ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Saturday, October 19, 2013

သံတော်ဆင့် အယ်ဒီတာချုပ်ကြီး ၏ လူသိ ခံဝံ့/ မခံဝံ့ အတိတ် အပိုင်းအစများ

ယနေ့  သံတော်ဆင့် ဂျာနယ် ထွက်ပါတယ် ။ ယခင်က မဖတ်ဖြစ်ပေမဲ့  ယနေ့ တော့  ၀ယ် ဖတ် အားပေးဖြစ်ပါတယ် ။ ဦးဌေးဦး နဲ့  ဦးတင်ထွဋ် ကို ရန်တိုက်ပေးထားတဲ့ သတင်းပါတယ် ။ ဦးတင်ထွဋ်ကို ဆက်သွယ်မေးမြန်းချက် သတင်းဖေါ်ပြထားတာ တွေ့ ရပါတယ် ။ ပြီးတော့ ပါတီဌာနချုပ် က ပြည်သူ့  ဆက်ဆံရေးဌာန ဌာနမှူး ဥိးကျော်သူရ အကြောင်း ရေးသား ဖေါ်ပြထားတာတွေ့ ရပါတယ် ။ ပြည်သူ့  ဆက်ဆံရေးဌာန ကို ပါတီဌာနချုပ် အဆင့်သာမက တိုင်းနှင့်ပြည်နယ် ဒေသကြီး အသီးသီးတွင်ပါ တိုးချဲ့ ဖွဲ့  စည်းထားသည့် အချိန်တွင် ထမ်းဆောင် ရသည့် တာဝန်ကတော့ ပြည်ခိုင်ဖြိုး ပါတီ သည် ပြည်သူ့  ပါတီ အဖြစ် ရပ်တည်ရေး / ပြည် ခိုင် ဖြိုး ပါတီ နှင့် ပြည်သူ တစ်သားတည်း ဖြစ်ရေး ဆိုတဲ့  ရည်မှန်းချက် အများအပြားပါဝင်တဲ့  လုပ်ငန်းများဆောင် ရွက်ခြင်း ဖြစ်ပါတယ် ။




ယနေ့  ပြည်ခိုင်ဖြိုး ပါတီ၏ ပြည်သူ့ ဆက်ဆံရေး ဌာနများ အနေဖြင့် ရည်မှန်းချက်တာဝန် ကို ထမ်းဆောင် ချိန်တွင် ပြည်ခိုင်ဖြိုး ကျေးဇူးခံ ကျေးဇူးစားများအချို့  ကျေးဇူးကန်း စော်ကား သူတစ်ချို့ ၏ အုပ်စုဖွဲ့  ၍ သတင်းဂျာနယ် စာစောင်များမှ တစ်ဆင့် နှောင့်ယှက် ခြင်းများကို ကြုံတွေ့ နေရပါသည်။ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့ ဆက်ဆံရေး တာဝန်ခံတစ်ဦးအနေဖြင့် ပြည်သူ့ ဆက်ဆံရေးဌာန ၏ တာဝန်ကို ပေါက်မြောက် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုး ပါတီ၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်နေသည့်ကျေးဇူးကန်းသူ ကျော်စွာဝင်း(မောင်ရေစက်) (သံတော်ဆင့်ဂျာနယ် ) ကို မွေးထုတ်လေ့ကျင့်  ပေးခဲ့သည့် သာကေတမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးသို့ ယနေ့  တစ်ခေါက် အရောက်သွားခဲ့ပါသည်။
 

သွားခဲ့ရသည့် အကြောင်းရင်းကတော့  သာကေတမြို့ နယ် ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် သံတော်ဆင့် ဂျာနယ် အယ်ဒီတာချုပ်ကြီး မောင်ကျော်စွာဝင်း (မောင်ရေစက်) အပေါ် နာကျည်း မုန်းတီးအောင် ပြစ်မှား စော်ကားခဲ့သည့် လုပ်ရပ်များ ရှိခဲ့သလား / မောင်ကျော်စွာဝင်း အပေါ် ရန်ငြိုးဖွဲ့  စရာ လုပ်ရပ်များ ဆောင်ရွက်ခဲ့ ပါသလား ဟု သိချင်ခဲ့သည်လည်း ပါဝင်ပါသည်။

ကြားသိရချက်များ ကတော့ ကျော်စွာဝင်းကို မြို့ နယ် အဆင့် တာဝန်ရှိသူများ က နာမည် အမျိုးမျိုး မှည့်ခေါ်ခဲ့တာ ကို အရင် သိရပါတယ်။ငါးမြွေထိုး၊ သူတောင်းစား ၊ အထက်ဖား အောက်ဖိ (ငဖါးကောင်) စသည့် နာမည်ပျက်များ ဖြင့် ပြည့်နှက်နေသူတစ်ဦးဖြစ်ကြောင်း သာ ကြားသိရသည်။


ကျော်စွာဝင်း အနေဖြင့် သာကေတမြို့ နယ် ၏ အောက်ခြေ အဆင့်ဆင့်မှ တက်ရောက်လာသည့် မြို့ နယ် အဆင့်ခေါင်းဆောင် မဟုတ်ကြောင်း၊ သာကေတမြို့ နယ် ၏ အထက် တွင်ရှိသည့် ရန်ကုန် အရှေ့ ပိုင်း ခရိုင်ရုံးတွင် ဖွင့်လှစ်သည့် ပညာဒါန သင်တန်းကျောင်း သို့ သာ အချိန်ပြည့်သွားရောက်လုပ်အားပေးခဲ့ကြောင်း၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၏ ထောက်ခံချက်ဖြင့် သာကေတမြို့ နယ် တွင် မြို့ နယ်အဆင့် တာဝန် ထမ်းဆောင်ရန် ခန့် အပ် တာဝန်ပေးစေခိုင်း မှုကြောင့် မြို့ နယ် အဆင့် ဖြစ်လာသူတစ်ဦးဖြစ် ကြောင်း သိရသည်။ အထက်ဖါး အောက်ဖိ (ငဖါးကောင်)


ကျော်စွာဝင်း မှာ သာကေတမြို့ နယ် အတွင်းရေးမှူး ဦးအောင်ဝင်း နုတ်ထွက် သွားချိန်တွင် မှ အစားထိုးခန့် အပ်ခံရသည့် မြို့ နယ် အလုပ်အမှုဆောင် တစ်ဦးဖြစ်ကြောင်း၊ မြို့ နယ် အလုပ်အမှု ဆောင်ဖြစ် သည့် အချိန်တွင် နေစရာ အိမ်မရှိသည့် အတွက် အသင်းရန်ပုံငွေရ အိမ်ဝိုင်းလေးတွင် တစ်လ တစ်ထောင် ကျပ်နှုန်းဖြင့် လခပေးနေထိုင် ခွင့်ရခဲ့ကြောင်း၊ မြို့ နယ် အလုပ် အမှုဆောင် ဖြစ် သည့်အတွက် လစာပင် မပေးခဲ့ကြောင်း သိရသည်။ မြို့ နယ် အလုပ် အမှုဆောင်ဖြစ်ကတည်း က နေစရာ အိမ်မရှိသည့်အတွက် နေစရာတောင်းခဲ့သူ သည် ပြည် ခိုင် ဖြိုး အသင်းဌာနချုပ်မှ ဖွင့်လှစ်သည့် သတင်းစာ အခြေခံပညာ သင်တန်း တက်ရောက်ပြီးသည့် အချိန်တွင် CEC ဗဟိုအလုပ် အမှုဆောင် များ နှင့်  တွေ့ ခွင့်ရသည့် အခါတိုင်းတွင် သတင်းလုပ်ငန်း ဆောင်ရွက်ရန် အကြောင်းပြ၍ နည်းလမ်းပေါင်း စုံဖြင့် ငွေကြေးတောင်းခံခဲ့သူ တစ်ဦး ဖြစ်ကြောင်း၊ ဦးသိန်းအောင်ထံမှလည်း ကင်မရာ တောင်းခံခဲ့ကြောင်း၊ မြို့ နယ် အသင်း၏ စီမံတာဝန်ခံ ထံတွင်လည်း စည်းရုံးရေးလုပ်ငန်းများ လုပ် မည်ဟု ဆိုကာ ကြို ငွေ တစ်သောင်းနှင့် အထက် အမြဲ ထုတ်သုံးလေ့  ရှိကြောင်း၊ ယခုလည်း အသင်း မှ ပါတီအဖြစ် ပြောင်းလဲဖွဲ့  စည်းသည့်ကာလတွင် မြို့ နယ် အသင်း ကာလကတည်း က ငှါးရမ်း နေထိုင်ခဲ့သော နေစရာအိမ်ကို အခန်းသုံးခန်းဖွဲ့ ၍ နှစ်ခန်းကို ငှားစားကာ တစ်ခန်းကို ကျော်စွာဝင်း၏ မိသားစုများ နေထိုင်လျှက်ရှီပြီး သုံးခန်းစာအတွက် တစ်လလျှင် တစ်လလျှင် ၁၂၀၀၀/- ကျပ်နှုန်း သာကေတမြို့ နယ် ပါတီရန်ပုံငွေပေးသွင်းကြောင်း ၊ ငှားရမ်းထားသည့်  အခန်း ငှားရမ်းခမှာ တစ်လလျှင် တစ်ခန်း သုံးသောင်းကျပ် ဖြစ်သဖြင့် ကျော်စွာဝင်း ဘခင် ဖြစ်သူ ဦးသန်းဝင်း နှင့် မိသားစုအဖို့  (၄၈၀၀၀/-) ကျပ်နှုန်း စားသုံး စရိတ်လစဉ် ရရှိနေသေး သည်ကို ပြည်ခိုင်ဖြိုးအပေါ် ကျေးဇူးမတင်ပဲ ကျေးဇူးကန်းနေသည့်အတွက် သူတောင်းစား ဟု ခေါ်ကြောင်း
သိရသည်။

ကျော်စွာဝင်းအနေဖြင့် သတင်းစာ သင်တန်း တက်ရောက်ပြီးချိန်တွင် သာကေတမြို့ နယ် အတွင်း သတင်း တပ်ဖွဲ့  ဖွဲ့ စည်းရန် ဆောင်ရွက်ခဲ့ကြောင်း၊ ကျော်စွာဝင်း၏ သတင်းတပ်ဖွဲ့ တွင် ရပ်ကွက် စည်းရုံးရေးမှူးများ ပါဝင်ခဲ့ပြီး ယင်းတပ်ဖွဲ့ အနေဖြင့် မြို့ နယ်အသင်း အလုပ် အမှုဆောင်များ၏ လှုပ်ရှားမှု များကို စောင့်ကြည့် သတင်းရေးသား တင်ပြရန်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုကြောင့် အသင်းမှ ပါတီအဖြစ်သို့  ပြောင်းလဲ ချိန်တွင် ရပ်ကွက် စည်းရုံးရေးမှူး အချို့  ပါဝင်လာနိုင်ခြင်း မရှိတော့ကြောင်း၊ ကျော်စွာဝင်းမှာ ကျဘမ်း စကားပြောပြိုင်ပွဲတွင် ဌာနချုပ် ဗဟိုအဆင့် ဒုတိယ ဆု ရရှိလာသူတစ်ဦးဖြစ်ကြောင်း၊ ဌာနချုပ် ပြိုင်ပွဲတွင် ကြံ့ခိုင်ရေးအသင်း တိုက်ပုံနှင့် ၀တ်စုံ မရှိသဖြင့် ရပ်ကွက် စည်းရုံးရေးမှူး ဦးထွန်းရှင် ၀ယ်ယူပေးခဲ့ရကြောင်း၊ ကျော်စွာဝင်းကဲ့သို့  ပြည်ခိုင်ဖြိုး စစ် စစ် မဟုတ်ပဲ ကျိုက်လတ်မြို့ နယ် တ.စ.ည ပါတီ စည်းရုံးရေးမှူး ဦးသန်းဝင်း၏ သားဖြစ်သူ ကို မြေတောင်မြှောက်ပေး ခဲ့သည့် အတွက် အဆိပ်ပင်ရေလောင်း ဖြစ်ခဲ့ရပြီး ပါတီဖွဲ့ စည်း ချိန်တွင် အဘရှင် ဦးထွန်းရှင် ပါဝင်လာနိုင်ခြင်း မရှိတော့သည့် အတွက် ငါးမြွေထိုးဟု ခေါ်ဆိုကြောင်း သိရသည်။

အခြားသော လူသိခံဝံ့ / မခံဝံ့ အကြောင်းအရာများ ကိုလည်း ဆက်လက်ဖေါ်ပြပေးသွား ပါမည်။

soe min

Saturday, July 13, 2013

လိင်ကိစ္စကို အထူး စိတ်ဝင်စားနေတဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အမကြီး

ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံလို့ ဆိုတာနဲ့ ရွှေတိဂုံဘုရားနဲ့ ယှဉ်တွဲပြီး အသိအမှတ်ပြုခံရသလို အလွန် အင်မတန်မှ အဆင့်အတန်းမြင့်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ တစ်ခုတည်းသော နိုင်ငံ အဖြစ် သိရှိထားပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသူ သီလရှင်ဆရာလေးဟာ မြန်မာနိုင်ငံကို Golden Land ဆိုပြီး တင်စားပြောဆိုခဲ့ပါတယ်။ ဆရာလေး ပြောတဲ့ အဓိပ္ပါယ်ကတော့ နေရာ အနှံ့ ရွှေထွက်နေလို့ ရွှေနိုင်ငံလို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ်ကျင့်သီလကို အထူး စောင့်ထိန်း လိုက်နာပြီး အလွန် အဆင့်အတန်းမြင့်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ နိုင်ငံဖြစ်လို့ ရွှေနိုင်ငံလို့ တင်စား ခေါ်ဝေါ်ခဲ့ပါတယ်။

ဒီလိုမျိုး ကမ္ဘာ့အလယ်မှာ ငါးပါးသီလဆိုတာကို တန်ဖိုးထား ရပ်တည်လျက် ရှိနေသည်ကို ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ အစီအစဉ် ရှိမရှိ လက်ရှိကျင်းပနေတဲ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် သတ္တမ အကြိမ် ပုံမှန် အစည်း အဝေးမှာ ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက အဲဒီဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ် မရှိကြောင်း ဖြေခဲ့တဲ့အခါမှာတော့ ဒေါ်စန္ဒာမင်းက “ဒီမေးခွန်းကို ဒီလိုဖြေမယ်ဆိုတာ တွက်ထားပြီးသား။ လက်ရှိ အုပ်ချုပ်နေတဲ့ သူတွေ၊ ပြည့်တန်ဆာ တွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြား တိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့်အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးစတဲ့ ပေတံတွေနဲ့ တိုင်းပြီးတော့ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး မပြင်ဖို့ ကြိုးစားနေတာပါ” လို့ ဒေါ်စန္ဒာမင်းက ပြောခဲ့ပါတယ်။ 

အမတ်မင်း ဒေါ်စန္ဒာမင်းမှ ငါးပါးသီလမှာ ပါဝင်သည့် ရှောင်ကြဉ်ရမည့် ကာမေသုကို တရားဝင်လိုင်စင်အဖြစ် လုပ်ကိုင် လိုကြောင်း ပြောကြားလာသဖြင့် နားကြားပင် မှားသလို ထင်မိပါ သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်နှင့် (၉၆)ပါးရောဂါ အကုန်ပျောက်သည် ထင်နေပါသည်။ အနောက်နိုင်ငံများ၏ ကိုးကွယ် ယုံကြည်မှုနှင့် မိမိတို့နိုင်ငံ အများကြီး ကွာခြားလှပါသည်။ မတူတာကို အတင်း တူအောင် လုပ်၍မရပါ။ လုပ်၍ရတယ်ဆိုလျင် မိမိလက်ချောင်းများကိုပင် အတိုအရှည် ညီအောင် လုပ်ကြည့် စေချင်ပါသည်။ ပြည့်တန်ဆာအား တရားဝင် လုပ်ကိုင် ခွင့်ပြုပါက ရရှိလာမည့် အကျိုးအပြစ်ကို နှိုင်းယှဉ်စေလို ပါသည်။ 

မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ ယဉ်ကျေးမှု အရ ဘယ်မိဘမှ မိမိသားသမီးများကို တရားဝင် ပြည့်တန်ဆာ လုပ်ခိုင်းလိမ့်မည် မဟုတ်ပါ။ ဖာသည်မသမီး၊ ဖာသည်မ အမေ ဟု မည်သူမျှ အခေါ်မခံလိုပေ။ ဒါကြောင့် ဒေါ်စန္ဒာမင်း ပြောသလို တရားဝင်ပြည့်တန်ဆာ လုပ်ငန်းဆိုတာလဲ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယခုလိုပဲ တရားမ၀င် လုပ်ကိုင် နေမှာ ဖြစ်ပါတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပေဒမှာက ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တစ်နှစ်အောက် မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ကျခံရမယ်လို့ ဖော်ပြထားပါတယ်။ ဒေါ်စန္ဒာမင်း တင်သွင်းချင်တာက ပြည့်တန်ဆာ လုပ်ငန်းတွေကို တရားဝင်ခွင့်ပြုဖို့ လွှတ်တော်မှာ တင်သွင်းချင်လို့ အစပျိုး မေးခွန်းကို မေးလိုက်တာပါ။ ပြည့်တန်ဆာ လုပ်ငန်းတွေ လွတ်လွတ် လပ်လပ် လုပ်လို့ရရင် ဒေါ်စန္ဒာမင်း ကိုယ်တိုင်များ တည်းခိုခန်းဖွင့် စားမလို့လားလို့ တွေးတဲ့သူတွေက တွေးနေ ကြပါတယ်။ 

လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်ပြီး တိုင်းပြည် အတွက် အမှန်တကယ် အကျိုးရှိမဲ့ အခြားမေးခွန်းတွေ မရှိတော့ ဘူးလားလို့လဲ ပြောသူတွေက ပြောနေကြပါတယ်။ တစ်ချို့ကတော့ ဒေါ်စန္ဒာမင်းဟာ ထင်ပေါ် ကျော်ကြား လိုတဲ့ အချို့သော ရုပ်ရှင် သရုပ်ဆောင်တွေလို ကိုယ်လုံးချွတ်ပြလို့ မရလို့ ဋ္ဌေးကြွယ်နဲ့ ညအိပ်ခဲ့ တာတွေ၊ ပြည့်တန်ဆာ ဥပဒေ ပြင်ဆင်ရေးတွေ လုပ်နေတာလားလို့ ဝေဖန်နေကြပါတယ်။

ပြောရရင်တော့ ဒါဟာ မြန်မာပြည်ပါ…။ ဗုဒ္ဓဘာသာ တိုင်းပြည်လို့ ကြွေးကြော်နေပြီး ယဉ်ကျေးမှု မြင့်မားတဲ့ သူတွေ နေထိုင်ကြပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းတွေကို တရားဝင် လုပ်ကိုင် ခွင့်ပြုမယ်ဆိုရင် မောင်နဲ့နှမ၊ သားနဲ့အမိ လူ့အသိုင်းအ၀ိုင်းမှာဘယ်လို မျက်နှာပြကြမလဲ။ ဒီမိုကရေစီဆိုတဲ့ ကိုယ့်နိုင်ငံနဲ့ မလိုက်ဖက်တဲ့ ဒီမိုကရေစီမျိုး ကိုတော့ မစဉ်းစားသင့် ပါဘူး။ အခုတလော ထွက်ပေါ်လာတဲ့ ဗွီဒီယိုတွေမှာ မိသားစု ထိုင်ကြည့်လို့ မရတဲ့ ပြကွက်တွေ ပါနေလို့ လူတွေ ကန့်ကွက် နေကြပါတယ်။ ဒီကြားထဲကမှ လွှတ်တော် ကိုယ်စားလှယ် အမကြီးက လိင်ကိစ္စကို အထူး စိတ်ဝင်စားစွာ ပြည့်တန်ဆာတွေ အတွက် စဉ်းစားပေးတယ် ဆိုတော့ ဒေါ်စန္ဒာမင်း ဟာ သမီးမွေးထားသူ မဟုတ်လို့ပဲ။ သမီးချင်း ကိုယ်ချင်းစာ ကြည့်မယ် ဆိုရင်တောင် ဒီလိုအတွေးမျိုး ရှိမယ် မထင်ပါဘူး။

ဒေါ်စန္ဒာမင်းရဲ့ သမီးဟာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် စားသောက် ပါတယ်ဆိုရင် အမေတစ်ယောက် အနေနဲ့  ဘယ်လိုခံစားရမလဲ။ ပတ်ဝန်းကျင်ကို ဘယ်လိုရင်ဆိုင်မှာလဲ။ တကယ့်ကိုနက်နက်နဲနဲ တွေးခေါ် စဉ်းစား ကြည့်ပါ။ ဒေါ်စန္ဒာမင်း ကိုယ်တိုင်က ဒီကိစ္စတွေမှာ လွန်လွန် ကျူးကျူး စိတ်ဝင်စားနေတယ် ဆိုတာကို ဖော်ပြ လိုက်တာလား။ ကိုယ့် ယောက်ျားနဲ့ နေရတာတင် အားမရလို့ ဋ္ဌေးကြွယ်နဲ့ အိပ်ခဲ့ပြီးပြီ။ ဒီလိုမျိုးအိပ်ချင်လို့ တရားဝင် အိပ်ခွင့်တောင်းလိုက်တဲ့ သဘောလား။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲ မှာ မဲရဖို့ပြင်ဆင်နေတဲ့ အချိန်မှာ ဒီလိုမျိုး ပြောလိုက်တာဟာ ပါတီကို သိက္ခာ ချလိုက်တာလား။ ဒါမှမဟုတ် ပါတီရဲ့ ကိုယ်စား လူပိန်း၊ လူတုံး၊ လူညံ့တွေ အကြိုက် ပြောလိုက်တာလား ဆိုတာကတော့ လွှတ်တော် အမတ်ကြီး ဒေါ်စန္ဒာမင်းမှ တစ်ပါးအခြားမည်သူမှ မသိနိုင်တော့ပါ။
 
ပြည့်တန်ဆာအား တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ပါက နှစ်များစွာကြာမြင့် လာပါက မျိုးမစစ်များ အများကြီး ပေါ်ထွက် လာမည်ဖြစ်ပါသည်။ အမျိုးမစစ်လျင် အမျိုးကို မချစ်တတ်ပါ။ အမျိုးမချစ်တတ်လျင် ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ပျောက်ကွယ် သွားမည်ဖြစ်ပါသည်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှသာ လူမျိုးပျောက်မည် ဖြစ်ပါသည်။ ကမ္ဘာ တည်သ၍ မြန်မာဟု ရှိနေစေရန် အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများကို စောင့်ထိန်း လိုက်နာရမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို လူနည်းစု၏ အခွင့်အရေးများကို အလေးထားပါဟု ပြောကြားသည်ကို သိရပါသည်။ 

အမျိုးဘာသာ၊ သာသနာနဲ့ ပတ်သက် လျှင်တော့ အမျိုးဘာသာ၊ သာသနာကိုသာ အလေးထား စောင့်ထိန်း လိုက်နာ ရပါမည်။ အမျိုးဘာသာ၊ သာသနာကို စောင့်ထိန်းရန် နားမလည်သူများကို နားလည်သူများက စောင့်ထိန်း လိုက်နာစေရန် ၀န်းရံကူညီ ဆောင်ရွက် ပေးရမည်ဖြစ်ပါသည်။ ဗုဒ္ဓ၏ အမျိုး ဘာသာ၊ သာသနာကို မြန်မာလူမျိုးများမှ မစောင့်ရှောက်လျင် ဘယ်လူမျိုးက လာစောင့်ရှောက်မည်လဲ? ဖြစ်ချင်တာထက် ဖြစ်သင့် တာကို အလေးပေး လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဒေါ်စန္ဒာမင်း အနေဖြင့် အမျိုးဘာသာ၊ သာသနာကို မစောင့်ရှောက် လိုလျင်လည်း အမျိုးဘာသာ၊ သာသနာ၏ အနှစ်သာရကို မသိသေးသည့် အမျိုးကောင်း သားသမီးများကို လူ့အခွင့်အရေး ဆိုသည့် ပေတံဖြင့် တိုင်းတာကာ မလုပ်ဆောင်သင့်ပေ။ မနေနိုင်ပါက ကိုယ်ကိုယ်တိုင် လုပ်ဆောင်လျင်လည်း သဘောတော်ရှိသည့် အတိုင်း လုပ်ဆောင် နိုင်ကြောင်းနှင့် ၈၈ မျိုးဆက်ကိုဌေးကြွယ်နှင့် ပူးပေါင်း လုပ်ဆောင်လျင် ပိုမိုအောင်မြင်နိုင် ကြောင်းပါ ခင်ဗျာ ။။။

မျိုးအောင်(မအူပင်)


Sunday, June 16, 2013

ပြင်ဦးလွင်မှ လူမဆန်တဲ့ ပုံပြင်လေးတစ်ပုဒ်

ပြင်ဦးလွင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ခိုင်ဝတ်ရည် သန္တာမောင်(ခ) သဲသဲ ဆိုတဲ့ အမျိုးကောင်း အမျိုးသမီးလေးကို လက်ထပ်ယူမယ်လို့ ယုံလောက်အောင်ပြောပြီး ကာမကို လိမ်ညာ ယူခဲ့သတဲ့။ အဲဒီ အမျိုးသမီးလေးမှာ ကိုယ်ဝန် ရှိတဲ့အခါ တာဝန် မယူနိုင်လို့ ကိုယ်ဝန်ဖျက်ချဘို့ ပိုက်ဆံပေး ခဲ့တယ်။ မိခင်စိတ်ရှိတဲ့ ခိုင်ဝတ်ရည် သန္တာမောင်က ကျော်သီဟခိုင်းတဲ့အတိုင်း ကိုယ်ဝန်ကိုဖျက်မချဘဲ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး သားယောင်္ကျားလေး တစ်ယောက် မွေးဖွားခဲ့တာ အခုဆိုရင် အဲဒီကလေးက (၁၄)နှစ် သားအရွယ် ရောက်နေပြီဖြစ်ပါတယ်။ အဲဒီကလေးနဲပတ်သက်ပြီး မိခင်ဖြစ်သူက သူ့သားလေး လူ့လောက အလယ်မှာ အဖေခေါ်စရာမရှိ ဖြစ်မှာစိုးလို့ ကျော်သီဟကို ဖခင် အဖြစ် မြွက်ဟကြော်ညာပေးဖို့ တောင်းဆိုတာ လူစိတ် မရှိတဲ့ ကျော်သီဟက လက်မခံလို့ အခု ဆိုရင် ပြင်ဦးလွင် ခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်နေရတယ်လို့ သိရတယ်။

တိရစ္ဆာန်တောင်မှ ကိုယ့်သားသမီးကို ချစ်တဲ့စိတ်၊ စောင့်ရှာက်လိုတဲ့စိတ် အပြည့်ရှိတာ အားလုံး သိကြပြီးဖြစ်ပါတယ်။ အခုဖြစ်စဉ် အရဆိုရင် ကျော်သီဟ ဟာ တိရစ္ဆာန်လောက်တောင်မှ အသုံးမကျတဲ့ သူအဖြစ် ပြင်ဦးလွင် မြို့သူ/ သားတွေက နှာခေါင်းရှုံ့ကုန်ကြပြီ။ အဲဒီလို ကိုယ့်လုပ်ခဲ့ တဲ့ ကိုယ့်တာဝန်ကိုတောင် မယူနိုင်တဲ့ ၊ ယူချင်စိတ် မရှိတဲ့ တိရစ္ဆာန်လောက်တောင် မေတ္တာတရား မထားတတ်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံနေတဲ့လူကို NLD ပါတီက ပြင်ဦးလွင် မြို့နယ် အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အရေးအရာ ကိစ္စတွေကို တာဝန်ယူ ၊ တာဝန်ခံ ဆောင်ရွက်ဖို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခဲ့တယ်။ဒီလို ကိုယ့်တာဝန်ကိုတောင် မယူတတ်တဲ့ ကျော်သီဟလို လူက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်နေတော့ ပြင်ဦးလွင် မြို့သူ/သားတွေအနေ နဲ့ သူတို့ပေးလိုက်တဲ့ မဲတွေ အတွက် အရမ်းနှမြောနေကြပြီ။ မှားမှန်းလည်း သိနေကြပြီ။ ဒီလိုလူမျိုးကို အားကိုးလို့ မရမှန်းလည်း သိကုန်ကြပြီ။ 

လူ့အခွင့်အရေး မရှိဘူး ၊ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ တွင်တွင်အော်နေတဲ့ NLD ပါတီရဲ့ ဗဟို ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကျော်သီဟ ကိစ္စကျတော့ ဘာဖြစ်လို့ နှာစေးနေတာလဲ။ ခိုင်ဝတ်ရည် သန္တာမောင်ကို မိန်းမချင်း ကိုယ်ချင်းစာစိတ် နည်းနည်း လေးမှမရှိတော့ဘူးလား?။ ဒီပါတီ ၊ ဒီကိုယ်စားလှယ်တွေကို (၂၀၁၅)မှာ မဲပေးသင့် ၊မသင့် မဲဆန္ဒရှင် ပြည်သူတွေ စဉ်းစားသင့်ပြီ။

Saturday, June 15, 2013

ဒီမိုး ဒီရေ ဒီလူတွေနဲ့




ကျွန်တော်စာရေးဖို့ အလွန်ဝန်လေးခဲ့တယ်ဗျ။ အင်တာနက်သုံးရင်းသတင်းတစ်ပုဒ်တွေ့လိုက် ရတော့ စိတ်ထဲ ကသိကအောက်ဖြစ်လိုက်ရတာ။ တနုံ့နုံ့ခံစားရင်းကနေ နီးနီးစပ်စပ် သူငယ်ချင်းတွေနဲ့လဲ ဒါပဲပြောဖြစ် ဆိုဖြစ်ကြနဲ့ပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်လျှောက်လွှာတင်ခဲ့ ပါတီဝင်ဟောင်း (၄)ဦးကို ပြန်လက်ခံမယ်လို့ ကမ်းလှမ်းတဲ့သတင်း။ အဲဒီအထိ ၀မ်းသာရတဲ့သတင်းဗျာ။ ဘာပဲပြောပြော ပါတီအင်အားဖြည့်မယ့် အစီအစဉ်တစ်ရပ်ဖြစ်တယ်။ ညီလာခံမှာတုန်းကလဲ အများစုက လက်မခံ ဘူးလို့ ဆုံးဖြတ်လိုက်လို့သာ ခွင့်မပြုခဲ့တာ။ တကယ်တော့ ပြန်ဝင်လာမယ့်သူတွေကလဲ အရည်အချင်း ရှိတဲ့ သူတွေ လွှတ်တော် ကိုယ်စားလှယ် တွေပါဗျာ။ ဒီကိစ္စတကယ်တော့ ပါတီနစ်နာစေခဲ့တာ အမှန်ပါ။ ကျွန်တော်တို့ နိုင်ငံမှာကလည်း လက်ရှိ အခြေအနေတွေ ထဲက ထိုးထွက်လာဖို့ဆိုတာကလဲ ဒီပါတီပဲရှိတာ။ ပြည်သူတွေရော၊ ပါတီဝင်တွေရော ဒီလိုပဲမျှော်လင့်နေခဲ့တာအမှန်ပဲ။ ဒါပေမယ့် ညီလာခံမှာ တုန်းကလဲ မကျေနိုင် မချမ်းနိုင်၊ အသံ ပလံတွေကို ညံလို့ဗျာ။ အခုမှစ တာမှန်ပေမယ့် တွန်းလှန် တတ်တာလေးနဲ့ ဆန့်ကျင် ရဲတာလေးနဲ့တော့ နိုင်ငံရေး ဆက်လုပ်ဖို့ မဖြစ်တော့ဘူးဗျ။ တစ်ခါ တခါတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို သနားရတော့ မလို။ ပါတီတွင်း မှာကလည်း သူပဲထိန်းနေ ရတယ်။ ကျန်တဲ့သူတွေထဲမှာ ကလဲ အကုန်လုံး အပေါ်မှာ သြဇာမညောင်းတော့ဘူးဗျ။ အဲတော့ သူပဲ ဦးနင်း ပဲ့ထောင် ပဲ့နင်း ဦးထောင်ပေါ့။ မလွယ်လှပါဘူးဗျာ။

ပါတီဝင်တွေရဲ့ ယုံကြည်မှုကို ရေရှည် ခိုင်မာနေအောင် လုပ်နေရပါတယ်ဆိုမှ တစ်ဖက်မှာကလည်း ဦးဝင်းတင်တို့က ပြောချင်ရာပြော ဆိုချင်ရာ ဆိုလို့ ကောင်းတုန်းဆိုတော့ နောက်ကြောင်း ကလည်း မအေးရပြန်ဘူးပေါ့။ အန်တီစုက သွားချင်တာက တစ်မျိုး သူလုပ်ချင်တာကတစ်မျိုး။ သူများတွေ တည်ဆောက်ရေးအတွက် ပြင်ဆင်နေပြီဆိုတာသူ အလေးမထားဘူး အခုထိ ဆန့်ကျင်ရေး တော်လှန်ရေး အတွေးအခေါ်ကို မစွန့်လွှတ်နိုင်သေးဘူးဗျ။ အန်ကယ်ဦးတင်ဦးကတော့ အသက်အရွယ်အရရော၊ သူမှာရှိတဲ့ အတွေ့အကြုံတွေအရရော အေးအေး ဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ ပါတီကို အထောက်အကူပြု နိုင်ဖို့ လုပ်နေတာပဲ။ အဲဒီလိုပေါ့ဗျာ ဒီပါတီအကြောင်း ဟိုစဉ်းစား ဒီစဉ်းစား၊ စိတ်ပူမိတာပါ။ အချိန်က သိပ် မကျန်တော့ဘူးလေ။ ၂၀၁၅ဆိုတာ မကြာမတင်မှာပဲ ရောက် လာတော့မှာ။ ဘာပြောပြော ရွေးကောက်ပွဲ မှာ နိုင်မှာပါပဲ။ ဒီတော့ ဘယ်သူတွေနဲ့ ဘယ်လို လုပ်မှာလဲ။ ပါတီကြီး တစ်ခု ရယ်လို့ရော ပီပီပြင်ပြင် ဖြစ်နေ ပြီလားပေါ့။ မဖြစ်သေးဘူးဗျ။ အော်ဒါပေမယ့် ဖြေတွေး စရာလေး ရှိတာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်နေကြတဲ့သူတွေ ရှိတယ်။ ပါတီက အားပြုရမယ့် လွှတ်တော်အတွေ့ အကြုံတွေရနေ လောက်တဲ့ သူတွေ ၂၀၁၅မှာပြန်ပါနိုင်တယ်။ ဒါလဲအပြည့်အ၀ မဆိုနိုင်ပြန်ဘူး။ နိုင်မှာပဲလို့ ပုံသေ တွက်ထား နိုင်တယ်ထား အုန်းတော့ ဘယ်လိုလူတွေနဲ့အစိုးရဖွဲ့ မတုန်းဆိုတာကို မလုပ်သေးဖူး။ ကျွန်တော် မသိတာလား တော့ မသိဘူးပေါ့လေ။ ဟိုတလောက ပြောတာကြားမိသေးတယ် ၂၀၁၅မှာ ပါတီက ညွန့်ပေါင်း အစိုးရဖွဲ့ပြီးတော့ နိုင်ငံကို အုပ်ချုပ်သွားမှာဖြစ်တယ်လို့ ဦးကျော်ခင်က ပြောသွားတယ်။ စစ်မရောက်ခင် မြှားကုန်တာလား။ ကိုယ့်ပါတီ ကိုပဲ မယုံကြည်တာလား။ ကျန်တဲ့ကာလမှာ ပြင်ဆင်ဖို့ အချိန် မလုံလောက် တော့လို့လား။

ကျွန်တော်ကတော့ လွတ်လွတ် ကျွတ်ကျွတ်ကြီးကို အစိုးရဖွဲ့ လိုက်စေချင်တာပါပဲဗျာ။ ဒါမှ ပုံစံအသစ် လူအသစ်၊ မူအသစ်တွေနဲ့ အပြောင်း အလဲကို ပီပီပြင်ပြင်မြင်ရမှာ ကိုးဗျ။ လက်ရှိ အခြေအနေကို ပြည်သူက ငြီးငွေ့ နေပြီးတော့ ဒီပါတီက သာလျင် သူတို့လိုချင်တဲ့ ပုံစံကို လုပ်ပေးနိုင်မှာပဲလို့ ယုံကြည်နေကြတာလေ။ သူတို့ တက်လာလဲ ဒီလူတွေက ပါအုန်းမှာပါပဲကွာ ဆိုတဲ့ ခံစားချက်မျိုးကိုပဲ ပေးမှာဆိုရင်တော့ ယုံကြည် မျှော်လင့် စောင့် စားခဲ့ရတာ တန်ရဲ့လားလို့ ပြည်သူတွေလဲ တွေးကြပေ မပေါ့။ အခု အချိန်မှာ ဆန္ဒများစွာနဲ့ ပြည်သူ တွေဖြစ်နေ တော့ ဖြည့်ပေးဖို့သာ ကြိုးစားပေတော့ အန်တီစုရေပဲ။ ပါးစပ်ပိတ်၊ မျက်စိပိတ်၊ နားပိတ် နေခဲ့ရတာ ကြာပြီလေ။ ပြည်သူ့ ဆန္ဒတွေကို အလေးထားတာ လုပ်ပေးတတ်တာလဲ ဒီပါတီပဲရှိတယ်လို့ ဖြစ်နေတာကိုး။ ရုပ်ပြ လုပ်နေတဲ့ သူတွေ ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ပြည်သူကို ချစ်ဟန်ဆောင်ကြ သူတွေလဲ ဒုနဲ့ဒေးပဲ။ ပြည်သူထဲဆင်း ရင်းရင်းနှီးနှီး နေပြ၊ ပြောပြ၊ ပရိတ်သတ်ထဲက ကလေးကို ပွေ့ပြ၊ ဖက်ပြ၊ နမ်းပြတာ မျိုးက နိုင်ငံရေး ဖက်ရှင် လို ခေတ်လေ။ အကောင်းဘက်က မြင်ရင်တော့ ပြည်သူတွေ လူလူသူသူ ဆက်ဆံခံရတဲ့ ခေတ်ပေါ့။ ရုပ်ပြလုပ်တာ လောက်နဲ့တင် ပြည်သူက ကျေနပ်နေပြီဗျာ။ တကယ်တမ်း စိတ်ထဲမှာ ဘာရှိနေကြတယ် မသိပါဘူး။

ပြည်သူတွေရဲ့ ဆန္ဒတွေကို အလေးထားပေးမယ့် ဒီပါတီ။ Icon of Democracy လို့ ပြောရမယ့် ဒီပါတီ။ ဒီလိုပြောရက် လေခြင်းလို့ စိတ်ထဲမှာ မချင့်မရဲ့ပေါ့ဗျာ။ ဆိုးလိုက်တာ။ ဖြစ်ပုံတွေကလဲ ကသောင်းကနင်း။ ဖြစ်သမျှ ပျက်သမျှ အန်တီစုမှ သိပါလေစဗျာ။ ပါတီဝင်ဟောင်းတွေကို ပြန်ဖိတ်ခေါ် လိုက်တယ်တဲ့။ ၀မ်းသာစရာပါ။ ညီလာခံမှာ ဆုံးဖြတ်ကြစဉ်ကလည်း လက်ခံဖို့ဘက်ကပဲ မဲတင်းပေးခဲ့တာပါပဲ။ ဒါပေမယ့် ဒီသတင်းကြားလို့ မပျော်နိုင် ပါဘူးဗျာ။ ကန့်ကွက်ခဲ့ကြတဲ့ ညီလာခံ ကိုယ်စားလှယ် ၄၆၂ယောက် အရူးဖြစ်လို့။ သူတို့ ဆုံးဖြတ်တာ သူတို့ သဘောထားက အလေးထားစရာ မလိုတဲ့ သဘောပေါ့။ ကိုယ့်ပါတီဝင်တွေရဲ့ သဘောထား ကိုတောင် အလေးမထားတာ။ ပြည်သူတွေရဲ့ သဘောထား အလေးထားမယ်လို့ ဘယ်လို ယုံရပမတုန်းဗျာ။ ပိုဆိုးသွားတာက ဦးအုန်းကြိုင်ရဲ့ အပြော။ ပါတီဝင်ဟောင်းများကို လက်မခံခြင်းသည် ညီလာခံ၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း ၎င်း တို့က လျှောက်လွှာ အသစ် ပြန်တင်လျင် ဗဟိုအ လုပ်အမှုဆောင် အဖွဲ့က စဉ်းစား ဆုံးဖြတ်သွားမှာ ဖြစ်တယ်တဲ့ဗျာ။ ကောင်းဆက်နိုင် ပြောသလိုပါပဲ အံ့သြလွန်းလို့ သေတော့မယ်။ အမှန်ပဲဗျာ။ စဉ်းစားကြည့်ကြပါအုန်း။ မြို့နယ် အလိုက် ကိုယ်စားလှယ်တွေကနေ တဆင့်မှ တိုင်းညီလာခံ ကိုယ်စားဖြစ်။ တိုင်းကိုယ်စားလှယ်တွေက ရွေးချယ်မှ၊ ထောက်ခံမှာ သူတို့ကိုယ်စား ကျွန်တော်တို့က ဗဟိုညီလာခံ ကိုယ်စားလှယ်တွေ ဖြစ်ရတာလေ။ တကယ်တမ်း ပြောရမယ်ဆိုရင် ဗဟိုညီလာခံ ကိုယ်စားလှယ်ဆိုတာ မြို့နယ်က စလို့ ပါတီဝင်တွေရဲ့ ကိုယ်စားလှယ် ပဲဗျ။ ဒီလို ကိုယ်စားလှယ်တွေရဲ့ သဘောထားကို ပါတီရဲ့မူဝါဒ မဟုတ်ဘူးလို့ ပြောတာတော့ အတော်ကိုပဲ အံ့သြမိပါရဲ့ဗျာ။ ကြားလို့မှ မကောင်း ပြောရက် လိုက်လေခြင်း ကိုယ်တော်ရယ်။

ပါတီတစ်ခုမှာ  နိုင်ငံလုံး ဆိုင်ရာ ညီလာခံက အမြင့်ဆုံး မဟုတ်ဘူးလားဗျာ။ ညီလာခံမှာ ဆွေးနွေးကြ တိုင်ပင်ကြနဲ့၊ အတည် ပြုခဲ့ကြလို့ ပါတီရဲ့မူဝါဒက အတည်ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ညီလာခံရဲ့ သဘောထား ဟာ ပါတီမူဝါဒနဲ့ ဘာမှ မဆိုင်တော့ဘူးလား။ ဘာအတွက် ညီလာခံ ကျင်းပတာလဲ။ ဘာအတွက်လဲလို့ မေးရတော့ မှာပဲဗျာ။ ညီလာခံက ဘယ်လို ဆုံးဖြတ် ဆုံးဖြတ်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့က စဉ်းစား ဆုံးဖြတ်မယ်တဲ့။ ပါတီရဲ့ စည်းမျဉ်းနဲ့ ဖွဲ့စည်းပုံကိုလည်း ပြန်ကြည့် ကြပါအုန်းဗျာ။ အခန်း(၃) ဖွဲ့စည်းပုံ အပိုဒ်(၈)မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်။
အပိုဒ်ခွဲ(က)     အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး။ 
အပိုဒ်ခွဲ(ခ)    ဗဟိုကော်မတီ၊  
 အပိုဒ်ခွဲ(ဂ)     ဗဟို ကော်မတီက တင်မြှောက်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့။

ကဲဒါကိုကြည့် ပါအုန်း။ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုအလုပ် အမှုဆောင်အဖွဲ့က လွှမ်းမိုးပယ်ဖျက်ခွင့်ရှိမရှိ။ ညီလာခံက တာဝန်ပေးအပ်ခဲ့သော အဖွဲ့က ညီလာခံရဲ့ ဆုံးဖြတ် ချက်ကို  ပယ်ဖျက်မယ်တဲ့။ ကြားလို့မှ မတော်ဗျာ။ ဥက္ကဌကြီးများ မသိလို့ခွင့်ပြုလေသလား။ နားမလည် နိုင်တော့ ဘူးဗျာ။ တစ်ခု ရှိတာကတော့ ဦးအုန်းကြိုင်ပြောတာက တကယ်ပဲ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို ကိုယ်စားပြု သလား။ တကယ်တမ်းတော့ အဲဒီပါတီဝင်ဟောင်းတွေ ပြန်ပါလာတာ ပါတီအတွက် ကောင်းတာ အမှန်ပါပဲ။ ဖြစ်သင့်တာ ကတော့ သူတို့ပြန်ဝင်လာတာကို လက်ခံဖို့ လက်မခံဖို ကိစ္စကို ညီလာခံကဆုံးဖြတ်ဖို့ လိုအပ်သလား။ တကယ်တော့ မလိုအပ်ပါဘူး။ ပါတီရဲ့ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံအခန်း(၄)၊ အဖွဲ့ဝင်များ အဖြစ် လက်ခံခြင်း အခန်းပါ ဖော်ပြချက်အရ။ အပိုဒ်(၉)မှာ အဖွဲ့ဝင်များလက်ခံခြင်းကို အောက်ပါအတိုင်း သတ်မှတ်သည်။
အပိုဒ်(က) ပြည်ထောင်စု မြန်မာနိုင်ငံသားများ၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူ ဖြစ်ရမည်။
အပိုဒ်(ခ)    အဖွဲ့ချုပ်၏ အဖွဲ့ဝင် ပုံစံဖြင့် လျှောက်ထားပြီး သူများကို အဖွဲ့ချုပ်၏ စည်းမျဉ်း စည်းကမ်း နှင့်အညီ စိစစ်ပြီး လက်ခံမည်။

အဖွဲ့ဝင် အရည်အချင်း သတ်မှတ်ခဲ့စဉ် ကတည်းက ဘ၀င်ကမကျခဲ့တာ။ အခုပြန် လေ့လာကြည့်တော့လဲ အဖွဲ့ဝင်အဖြစ် လက်ခံခြင်း လက်မခံခြင်း ဆုံးဖြတ်ရာမှာ ဘယ်အဆင့်က ဆုံးဖြတ်ပေး ရမယ်လို့ ဖော်ပြထားတာမရှိ ပါဘူး။ တကယ်တမ်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ကပဲ ဆုံးဖြတ်မှာ ဆိုရင်လဲ ဘာကြောင့်များ ညီလာခံရဲ့ အဆုံး အဖြတ်ကို ရယူနေသေး သလဲ။ မတင်ပဲထားလို့လဲ ဖြစ်ပါတယ်။ ပါတီရဲ့စည်းမျဉ်းမှာ ညီလာခံက အတည်ပြု ဆုံးဖြတ် ရမည်လို့လဲပါတာ မဟုတ်ဗျာ။  အခုတော့ မေးတုန်းက မေးတယ် ဖြေတော့လဲ လက်မခံဆိုတဲ့ သဘော။ သဘောမတူ လက်မခံခဲ့ကြတဲ့ အမြို့မြို့ အနယ်နယ်က ညီလာခံ ကိုယ်စားလှယ် ၄၆၂ဦးရဲ့ ဆန္ဒကိုလဲ အလေး မထား။ ဘာတွေများ ကောင်းသေးလဲဗျာ။ ကျွန်တော် တော်တော် မျှော်လင့်ခဲ့ပါတယ်။ ၂၀၁၅ နိုင်ပြီးရင် ဘယ်လို လုပ်မယ် ဘယ်နှဲ့လုပ်မယ်ပေါ့။ တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် ပါတီကြီးဖြစ်အောင်၊ ပြည်သူကို အမှန်တကယ် လမ်းပြပေးနိုင်အောင် စဉ်းစားလိုက်ရတာ၊ စိတ်ကူးယဉ်လိုက် ရတာဗျာ။ အခုတော့ ဒီလိုကိစ္စမျိုး ကိုတောင် အမြီး မတည် အမောက်မတည့်။ ကသောင်း ကနင်းနဲ့။ ၂၀၁၅အလွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းပြည်ကို ဘယ်ကမ်း ဘယ်သောင်ကို ဦးဆောင် ခေါ်သွားမှာတုန်း ဆိုတာတော့ ရင်လေးစရာလို့ ထင်စရာတော့ဖြစ်လာပြီ။ ပြည်သူကလဲ ခေါ်ရာလိုက်မယ့် အခြေအနေရောက်လေ၊ ပိုတာဝန်ကြီးသလိုခံစားရလေပါပဲ။ ဒီကြားထဲ ပါတီတွင်း က ဒီလို အဖြစ်တွေ ကြုံ လာ ရပြန်တော့၊ ဒီမိုး ဒီရေ ဒီလူတွေနဲ့ ဘယ်သောင် ဘယ်ကမ်း ဘယ်စခန်း ဆိုက်အောင် မြန်းဖို့ဖြင့် ပြင်ကြ မယ်ဆိုတာ တွေးလို့ ရင်လေး လာရလေပါပဲဗျာ။

ဒီမိုကရေစီမြတ်နိုးသူ

Friday, April 5, 2013

ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး အဘ သူရဦးရွှေမန်းသို့အိပ်ဖွင့်ပေးစာ

ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ ဥက္ကဌကြီး အဘ သူရဦးရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ(၇)

အဘခင်ဗျား........

ကျွန်တော့်အနေနဲ့ အနယ်နယ်အရပ်ရပ်က ရဲဘော်ရဲဘက်များရဲ့တူညီသောခံစားချက်များကို စုစည်းပြီး ပါတီ ဗဟိုအလုပ် အမှုဆောင်များ သိရှိနိုင် ပါစေကြောင်း ရည်သန်လျက် “အဘများထံ အိတ်ဖွင့်ပေးစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသားခဲ့တာ (၆)စောင်ရှိခဲ့ပါပြီးခင်ဗျား။ ဒီအိတ်ဖွင့် ပေးစာတွေကို ရေးသားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပါတီတစ်ရပ်လုံးကို ပဲ့ကိုင် ပေးနေကြတဲ့ ဗဟိုအလုပ် အမှုဆောင်များအနေနဲ့ အောက်ခြေ အဖြစ်သနစ်မှန်တွေကို ချင့်ချိန် စဉ်းစားသွားနိုင်ဖို့နဲ့ ပါတီကြီး အဓွန့်ရှည်အောင်မြင်နိုင်ရေး အတွက်ပဲ ဖြစ်ပါတယ် ခင်ဗျား။

ကျွန်တော့်ရဲ့ ပေးစာ အမှတ်(၁)မှ(၆)အထိ ဖတ်ရှုခဲ့ကြသော သွေးသောက် ရဲဘော်များ အနေဖြင့် ၄င်းတို့၏ ခံစားချက်နှင့်လည်း ထပ်တူကျသည်ဟု ဆိုကာ ဆက်လက် ရေးသားပေးရန် တောင်း ဆိုသည့်အပြင် အဘများထံဟူသော ခေါင်းစဉ်ထက် ပါတီဥက္ကဌကြီး ထံသို့သာ တိုက်ရိုက်ရေးသား ပေးစေလိုကြောင်း အကြံပြုလာ သဖြင့် အိတ်ဖွင့်ပေးစာ အမှတ်(၇)မှ စတင်၍ အဘ သူရဦးေ၇ွှမန်းထံ အိတ်ဖွင့်ပေးစာဟူသော ခေါင်းစဉ်ဖြင့် ဆက်လက် ရေးသားသွားမည် ဖြစ်ပါတယ်ခင်ဗျား။

ချစ်ကြောက်ရိုသေလေးစားရပါသော အဘသူရဦးရွှေမန်းခင်ဗျား

ကျွန်တော်တို့ပါတီကြီးဟာ ၁၉၉၃ ခုနှစ်ကတည်းက တပ်မတော်က မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးမှ အခြေတည် ပေါက်ဖွားလာခဲ့တာမို့ ပါတီသက်တမ်း အားဖြင့် နုနယ် သေးသည်ဆိုသော်လည်း အခြားသော နိုင်ငံရေး ပါတီများနှင့် နှိုင်းယှဉ်လျှင် သဘာရော၊ ၀ါအရ ပါ ခြေလှမ်းများစွာ အကြောရနေခဲ့ပါတယ် ခင်ဗျား။ အဲလို ခြေလှမ်း အသာစီးရနေခဲ့တဲ့ ကျွန်တော်တို့ ပါတီကြီးဟာ တစ်ဖြည်းဖြည်းနဲ့ အခြားသောအဖွဲ့ တွေနဲ့ ခြေလှမ်း တူလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရတာမို့ အချိန်မီ ထိန်းသိမ်း ကွပ်ကဲနိုင်လို့ရအောင် ဥပမာတစ်ခုနဲ့ နှိုင်းယှဉ် တင်ပြသွားပါ့မယ် ခင်ဗျား။

တကယ်တော့ ကျွန်တော်တို့ ပါတီကြီးဟာ ဘာနဲ့အလား သဏ္ဍာန် တူသလဲ ဆိုရင် လှေဝမ်းပေါက်ပြဲ နေသော၊ လှေနံ ကျိုးပဲ့နေသော လှေတစ်စီးနဲ့ တူနေပါတယ် ခင်ဗျား၊ ပဲ့ကိုင်သူက လမ်းမှန်ကို မြန်နှုန်း မြင့်နဲ့ ကိုင်တွယ် မောင်းနှင်သလို၊ လှေဦးကလည်း အရှိန်တစ်ခုနဲ့ ရေပြင်ကို ထိုးဖောက်ပြီး ရုန်းကန် လှုပ်ရှားနေကြပေမယ့်၊ လှေဝမ်း ပေါက်ပြဲနေခြင်း၊ လှေနံများကျိုးပဲ့ ပျက်စီးနေခြင်း တို့ကြောင့်၊ လိုရာ ခရီးကိုမှန်းထားသလိုမရောက်နိုင်ပဲ လှေဝမ်းက ရေကို ခပ်ထုတ်နေရတာ၊ ကျိုးပဲ့နေတဲ့လှေနံ ကြောင့် လှေမမှောက်အောင် ထိန်းနေရတာနဲ့တင် အခြားသော လှေတွေက အမှီလိုက် လာနိုင်တဲ့ သဘောဖြစ်နေပါတယ် ခင်ဗျား။

ဒီဖြစ်စဉ်ကို အထင်ရှားဆုံး အလွယ်ကူဆုံး ဥပမာတစ်ခုနဲ့ မီဒီယာလုပ်ငန်းနဲ့ ပတ်သက် ပြီးနှိုင်းယှဉ် သွားခွင့်ပြုပါခင်ဗျား ............။
 
ကျွန်တော်တို့ပါတီဟာ အသင်းကြီးဘ၀ကတည်းက မီဒီယာ လက်ဦးမှုကို ရရှိခဲ့ပြီး အသင်းဝင်တွေ ကို မီဒီယာလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င်ဖြစ်အောင် အရှိန်အဟုန် တစ်ခုနဲ့ လေ့ကျင့်ပျိုး ထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပါတီဟာ နံပါတ်(၁) ဖြစ်နေသင့် ပါလျက်နဲ့ မျက်မှောက် ကာလမှာ တော့ နံပါတ်(၁)ဖြစ်ဖို့ ဟိုးးးနောက်ဆုံးက စတင် ရေတွက် ရမလိုဖြစ်နေ ပါပြီဆိုတာ အမှန်အတိုင်း သုံးသပ်တင်ပြပါရစေ ခင်ဗျား။

အခုလဲ ဓနအင်အား၊ ပညာရှင်အင်အား၊ လူအင်အား၊ စီမံခန့်ခွဲမှု အင်အား အစစအရာရာ သာလွန်ကောင်းမွန်တဲ့ ကျွန်တော်တို့ ပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ပတ်သက် ပြီး ကျွန်တော် မြင်တွေ့ နေရတာတွေကို ရင်ဖွင့်ခွင့်ပြုပါ ခင်ဗျား။

အဘသူရဦးရွှေမန်းခင်ဗျား..........

ကျွန်တော်တို့ ပါတီက နေ့စဉ် သတင်းစာ တစ်စောင်ကို ထုတ်ဝေရခြင်း ရည်ရွယ်ချက်ကို ကျွန်တော် ဥာဏ်မီသလောက် ပြောပြရရင်။ ပါတီရဲ့မူဝါဒတွေ၊ ဆောင်ကြဉ်းပေးနေတဲ့ လုပ်ငန်းစဉ်တွေကို လူထု တွေသိရှိဖို့၊ အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ ရင်ဖွင့်သံကို သိရှိဖို့နဲ့ ပါတီအနေနဲ့ ပြည်သူတွေ ထံ တိုက်ရိုက် ပြောဆိုနိုင်တဲ့ ကြားခံ ပစ္စည်းတစ်ခုအဖြစ် ထုတ်ဝေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် ဥာဏ်မီသလောက်သာ ကောက်ချက် ဆွဲမိတာပါ၊ ဒီအထဲမှာ အခိုင်မာဆုံး တစ်ခုက ကျွန် တော်တို့ပါတီအနေနဲ့ ငွေကြေး အတွက် ဒီသတင်းစာကို ထုတ်ဝေခြင်း မဟုတ်ဘူး ဆိုတာပါပဲ။

အဲဒီလို ရည်ရွယ်ချက်တွေကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကနဦး အသင်းဘ၀မှာ ကတည်းက တိုင်း/ပြည်နယ် အသီးသီးက သင်တန်းသားတွေကို သတင်းစာပညာ နဲ့ပတ်သက်ပြီး အကြိမ်ကြိမ် သင်တန်းပေးခဲ့တယ်၊ သတင်းရေးသားမှု စွမ်းရည် မကျဆင်းအောင် လည်း အသင်းပိုင် ဂျာနယ်တွေ စာစောင်တွေ ထုတ်ဝေခဲ့တယ်၊ ဒါ့အပြင် ပါတီဌာနချုပ်မှာ သတင်း ကိစ္စတွေကို ဆက်သွယ် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ ဆက်ဆံရေးဌာန ဆိုတာကို ထားရှိခဲ့ပါ တယ်။ အသင်းမှ ပါတီဘက်သို့ ကူးပြောင်း လာပြီးတော့လဲ ပြည်ထောင်စု နေ့စဉ် သတင်းစာကို ထုတ် ဝေနိုင်ဖို့ အတွက် ကျွန်တော်တို့ကို ပါတီ ဌာနချုပ်က သတင်းစာ သတင်းထောက် သင်တန်း ဖွင့်လှစ် ပေးခဲ့ပါတယ်ခင်ဗျား။

အဘခင်ဗျား......။

သင်တန်းတစ်ခုလို့ ဆိုလိုက်တာနဲ့၊ ဦးဆောင် ဖွင့်လှစ်သူရော တက်ရောက်သူပါ နှစ်ဦးနှစ်ဖက်စလုံး အချိန်၊ ငွေများစွာ ပေးဆပ် ရင်းနှီးမြှပ်နှံ ရတာကြီးပါပဲ အနည်းနဲ့ အများပဲကွာမှာပါ ကုန်ကျတာချင်း တော့အတူတူပါပဲ၊ သင်တန်း(၂)ပတ် အတွင်းမှာရော သင်တန်း ဆင်းပြီးတဲ့ (သတင်းစာ မထုတ်ခင် စပ်ကြား)အထိ ကျွန်တော်တို့ တတွေဟာ ဧပြီ ၁ မှာ စတင် ထုတ်ဝေမယ့် ပါတီသတင်းစာကို ဘယ် လိုကြိုးပမ်း အားထုတ်သွားမလဲ၊ ဘယ်လို စွမ်းဆောင် ပေးသွား မလဲဆိုတာ စိတ်ကူးနဲ့တင် ညည အိပ် မပျော်ခဲ့သလို၊ သင်တန်းသား အချင်းချင်းကလဲ အမြဲတစေ ဖုန်းနဲ့ ဆက်သွယ် မေးမြန်ခဲ့ရတာ မမောနိုင် မပမ်းနိုင်အောင် ပါပဲခင်ဗျား။ ဒါပေမယ့် အဲဒီ စိတ်ကူးယဉ်မှုဟာ ဧပြီလ ၁ ရက်နေ့ မတိုင်မီ တစ်ပတ်အလိုမှာပဲ ပျောက်ဆုံးခဲ့ပါတယ် ခင်ဗျား။

ဒီလိုနဲ့ ပြည်ထောင်စု သတင်းစာကြီးဟာ ဧပြီ(၁)ရက်နေ့မှာ ထွက်လာပါတယ်၊ ကျွန်တော်တို့ သင်တန်းဆင်း တွေ ပါဝင်ခွင့် မရခဲ့ပါဘူး၊ ဒီလိုပြောလို့ “ဖိုးလုပ်ချင်”လို့ မယိုးစွပ်ပါနဲ့ ခင်ဗျား၊ ကျွန်တော် တို့အဆင့်၊ ကျွန်တော်တို့ ပညာနဲ့ အယ်ဒီတာ အဆင့်ကိုတောင် မမှန်းခဲ့ပါဘူး၊ အများဆုံးမှ နယ်သတင်းထောက် တာဝန်လေးတစ်ခုပဲ လိုချင်ခဲ့တာပါ၊ ဒီတာဝန်ကို ကျွန်တော်တို့ လုပ်ပြချင်ခဲ့တာ၊ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ဖော်ပြချင်ခဲ့တာ တစ်ခုတည်းပါပဲ။

ဒါပေမယ့် စွမ်းဆောင်ခွင့် ကူညီခွင့် မသာခဲ့ပါဘူး၊ ကျွန်တော်ပြောတဲ့ စွမ်းဆောင်ခွင့်ဆိုတာ ငွေရေး ကြေးရေးနဲ့ မဆိုင်ပါဘူး တကယ့် စေတနာ၊ ၀ါသနာ စစ်စစ်နဲ့ ပါတီအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုချင်ရုံလေးပါ ခင်ဗျား။ သင်တန်းကို ကျွန်တော်တို့ တက်ရောက် ခဲ့တယ်၊ သင်တန်းမှာ ပါတီ ဌာနချုပ်က ကျွေးခဲ့တဲ့ ထမင်းတွေကို ကျွန်တော်တို့စားခဲ့ရတယ်၊ ပါတီက သင်ကြားပေးလို့ ပညာ တစ်ခုကို တတ်မြောက်ခဲ့တယ် ဒီကျေးဇူး တရားကို တစ်ဖက် တစ်လမ်းက ပြန်ဆပ်ချင်ရုံလေးပါပဲ။ ဆပ်ခွင့် မရခဲ့ပါဘူး ခင်ဗျား။ ဒီလို ခံစားရပေမယ့်လည်း “အော်လူကြီးတွေက အမြှော်မြင်ကြီးကြီးနဲ့ တွေးခေါ်ထားလို့ တို့တွေကို ထုတ်မသုံးသေးပဲ တို့ထက် အရည်အချင်းရှိတဲ့ လူတွေကို အရင် ထုတ်သုံးမယ် အခြေကျမှ တို့တွေကို ပွဲထုတ်မယ်”လို့ ဖြေတွေး တွေးခဲ့မိပါသေးတယ်။ စိတ်မကောင်းခြင်း များစွာဖြစ်ခဲ့ရပါတယ် အဘခင်ဗျား။

ကျွန်တော်နေထိုင်တဲ့ ဒေသက လုပ်သက်နု ဂျာနယ် သတင်းထောက်လေး တစ်ဦးက တစ်လရှစ်သောင်း ရနေရာကနေ ပြည်ထောင်စု သတင်းစာက တစ်လ သုံးသိန်းပေးပြီး တာဝန်ပေးလိုက်တယ် ဆိုတဲ့ အကြောင်း ကျွန်တော့်ကို လာပြောသွားပါတယ်၊ လာပြောတယ်ဆိုတာ သာမန်လာပြောတာမဟုတ် ပါဘူး ရိသဲ့သဲ့ အသံလေးနှောလို့ပါ၊ သူက ဆက်ပြောပါသေးတယ်.. ပြည်ထောင်စု သတင်းစာမှာ အယ်ဒီတာချုပ်က တစ်လ ၁၈ သိန်း၊ အုပ်ချုပ်မှု အယ်ဒီတာက တစ်လကို ၁၀ သိန်း လစာရတယ်တဲ့ လေ၊ ဒီ့ထက်ပိုဆိုးတာက အယ်ဒီတာချုပ်နဲ့ အုပ်ချုပ်မှု အယ်ဒီတာတို့က သားအဖတော်တာတဲ့....။ ပါတီဗဟိုက ........... နဲ့လည်း တစ်ပတ်စဉ်ထဲပဲတဲ့လေ.......။

ဒီအဖြစ်သနစ်တွေကို ပါတီဥက္ကဌဖြစ်တဲ့ အဘအနေနဲ့ သိပါလေစလို့ တွေးမိပါတယ်၊ သားအဖ နှစ်ယောက် တစ်လ သိန်း ၃၀ နီးပါး၊ တစ်ရက်ကို ငွေ ၁ သိန်း........ဘုရား. ....... ဘုရား.....ပြည်သူ့ အကျိုးပြုတွေ အများကြီး လုပ်နိုင်ပါ ပေါ့လား လို့တောင် ဘုရားတ မိပါတယ် ခင်ဗျား။ ဒီလိုပြောလို့ မုဒိတာ မပွားနိုင်တာ မဟုတ်ပါဘူးခင်ဗျား၊ ပညာရှင် ဆိုတာမျိုးဟာ ငွေကြေးနဲ့ ပိုင်းဖြတ်လို့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။  ဒါပေမယ့်အဘရယ်. .............. ................ .။ ကျွန်တော် ဘာကို ဆိုလိုချင်တယ် ဆိုတာ အဘ ထိုးဖေါက်မြင် ပါလိမ့်မယ် ဆိုတာ ကျွန်တော်ယုံကြည် ပါတယ် အဘ။

ကျွန်တော့် ပေးစာကို နိဂုံးချုပ် ပါတော့မယ် အဘ...... လှေတစ်စီးကို ပဲ့ကိုင်သူကလည် မခိုမကပ် ထိန်းကြောင်းပြီး လိုရာပန်းတိုင် တစ်ခုကို မရပ်မနား ရှိသမျှခွန်အားနဲ့ ရုန်းကန်နေပါတယ်အဘ။ လှေဦးကလည်း သူရှိတဲ့ ခွန်အားကို ထုတ်နှုတ်ပြီး ရေထုကို ထိုးဖောက် ပြေးလွှားနေ ပါတယ်အဘ၊ လိုချင်တဲ့ ခရီးကို အမြန်ဆုံးနဲ့ အမှန်ဆုံး ရောက်ဖို့ လှေဝမ်းနဲ့ လှေနံ ပေါက်ပြဲ ပျက်စီးမှု မရှိအောင် တော့ အချိန်မီပြုပြင် ဖာထေးရမယ်ထင် ပါတယ်၊ ဒီလိုမှ မဟုတ်ရင်၊ သဘာမရှိ၊ ၀ါမရှိတဲ့ နောက်က လိုက်လာတဲ့ လောင်းလှေငယ်လေးတွေ ကျော်တက် သွားပါ တော့မယ်လို့ တင်ပြလိုက် ၇ပါတယ် အဘ။

အဘကိုချစ်ကြောက်ရိုသေပါသော တပည့်ကျော် (ကိုဖွ)
USDP Grop Face Book မှ ကူးယူ ဖော်ပြပါသည်။

Wednesday, April 3, 2013

ကိုယ်တွေ့ကြုံရသူ ဆရာဝန် တစ်ဦး ပြောသည့် ဗလီမီးလောင်မှု ဖြစ်ရပ်မှန်


အခု dutyက အပြန် လမ်းမှာ လူတွေ ပြောနေကြတယ်။ မီးကွင်းပစ်တာတဲ့။ လှေကားမှာ ဓာတ်ဆီတွေ လောင်းထားတယ်တဲ့။ ကျွန်တော်နေတာက ပန်းဘဲတန်းဆိုတော့ ပိုဆိုးတာပေါ့။ အဆိုးဆုံးက အိမ်ရောက်လို့ facebook လည်းဖွင့် ရော international မှာပါ ကောလဟာလတွေ အပြည့်ပဲ။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ အဖြစ်မှန်ကို လူတွေသိစေချင်တယ်။ 

ကျွန်တော် မနေ့က အရေးပေါ် ERC2 dutyကျတယ်။ မနက် ၃နာရီ ခွဲလောက်မှာ ဗလီတစ်လုံး မီးရှို့ခံရလို့ ဆိုတဲ့ သတင်း စဝင် လာတယ်။ ကျွန်တော် တို့လို အစိုးရဋ္ဌာန တွေတောင် ကောလဟာလ သတင်းက စဝင် လာတာ ပြောပါတယ်။ ကျွန်တော် ကတော့ ပထမလုံးဝ မယုံဘူး။ april fool လို့ပဲ ထင်တာ။ နောက် eleven က internet သတင်း တက်လာတော့မှ အကုန်လုံး လန့်ဖြန့်ပြီး ကြိုတင် ပြင်စရာ ရှိတာ တွေပြင်ကြတယ်။ house surgeon လေးတွေကော emo , ဆရာမ တွေကော အလုပ်သမား တွေကောပေါ့။ drip line တွေ ထရော်လီတွေ mask တွေ အကုန် အစုံ အလင်နဲ့ ကိုယ်တွေ တတ်နိုင် သလောက် ပြုစု ကုသပေးဖို့ ပြင်ဆင် ထားကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းချက် မပြည့် မြောက်ခဲ့ ပါဘူး။ ရောက်လာ သမျှက injury patient တစ်ယောက်မှ မပါပဲ အကုန်လုံး dead body ချည်းဖြစ်နေ လို့ပါ။ ၄ နာရီ ၂၀မှာ body ၄ခု စရောက်တယ်။ နောက်တစ်ခေါက် က ပစ်ကပ်ကားနဲ့ ၆ခု ။ နောက်ဆုံး တစ်ခေါက်က ၃ခု စုစုပေါင်း ၁၃ ခု ရောက်ပါတယ်။ ထူးခြားတာက မီးသတ်ကားတွေ ရဲကားတွေ လူနာတင်ယာဉ်တွေ အကုန်လုံးက ဥသြသံ လုံးဝ မဆွဲပဲ စည်းကမ်း တကျ ဆောင်ရွက်နေကြ တာပါ။ သူတို့နဲ့ အတူတူ အစ္စလာမ် ဘာသာဝင်ယောက် ၄၀ လောက်လည်း ပါလာပါတယ်။ 

ကျွန်တော်လည်း ဖြစ်ကြောင်း ကုန်စင်ကို မေးတာပေါ့။ မီးသတ်က တာဝန်ရှိသူတွေကော ရဲတွေကိုကောပေါ့။ သူတို့က သေချာ ရှင်းပြကြ ပါတယ်။ ဗလီဆရာက ညအိပ်ခါ နီးတိုင်း လူစစ် ပါတယ်တဲ့။ မနေ့ညက ၇၀ ရှိပါတယ်တဲ့။ အခု ၁၃ ယောက်ဆုံးပါး သွားပြီး ၅၃ယောက်ကို ကယ်ထား နိုင်ပြီး ၄ယောက် ပျောက်နေတယ်လို့ ပြောပါတယ်။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကားနဲ့ စက်က ကပ်နေပြီး လှေကားကို မီးကူးတာပါ။ အဲဒီ လှေကားက ထပ်ခိုးကို တက်တဲ့ လှေကားဖြစ်ပြီး ထပ်ခိုးမှာ အိပ်တဲ့ ကလေး ၁၃ယောက်လုံး ပိတ်မိသွားတာပါ။ ထပ်ခိုးက လေးဘက် လေးတန် အလုံပိတ် ဖြစ်ပြီး မီးလောင်တဲ့ လှေကား တစ်ခုပဲ ထွက်ပေါက် ဖြစ်နေ တာကြောင့် ဘယ်လိုမှကယ်လို့ မရဘူးလို့ မီးသတ်ဗိုလ်ကြီးက ပြောပါတယ်။ သူတို့မှာ အထောက်အထား ဓာတ်ပုံတွေ အကုန်ရှိတယ် လို့လည်း ဆိုပါတယ်။ 

ကျွန်တော်လည်း ပါလာတဲ့ အစ္စလာမ် ဘာသာဝင် တော်တော် များများကို လိုက်မေးကြည့် ပါတယ်။ သူတို့ကလည်း ဒီအတိုင်းပဲ ပြောကြ ပါတယ်။ ဗလီကျောင်းက တာဝန်ရှိ လူကြီးတွေလည်း ပါလာပြီး သူတို့လည်း ဒီလိုပဲ ပြောကြ ပါတယ်။ ဘယ်သူမှ ရှို့မီးတို့ မီးကွင်း ပစ်တာတိုံ့ မပြောကြပါဘူး။ သူတို့ ကိုယ်တိုင်က အဲဒါမျိုး လုံးဝ မဖြစ်နိုင်ဘူး။ တံခါးက သော့ခတ် ထားတာဖြစ်ပြီး အထဲက စလောင်တာလို့ ပြောကြ ပါတယ်။ ကျန်တော်နဲ့ တူတူ dutyကျတဲ့ team leader ကော နောက် ရောက်လာတဲ့ FA ကောကလည်း အစ္စလာမ်တွေပဲ ဆိုတော့ သူတို့လည်း စိတ်မကောင်း ဖြစ်နေကြ ပါတယ်။ ကျွန်တော် ကတော့ သေချာအောင် အကုန်လုံးကို သေချာ အောင် လိုက်မေးကြည့် ထားတာပါ။ ဆေးရုံ လုံခြုံရေး အတွက် တံခါးပိတ် ထားတာကို တချို့တွေ အတင်းဖွင့်ခိုင်းလို့ ကတောက် ကစ ဖြစ်တာက လွဲလို့ ဘာမှပြသနာ ကြီးကြီး မားမား မဖြစ်ပါဘူး။ အဲဒီတော့ ဒါ ရှို့မီးမဟုတ်ဘူး ဆိုတာ နားလည်ကြမယ်ထင် ပါတယ်။ သက်သေ အနေနဲ့ င်္မီးသတ်တွေ ရဲတွေ ဆေးရုံက ဆရာဆရာမတွေ အလုပ်သမားတွေ အတူတူ ပါလာတဲ့ အစ္စလာမ် ဘာသာဝင်တွေ ဗလီက တာဝန်ရှိသူတွေရှိကြပါတယ်။

အခုတော့ဗျာ ကောလဟာလတွေက ဆိုးလွန်းအားကြီးပါတယ်။ လူတွေက ဘာတွေ ဖြစ်ချင်နေကြ တာလဲ။ လူတွေ ပါးစပ်က စည်းကမ်းမဲ့ လွန်းအားကြီး ပါတယ်။ အပြစ်မဲ့ ပြီး သေဆုံး သွားတဲ့ ကလေး ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို အသုံးချပြီး အကြမ်းဖက်မှုတွေ ဘာသာရေးသွေးကွဲမှုတွေ အုံကြွမှုတွေ ဖြစ်အောင် လုပ်နေတဲ့ ပြောနေတဲ့ ရေးနေတဲ့ လူတွေရဲ့ လုပ်ရပ်တွေကတော့ အောက်တန်းကျ လွန်းအားကြီးပါတယ်။

ကျွန်တော် ဒီလို status မျိုးရေးလေ့ ရေးထမရှိပါဘူး။ အခု ရေးရတာကလည်း ကိုယ်သိတဲ့ အမှန်တရားတစ်ခုကို ပြောရမယ့် ဝတ္တရားရှိတယ်လို့ ခံယူထားလို့ပါ။ လူတိုင်း အမှန်ကိုသိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်တော့်ရဲ့ fb account မှာ ရှိတဲ့ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေတော့ အမှန်သိသင့်တယ် ထင်လို့ပါ။ လူတိုင်း ကောလဟာလ ဘေးမှ ကင်းဝေးနိုင်ကြပါစေ။
Kaung  Myat  Min Yangon General Hospital facebook မှ ကူးယူဖော်ပြပါသည်။