ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Tuesday, October 23, 2012

သစ်ထူးလွင်ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာတို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်


သစ်ထူးလွင်ဝက်ဘ်ဆိုက်နှင့် အတွင်းသတင်း Facebook စာမျက်နှာတို့တွင် ဖော်ပြခဲ့သော "Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ" ဟူသော သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်
=======================================

၁။ (၂၁-၁၀-၂၀၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲနှင့်
စပ်လျဉ်း၍ အထက်ဖော်ပြပါ သတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည်ကို
အောက်ပါ Link တွင် တွေ့ရှိရပါသည်-
http://www.thithtoolwin.com/2012/10/favourite-journal.html#.UIVHgokL9QU.facebook

၂။ ယင်းသတင်း၏ ဇစ်မြစ်မှ "အတွင်းသတင်း" အမည်ရှိ Facebook
စာမျက် နှာတစ်ခုမှ ဖြစ်ကြောင်း၊ ယင်းစာမျက်နှာမှာ အောက်ပါလိပ်စာ
အတိုင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်-
http://www.facebook.com/photo.php?fbid=199160373552515&set=a.198396663628886.58090.198385523630000&type=1

၃။သတင်းဖော်ပြချက်မှာ-

" ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်း ကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန် စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။ ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထား (21, Oct, 2012 )"
ဟူ၍ဖြစ်ပါသည်။

၎။ လူထုအကြားပြန့်နှံ့ရောက်ရှိမသွားစေရန် မိမိမှ လိုက်လံပြောဆို တောင်းပန်ထာားသောကြောင့် မီဒီယာများမှ ရေငုံနှုတ်ပိတ်လျက် ရှိနေသေးကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့ပါက လူပေါင်း(၁၀၀)ကျော်အား မည်သို့မျှ နှုတ်ပိတ်၍ မရနိုင်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ဤသို့ မဟုတ်မမှန် လုပ်ကြံ၍ သတင်းသဖွယ်ထုတ်ပြန်လာသည်မှာ မိမိတို့အားလုံး မျှော်မှန်းထားခဲ့သော တာဝန်ယူမှုနှင့် ဒွန်တွဲသည့် လွတ်လပ်မှု ဟူသော အခြေအနေအတွက် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

၅။ မီဒီယာပေါင်း(၅၀)ကျော်ကို ကိုယ်စားပြုသည့် သတင်းမီဒီယာ လောကာသားပေါင်း(၁၂၈)ဦး တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ၏ အစအဆုံး မှတ်တမ်းရုပ်/သံများလည်း အွန်လိုင်း မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင်ပါသည်။ ဤသတင်းမှာ လုံးဝ မဟုတ်မမှန် လိမ်ညာထားခြင်းသာ ဖြစ်ကြောင်း ထိုနေ့က သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသူများ အားလုံး သိရှိထားပါသည်။

၆။ အဆိုပါသတင်းကို အစပြုလွှင့်တင်ခဲ့သည့် "အတွင်းသတင်း" Facebook စာမျက်နှာသည်လည်းကောင်း၊ သတင်းအဖြစ် ထုတ်လွှင့်ခဲ့သည့် သစ်ထူးလွင် ဝက်ဘ်ဆိုက်သည်လည်းကောင်း၊ အဆိုပါသတင်းအရင်းအမြစ်များကို ကိုးကား၍ ဝေဖန်ပြောဆိုနေမှုများသည် လည်းကောင်း မည်သို့သော အကြောင်းရင်းနောက်ခံများ တည်ရှိနေသည် ဆိုသည်မှာလည်း ယင်းတို့ဘာသာပင် သိရှိနိုင်ပါလိမ့်မည်။

၇။ နိုင်ငံတော်သမ္မတကြီးသည် သတင်းမီဒီယာများကို အထူးအလေးထား၍ နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်လာခဲ့သည်မှာ နိုင်ငံတော်သမ္မတ တာဝန်ကို စတင်လွှဲပြောင်းချိန်မှ ယနေ့အချိန်အထိ ဖြစ်ကြောင်း အထူးတလည် ပြောရန် မလိုအပ် ဟု ယူဆပါသည်။

၈။ ဤသို့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ဖြစ်ပေါ်လာစေရန် အဓိက တွန်းအားပေး ညွှန်ကြားခဲ့သော နိုင်ငံတော်သမ္မတကြီးအနေဖြင့်လည်း လူသားတို့၏ သဘာဝကို နားလည်ထားပြီး ဖြစ်သော်လည်း မဟုတ်မမှန် လုပ်ကြံသတင်း ဖန်တီးဆောင်ရွက်ခဲ့သူတို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူများအတွင်း ဟုတ်နိုးနိုး ထင်ယောင်ထင်မှား ဖြစ်မည် စိုး၍ ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

၉။ ယနေ့အချိန်အခါသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ဖင်ပြဲအောင် ရုန်းကန်ကြိုးစားကြရမည့် အချိန်ဖြစ်သလို မတူညီမှုများ ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူများအကျိုးကို Common Ground ထား၍ စံနမူနာပြ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော် သမ္မတကြီးနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ေ ဒ်ါအောင်ဆန်းစုကြည်တို့သည် မိမိတို့ နိုင်ငံသားအားလုံး၏ ရှေ့ဆောင်လမ်းပြများ ဖြစ်သည် ဟုလည်း အခိုင်အမာ ယုံကြည်ထားပါသည်။

၁၀။ သူ့ဘက်-ကိုယ့်ဘက် ဘက်အစွဲများ၊ ရန်-ငါ အကွဲများ မပြေပျောက်သေးသော သဘော သဘာဝကို နားလည်သိရှိထားသည့်တိုင် " နိုင်ငံတော်သမ္မတကြီးကို ထောက်ခံ ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ခြင်းမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းသည် နိုင်ငံတော်သမ္မတကြီးကို ဆန့်ကျင်ခြင်း မဟုတ်" ဟူသော အထက်တန်းကျသည့် အတွေးအခေါ်များ အစပြု လျှောက်လှမ်းရမည့် အချိန်သို့ ရောက်ရှိနေပြီ ဟုလည်း ယုံကြည်ပါသည်။

၁၁။ သတင်း လွှင့်တင်သော "သစ်ထူးလွင်" ဝက်ဘ်ဆိုက် မည်သူ လွှင့်တင်နေသည်ကို မိမိတို့ သိရှိထားပြီး ဖြစ်ပါသည်။ မမှန်သတင်း အစပြု ဖြန့်ချိသော "အတွင်းသတင်း Facebook စာမျက်နှာ" နှင့် မိမိတို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက် ဆောင်ရွက်ပါမည်။

၁၂။ ယနေ့လက်ရှိအချိန်တွင် နိုင်ငံရေးခေါင်းဆောင်များ၊ Stakeholder များအားလုံးက နိုင်ငံနှင့်ပြည်သူ အကျိုးအတွက် ဝမ်းမြောက်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်ရာ ဤသို့သော လုပ်ဆောင်ချက်များ လုပ်ဆောင်လာကြသူများသည်လည်း မိမိတို့၏ အစွန်းရောက်သော ခံယူချက်များ၊ ငါနှင့်မတူ ငါ့ရန်သူ ဟူသော ခေတ်ဆွေးအတွေးအခေါ်များ ဖယ်ခွါချရန် အချိန်တန်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရည်ညွှန်းချက် - https://www.facebook.com/hmuu.zaw.forum

Sunday, October 21, 2012

နိုင်ငံရေးပါတီများအတွက် အိတ်ဖွင့်ပေးစာ


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်း ကတော့ ခရီးတစ်ဝက်ရောက်လုနီးပါပြီ။ ၂၀၁၅မှာ ရွေးကောက်ပွဲကြီးပြန်စတော့မယ့် သမ်္မတအသစ်၊ ပါတီအသစ်နဲ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ချီတက်မလား၊ ဒါမှမဟုတ်အဟောင်းထဲကအကောင်းတွေကိုရွေး ထုတ်ပြီး-ရောသမမွှေကြမလားဆိုတာ-၂၀၁၅ကတော့ ရင်တမမနဲ့ စောင့်ကြိုနေလေရဲ့။
နိုင်ငံရေးပါတီတွေ၊ သင်တို့ရဲ့ပါတီဝင်ကဒ်ပြားအရေအတွက်ကိုကြည့်ပြီးပီတိဖြစ်မ နေကြပါနဲ့၊ ပါတီဝင်တွေအပေါ်မှာလုံးဝဥဿုံယုံကြည်မူ့အပြည့်ရှိနေကြလား။ ပြည်သူတွေထဲမှာ လူတစ်ယောက်ကပါတီဝင်ကဒ်ပြားဘယ်နှစ်ခု ကိုင်ဆောင်ကြသလဲဆို တာအဖြေရှာကြပါ။ အမာခံတွေမွေးထုတ်ပေးဖို့ သင်တို့ပါတီတွေကဘာတွေစွမ်းဆောင် ပေးပြီးပြီလဲ။ ပြည်သူတွေကတော့မဲဆန်္ဒပြုပြီး-သင်တို့ကိုအပေါ်ရောက်အောင်တွန်းတင် ပေးလိုက်တယ်။ အပေါ်လည်းရောက်သွားတော့-အောက်ကတွန်းတင်ပေးလိုက်တဲ့ မဲဆန်္ဒရှင် ပြည်သူတွေကိုဘာမှပြန်မကြည့်ကြတော့ဘူး၊။ မဲဆွယ်စည်းရုံးတဲ့- ကိုရွှေစည်းရုံးရေးမှူးတွေရဲ့မျက်နှာကိုလည်းရွှေးကောက်ပွဲပြီးကမမြင်ရတော့ဘူး၊ သူတို့ခင်းပေးတဲ့လမ်းတွေလည်းပတ်ကြားတွေအက်-ရေညှိတွေတက်နေပြီ။
ပါတီဝင်ကဒ်တွေကိုင်ဆောင်ပြီး-နဝေတိမ်တောင်ဖြစ်နေကြတဲ့ပါတီဝင်တွေရဲ့ ဘ၀တွေကို ဂရုပြုမိကြရဲ့လား။ ရပ်/ကျေးတွေမှာက တစ်ပါတီထဲရှိတာမဟုတ်ဘူးနော်- သူ့ထက်ငါအပြိုင်ဆိုင်ကြဲနေကြတာ အားလုံးအသိပါ။ အပေါ်မှာတော့မသိဘူး-အောက်မှာကတော့ ဘယ်ပါတီကလက်မထောင်နေလည်းဆိုတာအသာလေးစောင့်ငဲ့    ကြည့်ကြအုံး။ ပါတီသာဝင်ထားကြတယ် အခအုချိန်ထိ ဘာမှဖြစ်မလာသလို ဘာမှလည်း  ပြောင်းလဲခြင်းမရှိလာပါဘူး။ အရပ်စကားနဲ့ပြောရရင် ““ ဒုံရင်းကဒုံးရင်း ”” ပါဘဲ။
ဘာဘဲဖြစ်ဖြစ်-NLD  ပါတီကတော့ သူ့ပါတီဝင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်များနဲ့ အလုပ်လက်မဲ့ပြဿနာတွေ မဖြစ်ဘို့အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ဘို့မြို့နယ်အလိုက် သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဘို့ NLD ဥက္ကဌဒေါ်စုကြည် ကိုယ်တိုင်က မြို့နယ်တွေဆင်းပြီး သူပါတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးလို့ ကတိဂ၀တ်တွေ ပေးနေတာတွေ့ရပါတယ်။ ဒါဟာသူ့ပါတီဝင်တွေအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုဘဲလေ။
ပါတီတစ်ခုရေရှည်တည်တံ့ဖို့အတွက် အဲဒီပါတီမှာ အမာခံအင်းအားလိုပါတယ်။အဲ့ဒီအမာခံတွေဟာသူရဲ့ပါတီအပေါ်မှာ သစ်္စာရှိတဲ့အမာခံတွေဘဲဖြစ်ဖြစ်ရမယ်။ ဘယ်သူတွေစည်းရုံးစည်းရုံ၊ ဘယ်ပါတီကပဲ မဲဆွယ်ဆွယ်ကိုယ့်ပါတီမှကိုယ်ပါတီဘဲဆိုတဲ့ သံမဏိစိတ်ဓါတ်မျိုးရှိနေရပါမယ်။ တချိန်ကအရှိန်ဝါတွေသုံးပြီးပါတီဝင်အင်းအားနဲ့ကဒ် ပြားတွေအများကြီးထုတ်ပေးခဲ့တဲ့ ပါတီကြီးတွေကတော့ အခုချိန်မှာမိမိပါတီဝင်တွေကို ပြန်လည်ဆန်းစစ်ဖို့ အမာခံပါလို့သတ်မှတ်ထားတဲ့ မိမိတို့ရဲ့ပါတီဝင်တွေ ပါတီအပေါ်မှာ ယုံကြည်သက်ဝင်မူ့ ရှိမရှိ ဆန်းစစ်ဖို့လိုနေပါပြီ။
၁၉၉၀-ပြည့် ရွေးကောက်ပွဲကာလတုန်းက(တ.စ.ည)ရဲ့ ပါတီဝင်အင်အားဟာ ကဒ်ပြားအရေအတွက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင်းကို မယှဉ်နိုင်စရာ မရှိပါဘူး။ (တ.စ.ည)ရဲ့ အရန်ပါတီဖြစ်တဲ့ တောင်သူ လယ်မား စည်းလုံး ညီညွှတ်ရေး ပါတီ၊ အလုပ်သမား စည်းလုံးညီညွှတ်ရေးပါတီ၊ လူငယ်စည်းလုံး ညီညွှတ်ရေး ပါတီ ဆိုတဲ့ အရန် ပါတီ(၃)ခု ကလည်း(တ.စ.ည)ကို ၀န်းရံပေးထားကြတယ်။ အဲဒီတုန်းက (မ.ဆ.လ)ရဲ့ အရှိန်အ၀ါ ကလည်း အငွေအသက် ကျန်သေးတော့ (တ.စ.ည) အတွက် အင်အားစုရတာ သိပ်မခက်ခဲ့ပါဘူး။ ဒါကြောင့်လည်း (တ.စ.ည)ရဲ့ အကြီးအကဲပိုင်းက အနိုင်လို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ တကယ် ရွေးကောက်ပွဲ ရလဒ်မှာတော့၊ (NLD)ကို အပြတ်သတ် ရှုံးနိမ့်ခဲ့တယ်။ ဒါသင်ခန်းစာယူစရာပါ။ ကဒ်ပြားဟာ ကဒ်ပြားဘဲ၊ ကဒ်ပြားသည် အမာခံမဟုတ်ဆိုတာ သတိချပ်စေချင် ပါတယ်။ ဒီတော့ကား အချိန်ရှိခိုက် လုံးလစိုက်ပြီး မိမိပါတီဝင် တွေရဲ့ ဘ၀ တစိတ်တဒေသကို အောက်ခြေအထိ ဆင်းပြီး ကြည့်ရပါမယ်။ ကိုယ်ပါတီဝင်တွေ ဘာတွေ လိုအပ်သလဲ ဘာအခက်အခဲ တွေရှိနေလဲ၊ ဘာတွေ လုပ်ပေးဘို့ လိုအပ်သလဲဆိုတာ၊ ပါတီအကြီး အကဲတွေ ဆန်းစစ်ဖို့တော့လိုနေပြီ။
ဟို တစ်လောတုန်းက ဂျာနယ် တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ မြို့နယ် အလိုက်ပြည် သူလူထု (ပါတီဝင်)တွေ အတွက် အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ ချပေးခဲ့ပေမယ့်လည်း အဲဒီချေးငွေတွေဟာ ပြည်သူလူတု (ပါတီဝင်)တွေ အပေါ်မှာ ကျိုးသက် ရောက်မှု့ မရှိခဲ့ဘူး မြို့နယ် အကြီးအကဲပိုင်းကဘဲ မိမိတို့ ကိုကျိုးအတွက် အသုံးချသွား ကြသည်။
ရပ်ကွက်ထဲမှာ နေ့ပြန်တိုး၊ မတ်တိုးတွေယူပြီး စားဝက်နေရေး အတွက် ဘ၀ကို ဆင်းဆင်းရဲရဲ ရုန်းကန်နေရတဲ့ လူတွေဆီမှာ ဘယ်ပါတီက ကဒ်ပြားကို ကိုင်ဆောင် ထားကြသလဲ ဆိုတာလေ့လာကြည့်ပါ။ ထမင်းမကျွေးတဲ့ အဲဒီကတ်ပြား တွေကို သူတို့ ဘယ်လောက်ကြာကြာ ကိုင်ဆောင်ထားနိုင်ကြမလဲ။ သူတို့တွေဆီက ထောက်ခံမဲ တစ်ပြားကို အားမနာ လျှာမ ကျိုးနဲ့ ရယူပြီး အမတ်လောင်း ဖြစ်သွားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သူတို့ရဲ့ ဆင်းရဲနွမ်းပါးမှု  ပပျောက်ရေးကို ဘယ်အချိန် ကာလအထိ စောင့်စားခိုင်းအုံးမှာလည်း။
ကိုယ်အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေ စီးပွားရေးကြပ်တည်းမူ့၊ ဆင်းရဲနွမ်းပါး မူ့၊ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရမူ့တွေကို ၂၀၁၅ မတိုင်ခင် ကွင်းဆင်း လေ့လာကြပါအုံး၊ နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် မိမိတို့ပါတီဝင်တွေက မိမိတို့ကို ထောက်ခံအားပေးနိုင်တဲ့ အင်အားတွေ ရှိကြသေးရဲ့ လားလို့၊ သူတို့ဘ၀၊ သူတို့ စားဝတ်နေရေး အတွက်၊ သူတို့အားကိုး အားထားပြုတဲ့ ပါတီကြီးက ဘာတွေနဲ့ ချွေးသိပ်ပြီးပြီလဲ၊ ““အူမတောင့်မှ သီလစောင့်တယ်”” ဆိုတဲ့ မြန်မာစကားရပ် တစ်ခုလို (NLD) က အလုပ်လက်မဲ့ ပြဿနာ အတွက် ခင်းပေးတဲ့ လမ်းမကြီးပေါ်ကို မိမိပါတီဝင်တွေ တက်မလျှောက်ကြဘူးလို့ ဘယ်သူက အာမခံချက် ပေးနိုင်လို့လဲ။ ဆင်းရဲသား ပြည်သူလူထုရဲ့ ဘ၀မှာ စားဝတ်နေရေးသာ ပထမ၊ နိုင်ငံရေး ဆိုတာ ဒုတိယလေ၊ ဒီတော့ တိုင်းပြည် အတွက်လို့ ဘယ်လိုပဲ ပြောနေနေ တိုင်းပြည်ဆိုတာ ပြည်သူ တွေရှိလို့ ဖြစ်လာတာပါ။ ပြည်သူတွေ ချမ်းသာမှ တိုင်းပြည်ချမ်းသာမယ်ဆိုတာ ကတော့ အမှန်တကယ် လက်တွေ့ကြတဲ့ အမှန်တရား တစ်ခုဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ် မဟုတ်ဘူးဆိုတာကိုတော့ အမှန်တကယ် လက်တွေ့ကြတဲ့ အမှန်တရား တစ်ခုဆိုတာ ဘယ်သူမှငြင်းလို့ရမှာ မဟုတ်ဘူးဆိုတာကိုတော့ ပါတီ ခေါင်းဆောင် ပုဂ်္ဂိုလ်များ သိထားစေချင်ပါတယ်ခင်ဗျာ။ (ပြည့်ဖြိုးအောင်)
HotNews ဂျာနယ် http://www.hotnewsweekly.com/archives/12258

ပြည်ခိုင်ဖြိုး ပါတီ၏ အထက်နှင့် အောက်တွင် ဖြစ်ပွားနေသော ရောဂါဆန်းများ



ဒုတိယဥက္ကဋ္ဌ သူရ ဦးအေးမြင့်မှ ပြောသော အောက်လူများရှိ ထူးဆန်းသော ရောဂါ

ကြံ့ခိုင်ရေးပါတီ အဖွဲ့အစည်းဟာ အမိန့်ပေးမှ လုပ်တတ် ကိုင်တတ်တယ် .. အထက်က ညွှန်ကြားမှုကို စောင့်ဆိုင်း နာခံနေတာရယ်.. ပြည်သူအခြေအနေ နဲ့ ယှဉ်ပြီး အံဝင်ခွင်ကျ သွက်သွက် လက်လက် လုပ်ကိုင် တတ်တဲ့ အကျင့်အားနည်းနေတယ်...။ ပါတီအနေနဲ့ လူထုအတွင်း စိမ့်ဝင်ရာမှာ ကယ်တင်ရှင် ပုံစံ..  ဆရာကြီးပုံစံ.. ပြုလုပ်နေတာရယ်.. အပြန်အလှန် တာဝန်ခံခြင်း မရှိတာရယ် ... စတာတွေကို ပြုပြင်ဖို့လိုတယ် ... လို့ သူရဦးအေးမြင့် က ပါတီညီလာခံ ဒုတိယနေ့မှာပြော ပါတယ်..။ နောက်ပြီး ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နိုင်ငံရေးသူငယ်နာရောဂါ (၅)မျိုးကိုလည်း ပြောခဲ့ပါတယ်..။

ပထမရောဂါ ကတော့ အထက်က အောက်ကို အမိန့်ပေး အမိန့်နာခံ စီးဆင်းစေပြီး အမိန့်မရရင် ဘာမှကြံစည် တွေးတော နိုင်စွမ်းမရှိတဲ့ “စစ်အလေ့အထရောဂါ”..။

ဒုတိယကတော့ နေရာတကာ အမိန့်ပဲ ပေးတတ်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စွမ်းမရှိတဲ့ “အာဏာရှင်ရောဂါ”...။

တတိယ တစ်မျိုးကတော့ သက်သာသလို နေပြီး သာတဲ့ ဘက်လိုက်တဲ့  “ အချောင်သမားရောဂါ”..။

စတုတ္ထတစ်မျိုး ကတော့ မိမိတာဝန် ကျေပွန်အောင်မလုပ်ပဲ.. အချင်းချင်း စောင့်ကြည့်တိုက်တွန်းတဲ့ “သူလျှို ဒလန် သဏ္ဍာန် ရောဂါ”..။

ပဉ္စမက ကိုယ့်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ “အကျင့်ပျက်ရောဂါ”..တို့ဖြစ်တယ်။


ပြည်ခိုင်ဖြိုးပါတီဝင်များက ပြောသော အထက်ရောဂါများ (လူကြီးရောဂါ)

(က) ထိုင်ခုံ တည်မြဲရေး ရောဂါ၊ (တနည်း) လူကြီး ရောဂါ ဖြစ်ပါသည်။
(ခ ) တပည့် မွေးရောဂါ၊(တနည်း) မိမိအကျိုးစီးပွား၊ မိမိပိုင်ဆိုင်မှု ကို သိရှိနေသော တပည့် များကို အသံမထွက်စေရန် အနားခေါ်ထားခြင်း၊ နေရာပေးထားခြင်။
(ဂ ) တိုင်းနှင့်ပြည်နယ် များတွင် စွာတာတာများ၊ အနားပြာများကို နေရာ ပေး ၀ိုင်းရံစေခြင်းဖြင့် ပြည်သူ့ ဘ၀ ခံစား နေရသော အမှန်တရားများကို ဖုံးကွယ် ထားခြင်းရောဂါ။
(ဃ) တိုင်းနှင့် ပြည်နယ်များတွင် မိမိတို့လူကြီးများသာ စကားပေါက်ရမည်၊ တစ်သွေ မတိမ်း နားထောင် ရမည်၊ အဆိုပါလူများကို နေရာပေးထားပြီး ၄င်းတို့မှ ပါတီ ဘဏ္ဍာငွေ များကို
စိတ်ကြိုက် မဟုတ်မမှန် လုပ်ခြင်းများကို မသိကျိုးကျွံပြုထားခြင်း ရောဂါ။
(င) ၂၀၁၅ နောက်ပိုင်း ဘာဖြစ်ဖြစ် ယခုကာလတော့ အိနြေ္ဒရှိရှိနေထိုင်နိုင်ရေးနှင့် ၂၀၁၅ နောက်ပိုင်းတွင် တို့က အသက်ကြီးပါပြီးကွာ ၊ ကျန်လူငယ်တွေ နေရာပေးမယ် ဆိုတဲ့ရောဂါ။

အခြားအခြားသော နိုင်ငံရေး ကင်ဆာရောဂါ များစွာ ဖြစ်ပွားလျှက်ရှိနေသေးပါကြောင်း

ရည်ညွှန်း - http://khitthit.blogspot.com