ဒီမိုကရေစီသည် သွင်းကုန် မဟုတ်
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Sunday, February 12, 2012

ဆရာကြီးဦးဖေသိန်းရဲ့ ကာတွန်းရုပ်ပြောင်

ဒီခေတ်လက်ရှိအခြေအနေကို သေသေချာချာ ရောင်ပြန်ဟပ်စေတဲ့ ဆရာကြီးဦးဖေသိန်းရဲ့ ကာတွန်းရုပ်ပြောင်

Friday, January 20, 2012

Thursday, February 18, 2010

ဒေါ်လာစားတို့ ၀ါဒီ


1. မိမိဟာ ပညာမတတ်သူ တစ်ယောက် ဖြစ်ချင်ဖြစ် နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ် နေပါစေ၊ ကိုယ့်နိုင်ငံ ထဲမှာ အဆင် မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေ ဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆို ရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကု နိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူ ကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ် နေရသူဖြစ်ပစေ၊ ပြည်သူ့ အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်း မလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန် သုံးသပ်မှုတွေ လုပ်ပေးရမယ်။

2. တဖက်က လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက် အစိုးရဆိုပြီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာ၊ အခြား တစ်ဖက်ကလည်း ၀ိနည်းညီ သံဃာတွေ၊ မိမိတို့ သံဃာ အလုပ်ကို လုပ်ပီး ခရီးသွားလာ နေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ် မှုပေါင်း အတော မသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူ သောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက် တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူ ခေါင်းဆောင် တစ်ယောက် ကိုဆို အာဇာနည်လို့ ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ရမယ်။

3. စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေ တွေ့လိုက်ရတဲ့ လူငယ်ရုပ် စစ်သားလေးတွေတွေ့ရင် အတင်း ဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့ အချိန်မှာ (ကလေးစစ်သားပုံက ဒီပုံတွေချည်း ထပ်နေရင် ထပ်နေပစေ) တဖက်ကလည်း သောင်းကျန်းသူ တွေရဲ့ အမည်ပေါင်းစုံနဲ့ တပ်တွေမှာရှိတဲ့ ကလေး စစ်သားပေါင်း များစွာ တွေကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ်။

4. စစ်တပ် အနေနဲ့ ရှေ့တန်း စစ်မျက်နှာ စစ်ဆင်ရေး တွေမှာ ရွာတွေထဲမှာ အယောင်ဖျောက် နေတဲ့ သောင်းကျန်သူ တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့ အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ် နေပါပြီလို့ အော်ရမယ်။ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ် သတ်ဖြတ်တာတို့၊ အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောရဘူး။ ကိုယ်နဲ့ မဆိုင်ဘူး။

5. မြန်မာအစိုးရက ပိုက်လိုင်း ချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာ နေရာတွေကို ပြောင်းရွှေ့ လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်း နေပါတယ်လို့ ရေးသားရမယ်။ တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာ စိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ရည်ရွယ်တာရော၊ နိုင်ငံရေး အမြတ်ထုတ်လို့ ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သား ဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည် စခန်းတွေဆီ အတင်းအကျပ် ရွှေ့ပြောင်းစေမှုတွေ ကိုတော့ မသိချင် ဟန်ဆောင်ရမယ်။ ပူးပေါင်း စီမံကိန်းချ ဆောင်ရွက်သူတွေ လို့ရေးသားရမယ်။

6. အစိုးရရဲ့ ပိတ်ဆို့မှု များစွာကြားက စီးပွားရေး လုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန် နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုး စွပ်စွဲ ပြီး အမျိုးမျိုး အပြစ်တင်ရမယ်။ တဖက်မှာလည်း အတိုက်အခံ တွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင် မထားတော့တဲ့ ခြေရှုပ်မှုတွေ၊ သတင်း ဖလှယ်တာတွေ၊ လက်ဝါးရိုက်တာ တွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေရမယ်။

7. အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံ ကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက် စက်စက် လုပ်ကောင်း လုပ်ရမှာပဲ။

8. အဂတိ လိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို အပြစ်တင်ရမယ်။ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည် ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ် (မမြင်တာတွေ လည်း ရှိကောင်းရှိမယ်)။

9. တဖက်မှာ အစိုးရဟာ ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲရေးသားရမယ်။ တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ား ဖမ်းဆီးပါတယ် ပြောလို ပြောရမယ်။ အဲလိုပြစ်မှုတွေနဲ့ ပြည်ပကို ထွက်ပြေး လာသူတွေကိုလည်း ဆီးကြို နေရာပေးခြင်း များကို ပြုလုပ်ရမယ်။

10. မုန်တိုင်း အတွက် နိုင်ငံတကာက လှူဒါန်း ပစ္စည်းတွေ ဈေးကွက်ထဲ ရောက်နေတဲ့ အချိန်မှာ ဘယ်လို ရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပြီလို့ အားရ၀မ်းသာ ကြေငြာ အပြစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ရောက်လို့ ရောက်မှန်း မသိအောင် လုပ်ခဲ့တာကိုတော့ လစ်လျူရှုနိုင်ရမယ်။

11. မြန်မာ့ပြည်တွင်း သတင်းဌာနကို သတင်း လွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမ ပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက် အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြဖွယ် အစဉ်တစိုက် လုပ်ဆောင်ရမယ်။

12. အစိုးရကို ရိုးသားမှု မရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကို တင်ရမယ်။ အဲဒါတွေ ကိုးကားပီး ဝေဖန်တာတွေ၊ လုပ်ကြံ အင်တာဗျူးတွေ လွှင့်ရမယ်။

13. ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည် ပြည်သူတွေကို အာရုံမစိုက်ဘူး၊ နိုင်ငံရေး လုံခြုံရေးကိုပဲ ကြည့်နေတယ်၊ ဒုက္ခသည်တွေ ကြားမှာ အသေအပျောက်တွေ များ လာမှာ စိုးတယ်လို့ တဖက်က အသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန် အစရှိတဲ့ သင်္ဘောတွေ၊ အဆင်ပြေပြေ မဟုတ်ပဲကို စစ်ရေးအရ ၀င်အောင် နိုင်ငံရေး တိုက်ကွက်ဆင် လှုံဆော်ပြီး ဒုက္ခသည်တွေ အားလုံး အပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲ ဆွဲသွင်းဖို့ စိတ်ပါလက်ပါ အားပေးအားမြောက် ပြုရမယ်။

14. နောက်ဆုံး အဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို လစ်လျှူ ရှုကောင်း ရှုထားပြီး ငါပြောသလိုမ ပြောရင် ငါ့ရန်သူပဲ မြင်ကောင်း မြင်ရမယ်။ သတ်မယ် ဖြတ်မယ် ကျိန်းဝါးတဲ့ အထိ အာဏာရှင် ဆန် ကောင်းဆန်ရမယ်။

15. လက်တလော ပက်စပို့ သည် အရေးအကြီးဆုံး ဖြစ်ပြီး။ လက်တလော စားဝတ်နေရးသည် ဒုတိယ အရေး အကြီးဆုံးဖြစ်၏။ ဒေါ်လာရဖို့ အတွက် ဆိုရင် ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန် ပြောနေရပေ အုံးမယ်။ အားလုံးက နားလည်ပေးစေချင် ပါတယ်။

Tuesday, January 26, 2010

Saturday, January 16, 2010

ဒေါ်လာစားတွေရဲ့ လုပ်ပေါက်


ဒီမိုလုပ်စား သူတောင်းစား လို့ ပြောရင် ရမယ် ထင်တယ်။ ကြည့်ပါအုံး ။
ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိ။ ဒေါ်လာစားတွေရေ ....ရှက်စရာ ကောင်းလိုက်တာ ။
နေ့တွက် ရလို့သာ လုပ်နေတယ် ထင်တယ်။ မြန်မာပြည်ဒီမိုကရေစီ ခေါင်းဆောင် ဆိုသူရဲ့
နာမည်တောင် မှန်အောင် မပေါင်းနိုင်ဘူး၊

Thursday, November 8, 2007

ပြည်သူ့အင်အား

တစ်ခါက ဘာစကားပဲ့ပြောပြော ပြည်သူ့အင်အား အကြောင်း မပါလျှင် မပြီးသော နိုင်ငံရေး သမားကြီး တစ်ဦးရှိလေသည်။

တစ်နေ့၌ ထိုနိုင်ငံရေးသမားနှင့် ဇနီး ၊ သားတို့သည် ညအိပ်ယာ ၀င်ကြစဉ်

သား။ အဖေကြီး .. အမေကြီး သားကို ညီမလေး တစ်ယောက် ချက်ချင်း မွေးပေးနော်

အဖေ။ ဟာ … အခု ချက်ချက်ကြီး ဘယ်လိုလုပ်လို့ ရမှာလဲ..

သား။ အဖေကြီးပဲ ပြောတယ်လေ… ပြည်သူ့အင်အားနဲ့ လုပ်ရင် ဘာမဆို ရတယ်ဆို..

အဖေ။ ဟိုက်.. သေရော…..