မောင်ဦးက နောက်ကျန်
အောက်ခံမှာ နတ္ထိ
ရှပ်ကြည့်ပြီး ဝေဖန်
လေထန်ရင် စုန်ဆင်း
အခင်းတော်တဲ့ လိပ်ဖျာ
သတင်းလှော်မဲ့ ပြိတ္တာ။
Labels: ကဗျာ
Labels: ကဗျာ
Labels: ကဗျာ
လေယဇ်ထုပ်များ
နံနက်မိုးလင်း
နေ့ခင်းငုတ်တုတ်
မိုးချုပ်ညဥ့်နက်
ကမ္ဘာတစ်ဖက်တိုင်းပြည်
တကျီကျီမေးခေါ်
တကြော်ကြော်နှင့်
မတော်တရော်ဟစ်
ကလိမ်ကျစ်မီဒီယာ
မဖြစ်ညစ်ကျယ်
လေ၀ယ်ဒါန်းစီး
ကြီးသည့် ဖြီးလုံး
အော်ကြီးချက်မ
အမှိုက်စထောင်
ပြဿဒ်လောင်စေ VOA ။
ဒီမိုကရေစီ
ရေထွက်မတတ်
ပါးစပ်လေဟစ်
အသစ်မဟုတ်
လေယဇ်ထုပ်တွေ
မဟုတ်သတင်း
ဟုတ်သတင်းလုပ်သည်
လေပုပ်ထုတ်သည် DVB
လေရှုပ်ရှုပ်သည် BBC ။
ဗိန်းဗောင်းလေလှိုင်း
ကောင်းကင်မှိုင်းတိုက်
ဇာတ်တိုက်သတင်း
ယင်းသို့ချင်းလျှင်
သတင်းပို့ကျ
အတင်းပို့ချ
ရှေ့ကဘေးတီး
နောက်မြီးလေကျယ်
အဓိပ္ပါယ်မရှိ
အမှန်သိလဲ
မှန်တာလွဲ၍
တလွဲလွင့်နေ RFA
နေခြည်ထိုးဖောက်
အလင်းရောက်က
ဘဘောက်ခနဲ့
ပုံကြီးချဲ့ထွင်း
သတင်းအဖျက်
တိုင်းပြည်ပျက်စေ
ရှေ့ဆက်ခရီး
ချည်းနှီးဖြစ်စေ
ပြည်သူလက်တွဲ
ပြိုကွဲအက်စေ
တိုင်းသားညီကို
သပ်လျှိုခွဲစေ
တိုင်းပြည်အာဏာ
ချုပ်ခြာ ထီးထီး
အစည်းပျက်စေ ။
BBD, DVB, VOA, FRA
လမ်းကြောင်း နှပ်ကြောင်း
အကောင်းမဟုတ်
တစ်ကြောင်းရှုတ်ချ
သွားပုတ်လေလွှင့်
မချင့်မြူဆွယ်
အန္တရာယ်ကို
ကာကွယ်သတိ
ပြည်သူ့သိသည့်
အရှိတရား
သတိကိုယ်စီ
ကိုယ့်ပြည်နိုင်ငံ
ကိုယ့်နိုင်ငံ၌
ခြေခံဥပဒေ
ပြည်သူတွေရေးဆွဲ
စိတ်ဇွဲညီလျက်
တခဲနက်လျှင်
အလင်းမြင်သည်
နိုင်ငံရှေ့ချီ
ပြည်သစ်ဆီ ။
( မြနန္ဒာ )
Labels: ကဗျာ
Labels: ကဗျာ
Labels: ကဗျာ
ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသို့ချဉ်း
ဆိုပိမ့်မညှာ၊ စေ့စေ့နာလော
ဂင်္ဂါသဲမျှ ၊ ပွင့်ကုန်ကြသား
ဘုရားသာသနာ ၊ ခေတ်အခါဝယ်
လူ့ရွာနတ်၌ ၊ နင်ကြုံကြိုက်လည်း
အမိုက်မခြွေ၊ အလိုက်နေ၍
အခြေအကြီး ၊ အချည်းနှီးလျှင်
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်
သန်းခေါင်လကွယ်၊ တောအုပ်လည်၌
ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည့်
မိုးလုံးတိမ်တိုက်၊ လျှပ်မကြိုက်သား
အမိုက်အပြား ၊ အင်လေးပါးထက်
နင်ကားရာထောင်၊ မကမှောင်၏ ။ ။
လူ့ဘောင်လူရွာ၊ သာသနာ၌
ကြမ္မာတော်၍ ၊ ယခုတွေ့လည်း
အလေ့မလွဲ၊ အများနည်းလျှင်
မိုက်မြဲနှင်နှင် ၊ မိုက်စရွှင်၏ ။ ။
မျက်မြင်လောက ၊ ဤဘ၀ကား
ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏ ။ ။
သေမင်းအစာ၊ နင့်ခန္ဓာကို
တဏှာဘီလူး၊ အမှောင့်ပူး၍
အရူးပြင်ပြင် ၊ နင့်ကိုထင်၏ ။ ။
နင်နှင့်မဆိုင် ၊ နင်ပိုင်မဟုတ်
နင့်ရုပ်နှင့် နာမ်၊ နင့်သဏ္ဍာန်ကို
နင့်ဥာဏ်မစူး၊ အပေါ်မြူ၍
မူးမူးမေ့မေ့ ၊ အများလေ့ဖြင့်
နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ
အာရုံဝတ္ထု၊ မီးစာစုကို
မှုမှုရရ၊ နင်အားကျလည်း
ဓားပြသေမင်း၊ သူ့လက်တွင်းက
မငြင်းဆန်သာ၊ နင့်ခန္ဓာသည်
ပြာပုံအပြီး ၊ ဖြစ်လုနီးပြီ။ ။
ယီးတီးယားတာ၊ သေ၍သွားလည်း
တရားမကြွယ်၊ အထုပ်ငယ်လျက်
အပါယ်စခန်း၊ သွားမြဲလမ်း၌
တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်
တငြင်ငြိုငြို ၊ ဆင်းရဲပိုလျက်
ထိုထိုဘ၀၊ အနန္တလျှင်
အစမဆုံး၊ အများထုံးတည့်။ ။
အနှုန်းမပျက် ၊ အောက်နရက်ဝယ်
တစ်သက်နွယ်နွယ်၊ အမြစ်တွယ်သို့
အပါယ်ထိုထို၊ ဥဒဟိုသည်
နင့်လိုလူမိုက်၊ သွားလမ်းတည်း။ ။
(ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး)
Labels: ကဗျာ
အသိအမြင် ပုံမမှန်သည့် အတွက်ရယ်ကြောင့်
အမိရင်ခွင် စုံကန်၍ ထွက်ခဲ့ပြီပေါ့
ညည့်လင်ကို ယုံရန်ဖြင့် ခက်လှပါသကွဲ
ဘုံပျံကနက်မှာတော့ ရှက်စဖွယ်။ ။
တစ်ပြည်သားကိုမှ
ရွှေပြားဂဟေဆော်၍
ဒွေးနှစ်ဖော် သံဝါညှိမိတာက
မပြေးသော် ကန်ရာရှိပီပဲ့
ပြန်ပါ့အမိရယ်တဲ့ ပြောကြတယ်။ ။
ဒို့ပြေ ဒို့မြေမှာ
ဒို့တစ်တွေ အခြေတည်တာက
ပဝေသဏီ ဟိုးရှေးရှေး အတိတ်သမိုင်း မတင်မီ ကတည်းကပါကွဲ့
ဒို့ဘိုးဘေးဘီဘင်တွေ စိတ်ပိုင်းရုပ်ပိုင်း ညီညာစွာနဲ့
ပြည်မြန်မာ တည်ကာဆောက်နိုင်ခဲ့
မသတီစရာ ၀င်လာနှောင့်သူက
အနောက်ကုလားဖြူတစ်စုဟာ ၀ရုန်းသုန်းကားနဲ့
သူဖုန်းစား ခွက်ပျောက်သလို
အမုန်းတရားနဲ့ မရှက်မကြောက် သူတမင်လီဆယ်
အိုကွယ် .. ကုန်းစကား တစ်ဝက်တစ်ပျက်နဲ့ သူအလွန်ပလီတယ်
မဒီကေသွယ်ကတော့ ထင်မှတ်မှား ။ ။
သိလျက်နှင့်ပင်
ဝိပါက် ကြမ္မာငင်တော့
ဥာဏ်ကြီးရှင် အယူမှောက်ပါပေါ့
အသူတရာ ချောက်မှာ ကျချက်နာပါဘိ
ဘ၀တစ်သက်တာနော်ဗျာ အပြီးအပိုင်သာမှတ်လိုက်ပါတော့
(အမယ်မင်း အမိုက်မရေ )
အဘအတွက်မှာတော့ ပုတီးကိုင်လျက်က
အထပ်ထပ်အခါခါ သနား..
Labels: ကဗျာ
ခွက်ဒေါင်း=ခွက်လက်ဆွဲကာ
ဒေါင်းယောင်ဆောင်ပြီး တောင်းစား
နေသူများ