အင်တာနက်တွင် တင်ထားသည့် ၀န်ကြီးဟောင်း ဦးအောင်သောင်း သတင်းနှင့် ပတ်သက်ပြီး တောင်သာ ဒေသခံများ လက်မခံ
Sunday, January 20, 2013
ဇန်န၀ါရီလ (၁၉) ရက်နေ့တွင် အင်တာနက် သတင်းများ၌ တွေ့ရှိရသည့် မိန်းကလေး တဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း သတင်းနှင့် ပတ်သက်ပြီး တောင်သာနှင့် တောင်သာမြို့နယ် ၀ဲလောင်ရွာရှိ ဒေသခံပြည်သူများမှ လုံးဝလက်မခံကြောင်း သိရှိရသည်။ ၀ဲလောင်ကျေးရွာနေ ရပ်မိရပ်ဖ အငြိမ်းစားကျောင်းဆရာကြီး ဦလှကျော်မှ ၄င်းသတင်းနှင့် ပတ်သက်ပြီး လုံးဝမှန်ကန်မှု မရှိကြောင်း၊ ၄င်းအင်တာနက် သတင်းသည် ၀န်ကြီးဟောင်း ဦးအောင်သောင်းအား မနာလို အပုတ်ချလိုသူများမှ လုပ်ကြံဖန်တီးထားခြင်း ဖြစ်ကြောင်း၊ ၀ဲလောင်ကျေးရွာတွင် အိမ်ခြေ (၃၀၀)ခန့်ရှိပြီး အင်တာနက် သတင်းပါ မအေးမို့မို့လှိုင် ဟူသောအမည် ၀ဲလောင်ရွာတွင် မရှိကြောင်း၊ ၄င်းသတင်းနှင့် ပတ်သက်ပြီး သံသယရှိသူများ အနေဖြင့် အချိန်မရွေး လာရောက် စုံစမ်းနိုင်ကြောင်း ပြောဆိုသွားသည်။
ထို့ပြင် ၀ဲလောင်ကျေးရွာ ရွှေဥမင်ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးဓမ္မ၀ံသ မှလည်း ၄င်းသတင်း မမှန်ပါကြောင်း၊ ဦးအောင်သောင်းအား တောင်သာ တစ်မြို့နယ်လုံးမှ ချစ်ခင်ကြကြောင်း၊ ဆရာတော်မှ ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ ၀ဲလောင်ရွာသားပါ။ သူ့ကြောင့် ဒီဒေသတွေ ဘာသာ သာသနာ ထွန်းကားပြီး ကျန်းမာရေး ပညာရေး အလုံးစုံ တိုးတက်လာတာပါ တစ်နယ်လုံး သူ့ကျေးဇူး မကင်းပါဘူး၊ အခုလို မဟုတ်မမှန် အပုတ်ချတဲ့ သတင်းဟာ ဘုန်းကြီးတို့ တောင်သာဒေသခံတွေကို စော်ကားလိုက်တာပါဘဲ အချိန်မရွေး လာရှင်းလို့ရပါတယ် ဟုမိန့်ကြားသွားသည်။
ဝန်ကြီးဟောင်း ဦးအောင်သောင်းသည် တောင်သာမြို့နယ် ၀ဲလောင်ရွာသား တစ်ဦးဖြစ်ပြီး တောင်သာမြို့နယ် မှ ရွေးကောက်ခံရသည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကာ ပြည်သူ့လွတ်တော်မှ ဖွဲ့စည်းထားသည့် ငွေကြေးနှင့် ဘဏ်များဆိုင်ရာ ကော်မတီ ဥက္ကဌ တာဝန် ထမ်းဆောင်လျက်ရှိသည်။ ယခင်က ငြိမ်းချမ်ရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် ပါဝင်ခဲ့သော်လည်း ၂၀၁၂ ခုနုစ်နောင်းပိုင်းတွင် ကျန်းမားရေး အခြေနေအရ အနားယူခဲ့သည်။
ဖေသန်းဇော်(မြင်းခြံ)
TaungThar Thar Fb