ရိုဟင်ဂျာ
စာအုပ်ကြီး Facebook
လူဦးရေ ၂သန်းနီးပါမျှရှိနေပြီ ဆိုသော်လည်၊ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများသည် မြန်မာနိုင်ငံတွင်ရှိသော ပင်မမူဆလင်အစုအဖွဲ့ ၄ ခုအနက် လူမှုရေးနှင့် စီးပွားရေးတိုးတက်မှု အနည်းဆုံးဖြစ်သည်။ ဌာနေသို့ ပြန်လည်ပို့ဆောင်ခြင်းကိုလည်း အများဆုံးခံစားရသူများဖြစ်သည်။ အများစုသောဒေသခံလူမျိုး (ရခိုင်) ဗုဒ္ဓဘာသာဝင်များသည် ဒေသအတွင်းတွင် မူဆလင်အင်အားစုကြီးထွားလာခြင်းကို နိုင်ငံရေး၊ အမျိုးသားရေးနှင့် လုံခြုံရေးအရ ခြိမ်းခြောက်မှုတစ်ရပ်အနေနှင့် မသိမြင်ကြပေ။ ထို့အတူ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ ပြဿနာများကိုလည်း ကြိုတင်သိမြင်နိုင်မှုမရှိကြပေ။ ကောက်ချက်အနေဖြင့် ယခင်အစိုးရများအဆက်ဆက်က နိုင်ငံအုပ်ချုပ်ရေးအင်အားစုများဖြစ်သည့် ရဲတပ်ဖွဲ့နှင့် အခြားအဖွဲ့အစည်းများမှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို အစီအစဉ်တကျ စစ်ဆင်ရေးများပြုလုပ်ရာတွင် ရခိုင်လူမျိုးအများစုသည် အချိန်အခါ ဒေသအလိုက် ပူပေါင်းပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရသည်။
မြန်မာအစိုးရသည် ၁၉၄၇ ခုနှစ်မှစ၍ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို ၁၃ကြိမ်တိုင်အောင် စစ်ဆင်ရေးများ အစဉ်တဆက် ပြုလုပ်ခဲ့သည်။ လုံခြုံရေးအဖွဲ့များသည် ရိုဟင်ဂျာအမည်ခံဘင်ဂါလ်ီများကို ကြမ်းတမ်းစွာဆက်ဆံ၍ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများအား နေရပ်သို့ပြန်လည်ပို့ဆောင်ခြင်း၊ သင်တန်းကျောင်း များနှင့် ၀တ်ပြုဆောင်မျာကို ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့သည်။ အင်အား ၁၅၀၀၀ (တစ်သောင်းခွဲ) ခန့်ရှိသော ရိုဟင်ဂျာအမည်ခံဘင်ဂါလီများသည် ၁၉၇၅ ခုနှစ်တွင် စစ်ဆင်ရေးများမှ လွတ်မြောက်ရန် အမိမြေဘင်းဂလားဒေ့ရှ်နိုင်ငံထဲသို့ ပြန်လည်ပုန်းခိုကြသည်။ ၁၉၇၈ ခုနှစ်တွင် အထူးစစ်ဆင်ရေးများဖြင့် ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၂၀၀၀၀၀ (၂သိန်း) ခန့်ကို ၎င်းတို့၏အမိမြေ ဘင်းဂလားဒေ့ရှ်နိုင်ငံထဲသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။ စစ်ဆင်ရေးများတွင် ရွာများကို ပြောင်းရွေ့နေရာချခြင်း၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ၊ ဖျက်သိမ်းပြီးရွာများ နှင့် ၀တ်ကျောင်းများကို လုံခြုံရေးအရ တရားမ၀င်ခိုလှုံနေထိုင်သူများ ကင်းရှင်းရန် မီးရှို့ဖျက်ဆီးခြင်း စသည်တို့ပါဝင်သည်။ အချို့နေရာများတွင် စစ်တပ်က မုဒိမ်းမှုနှင့် အကြမ်းဖက်မှုများရှိခဲ့ရာ နောက်ပိုင်းတွင် အဆိုပါစစ်ဆင်ရေးများကို "ဘင်ဂါလီအကြမ်းဖက်နှိမ်နှင်းရေး" ဟူသာလူသိများသည်။ ဘင်းဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား (Cox's Bazar) အရှေ့ဘက်ပိုင်းရှိဒုက္ခသည်စခန်းအပါအ၀င် မြန်မာ-ဘင်းဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် တွင်ရှိသောဒုက္ခသည်စခန်းများတွင် လူပေါင်းများစွာ အငတ်ဘေးကြောင့်သေဆုံးကြရသည်။ ထိုကိစ္စအတွက် ဘင်းဂလားဒေ့ရှ်အစိုးရသည် မိမိနိုင်ငံသားဒုက္ခသည်များကို မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်လည်စေလွှတ်ခြင်းနှင့် ဒုက္ခသည်များကို ရိက္ခာလုံလောက်စွာ စီစဉ်ပေးနိုင်မှုမရှိခြင်းတို့အတွက် အပြစ်တင်ခံခဲ့ရသည်။ ထိုအခြေအနေတွင် မြန်မာအစိုးရသည်လည်း နိုင်ငံတကာဖိအားပေးမှုကို ခံစားရသည်။ (မှတ်ချက်။ မြန်မာနိုင်ငံ ၁၉၇၅ ခုနှစ် ပြည်တွင်းရေးအခြေအနေများကိုပါ ယှဉ်တွဲလေ့လာစေလိုပါသည်။) အပြည်ပြည်ဆိုင်ရာဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (United Nations High Commissioner for Refugees (UNHCR)) နှင့် ဆွေးနွေးမှုများအရ နောက်ပိုင်းတွင် မြန်မာအစိုးရသည် ဘင်းဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်ဟု သတ်မှတ်ထားသော ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီများအား မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ရန်ပြန်လည်လက်ခံခဲ့ရသည်။ ၀င်ရောက်လာသူအများစုသည် ရခိုင်ပြည်နယ်အတွင်းတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ၁၉၈၉ခုနှစ် ၊ ၁၉၉၁-၉၂ခုနှစ် နှင့် ၂၀၀၂ခုနှစ်များတွင် မြန်မာအစိုးရသည် ရေလမ်းနှင့်ကုန်းလမ်းများမှ တရားမ၀င် နိုင်ငံတွင်းဝင်ရောက်အခြေချနေထိုင်မှု များကြောင့် စစ်ဆင်ရေးများထပ်မံပြုလုပ်ခဲ့သည်။ စစ်ဆင်ရေးများနှင့်အတူ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု တိုင်ကြားခြင်းများလည်း ပိုမိုများပြားစွာ တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့သည်။
၁၉၉၁ ခုနှစ်စစ်ဆင်ရေးအပြီးတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီ စုစုပေါင်း ၂၅၀၀၀၀ (၂သိန်းခွဲ) ခန့်ကို ပြန်လည်ပို့ဆောင်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်နေထိုင်ခြင်းမှကာကွယ်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေးကြောင့် မြန်မာအစိုးရကို အာဆီယံနိုင်ငံများအဖွဲ့မှ မူဆလင်နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းမူဆလင်နိုင်ငံများ ၊ မကာအခြေစိုက် မူဆလင်အဖွဲ့အစည်း (Rabita-al-Alam-I-Islami (Muslim World League)) တို့၏ ဘာသာရေးဆိုင်ရာ ဖိအားပေးမှုများလည်း ရှိခဲ့သည်။ အကျိုးသက်ရောက်မှုတစ်ခုအနေနှင့် မြန်မာအစိုးရသည် ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို ပြန်လည်လက်ခံရပြန်သည်။ ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီစုစုပေါင်း ၂၃၀၀၀၀ ခန့်ကို နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးခဲ့ရသည်။ သို့ရာတွင် ဘင်းဂလားဒေ့ရှ်အစိုးရက ကောက်စ်ဘဇား (Cox's Bazar) တောင်ဘက်ပိုင်းရှိဒုက္ခသည်စခန်း ၂ခုတွင် ရှိနေသော ရိုဟင်ဂျာအမည်ခံဘင်ဂါလီဒုက္ခသည် ၂၁၀၀၀ အပါအ၀င် အပြည်ပြည်ဆိုင်ရာမှ လှူဒါန်းမှုများကို မှီခိုနေရသည့် ရိက္ခာလုံလောက်စွာ ထောက်ပံ့မှုမရသော နေရာအနှံ့ပြန့်ကျဲနေသည့်သူများကိုလည်း မြန်မာနိုင်ငံမှ တာဝန်ယူရန်စွပ်စွဲခဲ့သည်။ ဘင်းဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ အာဏာပိုင်များသည် ဒုက္ခသည်အမည်ခံများကို ညှင်းပန်းနှိပ်စက်မှု နှင့် အကျင့်ပျက်ခြစားမှုများရှိသည်ဟုသိရသည်။
မြန်မာအစိုးရ၏ စစ်ဆေးလက်ခံမှု အရ နေထိုင်ခွင့်ရသော ရိုဟင်ဂျာအမည်ခံဘင်ဂါလီ များသည် အခြားပြဿနာများကို ရင်ဆိုင်ရနိုင်သေးသည်။ ဥပဒေကြောင်းအရခိုင်လုံသည့် စာရွက်စာတမ်း ပိုင်ဆိုင်မှုမရှိသူသည် အခြေတကျနေထိုင်ရန်မသေချာမှုများကို တွေ့ကြုံကြရသည်။ ၎င်းတို့သည် ခိုးဝှက်မှု ၊ အခြားရာဇ၀တ်မှုများကို ကျူးလွန်ခြင်းယံသယဖြင့်လည်း ရဲတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခြင်းခံကြရသည်။ ယခင်က၀င်ရောက်နေထိုင်ခဲ့သော နေရာများကိုလည်း အစိုးရမှ မြန်မာလူမျိုးများအား ပြန်လည်၍နေရာချပေးပြီးဖြစ်သည်။ ဘာသာရေးစာသင်ကျောင်းများနှင့် ၀တ်ကျောင်းဆောက်လုပ်ခြင်းများကိုလည်း ခွင့်မပြုပေ။ မြန်မာအစိုးရမှလည်း ရခိုင်ပြည်နယ်အတွင်းနှင့် ဘင်းဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးကို ပို၍တင်းကျပ်လိုက်သည်။ ယခင်ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်များအပြင် ရှေ့တန်းတပ်ဖွဲ့ကိုပါတာဝန်ပေး၍ မြန်မာနိုင်ငံအတွင်းသို့ ဘင်းဂလားဒေ့ရှ်မှ တရားမ၀င်နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုများကို ပိုမိုတားဆီးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း၏ မြန်မာနိုင်ငံဘက်အခြမ်းတွင် မြေမြှုပ်မိုင်းကွင်းများကိုလည်း တားဆီးမှုတစ်ရပ်အဖြစ် ပြုလုပ်ခဲ့သည်။
အစိုးရသည် ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို နိုင်ငံသားအဖြစ်လက်ခံရေးကို နှောင့်နှေးနေဆဲဖြစ်သည်။ စိစစ်ရေးကဒ်ထုတ်ပေးခြင်းနှင့် ရုံးကိစ္စများတွင် ကြန်ကြာမှုများသည် အုပ်ချုပ်သူများကို မုန်းတီးရေးအသွင်ဆောင်လာသည်။ ထိုမှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများသည် ရခိုင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင် အကြမ်းဖက်မှုများ ပြုလုပ်လာကြသည်။

No comments:
Post a Comment