျော်စွာဝင်း အနေဖြင့် သာကေတမြို့ နယ် ၏ အောက်ခြေ အဆင့်ဆင့်မှ တက်ရောက်လာသည့် မြို့ နယ် အဆင့်ခေါင်းဆောင် မဟုတ်ကြောင်း၊ သာကေတမြို့ နယ် ၏ အထက် တွင်ရှိသည့် ရန်ကုန် အရှေ့ ပိုင်း ခရိုင်ရုံးတွင် ဖွင့်လှစ်သည့် ပညာဒါန သင်တန်းကျောင်း သို့ သာ အချိန်ပြည့်သွားရောက်လုပ်အားပေးခဲ့ကြောင်း၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၏ ထောက်ခံချက်ဖြင့် သာကေတမြို့ နယ် တွင် မြို့ နယ်အဆင့် တာဝန် ထမ်းဆောင်ရန် ခန့် အပ် တာဝန်ပေးစေခိုင်း မှုကြောင့် မြို့ နယ် အဆင့် ဖြစ်လာသူတစ်ဦးဖြစ် ကြောင်း သိရသည်။ အထက်ဖါး အောက်ဖိ (ငဖါးကောင်)


ကျော်စွာဝင်း မှာ သာကေတမြို့ နယ် အတွင်းရေးမှူး ဦးအောင်ဝင်း နုတ်ထွက် သွားချိန်တွင် မှ အစားထိုးခန့် အပ်ခံရသည့် မြို့ နယ် အလုပ်အမှုဆောင် တစ်ဦးဖြစ်ကြောင်း၊ မြို့ နယ် အလုပ်အမှု ဆောင်ဖြစ် သည့် အချိန်တွင် နေစရာ အိမ်မရှိသည့် အတွက် အသင်းရန်ပုံငွေရ အိမ်ဝိုင်းလေးတွင် တစ်လ တစ်ထောင် ကျပ်နှုန်းဖြင့် လခပေးနေထိုင် ခွင့်ရခဲ့ကြောင်း၊ မြို့ နယ် အလုပ် အမှုဆောင် ဖြစ် သည့်အတွက် လစာပင် မပေးခဲ့ကြောင်း သိရသည်။ မြို့ နယ် အလုပ် အမှုဆောင်ဖြစ်ကတည်း က နေစရာ အိမ်မရှိသည့်အတွက် နေစရာတောင်းခဲ့သူ သည် ပြည် ခိုင် ဖြိုး အသင်းဌာနချုပ်မှ ဖွင့်လှစ်သည့် သတင်းစာ အခြေခံပညာ သင်တန်း တက်ရောက်ပြီးသည့် အချိန်တွင် CEC ဗဟိုအလုပ် အမှုဆောင် များ နှင့်  တွေ့ ခွင့်ရသည့် အခါတိုင်းတွင် သတင်းလုပ်ငန်း ဆောင်ရွက်ရန် အကြောင်းပြ၍ နည်းလမ်းပေါင်း စုံဖြင့် ငွေကြေးတောင်းခံခဲ့သူ တစ်ဦး ဖြစ်ကြောင်း၊ ဦးသိန်းအောင်ထံမှလည်း ကင်မရာ တောင်းခံခဲ့ကြောင်း၊ မြို့ နယ် အသင်း၏ စီမံတာဝန်ခံ ထံတွင်လည်း စည်းရုံးရေးလုပ်ငန်းများ လုပ် မည်ဟု ဆိုကာ ကြို ငွေ တစ်သောင်းနှင့် အထက် အမြဲ ထုတ်သုံးလေ့  ရှိကြောင်း၊ ယခုလည်း အသင်း မှ ပါတီအဖြစ် ပြောင်းလဲဖွဲ့  စည်းသည့်ကာလတွင် မြို့ နယ် အသင်း ကာလကတည်း က ငှါးရမ်း နေထိုင်ခဲ့သော နေစရာအိမ်ကို အခန်းသုံးခန်းဖွဲ့ ၍ နှစ်ခန်းကို ငှားစားကာ တစ်ခန်းကို ကျော်စွာဝင်း၏ မိသားစုများ နေထိုင်လျှက်ရှီပြီး သုံးခန်းစာအတွက် တစ်လလျှင် တစ်လလျှင် ၁၂၀၀၀/- ကျပ်နှုန်း သာကေတမြို့ နယ် ပါတီရန်ပုံငွေပေးသွင်းကြောင်း ၊ ငှားရမ်းထားသည့်  အခန်း ငှားရမ်းခမှာ တစ်လလျှင် တစ်ခန်း သုံးသောင်းကျပ် ဖြစ်သဖြင့် ကျော်စွာဝင်း ဘခင် ဖြစ်သူ ဦးသန်းဝင်း နှင့် မိသားစုအဖို့  (၄၈၀၀၀/-) ကျပ်နှုန်း စားသုံး စရိတ်လစဉ် ရရှိနေသေး သည်ကို ပြည်ခိုင်ဖြိုးအပေါ် ကျေးဇူးမတင်ပဲ ကျေးဇူးကန်းနေသည့်အတွက် သူတောင်းစား ဟု ခေါ်ကြောင်း
သိရသည်။

ကျော်စွာဝင်းအနေဖြင့် သတင်းစာ သင်တန်း တက်ရောက်ပြီးချိန်တွင် သာကေတမြို့ နယ် အတွင်း သတင်း တပ်ဖွဲ့  ဖွဲ့ စည်းရန် ဆောင်ရွက်ခဲ့ကြောင်း၊ ကျော်စွာဝင်း၏ သတင်းတပ်ဖွဲ့ တွင် ရပ်ကွက် စည်းရုံးရေးမှူးများ ပါဝင်ခဲ့ပြီး ယင်းတပ်ဖွဲ့ အနေဖြင့် မြို့ နယ်အသင်း အလုပ် အမှုဆောင်များ၏ လှုပ်ရှားမှု များကို စောင့်ကြည့် သတင်းရေးသား တင်ပြရန်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုကြောင့် အသင်းမှ ပါတီအဖြစ်သို့  ပြောင်းလဲ ချိန်တွင် ရပ်ကွက် စည်းရုံးရေးမှူး အချို့  ပါဝင်လာနိုင်ခြင်း မရှိတော့ကြောင်း၊ ကျော်စွာဝင်းမှာ ကျဘမ်း စကားပြောပြိုင်ပွဲတွင် ဌာနချုပ် ဗဟိုအဆင့် ဒုတိယ ဆု ရရှိလာသူတစ်ဦးဖြစ်ကြောင်း၊ ဌာနချုပ် ပြိုင်ပွဲတွင် ကြံ့ခိုင်ရေးအသင်း တိုက်ပုံနှင့် ၀တ်စုံ မရှိသဖြင့် ရပ်ကွက် စည်းရုံးရေးမှူး ဦးထွန်းရှင် ၀ယ်ယူပေးခဲ့ရကြောင်း၊ ကျော်စွာဝင်းကဲ့သို့  ပြည်ခိုင်ဖြိုး စစ် စစ် မဟုတ်ပဲ ကျိုက်လတ်မြို့ နယ် တ.စ.ည ပါတီ စည်းရုံးရေးမှူး ဦးသန်းဝင်း၏ သားဖြစ်သူ ကို မြေတောင်မြှောက်ပေး ခဲ့သည့် အတွက် အဆိပ်ပင်ရေလောင်း ဖြစ်ခဲ့ရပြီး ပါတီဖွဲ့ စည်း ချိန်တွင် အဘရှင် ဦးထွန်းရှင် ပါဝင်လာနိုင်ခြင်း မရှိတော့သည့် အတွက် ငါးမြွေထိုးဟု ခေါ်ဆိုကြောင်း သိရသည်။

အခြားသော လူသိခံဝံ့ / မခံဝံ့ အကြောင်းအရာများ ကိုလည်း ဆက်လက်ဖေါ်ပြပေးသွား ပါမည်။

soe min

Saturday, July 13, 2013

လိင်ကိစ္စကို အထူး စိတ်ဝင်စားနေတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အမကြီး

ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံလို့ ဆိုတာနဲ့ ရွှေတိဂုံဘုရားနဲ့ ယှဉ်တွဲပြီး အသိအမှတ်ပြုခံရသလို အလွန် အင်မတန်မှ အဆင့်အတန်းမြင့်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ တစ်ခုတည်းသော နိုင်ငံ အဖြစ် သိရှိထားပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသူ သီလရှင်ဆရာလေးဟာ မြန်မာနိုင်ငံကို Golden Land ဆိုပြီး တင်စားပြောဆိုခဲ့ပါတယ်။ ဆရာလေး ပြောတဲ့ အဓိပ္ပါယ်ကတော့ နေရာ အနှံ့ ရွှေထွက်နေလို့ ရွှေနိုင်ငံလို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ်ကျင့်သီလကို အထူး စောင့်ထိန်း လိုက်နာပြီး အလွန် အဆင့်အတန်းမြင့်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ နိုင်ငံဖြစ်လို့ ရွှေနိုင်ငံလို့ တင်စား ခေါ်ဝေါ်ခဲ့ပါတယ်။

ဒီလိုမျိုး ကမ္ဘာ့အလယ်မှာ ငါးပါးသီလဆိုတာကို တန်ဖိုးထား ရပ်တည်လျက် ရှိနေသည်ကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ အစီအစဉ် ရှိမရှိ လက်ရှိကျင်းပနေတဲ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် သတ္တမ အကြိမ် ပုံမှန် အစည်း အဝေးမှာ ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက အဲဒီဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ဖြေခဲ့တဲ့အခါမှာတော့ ဒေါ်စန္ဒာမင်းက “ဒီမေးခွန်းကို ဒီလိုဖြေမယ်ဆိုတာ တွက်ထားပြီးသား။ လက်ရှိ အုပ်ချုပ်နေတဲ့ သူတွေ၊ ပြည့်တန်ဆာ တွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြား တိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့်အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးစတဲ့ ပေတံတွေနဲ့ တိုင်းပြီးတော့ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး မပြင်ဖို့ ကြိုးစားနေတာပါ” လို့ ဒေါ်စန္ဒာမင်းက ပြောခဲ့ပါတယ်။ 

အမတ်မင်း ဒေါ်စန္ဒာမင်းမှ ငါးပါးသီလမှာ ပါဝင်သည့် ရှောင်ကြဉ်ရမည့် ကာမေသုကို တရားဝင်လိုင်စင်အဖြစ် လုပ်ကိုင် လိုကြောင်း ပြောကြားလာသဖြင့် နားကြားပင် မှားသလို ထင်မိပါ သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်နှင့် (၉၆)ပါးရောဂါ အကုန်ပျောက်သည် ထင်နေပါသည်။ အနောက်နိုင်ငံများ၏ ကိုးကွယ် ယုံကြည်မှုနှင့် မိမိတို့နိုင်ငံ အများကြီး ကွာခြားလှပါသည်။ မတူတာကို အတင်း တူအောင် လုပ်၍မရပါ။ လုပ်၍ရတယ်ဆိုလျင် မိမိလက်ချောင်းများကိုပင် အတိုအရှည် ညီအောင် လုပ်ကြည့် စေချင်ပါသည်။ ပြည့်တန်ဆာအား တရားဝင် လုပ်ကိုင် ခွင့်ပြုပါက ရရှိလာမည့် အကျိုးအပြစ်ကို နှိုင်းယှဉ်စေလို ပါသည်။ 

မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ ယဉ်ကျေးမှု အရ ဘယ်မိဘမှ မိမိသားသမီးများကို တရားဝင် ပြည့်တန်ဆာ လုပ်ခိုင်းလိမ့်မည် မဟုတ်ပါ။ ဖာသည်မသမီး၊ ဖာသည်မ အမေ ဟု မည်သူမျှ အခေါ်မခံလိုပေ။ ဒါကြောင့် ဒေါ်စန္ဒာမင်း ပြောသလို တရားဝင်ပြည့်တန်ဆာ လုပ်ငန်းဆိုတာလဲ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယခုလိုပဲ တရားမ၀င် လုပ်ကိုင် နေမှာ ဖြစ်ပါတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပေဒမှာက ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တစ်နှစ်အောက် မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ကျခံရမယ်လို့ ဖော်ပြထားပါတယ်။ ဒေါ်စန္ဒာမင်း တင်သွင်းချင်တာက ပြည့်တန်ဆာ လုပ်ငန်းတွေကို တရားဝင်ခွင့်ပြုဖို့ လွှတ်တော်မှာ တင်သွင်းချင်လို့ အစပျိုး မေးခွန်းကို မေးလိုက်တာပါ။ ပြည့်တန်ဆာ လုပ်ငန်းတွေ လွတ်လွတ် လပ်လပ် လုပ်လို့ရရင် ဒေါ်စန္ဒာမင်း ကိုယ်တိုင်များ တည်းခိုခန်းဖွင့် စားမလို့လားလို့ တွေးတဲ့သူတွေက တွေးနေ ကြပါတယ်။ 

လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်ပြီး တိုင်းပြည် အတွက် အမှန်တကယ် အကျိုးရှိမဲ့ အခြားမေးခွန်းတွေ မရှိတော့ ဘူးလားလို့လဲ ပြောသူတွေက ပြောနေကြပါတယ်။ တစ်ချို့ကတော့ ဒေါ်စန္ဒာမင်းဟာ ထင်ပေါ် ကျော်ကြား လိုတဲ့ အချို့သော ရုပ်ရှင် သရုပ်ဆောင်တွေလို ကိုယ်လုံးချွတ်ပြလို့ မရလို့ ဋ္ဌေးကြွယ်နဲ့ ညအိပ်ခဲ့ တာတွေ၊ ပြည့်တန်ဆာ ဥပဒေ ပြင်ဆင်ရေးတွေ လုပ်နေတာလားလို့ ဝေဖန်နေကြပါတယ်။

ပြောရရင်တော့ ဒါဟာ မြန်မာပြည်ပါ…။ ဗုဒ္ဓဘာသာ တိုင်းပြည်လို့ ကြွေးကြော်နေပြီး ယဉ်ကျေးမှု မြင့်မားတဲ့ သူတွေ နေထိုင်ကြပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းတွေကို တရားဝင် လုပ်ကိုင် ခွင့်ပြုမယ်ဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ လူ့အသိုင်းအ၀ိုင်းမှာဘယ်လို မျက်နှာပြကြမလဲ။ ဒီမိုကရေစီဆိုတဲ့ ကိုယ့်နိုင်ငံနဲ့ မလိုက်ဖက်တဲ့ ဒီမိုကရေစီမျိုး ကိုတော့ မစဉ်းစားသင့် ပါဘူး။ အခုတလော ထွက်ပေါ်လာတဲ့ ဗွီဒီယိုတွေမှာ မိသားစု ထိုင်ကြည့်လို့ မရတဲ့ ပြကွက်တွေ ပါနေလို့ လူတွေ ကန့်ကွက် နေကြပါတယ်။ ဒီကြားထဲကမှ လွှတ်တော် ကိုယ်စားလှယ် အမကြီးက လိင်ကိစ္စကို အထူး စိတ်ဝင်စားစွာ ပြည့်တန်ဆာတွေ အတွက် စဉ်းစားပေးတယ် ဆိုတော့ ဒေါ်စန္ဒာမင်း ဟာ သမီးမွေးထားသူ မဟုတ်လို့ပဲ။ သမီးချင်း ကိုယ်ချင်းစာ ကြည့်မယ် ဆိုရင်တောင် ဒီလိုအတွေးမျိုး ရှိမယ် မထင်ပါဘူး။

ဒေါ်စန္ဒာမင်းရဲ့ သမီးဟာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် စားသောက် ပါတယ်ဆိုရင် အမေတစ်ယောက် အနေနဲ့  ဘယ်လိုခံစားရမလဲ။ ပတ်ဝန်းကျင်ကို ဘယ်လိုရင်ဆိုင်မှာလဲ။ တကယ့်ကိုနက်နက်နဲနဲ တွေးခေါ် စဉ်းစား ကြည့်ပါ။ ဒေါ်စန္ဒာမင်း ကိုယ်တိုင်က ဒီကိစ္စတွေမှာ လွန်လွန် ကျူးကျူး စိတ်ဝင်စားနေတယ် ဆိုတာကို ဖော်ပြ လိုက်တာလား။ ကိုယ့် ယောက်ျားနဲ့ နေရတာတင် အားမရလို့ ဋ္ဌေးကြွယ်နဲ့ အိပ်ခဲ့ပြီးပြီ။ ဒီလိုမျိုးအိပ်ချင်လို့ တရားဝင် အိပ်ခွင့်တောင်းလိုက်တဲ့ သဘောလား။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲ မှာ မဲရဖို့ပြင်ဆင်နေတဲ့ အချိန်မှာ ဒီလိုမျိုး ပြောလိုက်တာဟာ ပါတီကို သိက္ခာ ချလိုက်တာလား။ ဒါမှမဟုတ် ပါတီရဲ့ ကိုယ်စား လူပိန်း၊ လူတုံး၊ လူညံ့တွေ အကြိုက် ပြောလိုက်တာလား ဆိုတာကတော့ လွှတ်တော် အမတ်ကြီး ဒေါ်စန္ဒာမင်းမှ တစ်ပါးအခြားမည်သူမှ မသိနိုင်တော့ပါ။
 
ပြည့်တန်ဆာအား တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ပါက နှစ်များစွာကြာမြင့် လာပါက မျိုးမစစ်များ အများကြီး ပေါ်ထွက် လာမည်ဖြစ်ပါသည်။ အမျိုးမစစ်လျင် အမျိုးကို မချစ်တတ်ပါ။ အမျိုးမချစ်တတ်လျင် ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ပျောက်ကွယ် သွားမည်ဖြစ်ပါသည်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှသာ လူမျိုးပျောက်မည် ဖြစ်ပါသည်။ ကမ္ဘာ တည်သ၍ မြန်မာဟု ရှိနေစေရန် အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများကို စောင့်ထိန်း လိုက်နာရမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို လူနည်းစု၏ အခွင့်အရေးများကို အလေးထားပါဟု ပြောကြားသည်ကို သိရပါသည်။ 

အမျိုးဘာသာ၊ သာသနာနဲ့ ပတ်သက် လျှင်တော့ အမျိုးဘာသာ၊ သာသနာကိုသာ အလေးထား စောင့်ထိန်း လိုက်နာ ရပါမည်။ အမျိုးဘာသာ၊ သာသနာကို စောင့်ထိန်းရန် နားမလည်သူများကို နားလည်သူများက စောင့်ထိန်း လိုက်နာစေရန် ၀န်းရံကူညီ ဆောင်ရွက် ပေးရမည်ဖြစ်ပါသည်။ ဗုဒ္ဓ၏ အမျိုး ဘာသာ၊ သာသနာကို မြန်မာလူမျိုးများမှ မစောင့်ရှောက်လျင် ဘယ်လူမျိုးက လာစောင့်ရှောက်မည်လဲ? ဖြစ်ချင်တာထက် ဖြစ်သင့် တာကို အလေးပေး လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဒေါ်စန္ဒာမင်း အနေဖြင့် အမျိုးဘာသာ၊ သာသနာကို မစောင့်ရှောက် လိုလျင်လည်း အမျိုးဘာသာ၊ သာသနာ၏ အနှစ်သာရကို မသိသေးသည့် အမျိုးကောင်း သားသမီးများကို လူ့အခွင့်အရေး ဆိုသည့် ပေတံဖြင့် တိုင်းတာကာ မလုပ်ဆောင်သင့်ပေ။ မနေနိုင်ပါက ကိုယ်ကိုယ်တိုင် လုပ်ဆောင်လျင်လည်း သဘောတော်ရှိသည့် အတိုင်း လုပ်ဆောင် နိုင်ကြောင်းနှင့် ၈၈ မျိုးဆက်ကိုဌေးကြွယ်နှင့် ပူးပေါင်း လုပ်ဆောင်လျင် ပိုမိုအောင်မြင်နိုင် ကြောင်းပါ ခင်ဗျာ ။။။

မျိုးအောင်(မအူပင်)


Saturday, June 15, 2013

ဒီမိုး ဒီရေ ဒီလူတွေနဲ့




ကျွန်တော်စာရေးဖို့ အလွန်ဝန်လေးခဲ့တယ်ဗျ။ အင်တာနက်သုံးရင်းသတင်းတစ်ပုဒ်တွေ့လိုက် ရတော့ စိတ်ထဲ ကသိကအောက်ဖြစ်လိုက်ရတာ။ တနုံ့နုံ့ခံစားရင်းကနေ နီးနီးစပ်စပ် သူငယ်ချင်းတွေနဲ့လဲ ဒါပဲပြောဖြစ် ဆိုဖြစ်ကြနဲ့ပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်လျှောက်လွှာတင်ခဲ့ ပါတီဝင်ဟောင်း (၄)ဦးကို ပြန်လက်ခံမယ်လို့ ကမ်းလှမ်းတဲ့သတင်း။ အဲဒီအထိ ၀မ်းသာရတဲ့သတင်းဗျာ။ ဘာပဲပြောပြော ပါတီအင်အားဖြည့်မယ့် အစီအစဉ်တစ်ရပ်ဖြစ်တယ်။ ညီလာခံမှာတုန်းကလဲ အများစုက လက်မခံ ဘူးလို့ ဆုံးဖြတ်လိုက်လို့သာ ခွင့်မပြုခဲ့တာ။ တကယ်တော့ ပြန်ဝင်လာမယ့်သူတွေကလဲ အရည်အချင်း ရှိတဲ့ သူတွေ လွှတ်တော် ကိုယ်စားလှယ် တွေပါဗျာ။ ဒီကိစ္စတကယ်တော့ ပါတီနစ်နာစေခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ နိုင်ငံမှာကလည်း လက်ရှိ အခြေအနေတွေ ထဲက ထိုးထွက်လာဖို့ဆိုတာကလဲ ဒီပါတီပဲရှိတာ။ ပြည်သူတွေရော၊ ပါတီဝင်တွေရော ဒီလိုပဲမျှော်လင့်နေခဲ့တာအမှန်ပဲ။ ဒါပေမယ့် ညီလာခံမှာ တုန်းကလဲ မကျေနိုင် မချမ်းနိုင်၊ အသံ ပလံတွေကို ညံလို့ဗျာ။ အခုမှစ တာမှန်ပေမယ့် တွန်းလှန် တတ်တာလေးနဲ့ ဆန့်ကျင် ရဲတာလေးနဲ့တော့ နိုင်ငံရေး ဆက်လုပ်ဖို့ မဖြစ်တော့ဘူးဗျ။ တစ်ခါ တခါတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို သနားရတော့ မလို။ ပါတီတွင်း မှာကလည်း သူပဲထိန်းနေ ရတယ်။ ကျန်တဲ့သူတွေထဲမှာ ကလဲ အကုန်လုံး အပေါ်မှာ သြဇာမညောင်းတော့ဘူးဗျ။ အဲတော့ သူပဲ ဦးနင်း ပဲ့ထောင် ပဲ့နင်း ဦးထောင်ပေါ့။ မလွယ်လှပါဘူးဗျာ။

ပါတီဝင်တွေရဲ့ ယုံကြည်မှုကို ရေရှည် ခိုင်မာနေအောင် လုပ်နေရပါတယ်ဆိုမှ တစ်ဖက်မှာကလည်း ဦးဝင်းတင်တို့က ပြောချင်ရာပြော ဆိုချင်ရာ ဆိုလို့ ကောင်းတုန်းဆိုတော့ နောက်ကြောင်း ကလည်း မအေးရပြန်ဘူးပေါ့။ အန်တီစုက သွားချင်တာက တစ်မျိုး သူလုပ်ချင်တာကတစ်မျိုး။ သူများတွေ တည်ဆောက်ရေးအတွက် ပြင်ဆင်နေပြီဆိုတာသူ အလေးမထားဘူး အခုထိ ဆန့်ကျင်ရေး တော်လှန်ရေး အတွေးအခေါ်ကို မစွန့်လွှတ်နိုင်သေးဘူးဗျ။ အန်ကယ်ဦးတင်ဦးကတော့ အသက်အရွယ်အရရော၊ သူမှာရှိတဲ့ အတွေ့အကြုံတွေအရရော အေးအေး ဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ပါတီကို အထောက်အကူပြု နိုင်ဖို့ လုပ်နေတာပဲ။ အဲဒီလိုပေါ့ဗျာ ဒီပါတီအကြောင်း ဟိုစဉ်းစား ဒီစဉ်းစား၊ စိတ်ပူမိတာပါ။ အချိန်က သိပ် မကျန်တော့ဘူးလေ။ ၂၀၁၅ဆိုတာ မကြာမတင်မှာပဲ ရောက် လာတော့မှာ။ ဘာပြောပြော ရွေးကောက်ပွဲ မှာ နိုင်မှာပါပဲ။ ဒီတော့ ဘယ်သူတွေနဲ့ ဘယ်လို လုပ်မှာလဲ။ ပါတီကြီး တစ်ခု ရယ်လို့ရော ပီပီပြင်ပြင် ဖြစ်နေ ပြီလားပေါ့။ မဖြစ်သေးဘူးဗျ။ အော်ဒါပေမယ့် ဖြေတွေး စရာလေး ရှိတာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်နေကြတဲ့သူတွေ ရှိတယ်။ ပါတီက အားပြုရမယ့် လွှတ်တော်အတွေ့ အကြုံတွေရနေ လောက်တဲ့ သူတွေ ၂၀၁၅မှာပြန်ပါနိုင်တယ်။ ဒါလဲအပြည့်အ၀ မဆိုနိုင်ပြန်ဘူး။ နိုင်မှာပဲလို့ ပုံသေ တွက်ထား နိုင်တယ်ထား အုန်းတော့ ဘယ်လိုလူတွေနဲ့အစိုးရဖွဲ့ မတုန်းဆိုတာကို မလုပ်သေးဖူး။ ကျွန်တော် မသိတာလား တော့ မသိဘူးပေါ့လေ။ ဟိုတလောက ပြောတာကြားမိသေးတယ် ၂၀၁၅မှာ ပါတီက ညွန့်ပေါင်း အစိုးရဖွဲ့ပြီးတော့ နိုင်ငံကို အုပ်ချုပ်သွားမှာဖြစ်တယ်လို့ ဦးကျော်ခင်က ပြောသွားတယ်။ စစ်မရောက်ခင် မြှားကုန်တာလား။ ကိုယ့်ပါတီ ကိုပဲ မယုံကြည်တာလား။ ကျန်တဲ့ကာလမှာ ပြင်ဆင်ဖို့ အချိန် မလုံလောက် တော့လို့လား။

ကျွန်တော်ကတော့ လွတ်လွတ် ကျွတ်ကျွတ်ကြီးကို အစိုးရဖွဲ့ လိုက်စေချင်တာပါပဲဗျာ။ ဒါမှ ပုံစံအသစ် လူအသစ်၊ မူအသစ်တွေနဲ့ အပြောင်း အလဲကို ပီပီပြင်ပြင်မြင်ရမှာ ကိုးဗျ။ လက်ရှိ အခြေအနေကို ပြည်သူက ငြီးငွေ့ နေပြီးတော့ ဒီပါတီက သာလျင် သူတို့လိုချင်တဲ့ ပုံစံကို လုပ်ပေးနိုင်မှာပဲလို့ ယုံကြည်နေကြတာလေ။ သူတို့ တက်လာလဲ ဒီလူတွေက ပါအုန်းမှာပါပဲကွာ ဆိုတဲ့ ခံစားချက်မျိုးကိုပဲ ပေးမှာဆိုရင်တော့ ယုံကြည် မျှော်လင့် စောင့် စားခဲ့ရတာ တန်ရဲ့လားလို့ ပြည်သူတွေလဲ တွေးကြပေ မပေါ့။ အခု အချိန်မှာ ဆန္ဒများစွာနဲ့ ပြည်သူ တွေဖြစ်နေ တော့ ဖြည့်ပေးဖို့သာ ကြိုးစားပေတော့ အန်တီစုရေပဲ။ ပါးစပ်ပိတ်၊ မျက်စိပိတ်၊ နားပိတ် နေခဲ့ရတာ ကြာပြီလေ။ ပြည်သူ့ ဆန္ဒတွေကို အလေးထားတာ လုပ်ပေးတတ်တာလဲ ဒီပါတီပဲရှိတယ်လို့ ဖြစ်နေတာကိုး။ ရုပ်ပြ လုပ်နေတဲ့ သူတွေ ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ပြည်သူကို ချစ်ဟန်ဆောင်ကြ သူတွေလဲ ဒုနဲ့ဒေးပဲ။ ပြည်သူထဲဆင်း ရင်းရင်းနှီးနှီး နေပြ၊ ပြောပြ၊ ပရိတ်သတ်ထဲက ကလေးကို ပွေ့ပြ၊ ဖက်ပြ၊ နမ်းပြတာ မျိုးက နိုင်ငံရေး ဖက်ရှင် လို ခေတ်လေ။ အကောင်းဘက်က မြင်ရင်တော့ ပြည်သူတွေ လူလူသူသူ ဆက်ဆံခံရတဲ့ ခေတ်ပေါ့။ ရုပ်ပြလုပ်တာ လောက်နဲ့တင် ပြည်သူက ကျေနပ်နေပြီဗျာ။ တကယ်တမ်း စိတ်ထဲမှာ ဘာရှိနေကြတယ် မသိပါဘူး။

ပြည်သူတွေရဲ့ ဆန္ဒတွေကို အလေးထားပေးမယ့် ဒီပါတီ။ Icon of Democracy လို့ ပြောရမယ့် ဒီပါတီ။ ဒီလိုပြောရက် လေခြင်းလို့ စိတ်ထဲမှာ မချင့်မရဲ့ပေါ့ဗျာ။ ဆိုးလိုက်တာ။ ဖြစ်ပုံတွေကလဲ ကသောင်းကနင်း။ ဖြစ်သမျှ ပျက်သမျှ အန်တီစုမှ သိပါလေစဗျာ။ ပါတီဝင်ဟောင်းတွေကို ပြန်ဖိတ်ခေါ် လိုက်တယ်တဲ့။ ၀မ်းသာစရာပါ။ ညီလာခံမှာ ဆုံးဖြတ်ကြစဉ်ကလည်း လက်ခံဖို့ဘက်ကပဲ မဲတင်းပေးခဲ့တာပါပဲ။ ဒါပေမယ့် ဒီသတင်းကြားလို့ မပျော်နိုင် ပါဘူးဗျာ။ ကန့်ကွက်ခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ် ၄၆၂ယောက် အရူးဖြစ်လို့။ သူတို့ ဆုံးဖြတ်တာ သူတို့ သဘောထားက အလေးထားစရာ မလိုတဲ့ သဘောပေါ့။ ကိုယ့်ပါတီဝင်တွေရဲ့ သဘောထား ကိုတောင် အလေးမထားတာ။ ပြည်သူတွေရဲ့ သဘောထား အလေးထားမယ်လို့ ဘယ်လို ယုံရပမတုန်းဗျာ။ ပိုဆိုးသွားတာက ဦးအုန်းကြိုင်ရဲ့ အပြော။ ပါတီဝင်ဟောင်းများကို လက်မခံခြင်းသည် ညီလာခံ၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း ၎င်း တို့က လျှောက်လွှာ အသစ် ပြန်တင်လျင် ဗဟိုအ လုပ်အမှုဆောင် အဖွဲ့က စဉ်းစား ဆုံးဖြတ်သွားမှာ ဖြစ်တယ်တဲ့ဗျာ။ ကောင်းဆက်နိုင် ပြောသလိုပါပဲ အံ့သြလွန်းလို့ သေတော့မယ်။ အမှန်ပဲဗျာ။ စဉ်းစားကြည့်ကြပါအုန်း။ မြို့နယ် အလိုက် ကိုယ်စားလှယ်တွေကနေ တဆင့်မှ တိုင်းညီလာခံ ကိုယ်စားဖြစ်။ တိုင်းကိုယ်စားလှယ်တွေက ရွေးချယ်မှ၊ ထောက်ခံမှာ သူတို့ကိုယ်စား ကျွန်တော်တို့က ဗဟိုညီလာခံ ကိုယ်စားလှယ်တွေ ဖြစ်ရတာလေ။ တကယ်တမ်း ပြောရမယ်ဆိုရင် ဗဟိုညီလာခံ ကိုယ်စားလှယ်ဆိုတာ မြို့နယ်က စလို့ ပါတီဝင်တွေရဲ့ ကိုယ်စားလှယ် ပဲဗျ။ ဒီလို ကိုယ်စားလှယ်တွေရဲ့ သဘောထားကို ပါတီရဲ့မူဝါဒ မဟုတ်ဘူးလို့ ပြောတာတော့ အတော်ကိုပဲ အံ့သြမိပါရဲ့ဗျာ။ ကြားလို့မှ မကောင်း ပြောရက် လိုက်လေခြင်း ကိုယ်တော်ရယ်။

ပါတီတစ်ခုမှာ  နိုင်ငံလုံး ဆိုင်ရာ ညီလာခံက အမြင့်ဆုံး မဟုတ်ဘူးလားဗျာ။ ညီလာခံမှာ ဆွေးနွေးကြ တိုင်ပင်ကြနဲ့၊ အတည် ပြုခဲ့ကြလို့ ပါတီရဲ့မူဝါဒက အတည်ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ညီလာခံရဲ့ သဘောထား ဟာ ပါတီမူဝါဒနဲ့ ဘာမှ မဆိုင်တော့ဘူးလား။ ဘာအတွက် ညီလာခံ ကျင်းပတာလဲ။ ဘာအတွက်လဲလို့ မေးရတော့ မှာပဲဗျာ။ ညီလာခံက ဘယ်လို ဆုံးဖြတ် ဆုံးဖြတ်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့က စဉ်းစား ဆုံးဖြတ်မယ်တဲ့။ ပါတီရဲ့ စည်းမျဉ်းနဲ့ ဖွဲ့စည်းပုံကိုလည်း ပြန်ကြည့် ကြပါအုန်းဗျာ။ အခန်း(၃) ဖွဲ့စည်းပုံ အပိုဒ်(၈)မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်။
အပိုဒ်ခွဲ(က)     အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး။ 
အပိုဒ်ခွဲ(ခ)    ဗဟိုကော်မတီ၊  
 အပိုဒ်ခွဲ(ဂ)     ဗဟို ကော်မတီက တင်မြှောက်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့။

ကဲဒါကိုကြည့် ပါအုန်း။ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုအလုပ် အမှုဆောင်အဖွဲ့က လွှမ်းမိုးပယ်ဖျက်ခွင့်ရှိမရှိ။ ညီလာခံက တာဝန်ပေးအပ်ခဲ့သော အဖွဲ့က ညီလာခံရဲ့ ဆုံးဖြတ် ချက်ကို  ပယ်ဖျက်မယ်တဲ့။ ကြားလို့မှ မတော်ဗျာ။ ဥက္ကဌကြီးများ မသိလို့ခွင့်ပြုလေသလား။ နားမလည် နိုင်တော့ ဘူးဗျာ။ တစ်ခု ရှိတာကတော့ ဦးအုန်းကြိုင်ပြောတာက တကယ်ပဲ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ကိုယ်စားပြု သလား။ တကယ်တမ်းတော့ အဲဒီပါတီဝင်ဟောင်းတွေ ပြန်ပါလာတာ ပါတီအတွက် ကောင်းတာ အမှန်ပါပဲ။ ဖြစ်သင့်တာ ကတော့ သူတို့ပြန်ဝင်လာတာကို လက်ခံဖို့ လက်မခံဖို ကိစ္စကို ညီလာခံကဆုံးဖြတ်ဖို့ လိုအပ်သလား။ တကယ်တော့ မလိုအပ်ပါဘူး။ ပါတီရဲ့ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံအခန်း(၄)၊ အဖွဲ့ဝင်များ အဖြစ် လက်ခံခြင်း အခန်းပါ ဖော်ပြချက်အရ။ အပိုဒ်(၉)မှာ အဖွဲ့ဝင်များလက်ခံခြင်းကို အောက်ပါအတိုင်း သတ်မှတ်သည်။
အပိုဒ်(က) ပြည်ထောင်စု မြန်မာနိုင်ငံသားများ၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူ ဖြစ်ရမည်။
အပိုဒ်(ခ)    အဖွဲ့ချုပ်၏ အဖွဲ့ဝင် ပုံစံဖြင့် လျှောက်ထားပြီး သူများကို အဖွဲ့ချုပ်၏ စည်းမျဉ်း စည်းကမ်း နှင့်အညီ စိစစ်ပြီး လက်ခံမည်။

အဖွဲ့ဝင် အရည်အချင်း သတ်မှတ်ခဲ့စဉ် ကတည်းက ဘ၀င်ကမကျခဲ့တာ။ အခုပြန် လေ့လာကြည့်တော့လဲ အဖွဲ့ဝင်အဖြစ် လက်ခံခြင်း လက်မခံခြင်း ဆုံးဖြတ်ရာမှာ ဘယ်အဆင့်က ဆုံးဖြတ်ပေး ရမယ်လို့ ဖော်ပြထားတာမရှိ ပါဘူး။ တကယ်တမ်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ကပဲ ဆုံးဖြတ်မှာ ဆိုရင်လဲ ဘာကြောင့်များ ညီလာခံရဲ့ အဆုံး အဖြတ်ကို ရယူနေသေး သလဲ။ မတင်ပဲထားလို့လဲ ဖြစ်ပါတယ်။ ပါတီရဲ့စည်းမျဉ်းမှာ ညီလာခံက အတည်ပြု ဆုံးဖြတ် ရမည်လို့လဲပါတာ မဟုတ်ဗျာ။  အခုတော့ မေးတုန်းက မေးတယ် ဖြေတော့လဲ လက်မခံဆိုတဲ့ သဘော။ သဘောမတူ လက်မခံခဲ့ကြတဲ့ အမြို့မြို့ အနယ်နယ်က ညီလာခံ ကိုယ်စားလှယ် ၄၆၂ဦးရဲ့ ဆန္ဒကိုလဲ အလေး မထား။ ဘာတွေများ ကောင်းသေးလဲဗျာ။ ကျွန်တော် တော်တော် မျှော်လင့်ခဲ့ပါတယ်။ ၂၀၁၅ နိုင်ပြီးရင် ဘယ်လို လုပ်မယ် ဘယ်နှဲ့လုပ်မယ်ပေါ့။ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် ပါတီကြီးဖြစ်အောင်၊ ပြည်သူကို အမှန်တကယ် လမ်းပြပေးနိုင်အောင် စဉ်းစားလိုက်ရတာ၊ စိတ်ကူးယဉ်လိုက် ရတာဗျာ။ အခုတော့ ဒီလိုကိစ္စမျိုး ကိုတောင် အမြီး မတည် အမောက်မတည့်။ ကသောင်း ကနင်းနဲ့။ ၂၀၁၅အလွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းပြည်ကို ဘယ်ကမ်း ဘယ်သောင်ကို ဦးဆောင် ခေါ်သွားမှာတုန်း ဆိုတာတော့ ရင်လေးစရာလို့ ထင်စရာတော့ဖြစ်လာပြီ။ ပြည်သူကလဲ ခေါ်ရာလိုက်မယ့် အခြေအနေရောက်လေ၊ ပိုတာဝန်ကြီးသလိုခံစားရလေပါပဲ။ ဒီကြားထဲ ပါတီတွင်း က ဒီလို အဖြစ်တွေ ကြုံ လာ ရပြန်တော့၊ ဒီမိုး ဒီရေ ဒီလူတွေနဲ့ ဘယ်သောင် ဘယ်ကမ်း ဘယ်စခန်း ဆိုက်အောင် မြန်းဖို့ဖြင့် ပြင်ကြ မယ်ဆိုတာ တွေးလို့ ရင်လေး လာရလေပါပဲဗျာ။

ဒီမိုကရေစီမြတ်နိုးသူ

Wednesday, March 13, 2013

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?

ဒီနေ့ မြို့ထဲ ရပ်ထဲ ရွာထဲကို လေ့လာကြည့်လိုက်ရင် လူတွေရဲ့ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ်ဆိုတဲ့စကားလုံးပါ၊ ဒီစကားလုံးက တော်တော်လေး ရေပန်းစားနေတာ ကို တွေ့ကြရ မှာပါ ။ ပြီးတော့ ရပ်တိုင်း ရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေ ပလူပျံနေအောင် လုပ်နေကြ တာပေါ့။ ဒါတွေကို ကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထု အပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေ အတိုင်း ဆက်သွား မယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေး စရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာ တစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလို စည်းရုံးရေး ကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရသွားခဲ့ရင် မြန်မာပြည် အတွက် အကောင်းဘူးလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာ မုချမလွဲပါဘဲ။ မှန်ပါတယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီကို မုန်းလို့လဲမဟုတ် ဒေါ်အောင်ဆန်း စုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းကို ခေါင်းဆောင်သော Leader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့ သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာ မြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင် အနာဂတ်နေ့ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင်သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

၁။ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊ ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ နေမှု ၊ထိုင်မှု စတာတွေနဲ့ အနာဂတ်တွေ လှပအောင် ဖန်တီး ပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် မိဘကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘဲ ထက်မြတ်ပြီး တော်တဲ့ မိဘဖြစ်ဖို့ပါ လိုအပ်လာပါပြီ။ ဒီလိုပါဘဲ မြန်မာပြည်သူတွေ အနေနဲ့ ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ မိဘတွေလို့ သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့ Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင် ဦးရွက်ပြုမဲ့ Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာ ကောင်းရုံနဲ့တင် မရပါဘူး။ မလုံလောက် ပါဘူး Not enough with good ။ထက်မြတ်တဲ့သူတွေ တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ သူတာဝန်ယူရတဲ့ နယ်ပယ်မှာ specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီတိုးတက်သော မြန်မာပြည်ဆိုတာ ဖြစ်တည်လာမှာ ဖြစ်ပါတယ်။

၂။ NLDပါတီကို ပြည်သူတွေဘာကြောင့်ထောက်ခံနေတာလဲ ဆိုတာလဲ အကြောင်းအရင်တွေ ရှိပါတယ်။ အဓိက အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတဲ့ အချက်ဟာ အဓိက အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်စုကြည်ဟာ တော် တဲ့၊ထက်မြတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ်ဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှ ပြောင်းလဲ တိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွား ပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တော်တဲ့သူတွေ၊ သူ့ထက်တော်တဲ့ သူတွေ အများကြီးရှိ နေပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနဲ့ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်း လဲသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦး တစ်ယောက် Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ် ခုကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဓာတ် ကောင်းမွန်ပြီး ထက်မြတ်တဲ့သူတွေနဲ့ ပေါင်းစု ဖွဲ့စည်းထားတဲ့ အစိုးရ အဖွဲ့အစည်း တစ်ခုက နိုင်ငံ့ ထိပ်ဆုံး ခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။

၃။ NLD ထောက်ခံမှုရနေတဲ့ နောက် အကြောင်းအရင်း တစ်ချက်ကတော့ကျွန်တော်တို့ မြန် မာပြည် သူတွေဟာ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အောက်မှာ နှစ်ပေါင်း ၂၀ ကာလလောက် နေခဲ့ရတဲ့ အတွက် စနစ်အ ပြောင်းအလဲတစ်ခုကို အင်မတန်လိုချင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်အုပ် ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက် အုပ်စုများရဲ့ ဒဏ်ခတ် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ လူမှုဘ၀မြင့်မား တိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင် အများကြီး နောက်ကျ ကျန်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလို နေရင်း အုပ်ချုပ်သူ လူတန်းစားကို မုန်းတီးမှုတွေ ကြီးထွားလာခဲ့ပြီး ဒီလုတွေ၊ ဒီပါတီ ဆိုရင်တော့ ကောင်းတာ လုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ထောက်ခံမယ် ဆိုတဲ့ အမုန်းတရား စိတ်ဓာတ်တွေ ၀င်နေတဲ့ အချက်ပဲဖြစ် ပါတယ်။ ဒီနေရာမှာ တစ်ခု ဖြည့်စွက် ပြောချင်တာ ကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးစု အများဆုံး နဲ့ သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံး နိုင်ငံဟာ မြန်မာနိုင်ငံဖြစ် ပါတယ်။ တိုင်းပြည် တစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ အဲဒီတိုင်းပြည်ငြိမ်းချမ်းမှု ရှိလား မရှိဘူးလားဆိုတဲ့ အချက်က အဓိကကျတဲ့ အချက် တစ်ခုဖြစ် ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် ကြိုက်တဲ့ အစိုးရတက် အဲဒီ တိုင်းပြည်ဟာ ဘယ်နည်းနဲ့မှ Develop ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ သမိုင်းကြောင်း နောက်ခံတွေရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိက အချက်တစ်ခုဖြစ်နေပါတယ်။

၎။ နောက်ထပ် အကြောင်းအရင်းကြီး တစ်ခုကတော့ NLD ပါတီရဲ့ ပြည်သူလူထုကို စည်းရုံးရေး လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဖြစ်တယ် ဆိုတာရယ် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံ၊မိန့်ခွန်း စတာတွေကို အသုံးပြုပြီး စည်းရုံးတဲ့အပြင် အစိုးရ ရဲ့ လုပ်ကိုင်ဆောင် ရွက်သမျှ ကိစ္စအားလုံးကို Anti လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ် ပြောဆိုတဲ့ အလုပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးပြုတဲ့အချက်ဖြစ်ပါတယ်။ ဒီလို ရေးသာရတာဟာ NLD ကို ပုတ်ခတ်ပြောဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့ စည်းရုံးရေး အစည်းအဝေးတွေမှာ သွား နားထောင် ကြည့်လိုက်ရင် ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက် နေပြည်သူများဖြစ်ပါတယ်။ အတွေးအခေါ် အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဟာကွက် ပျော့ကွက်တွေကိုသာ ထောက်ရှုပြီး စည်းရုံး ပြောဆိုရင် အဲဒီလူတွေ ကိုကြိုက်ကြပါ တယ်။ထောက်ခံကြတယ်။ ဒါဟာ လူ့သဘောသဘာဝလဲ ဖြစ်တဲ့ အတွက် အပြစ်တော့ မဟုတ် ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD ပါတီဝင်တစ်ယောက်က လူထုစည်းရုံးရေး လုပ်တဲ့ အစည်းဝေးတစ် ခုမှာပြောလိုက် တယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင် စစ်အစိုးရ လက်ထက် တုန်းကလူတွေ၊ ဒီလူတွေက ဘောင်းဘီချွတ် အရောင်ပြောင်းထားတဲ့ လူတွေ၊ နဂိုကလည်း ဒီလူတွေ လုပ်ခဲ့လို့ တိုင်းပြည် မတိုးတက်တာ၊ အခုလဲ ဒီလူတွေဘဲ ဆိုတော့ ဘာမှထူးလာမှ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေဘ၀ အရောင်ပြောင်းမှာ မဟုတ်ဘူး။ ) ဒီလိုပြောလိုက်တဲ့ အချိန်မှာ အောက်က လူတွေက လက်ခုပ်တဗြောင်း ၂ တီးပြီး ထောက်ခံကြတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်း တာဘဲလို့ ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုစည်းရုံးမှုတွေရဲ့ အောက်မှာ အမှားအမှန်းကို သေသေချာချာ ကွဲကွဲပြားပြား မပိုင်းခြားဘဲ ဘာမသိညာမသိနဲ့ သူများတွေ လက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့ လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% နှုန်းလောက် ရှိပါတယ်။ အမှန်တော့ ကျွန်တော်တို့ ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကိုလွန်းလို့ မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့သူတွေရဲ့ အစိုးရအပေါ်မှာ အဆိုးမြင်ဝါဒ လက်ကိုင်ထားပြီး ထိုးနှက် တိုက်ခိုက်တဲ့ အပေါစား စည်းရုံးရေး ၀ါဒမှိုင်းတိုက် စကားလုံးတွေ အောက်မှာ ဟုတ်များ ဟုတ်လေ မလားဆိုပြီး ယောင်ဝါးဝါးနဲ့ ထောက်ခံနေ မိကြတာ ဖြစ်ပါတယ်။

၅။ NLD ပါတီမှာ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မေ့လျော့နေတဲ့ အရေးကြီးဆုံး အချက်တစ်ခုရှိနေပါ သေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံး ပါဝင်တဲ့လူတွေက အစိုးရ အပေါ်မှာ တစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာ အရည်အချင်းက အစ နည်းပါတဲ့ သူတွေ အများဆုံး ပါဝင်ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင် ကျွန်တော့်မွေးရပ်မြေ ရွာက NLD  ပါတီဝင်တွေကို ရွာရောက် တုန်းလေး လာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ ကို ကျွန်တော် မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်လို ၀င်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲ မေးကြည့်တော့ ဦးလေလဲ မသိပါဘူး ငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီးက ခေါင်းမှာ အနီရောက် အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင် ထားတာကွ လူတွေ တရုံးရုံးနဲ့ NLD ဈေးပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ် ဆိုတော့ ငါလဲဒီဘက်ရွာမှာ ဥက္ကဌ လုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲ ဦးလေးရ လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါ နေရတာပေါ့ကွ လူအထင်ကြီးတော နည်းသလားတဲ့ ၊ ဒါဆိုဦးလေး ဘာတာဝန် တွေယူထားလဲ ဆိုတော့ ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD အတွက်ဆိုပြီး ဈေးရောင်းတော့ အမြတ်ကလေး ဘာလေးလဲရ၊ ငါလဲ ဟန်ပါပါ နေလို့ရတာ ပေါ့ကွတဲ့၊ ဟုတ်ပါပြီ ဒါဆို ဦးလေ Democracy ကိုတော့ သိတယ် မဟုတ်လား ဆိုလား အင်း ငါတူရယ် သိတာပကွ မင်းနှယ် Democracyကို ဒေါ်အောင်ဆန်းစုကြည် ၀ယ်ထားပြီးပြီတဲ့ဟ အရင်တုန်း ကတော့ ဒေါ်စုက Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ) ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလို ပြောခဲ့တာပါ ဒါဟာ လက်တွေဖြစ်ပျက်ခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD ပါတီက တိုင်းပြည်ကို ဦးဆောင်လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့ သူတွေဖြစ်ဖို့ အရေး အလွန်ကြီးပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD ဆိုပြီး မဲပေးလိုက်တဲ့ ရလာဒ်ဟာ ကြာဖြတ် ရွေးကောက်ပွဲလေး ဖြစ်ခဲ့လို့ တိုင်းပြည်အတွက် ဘာမှ မသိသာခဲ့ပေမဲ့ ၂၀၁၅ မှာသာ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့် ဆိုတာ သေချာမဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေ ထားပြီး မဲပေးကြ ဦးမယ်ဆိုရင် အနာဂတ် မြန်မာနိုင်ငံကြီးဟာ ကျွန်တော်တို့ ပြည်သူတွေ မျော်လင့်ထားတဲ့ ရွေရောင် လွှမ်းတဲ့ မြန်မာပြည် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူးဆိုတာ သုံးသပ် တင်ပြလိုက်ရ ပါတယ်။

Jing Hpaw Land





Thursday, November 22, 2012

မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ဖျက်ဆီးနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်


ကျွန်တော်တို့နိုင်ငံ၏ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများကို လိုက်နာစောင့်ထိန်းရာတွင် မြန်မာလူထု၏ ခေါင်းဆောင်ပီပီ စံနမူနာပြ ဖြစ်သင့် ပါတယ်။ သွားလေရာ၊ နေရာတိုင်းမှာ မြန်မာဆန်ဆန် ၀တ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဟန်ပန်ကို မြန်မာအမျိုးသမီးထုတစ်ရပ်လုံးက သဘောကျနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဖက်ရှင် ဆိုပြီး အမျိုးသမီးထုအတွင်းမှာ ရေပန်းစားနေပါတယ်။ တစ်ချိန်သောအခါက နိုင်ငံခြားသားကို ယူခဲ့ပေ မယ့် အခုအခါမှာတော့ တကယ့်ကို မြန်မာဆန်လှပါပေတယ် ဟူသော ချီးမွမ်းထောပနာပြုသံများသည် ပြည်သူများအတွင်း ပျံ့နှံ့လျက်ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တတွေ လုံးဝအံ့သြဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခု၊ အဖြစ်အပျက်တစ်ခုကိုတွေ့ မြင်လိုက်ရတဲ့အခါမှာတော့ အံ့သြခြင်း၊ ၀မ်းနည်းခြင်း စိတ်မကောင်းခြင်းများစွာ ခံစားလိုက်ရပါတယ်။ မပြောရက် မနှိုင်းရက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါင်းယောင်ဆောင်သောကျီးပါလား... ဘယ်လိုပဲ ဒေါင်းယောင်ဆောင်ထားပေမယ့် အချိန်တန်တော့လည်း ကျီးရဲ့ဇာတ်သရုပ်ဟာ ပေါ်လာတာ  ပါပဲဆိုတဲ့အတွေးဝင်လာမိပါတယ်။ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုပြောပြော၊ ဓလေ့ပြောပြောတစ်ဦး နဲ့တစ်ဦး ဖက်လဲတကင်း နမ်းရှုံ့နှုတ်ဆက်တာ ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာတော့ ဒီလိုမျိုးနှုတ်ဆက်ခြင်းဟာ လွန်စွာအကျည်းတန်အရုပ်ဆိုးလွန်းလှပါတယ်။

မြန်မာနိုင်ငံ၊ မြန်မာတိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှုဓလေ့မှာ တစ်စိမ်းယောက်ျားတစ်ယောက်နဲ့မိန်းမတစ် ယောက်ဖက်ကြ၊ နမ်းကြတာဟာ လင်မယားဆိုတဲ့သတ်မှတ်ချက်မှာပဲရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ၊ ဗီဒီယိုဇာတ်လမ်းတွေထဲမှာတောင် မင်းသားမင်းသမီးတွေ ချစ်သူရည်စားဖြစ်နေပါစေ..နမ်းတဲ့အခန်းမပါ ရှိကြပါဘူး။ ကျွန်တော်တို့အသည်းစွဲကြိုက်နေတဲ့ ကိုရီးယားကားတွေထဲမှာ နမ်းတဲ့အခန်းပါရင်တောင် မြန်မာ့အသံနဲ့မြ၀တီရုပ်မြင်သံကြားတို့က တာဝန်ရှိပုဂ္ဂိုလ်တွေက ဒီအခန်းတွေကို ဖြတ်ထားပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့သဘောပါပဲ။

အခုဟာကတော့ ကျော်မကောင်း ကြားမကောင်း အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ကို ဖက်နမ်းလို့တဲ့.. ဆိုတဲ့သတင်းဟာ အထူးခြားဆုံး သတင်းတစ်ပုဒ်လို ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနားမှာမှီခိုနေတဲ့ ဦးဝင်းတင်တို့လိုပုဂ္ဂိုလ်မျိုးကတော့ မုဆိုးမတစ်ယောက်ကို သမ္မတကနမ်းတာ ဘာဆန်းလို့လဲ.. လို့ဆင်ခြေပေးချင်ပေးနေမှာပါ။ မြန်မာလူထုပရိသတ်ရဲ့ အလယ် မှာတော့ ဒါဟာဆန်းကြယ်ပါတယ်။ အမြင်မသင့်တော်လှပါဘူး။ မြန်မာ့ယဉ်ကျေးမှုကို အလေးမထား တာ၊ အနောက်တိုင်းယဉ်ကျေးမှုကိုခုတိုင်ကိုင်စွဲနေတာကို ပြသလိုက်တာပါပဲ။

အနောက်တိုင်းက အရေးကြီးပုဂ္ဂိုလ် လာရောက်လည်ပတ်လို့ သူတို့ယဉ်ကျေးမှုအရ သူ့ယဉ်ကျေးမှု အတိုင်းလိုက်ပါလုပ်ဆောင်ရပါတယ်လို့ဆင်ခြေပေးကြမယ်ဆိုရင်လည်း.. ပြောပါရစေ.. မိန်းမသားချင်း အတူတူ... ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်ကျတော့ အိုဘားမားရဲ့ အနမ်းကိုဘာလို့မခံတာလဲ။ သူနဲ့လဲ တွေ့တာပါပဲ။ သူလဲ သူတို့ ထိုင်းပြည်သူတွေချစ်တဲ့ခေါင်းဆောင် တစ်ယောက်ပါ။ ပြောရမယ် ဆိုရင် ဗုဒ္ဓဘာသာအမျိုးသမီးချင်းအတူတူ ကျွန်တော်တို့မြန်မာခေါင်းဆောင်ထက် ထိုင်းအမျိုးသမီး ခေါင်းဆောင်ကယဉ်ကျေးမှုကို ပိုမိုစောင့်ထိန်းတယ်ဆိုတဲ့သဘောကိုပြလိုက်တာမို့ မြန်မာလူမျိုးတွေ အနေနဲ့ရင်ထဲမှာအောင့်သက်သက်ကြီး ဖြစ်နေပါတယ်။

မြန်မာဆိုတာ သိတဲ့အတိုင်းပါပဲ။ ခွေးချင်းကိုက်တာတောင်မှ ကိုယ့်ခွေးကို အနိုင်ရချင်တာပါ။ မြန်မာ့ စိတ်ဓာတ်ကနေရာတကာမှာ အနိုင်ရချင်တဲ့လူမျိုးတွေပါ။ အားကစား ဆိုလည်း ဒီအတိုင်းပါပဲ ကိုယ်က ဂိုးပေးလိုက်ရတဲ့အနေအထားထက် ကိုယ်ကဂိုးသွင်းလိုက်ရတာ(နိုင်လိုက်ရတာ)ကို လိုလားကြတာပါ။ တို့မြန်မာနိုင်ပြီဆိုတာမျိုးကို ကြွေးကြော်ချင်ကြသလို အနိုင်ဆိုတာမျိုးကိုပဲ လိုလားတာပါ။ အခုတော့ ခေတ်စကားနဲ့ပြောရယင် ကျွန်တော်တို့တစ်ဂိုးရှုံးသွားပါပြီခင်ဗျာ....။ တကယ်ဆိုကျွန်တော် တို့တစ်ဂိုး မရှုံးရအောင် ဟီလာရီကလင်တန်နဲ့နှုတ်ဆက်တဲ့နေရာမှာ မြန်မာသမ္မတဦးသိန်းစိန်က ဖက်လဲတကင်း ပွေ့ဖက်နမ်းရှုံ့လိုက်ရမှာပါ။ သူရဦးရွှေမန်းတို့၊ ဦးခင်အောင်မြင်တို့ကကော ဟီလာရီကလင်တန်ကို ဘာဖြစ်လို့ ၀ိုင်းပြီးမနမ်းလိုက်ကြလဲ... လို့ပဲ အော်ဟစ်မေးလိုက်ချင်စိတ်ဖြစ်မိပါတယ်။

အမှန်တကယ်ပြောရမယ်ဆိုရင် သူ့ရဲ့အနားမှာဝိုင်းရံနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ရှေးရိုးမြန်မာကြီးတွေ ဖြစ်ကြပါတယ်။ ဟံသာဝတီဦးဝင်းတင်ဆိုရင်လဲ မြန်မာနိုင်ငံမှာ သူ့လောက်စာတတ်တဲ့သူ မရှိပါဘူး။ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး(ငြိမ်း) ဆိုလဲ တစ်ချိန်က နိုင်ငံတော်မှာ ဒုတိယခေါင်းဆောင်နေရာမှာ နေလာတဲ့သူပါ။ သူတို့တွေရှိနေရက်သားနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး အမှားအယွင်း ဖြစ်ရတာကို စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။ ဒီမိုကရေစီခေါင်းဆောင်ကြီးကပဲ အာဏာရှင်ဆန်ဆန် ဘယ်သူ့ စကားကိုမှ နားမထောင်ဘဲ နေတာလား၊ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကပဲ မပြောရဲကြတာလား။ ပါတီအဖွဲ့အတွင်းမှာ ဒီမိုကရေစီမရှိကြလို့လား။ ဒါဆိုရင် ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည် တပ်ထားတာလဲ.. လို့ပင်မေးလိုက်ချင်ပါတယ်။

ဒီလောက်အကျည်းတန်၊ အရုပ်ဆိုးလှသော အဖြစ်အပျက် ကြီးကြီးမားမားကြီးကို လူမြင်ကွင်းမှာ အဖြစ်ခံရတာဟာ ဒီမိုကရေစီဘိုးဘိုးများဖြစ်ကြတဲ့ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့က ကြိုတင်တားသင့် ပါလျက် အဘယ်ကြောင့်မတားဘဲ လွှတ်ပေးထားသည်ကို စဉ်းစားမရဖြစ်မိကြောင်းပါခင်ဗျာ......။  

ရည်ညွှန်း - https://www.facebook.com/moeminthar.gyi

Wednesday, November 14, 2012

ကချင်ပြည်သူတွေ အတွက် ဘယ်သူက သူပုန်လဲ ဘယ်သူကအစိုး၇လဲ။

ဗလမင်းထင်တံတားဆိုတာနဲ့ ကချင်ပြည်နယ်ကလို့ သိကြမှာပါ။ ဒီတံတားကြီးဟာ မြစ်ကြီးနားမြို့  Shatapru ကျေးရွာနဲ့ မိုင်းနားကျေးရွာကြားရှိ ဧရာဝတီမြစ်ကြီးကို ဖြတ်ပြီးဆောက်ထားပါတယ်။ ဒီတံတားကြီးဆောက်တဲ့အချိန် ပြည်သူတွေရဲ့ အိမ်ခြံမြေတွေ အတော်များများဖယ်ပေးလိုက်ရပါတယ်။Shatapru ကျေးရွာ သီတာအေးရပ်ကွက်နဲ့ မိုင်းနားဆိပ်ရပ်ကွက် က ပြည်သူတွေ မတရားခြံမြေတွေ ဖယ်ပေးလိုက်ရ ပြီးအစိုးရပြန်ပေးတဲ့ မြေနေရာတွေကတော့ ရေ၀တ်ပြီး ဘာမှစိုက်စားလို့မ၇တဲ့ နေရာတွေ မြေရိုင်းတွေ။ အိမ်တွေပြန်ဆောက်ပေးဖို့နေနေသာသာ ဘာတန်ဖိုးမ၇ှိတဲ့ မြေတွေပြန်ပေးတာတောင်ကျေးဇူးတင်ရမလို ရှိခိုးးရမလိုပါပဲ။ ဒီတံတားကြီးဆောက်ပြီးလို့ ပြည်သူတွေ ကောင်းရောင်းကောင်းဝယ် ဟိုဘက်ကမ်းဒီဖက်ကမ်း ကူးသန်းရောင်းဝယ်သွားလာရတာများအဆင်ပြေပြီအောင်းမေ့တာ အရင်ကူးတို့နဲ့သွားလာရတာတောင် ပို လွတ်လပ်ပျော်ရွှင်သလို စိတ်ချမ်းသာရတာအမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် တံတားကြီးပေါ်မှာ နေရာယူထားတဲ့ ဌာနဆိုင်ရာ အဖွဲ့စည်းတွေများလွန်း၊ အပြိုင်အဆိုင်အလုအယက် ကောက်ခံနေတဲ့ အခွန်တွေဆိုတာ ပြည်သူတွေကို ဒမြတိုက် နေတာကျနေတာပဲ။ ဒီတံတားကြီးမှာ တာဝန်ကျဖို့ အပြိုင်အဆိုင်အကြီးအကဲတွေဆီ ဖားရပြုရတာလည်း မြင်မကောင်းရှုမကောင်း။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီတံတားကြီးမှာ တပ်ထိုင်ဖို့ တပ်ရင်းမှုးတွေ ပေးပို့ဖားရတာလည်း တစ်လကို သိန်း၆၀၀ထက်မနည်းပေးဆောင်ရတယ်။ တံတားပေါ်မှာ အာဏာအ၇ှိဆုံးကတော့ စစ်တပ်။ မော်တော်ယဉ်ဌာန၊သစ်တော်ဌာန၊စည်ပင်ဌာန၊လူဝင်မှုကြီးကြပ်ရေးဌာန၊ရဲဌာန၊အခွန်ဦးစီးဌာနစသဖြင့်ဌာနပေါင်းစုံက ၀န်ထမ်းတွေ စီးပွားရှာ အမြတ်ထုတ်နေတာက လွန်လွန်းပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဖြတ်သန်းသွားလာဖို့ရင်ဆိုင်ရတဲ့ လမ်းကြောင်းတွေက ကိုယ်နိုင်ငံ ကိုယ့်ဒေသမှာ အဲ့ဒီလာက်ခက်ခဲပင်ပန်းလိမ့်မယ်ဆိုတာ ဘယ်သူထင်ပါ့မလဲ။ ပြည်သူတွေအဖို့ တောင်ယာလယ်တွေဆိုတာက နဂိုကတည်းက ဗလမင်းထင်တံတားရဲ့ ဟိုဖက်ကမ်းဆိုတဲ့ မိုင်းနားရွာမှာ လုပ်ကိုင်ခဲ့ကြတယ်။ လယ်ယာပြီးလို့ စပါးတွေကို ဒီဖက်ကမ်းသယ်လာဖို့ ရင်ဆိုင်ရတဲ့အနေအထားက ဒီဌာနဆိုင်ရာတွေကို ပေးရကမ်းရ အခွင့်တောင်းနေရတာတွေက ဆိုးဝါးလွန်းလှတယ်။ ပြက္ခဒိန်တွေကို မတန်တဆပေးပြီး ၀ယ်၇တာကလည်း စိတ်ဆင်းရဲဖို့ကောင်းလွန်းတယ်။  နွေရာသီ စပါးပြန်ချောစားတော့ မိုင်းနားကို စပါးပြန်သယ်တော့ တရုတ်ကို ရောင်းမှာဆိုးလို့ဆိုပြီ စစ်တပ်က မဖြတ်ခိုင်းပေးဆောင်ရတဲ့ငွေက ဆန်ဝယ်စားရတာထက်ဆိုး။

ဝိုင်းမော်မြစ်ကြီးနား ကိုယ့်ပြည်တွင်းမှာ အိမ်ဆောက်လို့ သစ်တွေ ဟိုဖက်ကမ်းဒိဖက်ကမ်းသယ်ဖို့ ဒီတံတားကြီးကို ဖြတ်ရတာ ရာဇ၀တ်မှုပဲကျုးလွန်သလို။ သစ်တစ်ချောင်းတောင်ဖြတ်လို့ မရဘူးတဲ့။ ဒီတံတားကြီးပေါ်က ဌာနဆိုင်ရာဆိုတဲ့သူတွေက စစ်ဆေးမေးမြန်းလိုက်တာ ခြိမ်းချောက်ငွေညစ်လိုက်ကြတာ။

ပြည်သူတွေ ခရီးသွားလာကူးသန်းရောင်းဝယ်ကြတာကို တော့ မှောင်ခိုပဲလုပ်စားနေသလို။

ည ဆိုတဲ့ အချိန်ရောက်တော့ ဒီတံတားကြီးပေါ်က ဌာနဆိုင်ရာတွေ အပြိုင်အဆိုင်အလုအယက် မျက်လုံးကြီးတွေတစ်ဝင်းဝင်းနဲ့ လောဘမော်ဟတွေ ဝေတဲ့ အချိန်ပေါ့။ ညဆိုတဲ့ အချိန်က သူတို့ အတွက် ငွေတွင်းကြီးဆိုလည်းဟုတ်၊ အလုပ်လုပ်လို့ အကောင်းဆုံးအချိန်အပျော်ဆုံးအချိန်ပေါ့။ ဘာလို့လဲဆိုတော့ နေ့လည်က မိဘပြည်သူတွေကို ဆန်စပါးတရုတ်ပြည်ကို ရောင်းမှာဆိုးလို့ ဆိုက်ကားနဲ့တောင်မဖြတ်ရဆိုတဲ့ ဌာနဆိုင်ရာက လူတွေ ကွန်တိန်နာကားကြီးကားငယ်တွေနဲ့ အစီးရေမနည်းမနော် ကို ဖြတ်ခိုင်း မှတ်တဲ့သူကမှတ်ဌာနတိုင်းကအလုပ်ကိုရှုပ်။ နေ့လည်က မိဘပြည်သူတွေအမှန်တကယ်လိုအပ်လို့ သစ်တွေ ဆိုက်ကားထော်လာဂျီတွေနဲ့ သယ်တာကို မသယ်ရဆိုတဲ့ သူတွေက ညဆို သစ်ကားကြီးတွေနဲ့ အစီးရေတစ်ရာ နှစ်ရာ အပြိုင်အဆိုင်မှတ် ။ဒီတံတားကြီးကို ဖြတ်တရုတ်ကို သယ်နေတာက ရင်နာစရာ။ မော်တော်ယာဉ်မောင်းတွေက မြန်မာစကား၊ကချင်စကားတစ်လုံးမှမတတ်တဲ့ သူတွေ ဘယ်လိုလုပ်ပြီး မြစ်ကြီးနားကနေတရုတ်ပြည်ထိသယ်နေတာလဲ။ ဗလမင်းထင်တံတားမရောက်ခင် သီတာအေးဘုန်းကြီးကျောင်းက သစ်တွေ သိုလောင်ထားတဲ့နေရာပေါ့။ မိဘပြည်သူတွေက အိပ်စက်ခြင်းကောင်းကောင်းမအိပ်ရ၊ ကားသံ၊သစ်သယ်တဲ့ အလုပ်သမားတွေ အောင်တဲ့အသံဆူညံနေတာပဲ။

ကိုယ့်ပြည်နယ်ကိုယ့်ဒေသကလူတွေ ခရီးသွားလာတာကို ကြတော့ မသင်္ကာသလို ခြေဆုံးခေါင်းဆုံးကြည့်မှတ်ပုံတင်ကို စစ်လိုစစ်။ ဟောမြန်မာစကားတစ်လုံးတောင်မသိတဲ့သူတွေက ကိုယ်ဒေသမှာ ဘယ်လိုအကြောင်းတရားတွေကြောင့် ရောက်လာရတာလဲ။ ဗမာစကားမတောက်တစ်ခေါက်တတ်တဲ့ တစ်ရုတ်မက ငါ့မှတ်ပုံတင်က စစ်စစ်၊ ၂၅သိန်းတောင်ပေးထားရတာဆိုပြီး ရဲကို ပြန်ပြောလို့။

ကချင်ပြည်က ထွက်သမျှကျောက်စိမ်းတွေ မြန်မာပြည်ကောင်းဖို့ ဘယ်နေရာကနေဘာတွေ လုပ်ပြီးပြီလဲ။

ဖားကန့်မှာ ဗမာစကားမတတ်တဲ့ သူတွေက ဘယ်သူတွေရဲ့ အခွင့် အာဏာနဲ့ လုပ်ငန်း၇ှင်ကြီးတွေ ဖြစ်နေတာလဲ။

ဒေသခံမြန်မာနိုင်ငံသာတွေ အကျိုးဘာတွေလုပ်သလဲ။ ဖားကန်ကကျောက်တွေကို တောင်တွေဖြို၊မြေတွေတူး ရေမြေတောတောင်သဘာဝ ပျက်စီးခြင်းမကပျက်စီးပြီး ပြုပြင်ထိမ်းသိမ်းပြန်လည်မွမ်းမံဖို့ မစွမ်းဆာင်ပေးနိုင်တဲ့ အစိုးရကို ဘာလို အကောင်းမြင်ဝါဒနဲ့ ကြည့်ပေးရမလဲ။

လမ်းတံတားတွေ ကို မသိတဲ့ မြန်မာနိုင်ငံသားတွေက အစိုးရလုပ်တယ်ထင်ကောင်းထင်ကြလိမ့်မယ်။တကယ်တော့ ကချင်လုပ်ငန်းရှင်တွေ ဘယ်သူ ကျောက်ကောင်းမအောင်လိုက်နဲ့ အစိုးရက လမ်းတံတားတွေဆောက်ခိုင်းကျောင်းတွေဆောက်ခိုင်းနဲ့ နိုင်ငံတော် အခွန်တွေက မဆောက်ပဲကချင်လုပ်ငန်းရှင်တွေရဲ့ စည်းစိမ်တွေကို မနာလိုမရှုစိမ်အမြစ်ဖြုတ်၊အမည့်ချွေချွေပေးနေတာ နာကျင်ရင်နာစရာပါ။ တရုတ်တွေကုလားတွေ ကတော့ အာဏာပိုင်တွေနဲ့ပှုးပေါင်းပြီး ချမ်းသာလွန်းမက ကြီးပွားလွန်းမက လမ်းတံတားဆိုတာ သူတို့နဲံ မဆိုင်ဘူး။ဒီလို အကျင့်ပျက်ချစားလွန်းတဲ့ အစိုးရကို ကချင်ပြည်သူတွေအနေနဲ့ ဘယ်လို အားကိုးမလဲ။

မိမိပြည်သူတွေ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက် တာကိုကြတော့ ရာဇ၀တ်သားလို စစ်စစ်ဆေးဆေးနဲ့ အမှန်တကယ်တရုတ်ကို သယ်ယူရောင်းစားအမြတ်ထုတ်နေတာတွေကြတော့ အစိုးရဘက်တော်သားဆွေမျိုးလုပ်ငန်းရှင်တွေ ကြီးပဲ။ ဒေသခံပြည်သူတွေဆိုတာက ကိုယ့်မြေကိုယ့်ရေမှာ ပြားပြားဝတ်မတရားခံနေရတာတွေက နာကျင်စရာနဲ့ နာကျဉ်းစရာ။

ကချင်ပြည်သူတွေကိုယ့်မြေကိုယ်ရေကိုယ့်ဒေသမှာ ဘောင်ကျဉ်းလာ ရှာဖွေစားသောက်အသက်ရှင်ခက်လာတာတွေက မခံချင်စိတ်နဲ့ တော်လှန်မှုကို ဖြစ်စေလာတဲ့ အခြေခံအကြောင်းတရားတွေပဲ။

ဒီနေ့ ကေအိုင်အေတွေ ရဲ့ ပြည်သူတွေအပေါ်ရပ်တည်ချက်က ကချင်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အရိပ်လက္ခဏာတွေဖြစ်တယ်ဆို ကချင်ပြည်သူတွေ ကေအိုင်အေကို ထောက်ခံအားပေးတာ မှန်ကန်တဲ့ ထောက်ခံမှုတစ်ရပ်ပဲ။ ဒီလိုပဲ မြန်မာအစိုးရက ကချင်ပြည်သူတွေအပေါ်ထားတဲ့ရပ်တည်ချက် က ကချင်ပြည်သူတွေ အတွက် ကောင်းမွန်တယ်ဆို မြန်မာအစိုးရကလည်းကချင်ပြည်သူတွေရဲ့ အစိုးရတစ်ရပ်ပါပဲ။ သေချာတာက မြန်မာအစိုးရရဲ့ ကချင်ပြည်သူတွေအပေါ်ထားတဲ့ ရပ်တည်ချက်က အစဉ်အလာ သမိုင်းကြောင်းအရ ရိုးသားမှုမှန်ကန်မှု မရှိခဲ့လို့ ယနေ့တိုင်းရင်းသားပြည်သူတွေနဲ့ ပြသာနာတက်နေတာက ဘယ်သူတွေရဲ့ အလွန်လဲ။ကချင်ပြည်သူတွေကို ကချင်မြေမှာနေလို့မရအောင် လုပ်နေတာက ဘာရည်ရွယ်ချက်လဲ။ ကေအိုင်အေတွေ ပြည်သူတွေ အတွက် မကောင်းတဲ့ သူတွေဆို ပြည်သူတွေကမြန်မာအစိုးရနဲ့ ပူပေါင်းပြိးကေအိုင်အေကို အမြစ်ပြတ်ချေမုန်းဖို့ ဘာအကြောင်းကြောင့် နှောင့်နှေးတုန့်ဆိုင်းနေမှာလဲ။ အဲ့ဒီလို့ပဲ မြန်မာအစိုးရက ကချင်ပြည်သူတွေ အတွက် မကောင်းရင် ကချင်ပြည်သူတွေအနေနဲ့ မြန်မာအစိုးရကို ကေအိုင်အေနဲ့ ပှုးပေါင်းတော်လှန်ဖို့ ဘာအကြောင်းကြောင့် တွန့်ဆုတ်ရမှာလဲ။ ဘယ်အစိုးရမဆို ပြည်သူတွေ ရဲ့ အခြေခံလူတန်းစေ့နေထိုင်အသက်ရှင်မှုကို အာမခံချက်ပေးရင် ပြည်သူတွေ ရဲ့ လိုလားတဲ့ အစိုးရပဲ။ခု ကေအိုင်အေက ပြည်သူတွေ အတွက် အကျိုးရှိတဲ့ မှုဝါဒတွေ ပြည်သူတွေ ကို အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ သေအချာအခိုင်အမာ လုပ်ဆောင်နေတယ် ညှိနိုင်းနေတယ်ဆိုတာ ကချင်ပြည်သူတွေသာမက မြန်မာတစ်နိုင်ငံလုံးနိုင်ငံတကာကို ဘာတစ်ခုမှဖုံးကွယ်ထားချင်းမရှိ လက်တွေ့လုပ်ဆောင်နေတာ ကျွန်တော်တို့ပြည်သူတွေ သိနေတယ်၊မြင်နေတယ်၊ကြားနေတယ်။ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကလည်းစစ်ကို လိုလားလွန်းလို့ ဒုက္ခကို ရင်ဝယ်ပိုက်သားကဲ့သို့ ချစ်ခင်လွန်းလို့ မှမဟုတ်တာ။ ကျွန်တော်တို့ ရဲ့ ဒုက္ခကို ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်ကောင်းစားပျော်ရွှင်ဖို့ စတေးရတာ အစိုးရကောင်းတစ်ရပ်ပေါ်ထွန်းလာဖို့ပဲ။ ခုချိန်မှာ ကချင်ပြည်သူတွေအတွက် အစိုးရနှစ်ရပ်ကို အသက်နဲ့ ရင်းပြီးရွေးချယ်နေရတဲ့အချိန်တစ်ခု။ ကျွန်တော်တို့ရဲ့ရွေးချယ်မှုမှာ သွေးနံတွေလည်းညှီနေပြီ။ခု ကချင်ပြည်နယ်မှာ အထက်ကအကြောင်းအရာလို ဌာနဆိုင်ရာဒမြ၊သူခိုးတွေက ကေအိုင်အေဖက်က မရှိသေးတော့ ကျွန်တော်တို့ ပြည်သူတွေ ဘယ်အစိုးရက ကိုယ့်ဘ၀အတွက် ကောင်းတဲ့ အစိုး၇လဲဆိုတာ စဉ်းစားနေရပြီ။ အဆုံးအဖြတ်ပေးဖို့ ဒုက္ခစစ်ပြေးဘ၀ကြားက ရဲရဲဝံ၀ံအဆုံးအဖြတ်ပေးနေရပြီ။ကချင်ပြည်သူတွေ အတွက် ဘယ်သူက သူပုန်လဲ ဘယ်သူကအစိုး၇လဲ။ဘယ်သူတွေက ဒမြ၊သူခိုးလဲ။ဘယ်သူတွေက သူရဲကောင်းလဲ။
သင်သာကချင်ပြည်သူ၊ကချင်လူမျိုးဆိုရင် သင့် အစိုးရက ဘယ်သူဖြစ်မလဲ။ 
 tsaw-ra FB မှ