ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, June 22, 2012

ရခိုင်သားများ က ဒေါ်အောင်ဆန်းစုကြည် ပြန်လာလျှင် ရန်ကုန် လေဆိပ်မှ ဆီးကြို ဆန္ဒပြမည်

ရခိုင်သားများ က ဒေါ်အောင်ဆန်းစုကြည် ပြန်လာလျှင် ရန်ကုန် လေဆိပ်မှ ဆီးကြို ဆန္ဒပြမည်

11:17 MYANMAR EXPRESS GROUP NO COMMENTS



မျိုးချစ် ရခိုင်သားများ က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားက ပြန်လာလျှင် လေဆိပ်မှ ဆီးကြို ဆန္ဒပြကြမည်ဟု သတင်းရရှိပါတယ်။... ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး ဆူပူသောင်းကြမ်းမှုတွေ စတင်ဖြစ်ပွားပြီး ရခိုင်းတိုင်းရင်းသားများ ရက်ရက်စက်စက် အသတ်ခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥပက္ခာပြုပြီး စိုးရိမ်ကြောင်း စာရွက်တစ်ရွက် ပေးကာ နိုင်ငံခြား ကို ထွက်ခွာသွားပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်မယ့် ရခိုင်သား တစ်ဦးကတော့ ၎င်းတို့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပြပါတယ်

"ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြမှာပါ.. ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ မဲရဖို့ ကို မျှော်ကိုးပြီး မြန်မာနိုင်ငံအနှံ့သွားနိုင်ပါတယ်... အခု ကျွန်တော်တို့ ရခိုင်တွေ ဒုက္ခခံစားနေရချိန်မှာကျတော့ စာရွက်တရွက် ထုတ်ပေးပြီး နိုင်ငံခြား သွားပါတယ်.. အရင်တခါ တုန်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှ မအူပင်သားများကို မေ့မထားပါနဲ့ လို့ ဆန္ဒပြသလိုပုံစံမျိုးပါပဲ... ဒုက္ခသည် ရခိုင်သားတွေကို မေ့ပြီး နိုင်ငံခြားက အမျိုးတွေဆီ သွားတာကို ဆန္ဒပြတာပါ.. ဘာမှလည်း မတောင်းဆိုပါဘူး.. ဘာမှလည်း မကန့်ကွက်ပါဘူး..." လို့ပြောပါတယ်။

ဒါပေမယ့်လည်း အခြား သူများကတော့ ရခိုင်ပြည်နယ် မငြိမ်းမချမ်းဖြစ်နေချိန်မှာ ယူတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကန့်ကွက်ကြောင်း၊ ရခိုင် ကလေးတွေ ကျောင်းမတတ်နိုင်ချိန်မှာ ယူတဲ့ ဒေါက်တာဘွဲ့ကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား လိုလို ဘာလိုလို ပြောနေတာကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာအားပေး ပြည်ပမီဒီယာတွေနဲ့ အလိုတူအလိုပါဖြစ်နေတာကို ကန့်ကွက်ကြောင်း၊ ရခိုင်သားတို့ ငိုကျွေးချိန်မှာ ဘက်ဒေးသီချင်းဆိုနေတာတွေကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ရန်ကုန်၊ လန်ဒန်၊ ကိုရီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ ရခိုင်တိုင်းရင်းသားများက ဦးဆောင်ပြီး ရိုဟင်ဂျာကိစ္စကို အကြောင်းပြုက ဘီဘီစီနဲ့ ပြည်ပအခြေစိုက် မီဒီယာများဖြစ်ကြတဲ့ VOA, RFA, DVB, ဧရာဝတီ သတင်းဌာန တို့ကို ဆန္ဒပြခဲ့ကြပါတယ်။

Thursday, June 14, 2012

ရိုဟင်ဂျာ(ဘင်္ဂါလီ) သည် မြန်မာတိုင်းရင်းသား မဟုတ် ARE NOT MYANMAR NATIONAL


Rohimjas (Bingali) ARE NOT MYANMAR NATIONAL

ဖတ်လိုက်ရတဲ့. ကွန်းမန့်လေး တစ်ခုပါ .... နိုင်ငံကိုချစ်တဲ့ အမျိုးဘာသာမရွေး မြန်မာနိုင်ငံသား အားလုံး တစ်နိုင်တစ်ပိုင် လုပ်နိုင်ကြမယ့် ကိစ္စလေးပါ ... မျှဝေလိုက်ပါတယ်....

Zawtika 2012-06-1406:06

ကိုယ့် ထမင်း ကိုယ်ရှာ စားပီး ဆူဆူ ပူပူ မလုပ်ကြ ပါနဲ့။ ဆူရန် ပူရန် အကြောင်း မရှိ။ လမ်းပေါ်တက်ပီး အစိုးရကို အလုပ်ရှုပ်အောင် မလုပ်ပါနဲ့။ ရိုဟင်ဂျာ(ဘင်္ဂါလီ) သည် မြန်မာတိုင်းရင်းသား မဟုတ် - Rohimjas (Bingali) ARE NOT MYANMAR NATIONAL- ဆိုတဲ့ စာကလေးသာ  အိမ်တိုင်း အိမ်တိုင်း၊ လမ်းတိုင်း လမ်းတိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း မြို့နယ်တိုင်း  ပြည်နယ်တိုင်း ပြည်နယ်တိုင်း၊ ရေးပီး အိမ်ရှေ့ ၀င်းစီးရိုးမှာ ချိတ်ထားကြ။ ဗမာတိုင်း ဗမာတိုင်း၊ မြန်မာတိုင်း မြန်မာတိုင်း  အဲဒီလောက်တော့ ကိုယ့် ကိုယ် ကို ချစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကားတွေမှာလဲ ဒီ Sticker လေးတွေ ကပ်ပီး အမျိုးသား စည်းလုံးမှုကို ဖေါ်ထုတ်ပါ။ဒီ Issue နဲ့ ပါတ်သက်ပီး အစိုးရကို ကျောထောက်နောက်ခံ ပေးကြပါ။ ဒီအချိန်မှာမှ စည်းလုံးမှုကို မဖေါ်ထုတ် မပြသဘူး ဆိုရင် ဗမာတိုင်း ဗမာတိုင်း မြန်မာတိုင်း မြန်မာတိုင်း ရှေ့ရှောက် နိုင်ငံတကာ အသိုင်းအ၀ိုင်း မှာ လူမလေးခွေးမခန့် ဖြစ်လိမ့်မယ်။

ရိုဟင်ဂျာခေါင်းဆောင်မှ ဒေါ်အောင်ဆန်းစုကြည်ထံ အကူအညီ တောင်းခံ





ရိုဟင်ဂျာ ခေါင်းဆောင် မိုဟာမက်အစ်စ်လမ်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ ရိုဟင်ဂျာများ အတွက် အခုချိန်ထိ ဘာမှလုပ်မပေးသေးပဲ အချိန်ကြာနေကြောင်း၊ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ပွဲများတွင် ၁၉၉၀ခုနှစ်ကတည်းက ထောက်ခံ အားပေး ခဲ့ရကြောင်း ပြောကြားသွား ပါတယ်။ သူတို့ရိုဟင်ဂျာများ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဆက်လက်ရပ်တည်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီ အများကြီး လိုအပ်တယ်လို့ ဖြည့်စွက်ပြောကြား သွားပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေး ဆိုခွင့်ရသူ တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးမသွားခင် ရခိုင်များနှင့် ရိုဟင်ဂျာများကို ညီတူမျှတူ အကူအညီပေးရန် မှာကြား သွားကြောင်း သိရပါတယ်။

Source: Bloomberg

မျက်နှာင်ပြောင်တိုက် လိုက်ပါအုံးဗျာ

ဘယ်လိုကြည့်ကြည့် ရိုးသားတဲ့ အရိပ်အယောင်ကို မျက်လုံးထဲမှာ တွေ့ကို မတွေ့ရဘူး … ခင်ဗျားကြီး 
အလှမပျက်ဖို့က ပိုအရေးကြီးပါတယ် ….. တိုင်းပြည်ပျက်တာ ၊ ရခိုင်လူမျိုးတွေ ဘ၀ပျက်တာက ဘာမှ 
မဖြစ်ပါဘူး… ဟုတ်တယ်မဟုတ်လား .. ခင်ဗျားကြီးက … သြကာသ ကန်တော့ချိုးတောင် ဖြောင့်ဖြောင့် 
မရတဲ့ ခေါင်းဆောင်… ဒါနဲ့များ တိုင်းပြည်ကို ချစ်ယောင်ဆောင်နေ သေးတယ် … ခင်ဗျားကြီး 
ကမ္ဘာ တစ်ပတ် ပတ်ပြီး မျက်နှာင်ပြောင်တိုက် လိုက်ပါအုံးဗျာ ….
အောင်ပိုင်  http://koaungpaing.com/



လေယာဉ်ကြီး စီးလို့ .. အနောက်ဖက်ကို .. ခရီးနှင်တဲ့ 

“ဒုတိယဘုရားသခင် ငါဒို့ အမေ” .. 

ရခိုင်ပြည်ကြီးပေါ်များ .. ဖြတ်ပျံခဲ့ရင် .. 

မီးခိုးတွေ အူနေတာကိုတော့ .. မြင်ရကောင်းပါရဲ့ .. :'(

(copied)


Monday, June 11, 2012

အမေနုတ်ဆိတ်နေမှတော့ ရခိုင်တွေ မျိုးပြုတ်ပီပေါ့

လေးစားအားကိုးပါတယ်အမေ။

ဒေါ်စုဆိုတာ အားကိုးလောက်တဲ့ ၊ တရားဥပဒေကိုမြတ်နိုးတဲ့၊ မျှတမှုကို တန်ဖိုးထားတဲ့ လူသားချင်း စာနာတတ်တဲ့ - စသော လူ့အရင်းမြစ်တွေကို အလေးနက် ထားတတ်တဲ့ သူတယောက်အဖြစ် မြန်မာတွေ လေးစားကြည်ညိုသလို ကမ္ဘာကတောင် ယုံကြည်ပြီး ဘွဲ့တွေ ချီးမြှင့်ထားတဲ့ ထက်မြက်တဲ့ အမေစုပါ။ တောင်ကုတ် အရေးကို ကုလားတွေ ကျေနပ်အောင် ကုလားတွေကို သားတို့ရေလို.ခေါ်ပြီး ကြင်နာစွာ ပြောပေးခဲ့တယ်.အမေ၊ လူနည်းစုတွေကို လူများစုတွေက အလျှော့ပေးညှာတာရမယ် တဲ့။ ကုလားတွေရဲ့ ရင်ဘတ်ကို ယုယစွာ ငြိမ်းချမ်းပါစေ ဆုတောင်းရင် လက်ကလေးနဲ့ ပုတ်ပြီးပြောခဲ့တာပါ အမေရေ။
ဟုတ်ပါတယ် ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ တရားမ၀င်တဲ့ လူနည်းစုပါ။ ဒါဗေမဲ့ အမေနုတ်ဖျားက တရားမ၀င်တဲ့ လူမျိုးစုလို.ပြောမထွက်ပဲ၊ လူနည်းစုကို သနားရမည်ဆိုတော့လဲ အမေစု စကားမို့ နာခံလျှက်ပါ အမေ။ အမေ့စကားကိုမြေ၀ယ်မကျနားခံခဲ.လို.၊သား တို.ညီပွားရခိုင်တွေလဲ အပြစ်မဲ့စွာ လူမျိုးဘာသာအတွက်အသက်ပေးခဲ့ရပြီအမေ။
အမေ၊ အမေ့အဖေ ဗိုလ်အောင်ဆန်းနဲ့ လက်တန်းပြီးတိုက်ပွဲဝင်ခဲ့တဲ့ထဲ ရခိုင်သားတွေ ပါပါတယ်နော်၊ ရိုဟင်ဂျာတွေမပါဘူးနော်အမေ။ လွတ်လပ်ရေးအတွက် အမေ့အဖေနဲ့ အတူဆွေးနွေးခဲ့တာ ရခိုင်သားဦးဥတ္တမလေ အမေ။ အမေ့ အဖေကို လွတ်လပ်ရေး စိတ်နှိုးဆွပေးခဲ့တာ ရခိုင်သားလေ အမေ။ အမေရေ ဒီမြေကိုရောက်၊ ဒီရေကိုသောက်ပြီး၊ ဒီက သွေးချင်းတွေကို စီမံကိန်းချ သတ်ဖြတ်ခဲ့တာ ရိုဟင်ဂျာတွေလေအမေ။
အမေသိမှာပါ ၁၉၄၂ ခုနှစ်က မောင်တောနယ်မှာ အမေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာ သွေးချင်း ရခိုင်တွေကို သတ်ဖြတ်ပြီး ရွာပေါင်း ၂၀၀ ကျော်ကို ကုလားရွာလုပ်ခဲ့တာ ခု အမေငြိမ်းချမ်းမှုပြောနေတဲ့၊ လူနည်းစုကို သနားကြပါဆိုတဲ့ ရိုဟင်ဂျာ တွေပါအမေ။ လူနည်းစုကို ညာတာပါဆိုတဲ့ အမေ့စကားကြားပြီးတော့ အခွင့်ကောင်းယူပြီး၊ သား တို.ညီပွားရခိုင် သားရွာတွေက မီးရှို.ကုန်ပြီ အမေရဲ.။ အမေနုတ်ဆိတ်မနေဘဲတခုခုပြောပေးပါလား၊ ဒီအတိုင်းဆို သား တို.ညီပွားရခိုင် သားတွေမျိုးပြုတ်ကုန်လိမ်.မယ်။
ရခိုင်သားလေး

ဘူးသီးတောင် ကန်တော်ကြီး ရေကန်အား ဘင်္ဂါလီလူမျိုးက အဆိပ်ခတ်

ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့သည်။ ဇွန်လ ၁၀ ရက်နေ့ည ၂၂၃၅ နာရီချိန်တွင် ရေကန်အတွင်းသို့ လူဆင်းလာသည့်အသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့မှ ဓါတ်မီးဖြင့် ထိုးကြည့် ရာ လူ(၂)ဦး ရောက်ရှိနေသည်ကို တွေ့ရှိရသည်။

ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ၄င်းလူ(၂) ဦးမှ လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီလူမျိုး (၁)ဦး သေနတ်မှန်ပြီး (၁)ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သေနတ်ထိမှန်၍ ကျန်ရစ်ခဲ့သည့် ဘင်္ဂါလီလူမျိုးမှာ ဘူးသီး တောင်မြို့မှ (၃)မိုင်ခန့်အကွာ ကျောက္ကရွာမှ ဖြစ်ကြောင်း သိရှိရသည်။ ၄င်းထံတွင် ဓါး(၁) လက်၊ လေးခွနှင့် လောက်စာလုံးများ တွေ့ရှိရသည်။ ၄င်းတို့လုပ်ဆောင်သည့် အခြေအနေ အား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။
 

လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး

 "မောင်တောအရေးမှာ နှာစီးချောင်းဆိုးနေတဲ့ မီဒီယာတွေ၊ အစိုးရလုပ်သမျှ ဘုဂလန့်ခံရမယ်လို့ 
ယူဆထားတဲ့ မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ အစိုးရ မှားတုန်းက မှားတယ် ပြောရဲခဲ့ကြသလို မှန်တာကိုလည်း မှန်တယ်လို့ ရဲရဲကြီး ထောက်ခံဖို့လိုပါတယ်။ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင်တွေအပေါ် 
အမြဲကျူးကျော် ထိပါးနေတဲ့ တမီးလ်တွေကို အစိုးရက အမြစ်ပြတ် ရှင်းလင်းစဉ်တုန်းက သီရိလင်္ကာ မီဒီယာတွေရဲ့ အသံဟာ တစ်ညီတည်း ထွက်ခဲ့ကြပါတယ်။ အဲဒီကိစ္စကြောင့် အင်အားကြီး နိုင်ငံတစ်ချို့က သီရိလင်္ကာအစိုးရကို ပြစ်တင်ရှုတ်ချတာမျိုးတွေ၊ ပိတ်ဆို့အရေးယူတာမျိုးတွေ လုပ်လာတဲ့အခါ 
သီရိလင်္ကာ တစ်နိုင်ငံလုံး၊ ပါတီအစုံ၊ မီဒီယာအစုံ၊ ကိုယ့်အစိုးရဘက်က ရပ်တည်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းက အတိုက်အခံပါတီတွေ၊ မီဒီယာတွေ အများကြီး စဉ်းစားသင့်ကြပါပြီ။ လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး ထင်ပါတယ်။"
 
မြန်မာပြည်ကို ချစ်မြတ်နိုးသူ ဆရာတော်အရှင်သူမြတ်တစ်ပါး

အရည်အချင်း မရှိသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အား ရှုတ်ချသင့်


အရည်အချင်း မရှိသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အား ရှုတ်ချသင့်

 

From မင်းခေါင်

နိုင်ငံတော်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေချိန်တွင် မေလ ၂၈ ရက်နေ့၌ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ မုဒိန်းကျင့်၊ လူသတ်၊ ပစ္စည်းအလုခံရာမှ... စတင်ပြီး ဘင်္ဂလာလီကုလားများနှင့် ဒေသခံရခိုင်များအကြား ပြဿနာ စတင်ဖြစ်ပွားခဲ့ပါသည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံရခိုင်လူမျိုးများမှ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် မွတ်ဆလင်ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်ခဲ့ပါတယ်။ တောင်ကုတ်မှာ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့အတွက် ဇွန်လ ၅ ရက်နေ့တွင် ဆူးလေဗလီမှ အစ္စလမ်ဘာသာဝင်တွေက တရားမျှတစွာအရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပါသည်။

၎င်းအဖြစ်အပျက်များဖြစ်ပွားပြီးနောက် ဇွန်လ ၈ ရက်နေ့တွင် မောင်းတောမြို့မှ ဘင်္ဂလီကုလားများသည် ဗလီတက်ချိန်တွင်လူစုပြီး ဗလီမှဆင်းသောအခါ လူအုပ်ဖြင့် မောင်းတောမြို့မှ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မောင်းတောမြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာများကိုလည်း လိုက်လံမီးရှို့ဖျက်ဆီးခဲ့ပါသည်။ ဘင်္ဂလီကုလားများသည် ရခိုင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မွတ်စလင်ကုလားမှ လွဲပြီး ကျန်လူမျိုးအားလုံးအား သတ်ဖြတ်ခဲ့ပါသည်။

ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ခုလိုအကြမ်းဖက်မှုများ ဖြစ်ပွားရခြင်းမှာ အစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဒေါက်တာအေးမောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တွေရဲစခန်းအား ရခိုင်ပြည်သူများမှ ဆန္ဒပြခဲ့ရာမှာ ၀င်ဖြန်ဖြေမှုပြုလုပ်ခဲ့သော်လည်း လူထုကလက်မခံပဲခဲနဲ့ပေါက်ခဲ့သဖြင့် ရဲစခန်းစားပွဲခုံအောက်တွင် ၀င်ပုန်းနေရ ကြောင်း မျက်မြင်များကပြောကြားခဲ့ပါသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ၀န်ထမ်းအဖွဲ့များ ချုံ့ခြင်း၊ ချဲ့ခြင်း၊အသစ်ဖွဲ့ခြင်းများအား စနစ်တကျပြုရေး အဆိုကိုတင်သွင်းခဲ့ပါသည်။ ၎င်းအဆိုတွင် မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီလမ်းစဉ်အား ဦးတည်လျှောက်လှမ်းနေသဖြင့် ရဲတပ်ရင်းများအား လျော့ချပေးစေလိုကြောင်းတင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက် အား မကွေးတိုင်းမဲဆန္ဒနယ်မှ ဦးလှဆွေမှ ဘူးသီးတောင်-မောင်းတောဒေသသည် ဘင်္ဂလီလူမျိုးများ ၀င်ရောက် ကျူးကျော်နေသဖြင့် တားဆီးရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ရဲတပ်ရင်းများ တိုးချဲ့ထားရှိကာ တားမြစ်ရမှာ ဖြစ်ကြောင်း၊ ကျူးကျော်မှုများအား မတားဆီးနိုင်ပါက ရခိုင်ပြည်နယ်သည် ကုလားပြည်နယ်ဖြစ်သွားမှာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါသည်။ အဆိုပါဒေါက်တာအေးမောင်၏ တင်ပြချက်အား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိခဲ့ပါသည်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် အဆင့်လိုက် ဖြေရှင်း ဆောင်ရွက်ရပါသည်။ မြို့ပြအုပ်ချုပ်ရေးတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ရဲတပ်ဖွဲ့မှ ကာကွယ် စောင့်ရှောက်ပေးရပြီး ရဲများမှ မထိန်းသိမ်းနိုင်မှသာ မြို့ပြအုပ်ချုပ်ရေးမှ တဆင့် စစ်တပ်အား အကူအညီ တောင်းဆိုမှသာ မလွဲမရှောင်သာ ၀င်ရောက်ထိန်းသိမ်းပေးရခြင်းဖြစ်သည်။ စစ်တပ်၏ သဘောသဘာဝအရ မြို့ပြ အုပ်ချုပ်ရေးနှင့် ကင်းကင်းရှင်းရှင်းနေရပါသည်။ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ၊ အစိုးရနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

ဒေါက်တာအေးမောင်မှ ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းမှာ အစိုးရကြောင့်သာ ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲပြောဆိုနေသည်ကို တွေ့ရပါသည်။ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခန့်က Eleven Media Group နှင့်တွေ့ဆုံစဉ် ဒေါက်တာအေးမောင်မှ နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲအပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေလက်ထဲ အပ်ဖို့လိုတယ် စသည်ဖြင့် ပြည်ထောင်စုပြိုကွဲစေရန်အတွက် ရည်ရွယ်သော စကားများကို ပြောဆိုပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ပါသည်။ ၎င်းစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ မှ ပြည်ထောင်စုမပြိုကွဲရေး အတွက် နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့်နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်နဲ့ ကိုက်ညီမှုမရှိပဲ တရားလက်လွတ်ပြောဆိုနေခြင်းဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာအေးမောင်မှ မိမိရပ်ကွက်၊ ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုတယ် ဟုပြောကြားခဲ့ပါသည်။ ၎င်းပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ပုဒ်မ ၃၃၈ တွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။ နိုင်ငံအ၀န်း နယ်စပ်ဒေသအပါအ၀င် လိုအပ်သောနေရာဒေသများတွင် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များကိုလည်း ဥပဒေနဲ့ အညီဖွဲ့စည်းပေးပြီး နယ်မြေဒေသလုံခြုံရေးကို ဆောင်ရွက်ပေးလျှက်ရှိသည် ဟုပြဋ္ဌာန်းထားပါသည်။ ဒေါက်တာအေးမောင် ပြောဆိုခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆိုသောအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါဝင်သော တပ်မတော်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီး ပြောဆိုခြင်းသာဖြစ်သည်။

ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ ဖွဲ့စည်းပုံအခြေခံဥပေဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည့်အလျောက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် များကို ဆန့်ကျင်ပြီး ပြည်ထောင် စုပြိုကွဲအောင်၊ ပြည်ထောင်စုကြီး အတွင်းမှ ပြည်နယ်များခွဲ ထွက်အောင် လှုံ့ဆော် ဆောင်ရွက်နေသူများကို ရှုတ်ချရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

Myanmar Express