ဒီမိုကရေစီသည် သွင်းကုန် မဟုတ်
Showing posts with label မှတ်သားစရာများ. Show all posts
Showing posts with label မှတ်သားစရာများ. Show all posts

Monday, January 21, 2013

NLD တွင် ကုလားထိုင် လုမှုများ ရှိနေကြောင်း ဒေါ်စုကြည် ၀န်ခံ

NLD တွင် ကုလားထိုင် လုမှုများ ရှိနေကြောင်း ဒေါ်စုကြည် ၀န်ခံ 

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အတွင်းထဲမှာတော့ ရာထူးနေရာလုတာကတော့ အစတည်းကရှိခဲ့တယ်။ ဒါအစ ကတည်းကပြောတာပဲ။ မရှိတဲ့ ကုလားထိုင်တောင်လုတာပဲ။ ကုလားထိုင် က ရေးရေးပေါ် လာတော့ ပိုပြီးတော့ လုချင် ကြတာပေါ့။ ဒါကဒီမို ကရေစီပဲ။ ဒါကြောက်စရာမဟုတ်ဘူး။ ဒါရင်ဆိုင်ရမယ်။ ဖြေရှင်းရမယ်။ ဒီလိုဒီမိုကရေစီလမ်းကို လျောက်မယ်ဆိုရင် အားလုံးအိုကေပဲ လို့ထင်တယ်။ မအိုကေဘူး။ ဒီမိုကရေစီရရင် သူ့ပြဿနာနဲ့သူရှိတယ်။ အဲဒီတော့ ကျွန်မတို့လည်း အခုဒီလိုဖြစ်နေတာတွေကို သဘောကျတယ်။ အဲတော့မှ ဘယ်သူတွေက တကယ်ပဲ နိုင်ငံ အတွက် စေတနာ ကောင်းကောင်းနဲ့လုပ်တာလဲ။ ဘယ်သူတွေက ဒီမိုကရေစီအတွက် လုပ်နေ တာလဲ။ ဘယ်သူတွေက သူတို့နေရာရဖို့အတွက်၊ သူတို့နာမည်ရဖို့၊ လုပ်နေတာလဲ ဆို တာ ပေါ်လာတာပေါ့။ သင်ခန်းစာလည်းဖြစ်တယ်။
** ဒေါ်အောင်ဆန်းစုကြည် **

Thursday, June 14, 2012

ရိုဟင်ဂျာ(ဘင်္ဂါလီ) သည် မြန်မာတိုင်းရင်းသား မဟုတ် ARE NOT MYANMAR NATIONAL


Rohimjas (Bingali) ARE NOT MYANMAR NATIONAL

ဖတ်လိုက်ရတဲ့. ကွန်းမန့်လေး တစ်ခုပါ .... နိုင်ငံကိုချစ်တဲ့ အမျိုးဘာသာမရွေး မြန်မာနိုင်ငံသား အားလုံး တစ်နိုင်တစ်ပိုင် လုပ်နိုင်ကြမယ့် ကိစ္စလေးပါ ... မျှဝေလိုက်ပါတယ်....

Zawtika 2012-06-1406:06

ကိုယ့် ထမင်း ကိုယ်ရှာ စားပီး ဆူဆူ ပူပူ မလုပ်ကြ ပါနဲ့။ ဆူရန် ပူရန် အကြောင်း မရှိ။ လမ်းပေါ်တက်ပီး အစိုးရကို အလုပ်ရှုပ်အောင် မလုပ်ပါနဲ့။ ရိုဟင်ဂျာ(ဘင်္ဂါလီ) သည် မြန်မာတိုင်းရင်းသား မဟုတ် - Rohimjas (Bingali) ARE NOT MYANMAR NATIONAL- ဆိုတဲ့ စာကလေးသာ  အိမ်တိုင်း အိမ်တိုင်း၊ လမ်းတိုင်း လမ်းတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း မြို့နယ်တိုင်း  ပြည်နယ်တိုင်း ပြည်နယ်တိုင်း၊ ရေးပီး အိမ်ရှေ့ ၀င်းစီးရိုးမှာ ချိတ်ထားကြ။ ဗမာတိုင်း ဗမာတိုင်း၊ မြန်မာတိုင်း မြန်မာတိုင်း  အဲဒီလောက်တော့ ကိုယ့် ကိုယ် ကို ချစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကားတွေမှာလဲ ဒီ Sticker လေးတွေ ကပ်ပီး အမျိုးသား စည်းလုံးမှုကို ဖေါ်ထုတ်ပါ။ဒီ Issue နဲ့ ပါတ်သက်ပီး အစိုးရကို ကျောထောက်နောက်ခံ ပေးကြပါ။ ဒီအချိန်မှာမှ စည်းလုံးမှုကို မဖေါ်ထုတ် မပြသဘူး ဆိုရင် ဗမာတိုင်း ဗမာတိုင်း မြန်မာတိုင်း မြန်မာတိုင်း ရှေ့ရှောက် နိုင်ငံတကာ အသိုင်းအ၀ိုင်း မှာ လူမလေးခွေးမခန့် ဖြစ်လိမ့်မယ်။

မျက်နှာင်ပြောင်တိုက် လိုက်ပါအုံးဗျာ

ဘယ်လိုကြည့်ကြည့် ရိုးသားတဲ့ အရိပ်အယောင်ကို မျက်လုံးထဲမှာ တွေ့ကို မတွေ့ရဘူး … ခင်ဗျားကြီး 
အလှမပျက်ဖို့က ပိုအရေးကြီးပါတယ် ….. တိုင်းပြည်ပျက်တာ ၊ ရခိုင်လူမျိုးတွေ ဘ၀ပျက်တာက ဘာမှ 
မဖြစ်ပါဘူး… ဟုတ်တယ်မဟုတ်လား .. ခင်ဗျားကြီးက … သြကာသ ကန်တော့ချိုးတောင် ဖြောင့်ဖြောင့် 
မရတဲ့ ခေါင်းဆောင်… ဒါနဲ့များ တိုင်းပြည်ကို ချစ်ယောင်ဆောင်နေ သေးတယ် … ခင်ဗျားကြီး 
ကမ္ဘာ တစ်ပတ် ပတ်ပြီး မျက်နှာင်ပြောင်တိုက် လိုက်ပါအုံးဗျာ ….
အောင်ပိုင်  http://koaungpaing.com/



လေယာဉ်ကြီး စီးလို့ .. အနောက်ဖက်ကို .. ခရီးနှင်တဲ့ 

“ဒုတိယဘုရားသခင် ငါဒို့ အမေ” .. 

ရခိုင်ပြည်ကြီးပေါ်များ .. ဖြတ်ပျံခဲ့ရင် .. 

မီးခိုးတွေ အူနေတာကိုတော့ .. မြင်ရကောင်းပါရဲ့ .. :'(

(copied)


Monday, June 11, 2012

လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး

 "မောင်တောအရေးမှာ နှာစီးချောင်းဆိုးနေတဲ့ မီဒီယာတွေ၊ အစိုးရလုပ်သမျှ ဘုဂလန့်ခံရမယ်လို့ 
ယူဆထားတဲ့ မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ အစိုးရ မှားတုန်းက မှားတယ် ပြောရဲခဲ့ကြသလို မှန်တာကိုလည်း မှန်တယ်လို့ ရဲရဲကြီး ထောက်ခံဖို့လိုပါတယ်။ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင်တွေအပေါ် 
အမြဲကျူးကျော် ထိပါးနေတဲ့ တမီးလ်တွေကို အစိုးရက အမြစ်ပြတ် ရှင်းလင်းစဉ်တုန်းက သီရိလင်္ကာ မီဒီယာတွေရဲ့ အသံဟာ တစ်ညီတည်း ထွက်ခဲ့ကြပါတယ်။ အဲဒီကိစ္စကြောင့် အင်အားကြီး နိုင်ငံတစ်ချို့က သီရိလင်္ကာအစိုးရကို ပြစ်တင်ရှုတ်ချတာမျိုးတွေ၊ ပိတ်ဆို့အရေးယူတာမျိုးတွေ လုပ်လာတဲ့အခါ 
သီရိလင်္ကာ တစ်နိုင်ငံလုံး၊ ပါတီအစုံ၊ မီဒီယာအစုံ၊ ကိုယ့်အစိုးရဘက်က ရပ်တည်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းက အတိုက်အခံပါတီတွေ၊ မီဒီယာတွေ အများကြီး စဉ်းစားသင့်ကြပါပြီ။ လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး ထင်ပါတယ်။"
 
မြန်မာပြည်ကို ချစ်မြတ်နိုးသူ ဆရာတော်အရှင်သူမြတ်တစ်ပါး

ဂျီဟတ်ကို counter-terrorism နဲ့ ပဲတုံ့ပြန်ရမယ်


 
မြန်မာနိုင်ငံ ဟာ အဓိကရုဏ်းဖြစ်နေတာ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံ ဟာ ကို ကိုဆိုဗိုတို့ လို မွတ်စလင်ဘာသာရေး စစ်မြေပြင်အောက်မှာ ကျရောက်လို့နေပါပြီ။ 
ဂျီဟတ်ကို counter-terrorism နဲ့ ပဲတုံ့ပြန်ရမယ်။ ရွှေပြည်အေးတရား ဟောချင်သူ မြန်မာ အရေခြုံ ထားသော မွတ်စလင်များ မောင်းတောမှာ သွားဟောပါ။ အခုအချိန်မှာ ဘယ်သို့ သော မွတ်စလင်လူများမှ ကိုယ့် မြန်မာလူမျိုး၊ ကို မကာကွယ်ပေးပါဘူး။လူနဲ့ ဘီလူး ကွဲသွားပါပြီ သကျ သာကီ ရခိုင်ပြည်ဟာ စစ်မြေပြင်လို ဖြစ်သွားပါပြီ။ ကိုယ့်မြေ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံမှာ ဘုန်းကြီး ကျောင်းတွေ ကို မီးရှိဲ့၊ ဗုဒ်ဒဘာသာ ၀င်သမျှကို သတ်ဆိုတဲ့ ဂျီဟတ် ဖြစ်နေပီ။ မွတ်စလင်တွေ ဟာ ရခိုင်ပြည်ကို မီးလောင်တိုက် သွင်းနေပါပြီ။ တိုင်းရင်းသား ညီ အစ်ကို များနားလည်ကြပါ။

Sunday, June 10, 2012

ကုလားဖ၀ါးအောက်

နာမည်လေးလုံး ၊ 
ပေါင်းစုရုံးကာ ၊
 ကိုးခုရသော် ၊ 
ထိုသည်မိန်းမ၊ 
တိုင်းပြည်ရလျှင်၊ 
ကုလားဖ၀ါးအောက်၊ 
ပြားပြားမှောက်အံ့၊ 

(အဘိုးကလေးဝဆရာတော်)

Friday, February 3, 2012

ဘယ်သူက လူထုဆန္ဒကို အလေးထားသလဲ

"ကျွန်တော် တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်၊မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ"

ဦးဌေးဦး (အထွေထွေအတွင်းရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီ)


"သာမန်လူတစ်ယောက်ကလည်း ကိုယ့်ကိုကိုယ် ငါကနိုင်ငံရဲ့ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ။ မဲပေးတဲ့ နေ့မှာတော့ ပါတီကိုမလွဲစေနဲ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ"

ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ ၊ NLD )

Friday, February 26, 2010

မြန်မာသည် မြန်မာအတွက်


မြန်မာသည် မြန်မာအတွက် ဖြစ်ရမည်။
မြန်မာယောင်ဆောင်ထားသော တိုင်းတစ်ပါး အလိုတော်ရိနှင့်
တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ။

(နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်)

Wednesday, May 28, 2008

ဒီမိုအတိုက်ခံများ၊ ဒီမိုဘလော့ဂါများ၏ ဂုဏ်ရည် (၁၃) ရပ်

၁) တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာပဲ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့တောင် ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ကြသူများဖြစ်ပါတယ်ခင်ဗျ..

၂) စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေးစစ်သားပေါင်းများစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေသူများ ဖြစ်ပါတယ်ခင်ဗျ..

၃) စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပီလို့ အော်နေတဲ့အချိန်မှာ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့.. အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောနိုင်တဲ့ ဆွံ့အသူများလည်း ဖြစ်ပါတယ်ခင်ဗျ..

၎) မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ တရားစွဲမတတ်ထိကို ဖြစ်နေပြီး တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ၇ည်ရွယ်တာရော.. နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိနိုင်တဲ့ သူတွေ၊ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ ဖြစ်နေပြန်ပါသေးသဗျ..

၅) အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပစ်တင်နေချိန်မှာပဲ အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင်မထားတော့တဲ့ ခြေရှုပ်မှုတွေ.. သတင်းဖလှယ်တာတွေ.. လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေသူများ ဖြစ်ပါတယ်ခင်ဗျ..

၆) အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး.. ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲ့ စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ.. တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် ပြုလုပ်ကြသူများလည်း ဖြစ်နေပြန်ပါတယ်ခင်ဗျ..

၇) အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို ပစ်တင်နေသူများဟာ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့လည်း နိုင်ငံတကာမှာ မမြင်နိုင်သူများ ဖြစ်နေပါတယ်ဗျ..

၈) တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲနေကြပီး.. တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြော.. အဲလိုပြစ်မှုတွေနဲ့ ပြည်ပထွက်ပြေးလာရင်တောင် ဆီးကြိုနေရာပေးခြင်းများကိုလည်း ပြုလုပ်ကြသူများ ဖြစ်ပါတယ်ခင်ဗျ..

၉) မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပီလို့ အားရ၀မ်းသာကြေငြာပစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ေ၇ာက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့လည်း လစ်လျူရှုနိုင်သူများ ဖြစ်ကြပါတယ်ခင်ဗျ..

၁၀) မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးသော အဲဒီလူတွေဟာ ဘလော့တွေမှာဆိုလဲ ဘန်းပစ်တာတွေ.. သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ.. ကော်မန့်တွေ ဖျက်ပစ်တာတွေကို အစဉ်တစိုက်လုပ်ဆောင်နေတာကိုလဲ နေရာအားလုံးလိုလိုမှာ အံ့သြောစွာမြင်နိုင်သူများလဲ ဖြစ်နေပြန်ပါရောဗျ..

၁၁) အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတောင်တင်.. အဲဒါတွေကိုးကားပီး ဝေဖန်.. လုပ်ကြံအင်တာဗျူးတွေလွှင့်.. စတာတွေကိုလဲ မရိုးမသား လုပ်နေကြသူများ ဖြစ်ပါတယ်ခင်ဗျ..

၁၂) ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး.. နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်.. ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်ကအသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန်အစရှိတဲ့ သင်္ဘောတွေ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ ကြံစည်ရက်သူများလည်း ဖြစ်ပါတယ်ခင်ဗျ..

၁၃) နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကိုတောင် နားမလည်ပဲ ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ရုံတင်မက သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင်ဆန်လွန်းလှတာကိုလဲ တွေ့ရပါတယ်ခင်ဗျ..

ဟုတ်ကဲ့ခင်ဗျာ.. ဒီလိုမြင်ပီးသကာလမှ ကျွန်တော့်အနေနဲ့ ပြောချင်တာတော့ ငါဘာလဲ.. သူဘာလဲ.. ငါဘာကောင်းလဲ.. သူဘာကောင်းလဲ.. ငါဘယ်လောက်ရိုးသားလဲ.. သူဘယ်လောက်ရိုးသားလဲ.. အကိုတွေ အမတွေ စဉ်းစားစေချင်ပါတယ်.. ဒီ အတိုက်အခံဒီမိုတွေ၊ ဘလော့ဂါတွေရဲ့ ဂုဏ်ရည် ၁၃ ရပ်ဟာ တကယ်ဟုတ်နေလား မဟုတ်ဘူးလားဆိုတာလဲ ကိုယ့်ဘာသာစဉ်းစားလို့ရပါတယ်ခင်ဗျ..

အားလုံးကျေးဇူးတင်ပါတယ်။

မျိုးမြန်မာ ထံမှ ရယူပါသည်။

Saturday, December 1, 2007

ချွန်တွန်းမီဒီယာမဖြစ်အောင်အတို့အထောင်လက်ရှောင်

ချွန်တွန်းမီဒီယာမဖြစ်အောင်အတို့အထောင်လက်ရှောင်

http://www.yangonmedia.com/ မှ ကူးယူထားပါသည်။

ဖိုးသောကြာတို့ သတင်းစာပညာမှာ "ဖြစ်လာတဲ့သတင်းကို အမှန်အတိုင်းတင်ပြရမယ်(Report)၊ သတင်းအမှန် ရဖို့အတွက် ပထမဆုံးရတဲ့သတင်း (Information) ကို အမှန်လို့မယူရဘူး၊ (First Information Right)၊ သတင်း စာဆရာဟာ"အလယ်လူ"(Media) ခြံစည်းရိုးပေါ်ခွထိုင်ပြီး သာတဲ့ဘက် ခုန်ချတဲ့သူမျိုး (Sitting on the fence) မဟုတ်ဘဲ ဘယ်ဘက်မှမယိမ်းယိုင်ဘဲ "အလယ်လူ" ဖြစ်ရမယ်။ ဖြစ်လာတဲ့သတင်းကိုဖော်ပြရာမှာတော့ လူထု ရယ်၊ အစိုးရ(ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး)ရယ်၊ နိုင်ငံတကာရယ်ဆိုတဲ့ ပကတိအခြေခံအကျိုးဆက် တွေအပေါ် "ချင့်ချိန်နှိုင်းဆ" ဖော်ပြရမယ်။ လံကြုပ်သတင်းမလုပ်ရဘူး၊ တင်းမှန်အပေါ် မိမိရဲ့ထင်မြင်ယူဆချက်၊ မှတ်ချက်ဂယက်တွေ ကိုတော့သတင်းစာဆရာရဲ့ကိုယ်တိုင်(By-Line)အနေနဲ့ ဖော်ပြရမယ်၊ အဆုံးအဖြတ်က လူထုသာဖြစ်တယ်"လို့ သတင်းစာဆရာရဲ့ စိတ်ဓာတ်၊ ကျင့်ဝတ်သိက္ခာနဲ့ ခံယူချက်တွေကို မြန်မာ သတင်း စာ ပညာအဖြစ် ဖိုးသောကြာတို့ မြန်မာသတင်းစာ ဆရာကြီးများထံမှ လက်ဝေခံ ရယူခဲ့ကြပါတယ်။

ကျင့်ဝတ် ၁၁ပါး
မြန်မာသတင်းစာ ဆရာကြီးများက "အတင်းအဖျင်းမရေး သတင်းသာရေးသည်" "ချစ်သူကို မသာစေရ မုန်းသူကို မနာစေရ"ဆိုတဲ့အခြေခံတွေပေါ်မှာ မြန်မာသတင်းစာဆရာ ကျင့်ဝတ်(၁၀)ပါးကို ၁၉၆၃ ခုနှစ်မှာ မြန်မာစာနယ်ဇင်း ကောင်စီက ပြဋ္ဌာန်း ပေးခဲ့ပါတယ။် ဒါပေမယ့် ဖိုးသောကြာတို့ မြန်မာစာနယ်ဇင်း နယ်ပယ်မှာ လိုက်နာ ကျင့်သုံးမှု အားနည်းတာကိုတော့ ၀န်ခံပါတယ်။

ချွန်တွန်း
ချင့်ချိန်နှိုင်းဆ ဖော်ပြရမယ့် သတင်းမျိုးက အထူးသဖြင့် "နိုင်ငံရေးသတင်းတွေ ဖြစ်တာ များပါတယ်။ တစ်နိုင်ငံလုံး လူထုရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်လို့ ဖြစ်ပါတယ်။ သတင်းစာဟာ နိုင်ငံရေးနဲ့ အမြွှာဖြစ်တယ် (Twin)၊ နိုင်ငံရဲ့ အစိတ်အပိုင်း (Part of the Country ) ဖြစ်တယ်ဆိုတဲ့ ထုံး(usage)က နိုင်ငံတကာ သတင်းစာနယ်ဇင်း မှာရှိနေတာ ဒီသဘောပါပဲ။ ဒါကြောင့် သတင်းစာဆရာရဲ့ သတင်းနဲ့ သတင်းဆောင်းပါး ဖော်ပြမှုတွေဟာ သိပ်ကို နူးညံ့သိမ်မွေ့ ပြေပြစ်ချောမွေ့(Delectate)စွာ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲသလို ဖြစ်မလာလို့ကတော့ "ချွန်တွန်း" "အတို့အထောင်"လုပ်သလို ဖြစ်သွားနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်ခဲ့တာတွေရှိသလို ဖြစ်နေတာတွေ၊ ဖြစ်လာတာ တွေလည်း ဒီကနေ့ တွေ့မြင်ဖတ်ရှု ကြားသိ နေရဆဲပါ။

ရိုးစင်းတဲ့လူထု
နိုင်ငံတော်အစိုးရရဲ့ ကြေညာချက် ၁/၂၀၀၇နဲ့ ၂/၂၀၀၇ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒီကနေ့ သတင်း မီဒီယာတွေမှာ လူထုက သိချင်တာတွေကို သတင်းပညာနဲ့ သတင်း ဖော်ပြပေး နေရာမှာ (ဖိုးသောကြာကိုလည်း သတင်းစာဆရာ တစ်ဦးအနေနဲ့ ရန်ကုန်တိုင်းမ်ဂျာနယ်က အင်တာဗျူးလုပ်ခဲ့ပြီး ဖော်ပြပေးခဲ့တော့ နိုင်ငံနဲ့လူထု အကျိုးစီးပွားကိုသာ သတင်းစာဆရာ အနေနဲ့ ဦးတည်ဖြေကြားခဲ့ ပါတယ်) ဖိုးသောကြာ မြင်သိဖတ်မိတာတွေ ကြားနေရတဲ့ သတင်းနဲ့ဆောင်းပါး တွေထဲက "ချွန်တွန်း" "အတို့အထောင်" သဘောတွေကိုတော့ ရိုးစင်းတဲ့လူထုက သိဖို့၊ မြင်တတ်ဖို့လို ပါတယ်။ သိမှလည်း ရှောင်တတ်ပြီး အမှန်ကို အမှန်အတိုင်း သိနိုင်ကြမှာပါ။

ချင့်ချိန်နှိုင်းဆ
ဖိုးသောကြာတို့ မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓသာသနာရဲ့ အဆုံးအမနဲ့ ၃၈ဖြာမင်္ဂလာတရားကို လိုက်နာကြပါ တယ်။ လောဘ၊ ဒေါသ၊မောဟ၊ မာန်မာန၊ အာဃာတတွေကို ဗုဒ္ဓအဆုံးအမနဲ့ ထိန်းချုပ်ကြပါတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း ပြည်တွင်းပြည်ပ အကုန်သိနားလည် လက်ခံကြပါတယ်။ ဒါပေမဲ့ "ချင့်ချိန်နှိုင်းဆ" ကျတဲ့ နေရာမှာတော့ အပြုသဘောထက် "ချွန်တွန်း" " အတို့အထောင်" တွေက များနေသလိုပါပဲ။

အလှမ်းမဝေးအောင်
နိုင်ငံတော်အစိုးရ ကြေညာချက် ၁/၂၀၀၇အရ နိုင်ငံတော်အရေး ကိစ္စတွေကို ဆွေးနွေးဖို့ စတင်နေကြပါပြီ။ ဆွေးနွေးကြမယ့် နှစ်ဖက်စလုံးအပေါ် တွေးခေါ်မှု အတိမ်းအစောင်းဖြစ်စေမယ့် အရေးအသားမျိုးတွေကို မီဒီယာ တွေက တည်ငြိမ်မှုကို၊ အေးချမ်းမှုကို အမှန်တကယ်လိုလားရင်၊ ဆူပူအကြမ်းဖက်မှုကို အမှန်တကယ် မလိုလားရင် နိုင်ငံတော် အကျိုးအတွက် ဦးတည်ဖော်ဆောင် ပေးစေချင် ပါတယ်။

အာဃာတ
ဖိုးသောကြာတို့နိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးဖြစ်စဉ် (တစ်နည်း သမိုင်း)မှာ အာဃာတတွေ၊ အငြိုး အတေးတွေ၊ လောဘ၊ဒေါသ၊ မောဟ၊ မာန်မာနတွေဟာ (ဗုဒ္ဓဘာသာတွေ မဟုတ်ကြတဲ့အတိုင်း) အစွန်း နှစ်ပါးကို မလွတ်ခဲ့ကြလို့ ငြိမ်းချမ်းရေးတွေ အခါခါပျက်ခဲ့ကြရပါတယ်။ "၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲရောက် လာတဲ့ (ဗကပ) ကိုယ်စားလှယ်တွေကို လာနှုတ်ဆက်ခဲ့တဲ့ သူတွေထဲမှာ အားလုံးက လက်ဆွဲ နှုတ်ဆက်ခဲ့ကြ ပေမယ့် မဆက်တဲ့သူ (သခင်တင်မြ-အင်တာဗျူး၊ လျှပ်တစ်ပြက်ဂျာနယ် တွဲ၁/မှတ်-၅၂၊ ၁၉/၁၀/၂၀၀၇ နှာ-၂၈)ကို "အတော်အာဃာတကြီးတဲ့သူတွေပဲ"လို့ သခင်တင်မြက ဆိုကြောင်း ဖော်ပြထားတာ ဖတ်ခဲ့ရပါတယ်။ အဲသလို နိုင်ငံရေးဖြစ်စဉ်နဲ့ သမိုင်းတွေကိုဒီနေ့မှာ မမေ့မလျော့ကြဘဲ ဆက်လက် သုံးသပ်သင်ခန်းစာယူ၊ အဖြေရှာသင့်ပြီလို့ သမိုင်းမှာ သက်သေလုပ်ကြရတဲ့ သတင်းစာဆရာ တစ်ယောက်အနေနဲ့ ခံယူပါတယ်။

အတိမ်းအစောင်းမခံ
ဖိုးသောကြာတို့ နိုင်ငံတော်ကြီးနဲ့ လူထုကြီး ကောင်းကျိုးအတွက် မီဒီယာတွေက အဖျက်သဘော ချွန်တွန်းအတို့ အထောင်ကို ရှောင်၊အပြုသဘောဆောင်ပြီး ဆွေးနွေးဖက်တွေ နီးစပ်သထက်နီးစပ်အောင် ဒီနေ့လို အတိမ်းအစောင်းမခံတဲ့ အချိန်မှာ ““ချင့်ချိန်နှိုင်းဆ”” ဖော်ပြမှသာ တိုင်းပြည်အပေါ် တာဝန် ကျေကြမှာ ပါခင်ဗျ။ (ရေးသားသူ - ဖိုးသောကြာ)

Sunday, November 11, 2007

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ၏ ဆုတောင်း

သားတစ်ယောက် ထုဆစ်ပေးပါ။
အိုအရှင်
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ် ။ ဒီသားဟာ -
- အားနည်းနေချိန်မှာ သန်မာကြံ့ခိုင်တဲ့သူအဖြစ်ကို သိတဲ့သား ....
- ဂုဏ်ရှိရှိ ရှုံးနိမ့်ရချိန်မှာ မာနမကျိုး၊ ခါးမချိုးတဲ့သား ....
- အောင်ပွဲခံနိုင်ချိန်မှာ မ၀င့်မ၀ါဘဲ သိမ့်မွေ့ယဉ်ကျေးတတ်တဲ့သားမျိုး ဖြစ်စေ
ချင်ပါတယ်။
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ်......
- ဒီသားရဲ့ ညှပ်ရိုးဟာ ကျောရိုးရှိရမယ့်နေရာမှာ ရောက်မနေတဲ့သား..
- အရှင့်ကို ကောင်းစွာသိတဲ့သား ....
- သူကိုယ်တိုင် အသိပညာရဲ့ အုတ်မြစ်ကျောက်တုံး ဖြစ်မှုကို သိတဲ့သားမျိုး
ဖြစ်စေချင်ပါတယ်။
- သူ့ကိုပန်းခင်းလမ်းဆီမညွှန်ကြားဘဲ အခက်အခဲအမျိုးမျိုးကြားမှာ စွမ်းပကား
အပြည့်နဲ့ ရုန်းကန်လှုပ်ရှားရမယ့်လမ်းဆီသို့သာညွှန်ကြားဖို့ ပန်ကြားအပ်
ပါတယ်။
- အဲဒီနေရာက မုန်တိုင်းထဲမှာ မားမားမတ်မတ်နဲ့ ရပ်နိုင်ဖို့သင်ယူခွင့်လေးပေး
စေချင်ပါတယ်။
- မရပ်နိုင်ဘဲ ပြိုလဲကျဆုံးသွားသူတွေကို ကြင်နာသနားတတ်အောင် သင်ယူ
စေချင်ပါတယ်။
အကျွန်ုပ်အား သားတစ်ယောက် ထုဆစ်ပေးသနားစေလိုပါတယ် ................
- နှလုံးသား ကြည်လင်ပြတ်သားတဲ့သား ....
- ပန်းတိုင်မြင့်မားတဲ့သား .....
- အခြားလူတွေအပေါ်သြဇာညောင်းနိုင်ဖို့လမ်းရှာမတွေ့ခင်မှာသူ့ကိုယ်သူ သြဇာ
ညောင်းနိုင်တဲ့သား ....
- ရယ်ခြင်းအတတ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်ပေမယ့် ငိုနည်းကိုလည်း
ဘယ်တော့မှ မမေ့တဲ့သား ......
- အနာဂတ်ကာလထဲရောက်တော့မယ့် အတိတ်ကို တစ်ဆစ်တစ်ရံတောင် မေ့မပစ်
တတ်တဲ့သားမျိုး ဖြစ်စေချင်ပါတယ်။
ဒီအရည်အသွေးတွေအပြင်
- သူ့မှာဟာသဓာတ်ခံလေးလည်းရှိစေချင်ပါသေးတယ်။ဒါမှသူ့အတွက်ဘယ်တော့မှ
အလေးအနက်မထားပေမယ့် အများတကာအတွက် အလေးအနက် အမြဲထားတတ်
သွားမှာပါ။
- နှိမ့်ချတတ်တဲ့ သားတစ်ယောက်လည်း ဖြစ်စေချင်ပါသေးတယ် ....... ဒါမှ သူဟာ
....... စစ်မှန်သော ကြီးမြတ်မှုရဲ့ ရိုးစင်းခြင်း .........
....... အသိဥာဏ်ရဲ့ ပွင့်လင်းစိတ်ထား .....
....... ခွန်အားအစစ်ရဲ့ ပျော့ပျောင်းသိမ်မွေ့မှုတွေကို အမြဲသတိရနေမှာပါ။ .....
ဒီလိုသားမျိုး ပိုင်စိုးနိုင်သည့် အခါမှ `` ငါအချည်းနှီး အသက်ရှင်နေတာ
မဟုတ်ပါလား `` လို့ရေရွတ်ရဲတော့မှာပါ။

ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ
အမေရိကန်တပ်မတော်

Saturday, November 10, 2007

ပေါက်တတ်ကရရေးထားစာ

“ငှက်ငယ်ဘဝ ပျံသင်စ များလှဖမ်းချင်သူ။ ကြောင့်ကြသွယ်သွယ်၊ ပျိုဖြန်းရွယ် ထို့နှယ်ပမာတူ”
(အပျိုဖြန်း)
“မိန်းမယောက်ျား မြင်ဖန်များ၊ သနားချစ်ကျွမ်းဝင်၊ ကျွန်ပင်ဖြစ်ငြား၊ မရှောင်ရှား၊ မေ့မှားတတ်ကြအင်”
(အပျိုစင်)
“ချစ်စိတ် ကြိုက်စိတ်၊ အပျိုစိတ်၊ ဖိနှိပ်မတားလျှင်။စိတ်ပင်ဖျက်ဆီး၊ အပျိုကြီး၊ ပျက်စီးကြဖို့ပင်”
(အပျိုကြီး)“
မီးဟူသမျှ ပူလောင်လှ၊ ကျွမ်းရကုန်အစင်။ထိုမီးဆယ်ဆ၊ ချစ်မီးက၊ ပြင်းလှလောင်ချက်ပင်”
(အပျိုဟိုင်း)“
ရေလာမြောင်းပေး၊ ပြောဆိုရေး၊ ရှုပေးဆင်ခြင်လျှင်။ မိန်းမပီပီ၊ပျို့ဂုဏ်ညီ၊ ခေါ်မည် ဣနြေ္ဒရှင်”
(ပျို့မာယာ)
ဓာတ်ပုံကိုပေး၊ ရယ်သွမ်းသွေး၊ စာရေးတတ်တဲ့ ပျို။ နောက်ဆုံးတစ်နေ့၊ ဒုက္ခတွေ့၊ ကျိတ်၍ ရှိုက်ကာငို။

ရေးသူ - အမည်မသိ

မဟာအတုလ ဆရာတော်ဘုရား ဆုံးမစာ

အလောင်းဘုရားအား
သာသနာပြု မင်းအမတ်တို့ မည်သည် ပညာရှိသည့် လယ်လုပ်ယောင်္ကျား ကဲ့သို့ ကျင့်ရာ၏။ ပညာမဲ့ လယ်လုပ်ယောင်္ကျားကဲ့သို့ မကျင့်ရာ။ ကျင့်ဟန်ကား စပါးပင်နှင့် ရော၍ ပေါက်ရောက်သော မြက်ကို စပါးအား ရှိစေခြင်းငှာ ပညာရှိ လယ်လုပ် ယောင်္ကျားတို့သည် နှုတ်၍ ပယ်ကုန်သတည်း။ ပယ်ခြင်းကြောင့် စပါးအားရှိ၍ အသီးကောင်းသတည်း။ အသီးကောင်းခြင်းကြောင့် စီးပွားအများ ဖြစ်သတည်း။
ပညာမဲ့ လယ်လုပ် ယောင်္ကျားတို့သည်ကား စပါးပင်နှင့် အသွင်အလားတူသည့် မြက်ကို ခြားနား၍ မသိ။ မသိခြင်းကြောင့် စပါးပင်ကို နှုတ်မည် ခန့်ညား၍ ပေါင်းမြက်ကို မပယ်ထား၏။ မပယ်ခြင်းကြောင့် စပါးပင် ညံ့၏။ အပင်ညံ့၍ အသီးနည်း၏။ အသီးနည်း၍ အရနည်း၏။ အရနည်း၍ မသုံးလောက်။ မသုံးလောက်၍ သူ့မြီတင်၏ ။ သူ့မြီမဆပ်နိုင်၍ သူ့ကျွန်ဖြစ်ရသကဲ့သို့ သာသနာပြု မင်းအမတ်တို့သည် သိက္ခာရှိသည် မရှိသည်။ သာသနာတော်၌ လျော်သည်။ မလျော်သည်ကို သိအောင် ဗဟုသုတမရှိ၍ သာသနာတော် အညစ်အကြေးကို မရှင်းလင်း နိုင်ပချေသော် ပညာမဲ့ လယ်လုပ်ယောင်္ကျား သူ့ကျွန် ဖြစ်ရသကဲ့သို့တည်း စသည်ဖြင့် မဟာအတုလ ဆရာတော်ဘုရားက လောကဓမ္မထုံးပေါင်းတွင် ဆုံးမတော်မူသည်။

မှတ်သားမိသော စကားများ

ဒီအကြောင်းအရာရဲ့ ခေါင်းစဉ်က ဒီစာမှာပါတဲ့အတိုင်းဆိုရင် Rules for Being Human တဲ့။ လူအဖြစ်ကို ရမည့် လူတစ်ယောက် သိသင့် သိထိုက်တဲ့ အကြောင်းအရာအချို့ကို သြ၀ါဒပေးတဲ့ သဘောပါပဲ့။ အကြံဥာဏ်ပေးတဲ့ သဘောမျိုး၊ လူ့ပြည်ကို သွားတော့မယ့် လူတစ်ယောက်ကို မှာနေတဲ့ သဘောမျိုးဖြစ်တယ်။ မင်းလူ့ပြည်ကို သွားတော့မယ်။ မင်းလူ့ပြည်မှာ သိသင့်သိထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာတွေကို အခုကြိုးစားပြီးတော့ မှာလိုက်မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ့။ အဲဒီအချက်တွေကတော့ .....
၁။ You will receive a body. You may like it or hate but it wills yours for the entire period this time around.
(သင်ဟာ ခန္ဓာကိုယ်တစ်ခု ရမယ်။ အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်း ကြိုက်မယ်။ မုန်းချင်လည်း မုန်းမယ်။ ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပါပဲ့။ )
၂။ You will learn lessons. You are enrolled in a full time informal school called life.
(ရောက်သွားတဲ့ ဘ၀မှာ သင်ဟာ သင်ခန်းစာတွေကို အများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀လို့ခေါ်တဲ့ သင်ရိုး သတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ။)
၃။ There are no mistakes, only lessons.
( အမှားမရှိပါဘူး။ သင်ခန်းစာတွေချည်းပါပဲ့။ )
၎။ In the long run we get what we deserve.
( ရေရှည်မှာ ကိုယ့်နဲ့ထိုက်တန်တာ ကိုယ်ရတယ်။ )
၅။ learning lessons does not end.
( ပညာသင်တာ အဆုံးမရှိဘူး )
၆။ '' There '' is no better than '' here ''
( ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး။ အနာဂတ်ဟာ ပစ္စုပ္ပန်ထက် ပိုမကောင်းဘူး )
၇။ Others are merely mirrors of your.
( သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ့။ )
၈။ What you make of your life is up to you .
(သင့်ဘ၀ကို သင်ဘယ်လိုလုပ်တယ်ဆိုတာ သင့်ပေါ်မှာပဲ့ မူတည်ပါတယ်။ )
၉။ Your answers lie inside you. The answer to your life's questions lie inside you.
(သင့်အတွက် သင့်အဖြေဟာ သင့်အတွင်းမှာပဲ့ ရှိပါတယ်။ သင့်ဘ၀နဲ့ ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေဟာ သင့်အတွင်းမှာပဲ့ ရှိပါတယ်။ )
၁၀။ You will forget this.
( အခုလိုမှာလိုက်တာကို သင်မေ့သွားလိမ့်မယ်။ )

ဆရာတော်ဦးဇောတိက၏ '' ဘ၀ဆိုတဲ့ကျောင်း '' စာအုပ်မှ.......