ကျောက်ပန်းတောင်း NLD ငွေအလွဲ သုံးစားသူများကို စုံစမ်း စစ်ဆေး ဖယ်ရှားပေးရန် စာများ ဖြန့်ဝေ
ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ
ထွန်းရွှေ ဦးဆောင်သော လူငယ် ၁၀ ဦးသည် မြို့ပေါ်ရှိ လူစည် ကားသော လက်ဖက်ရည်
ဆိုင် များတွင် ပါတီ စည်းကမ်း ဖောက်ဖျက်
သူများ နှင့် ငွေ အလွဲ သုံးစား လုပ်သူ များကို စုံစမ်း စစ်ဆေး ပြီး ပါတီမှ
ဖယ်ရှားရန် တောင်းဆို သည့် စာမျက်နှာ ၅ ခုပါ သော စာရွက် များကို ၃-၂-၂၀၁၃
ရက်နေ့ နံနက် ပိုင်း ၈ နာရီမှ ၁၂ နာရီ အထိ လိုက်လံ ဖြန့်ဝေ လျှက်
ရှိကြောင်း သတင်း ရရှိသည်။
၎င်းစာပါ ကိစ္စနှင့် ပတ်သက်ပြီး
ကျောက်ပန်းတောင် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးတွင်
နေ့လည် ၂ နာရီ အချိန်၌ ပါတီဝင် ၂၅ ဦးခန့်ဖြင့် အစည်း အဝေး ခေါ်ယူ ညှိနှိုင်း
ခဲ့ရာ ပြေလည်မှု မရရှိခဲ့ကြောင်း၊ ထိုသို့ ပြေလည်မှု မရရှိ ခဲ့ခြင်းကြောင့်
အစည်းအဝေး ကိုရပ်နားကာ လူစုခွဲ ခဲ့ရကြောင်း သတင်း ရရှိသည်။
စာပါ
အချက်များတွင် ယခု NLD သည် ယခင် မ.ဆ.လ အတိုင်း လုပ်နေပြီ ဟု၎င်း၊
မြို့ပေါ်တွင် နာမည် ကြီးနေ သော သတင်း တခု ကတော့ အမှုပွဲစား လုပ်၍ ထောင်ကျ
နေသူ တစ်ဦးကို နိုင်ငံရေး မှုဖြင့် ထောင်ကျ သည်ဟု ကျောက်ပန်းတောင်း NLD
ကထောက်ခံ လို့ လွတ်လာ သည်ဟု ကြားသိ ခဲ့ရကြောင်း၊ ငွေအလွဲ သုံးစား ခြင်း
နှင့် ပတ်သက်ပြီး ပါတီဝင် များဖြစ် ကြသည့် ဦးနီ၊ ဦးရဲလှ၊ ဦးသန်းဖေ၊
ဦသန်းဝင်း၊ ဒေါ်အေးမြင့်ကြည်၊ ကိုအေးနိုင်၊ ဦးရွေကို တို့အား ရံပုံငွေ
ရှာဖွေပြီး ရှင်းတမ်း မထုတ်ခဲ့၍ စစ်ဆေး အရေးယူ ပေးရန် ဟု၎င်း၊
ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူ ဥိးတိုင်အေး နျင့် ခင်မင် ရင်းနီး ခဲ့သော
ဦးရွှေကို၊ ကိုအေးခိုင်၊ ကိုဇော်ဝင်း တို့အား ရှုံ့ချပွဲ ကို
ကျောက်ပန်းတောင်း NLD ပါတီ အတွင်း ပြုလုပ်ခဲ့ကြောင်း၊ ပညာရေး ဒါန
ပြုလုပ်ရာ တွင် ကျရှင် ဆရာများမှ NLD ပါတီ ဦစီးသည် ဆိုသော စကားလုံးကို
မထည့်လိုဘဲ၊ ကျောင်းအမည်ကို ကျူရှင် ဆရာ များဦးစီးသော ပညာ ဒါန ကျောင်းဟု
အမည်ပေးရန် တောင်းဆိုမှုတွင် ကျူရှင် ဆရာများသည် NLD ပါတီ ကို ထောက်ခံ
သူများ သာ ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးတိုင်အေး
နှင့် ပတ်သက်၍ နိုင်ငံရေး အမြင် မတူသာ ရှိပြီး မည်သူ့ ကိုမျှ ဒုက္ခ
မပေးကြောင်း၊ ဦတိုင်အေးမှ ငွေပေးကာ NLD ပါတီကို ဖြိုခွဲရန်ဟု အပြင် မှာ
သတင်း လွှင့်ခဲ့ကြောင်း၊ မိမိတို့ သုံးသော ငွေကို သာရှင်းရန် နှင့်
ငွေစာရင်း ကိုတော့ မရှင်းဘဲ သူများ မဟုတ် သည်များကို သတင်း ဖြန့်နေ သည့်
ကိုယ်တိုင်က ကိုယ်ရော စိတ်ပါ အောက်တန်း ကျနေ သည့် ကျောက်ပန်းတောင်း NLD
များ သတိထား ကြရန်နှင့် မန္တလေးတိုင်း NLD စစ်ဆေးရေး တာဝန်ခံ များဖြစ်
ကြသည့် ဒေါ်ဝင်းမြမြ နှင့် ဦးမျိုးနိုင် တို့ လာရောက် စစ်ဆေးခဲ့ရာ စာရင်
ရှင်းတမ်း ထွက်ပေး ရန်သာ ပြောခဲ့ကြောင်း၊ ရှင်းတမ်းတွင် ပိုငွေ ၁၆၃၂၅၀
ဟုရေး ထားပြီး ၄င်း ပိုငွေကို ကိုအေးခိုင် ထံတွင် ရှိနေ ကြောင်း၊
ကိုအေးခိုင် ထံမှ ရငွေဟု ရှင်းတမ်းတွင် ထည့် ရေး ရမည် ဖြစ်သော်လည်း
ကိုအေးခိုင် ထံသို့ လှူငွေ ဟု ရေးသား ထားသည် မှာ ရိုးသား မှု လုံးဝ မရှိ
ဟုထင် မြင်မိကြောင်း ရေးသား ထားသည် ကို သိရှိရပါသည်။
What Is Duck Cloth?
-
Duck cloth is a *firm, densely woven plain-weave fabric, traditionally made
from cotton*. It is commonly called *cotton duck, duck canvas, or simply
duck...
1 week ago
1 comment:
အော်... ရဲထွန်း၏မှတ်တမ်း Blogger ဆရာကြီး ..
ဆရာကြီး .. ဒီသတင်းတွေ ..
သေသေချာချာသိပါရဲ့လား ...
မှန်၊ မမှန် စဉ်းစားပြီးမှ တင်တာမှ ဟုတ်ရဲ့လား ...
ပေးပို့ချက်ကို တင်ပါတယ်ဆိုရင် .. ဘယ်လိုပဲရေးပြီးပို့ပို့ .. တင်ပေးမှာလား ...
ဆရာကြီး ... ဆက်ပြောရမှာ မောလို့ .. ဘိုင်...ဘိုင် ဗျာ .. အောင်မြင် လူကြိုက်များသော ဘလော့ ဖြစ်စေချင်ပါတယ်.. ဖြစ်လည်းဖြစ်ပါစေဗျာ ...
Post a Comment