ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Wednesday, January 20, 2010

NLD ပါတီ၏ အမှားတော်ပုံများ(၉)


NLD ပါတီ၏ အမှားတော်ပုံ သောင်းခြောက်ထောင်မက ရှိသည့်အနက် မဲဆန္ဒနယ်များကို ငွေကြေးဖြင့် ရောင်းစားခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။ ရှေးဖြစ် နောက်ကြောင်း မသိသူများအနေဖြင့် ပိုမိုတိကျခိုင်လုံစွာ သိရှိနိုင်ရေးအတွက် အကိုးအကား များဖြင့် ဖော်ပြလိုက် ပါသည်။

၁၉၉၆ ခုနှစ်က သတင်းစာများတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင်” ဗျတ္ထိ “ ၏ ”သာဓု၊ သာဓု၊ သာဓုပါခင်ဗျ ” ဆောင်းပါးတွင် ”ကျွန်တော်တို့ပါတီ NLD ထောင်စ ၁၉၉၈ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်သည်။ အမျိုးသားငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပါတီတွင် ဥက္ကဌလုပ်ခဲ့သော ဦးဒါဝတ်ဂျမား ဆိုသူသည် ကျွန်တော်တို့ ပါတီအတွင်းရေးမှူးမှ တစ်ဆင့် သိန်းချီသော ငွေများကို ပါတီသို့ လှူဒါန်းခဲ့ဖူးပေသည်။ အလှူငွေကို ညှိနှိုင်းချက်အရ ကျိုက်မရော၊ ကန့်ဘလူ၊ တန့်ယန်းနှင့် ပြင်ဦးလွင် မြို့နယ်များတွင် ကျွန်တော်တို့ ပါတီ လက်မှတ်ဖြင့် အမတ်လေးဦးမှာ ဦးဒါဝတ်ဂျမား တို့ဘက်က ၀င်ရောက်ယှဉ်ပြိုင် အရွေးခံ ခဲ့သည့် အနေအထားတော့ ရှိခဲ့ပေသည် ”ဟူ၍ အတိအကျ ရေးသားထား ပါသည်။

ထို့အတူ ကလောင်ရှင် ”အနော်ရထာ ” ရေးသားသည့် ”နိုင်ငံတော်ရှေ့ခရီး ” စာအုပ် စာမျက်နှာ (၈၈) တွင် အမတ်နေရာများ ၀ယ်ယူခြင်းနှင့်စပ်လျဉ်းပြီး ဤသို့ ဖော်ပြထား ပြန်ပါသည်။

”ဤနေရာတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ကိုယ်စားလှယ်များ၏ အခြေအနေကို ပြန်ကြည့်ဖို့ လိုသည်။ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း နေထိုင်သော သူဋ္ဌေးကြီး တစ်ဦးသည် ပါတီကြီး သုံးခုကို ရန်ပုံငွေ အများအပြား ထည့်ဝင်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများ ၀ယ်ယူခြင်း ရှိခဲ့သည်။ ထိုသူဋ္ဌေးကြီးသည် ဘာသာရေး အယူသည်းသူ ဖြစ်ပြီး ဘူးသီးတောင် မောင်းတော၊ ရသေ့တောင်ဒေသ တွေကို ဘာသာရေး နယ်မြေအဖြစ် ခွဲထွက်ရန် ရည်ရွယ်ချက် ရှိနေသည်။ သူထိုးထည့်လိုက်သော အမတ်ဟောင်း အချို့သည် ပါတီ မျက်နှာဖုံးစွပ်ကာ အနိုင်ရရှိခဲ့ကြရာ ဤနည်းအတိုင်း သွားပါက ရခိုင်ပြည်နယ် မြောက်ပိုင်းသည် ခွဲထွက်တော့မည့် အခြေအနေသို့ ဖြစ်လာသည်။ ဤကား ဖြစ်စဉ် တစ်ခုပင်ဖြစ်သည်။”

ယင်းသို့ ရွေးကောက်ပွဲတွင် မလိမ့်တပတ် ပြုလုပ်ခဲ့သော NLD သည် မျောက်ပြ ဆန်တောင်းမှုကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေအရ ဒေါ်စုကြည်အနေဖြင့် ၀င်ရောက်အရွေးခံ ပိုင်ခွင့်မရှိပေ။ သို့ရာတွင် NLD က သွေးတိုးစမ်း လှုပ်ရှားမှုအဖြစ် ၂၂.၁၂.၁၉၈၉ ရက်နေ့တွင် ဒေါ်စုကြည် အမည် စာရင်းကို ဗဟန်း(၁) မဲဆန္ဒနယ်၌ တင်သွင်းခဲ့သည်။ NLD အတွင်း၌ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဥပဒေ ပညာရှင်များက ရွေးကောက်ပွဲများက တစ်ဖက်၊ ဆိုရှယ်လစ်ဟောင်းကြီးများက တစ်ဖက် အငြင်းပွား ခဲ့ကြသည်။ ဥပဒေပညာရှင်များက ရွေးကောက်ပွဲ ဥပဒေအရ ရှင်းပြကြ သော်လည်း ဆိုရှယ်လစ်ဟောင်းကြီးများက တို့ကတော့ မျောက်ပြဆန်တောင်းမှာပဲ၊ ဖြစ်ချင်ရာဖြစ်၊ အနိုင်ရဖို့လုပ်ရမယ်” ဟူ၍ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကျန်သည့် ပါတီများက ဥပဒေ နှင့်အညီ ဖြစ်စေရေး အတွက် ၀ိုင်းပြီး ကန့်ကွက်ခဲ့ကြသည်။ ကော်မရှင်ကလည်း ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် အညီ စစ်ဆေးခဲ့သည်။ နောက်ဆုံးတွင် ဒေါ်စုကြည် ရွေးကောက်ပွဲဝင်ခွင့်မရ ဆိုသည့် အဖြေသာ ထွက်လာခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဥပဒေ၏ ခိုင်မာမှန်ကန်မှုကို လည်း သိရှိထားရန် လိုအပ်လာသဖြင့် ဆက်လက်ဖော်ပြပါ ဦးမည်။

Tuesday, January 19, 2010

NLD ပါတီ၏အမှားတော်ပုံများ(၈)


NLD အားမျိုးချစ်ရဲဘော်ဟောင်း အဖွဲ့က ၀င်ရောက် အုပ်စီးပြီးနောက် ရွေးကောက်ပွဲ၌ မဲရရှိရေးကို ဦးတည် ဆောင်ရွက်ခဲ့သည်။ ဒေါ်စုကြည်နှင့် ဦးတင်ဦးပြန်လွတ်လာလျှင် NLD မှ ခွဲထွက်မည်ဆိုပြီး ပါတီ အတွင်း အာရုံသွင်းခဲ့သည်။ ထိုအချိန်၌ ပါတီအတွင်း အကွဲအပြဲများ ၊ ပြသနာများနှင့် လုံးချာလည် နေခဲ့သည်။

NLD အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရာ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှ တက်ရောက်သူများက ဦးအောင်ရွှေ၊ ဦးချစ်ခိုင် နှင့် ဦးလွင်တို့အား ပါတီမှ နုတ်ထွက်ပေးရန်၊ မထွက်ပေးပါက မြို့နယ် အသီးသီးရှိ NLD ဆိုင်းဘုတ် များကို ဖြုတ်ချပြီး အခြားအမည်ဖြင့် ပါတီတစ်ခု ထပ်ထောင်မည်ဟု တောင်းဆိုခဲ့ကြသည်။ တက်သိ လက်ကျန်များ ကလည်း NLD လူငယ်များကို မြှောက်ပေးရာ ဦးအောင်ရွှေနှင့် ဦးချစ်ခိုင်တို့ကို ဆန့်ကျင် ဟောပြောမှု ၊ ဆန့်ကျင်စာထုတ်မှုများ လုပ်ခဲ့ကြသည်။

သို့ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အမက်လောင်း ရွေးရာတွင် မျိုးချစ် ရဲဘော်ဟောင်းများက ပညာပြသည်။ မြို့နယ်များက အရေးအခင်းကာလ၌ တက်ကြွခဲ့သူများ၊ အရပ်သားများကို ရွေးပြီးတင်ပြခဲ့သည်။ ဗဟိုက ပယ်ချပြီး တည်မြဲ တိုက်ပြုတ် များနှင့် ဆိုရှယ်လစ် ပါတီဝင်ဟောင်းများ ကိုသာ ရွေးခဲ့သည်။ ထိုကိစ္စကို မကျေနပ်၍ NLD ဌာနချုပ်၌ ဗဟိုဦးစီး အဖွဲ့ဝင်များ အစည်းအဝေး လုပ်သည်။ မြို့နယ်များက အမတ်လောင်းရွေးချယ်မှုကို ဆန့်ကျင်စကား ပြောကြားသည်။ NLD အတွင်းမှူး ဦးချစ်ခိုင် (ယခင် တည်မြဲလူ) က နောက်မှ ရွေးသူတိုင်းကို လက်မခံနိုင် ၊ NLD အနိုင်ရမှာ သေချာ၍ အရည်အချင်းရှိသူကိုသာ ရွေးရမည်ဟု တင်းခံသဖြင့် နယ် ကိုယ်စားလှယ် တစ်ဦးက ဦးချစ်ခိုင်အား တံမျက်စည်းဖြင့် ရိုက်လိုက်သည်အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့သည်။

မင်းဘူး နယ်ဘက်မှ ရှမ်းလေးလုံး သပိတ်ခေါင်းဆောင် လုပ်ခဲ့သူ သိန်းဌေးက ယခု NLD တွင် ဘောင်းဘီချွတ်တွေ ကြီးစိုးနေ၍ ၎င်းဘောင်းဘီချွတ်များ အာဏာရအောင် လုပ်မပေးနိုင်၊ ရွေးကောက်ပွဲတွင် ၀ိဓူရသခင်ချစ်မောင် ပါတီအနိုင်ရအောင် ကြိုးပမ်း ပေးမည်ဟု ပြောပြီး NLD မှ ထွက်ကာ ပါတီပြောင်း သွားခဲ့သည်။

ဒေါ်စုကြည်နှင့် ပူးတွဲပြီး ၁၅.၇.၁၉၈၈ ရက်နေ့၌ ပူးတွဲ ကြေငြာချက် ထုတ်ခဲ့သည် ဆိုသူ ပြည်ပြေးထွေးမြင့် ကလည်း NLD ၌ စစ်ဗိုလ်ဟောင်း အုပ်စု ကြီးစိုးနေသည်ကို မကျေနပ်ဟု ပြော ပြီး နှုတ်ထွက်ကာ ဦးသုဝေ၏ ဒီမိုကရေစီပါတီသို့ ကူးပြောင်းခဲ့သည်။ ဒေါ်စုကြည် လွတ်လာမှ ဘောင်းဘီချွတ် တွေနှင့် စာရင်းရှင်းမည်ဟုလည်း ၎င်း၏နှုတ်ထွက်စာ၌ ဖော်ပြခဲ့သည်။

၁၉၆၁ခုနှစ် ပါလီမန် ဒီမိုကရေစီခေတ်၌ တည်မြဲနှင့် သန့်ရှင်း ယှဉ်ပြိုင်သည့်ရွေးကောက်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်ကို ဖောက်ဖျက်ပြီး တည်မြဲဘက် လိုက်ကာ မဲခိုးမဲလိမ် လုပ်သဖြင့် အဖြုတ်ခံခဲ့ရသော ဗိုလ်ပြုတ်များနှင့် ဖဆပလ ၀ါရင့်ပဂေးကြီးများက NLDကို လက်ဝါးကြီးအုပ်ထား သဖြင့် မြွေမြွေချင်း ခြေမြင်သူများက အထက်ပါအတိုင်း NLD နှင့် လမ်းခွဲခဲ့ကြခြင်း ဖြစ်ပေသည်။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကာလ၌ NLD ၏အမတ်လောင်းရွေးချယ်မှု ပုံစံက NLD ဗဟိုနှင့် မြို့နယ်များ အစေးမကပ်မှုကိုပြသခဲ့သည်။ မူလကပင် NLD ကို နှစ်ပါတီ ပူးပေါင်း ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မြို့နယ် တစ်နယ်စီတွင်မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်ထားရာ NLD သန္ဓေက မဲဆန္ဒနယ် တစ်နယ်၊ မျိုးချစ်ရဲဘော်ဟောင်းက တစ်နယ်ဟု NLD ဗဟိုက မှာကြား ခဲ့သည်။

ယင်းကိစ္စကို NLD သန္ဓေတွေက မကျေနပ်ပေ။ ဗဟိုမှ ချုပ်ကိုင်မှုစနစ် ကျင့်သုံးသည်ဟု စွပ်စွဲကြသည်။ ပါတီအတွင်း၌ NLD သန္ဓေက အများစု ဖြစ်ပြီး မျိုးချစ်ရဲဘော် ဟောင်းက အနည်းစုဖြစ်၍ အချိုးကျ ခွဲတမ်းချခြင်းသည် တရားမျှတမှု မရှိဟု အငြင်းပွားခဲ့ ကြသည်။ ယင်းသို့ဖြစ်နေသည့် ကြားမှပင် ကိုယ်စားလှယ်လျာထား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့သည်။

စည်းရုံးရေးကိစ္စ ဆောင်ရွက်ရန် အတွက် လျာထားခံရသော မျိုးချစ်ဟောင်းအဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ မြို့နယ် မဲဆန္ဒနယ်များသို့ သွားရောက် ဆက်သွယ် ကြရသည်။ ဇာတိခံ ဒေသခံ ရွာခံ ဖြစ်သော မြို့နယ် NLD ရုံးအချို့က ထိုကိုယ်စားလှယ်ကို လက်မခံကြပေ။ အချို့ မြို့နယ်တွင် လက်မခံ ယုံမက မြို့နယ်ကော်မရှင်တွင် ကန့်ကွက်ကြသည်။ အချို့ဆိုလျှင် ရန်မူသည် အထိ ဖြစ်ခဲ့သည်။

မျိုးချစ်ရဲဘော် အချို့မှာ မိမိဇာတိမြို့နယ်တွင် ပါတီယှဉ်ပြိုင်ရန် လျာထားခံရလျက်မှ NLD သန္ဓေတို့၏ တားမြစ်မှုကို ခံခဲ့ကြရသည်။ အချို့မှာလည်း မြို့နယ် ကော်မရှင်တွင် NLD မြို့နယ် စည်းရုံးရေး အဖွဲ့များ၏ ကန့်ကွက်မှုကို ချက်ခြင်းထုချေခဲ့ကြ ရသည်။ မြို့နယ်ကော်မရှင် များကလည်း စစ်ဆေးပြီး NLD ဗဟို၏ လျာထားချက် အတိုင်း အတည်ပြုပေးခဲ့သည်။ ထိုအခါ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်သော လုပ်ရပ်များကို မြို့နယ် NLD တစ်ချို့က လုပ်လာခဲ့ကြသည်။ မျိုးချစ်ရဲဘော်ဟောင်း ကိုယ်စားလှယ်ဟောင်းကို လက်မခံဘဲ သူတို့ ကိုယ်စားလှယ် ပါဝင် ယှဉ်ပြိုင်မည်ဟု တင်သွင်းခဲ့ကြ ပြန်သည်။ ထိုအခါ မြို့နယ်ကော်မရှင်က NLD ၏ ခါးမောက် သင်္ကေတနှင့် ယှဉ်ပြိုင်၍ မရကြောင်း၊ အခြားပါတီ သင်္ကေတနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ဥပဒေနှင့် အညီ ခွင့်ပြုပေးခဲ့သည်။ ထိုအခါ NLD မှ ကိုယ်စားလှယ်များသည်ပင် မြို့နယ်အချို့၌ လွယ်အိတ်၊ ကတ်ကြေး သင်္ကေတများဖြင့် ၀င်ပြိုင်ခဲ့ကြသည်။ ယင်းမဲဆန္ဒနယ်များ၌ NLD မှ ကိုယ်စားလှယ် သုံးဦးအထိ ၀င်ပြိုင်သည့် သဘော ဖြစ်ပေသည်။

၎င်းဖြစ်ရပ်များက မြို့နယ် NLD များက NLD ဗဟိုကို မယုံသည့် သဘောပြနေသည်။ မြို့နယ် NLD များက မျိုးချစ်ရဲဘော်ဟောင်းများ အပေါ် မကျေနပ်မှုကို ပြနေခြင်းပင် ဖြစ်သည်။ ဤသို့ ရွေးကောက်ပွဲ ခွဲတမ်းအတွက် အချင်းချင်း ခွက်စောင်းခုတ်မှုများ ရှိသည်ဟု ဆိုရလောက်အောင်ပြဿနာ ပေါင်းစုံ တတ်ခဲ့သည်။ ထိုမျှမကပဲ မျောက်ပြ ဆန်တောင်းသော လုပ်ရပ်နှင့် မဲဆန္ဒနယ် အချို့ကို ငွေကြေးဖြင့် ရောင်းစားခဲ့သည့် လုပ်ရပ်များ ကိုလည်း NLD ၏ အမှားတော်ပုံများ တွင် တွေ့မြင်ရပါလိမ့် ဦးမည်။

Monday, January 18, 2010

NLD က သွေးသစ်လောင်းပြီ

နွားပျိုသန်လှ နွားအိုပေါင်ကျိုး

(ကာတွန်း - ဟန်လေး၊ ဧရာဝတီ)

Saturday, January 16, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၇)


(၄၂)နှစ်မြောက် အာဇာနည်နေ့ကို အကြောင်းပြု၍ ဆူပူအုံကြွမှု ဖြစ်အောင် လှုံ့ဆော်ဖန်တီးခဲ့သော NLD သည် ထိုအာဇာနည်နေ့ကို အကြောင်းပြု၍ပင် ပါတီတွင်း၌ အက်ကွဲကြောင်း ထင်ခဲ့ပြန်သည်။ NLD က ပြည်ထဲရေး ၀န်ကြီး ဌာန၏ ကြေငြာချက်အတိုင်း မှတ်ပုံတင် ကင်းလွတ်ခွင့် မယူဟု ဖီဆန်ခဲ့စဉ်ကပင် NLD ၏ ဗဟိုဦးစီးနှင့် CEC နေရာယူ ထားသော မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က မှတ်ပုံတင် ကင်းလွတ်ခွင့် ရယူခဲ့သည်။

ယခု အာဇာနည်နေ့ အခမ်းအနားတွင်လည်း NLD ကအစိုးရ၏ အစီအစဉ်လ က်မခံဟုဆိုကာ အခမ်းအနားကို အပြိုင်လုပ်ရန် တာစူခဲ့စဉ်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က အစိုးရ အစီအစဉ်အတိုင်း လွမ်းသူ့ ပန်းခွေချရန် စာရင်းပေးသွင်းခဲ့သည်။ NLD အတွင်းရှိ ဗကပအနွယ်များ၏ ပြောစကားများကြောင့် မျိုးချစ်ရဲဘော်ဟောင်းများအား အစာမကျေ ဖြစ်နေခဲ့သော ဒေါ်စုကြည်သည် တစ်ချီ၌ ဒေါသ ပေါက်ကွဲခဲ့ ပြန်သည်။

ဒေါ်စုကြည်သည် နောက်ပါ NLD လူငယ်များခြံရံလျှက် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်သို့ သွားရောက်ပြီး လမ်းခွဲစကားကို ဤသို့ပြောကြားခဲ့သည်။

"ကျွန်မကို တတ်သိတွေကပြော နေတာ ကြာပြီ။ အန်ကယ်တို့ မျိုးချစ်ရဲဘော်တွေဟာ နှစ်ဘက်လွှတွေ ၊ န၀တရဲ့ သတင်းပေး (informer) တွေ ၊ မယုံရဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မက အန်ကယ်တို့ဟာ ကျွန်မဖေဖေ လက်ထက် ကတည်းက တပ်ထဲမှာ အတူရှိခဲ့သူတွေအနေနဲ့ သဘောထားခဲ့ ပါတယ်။ အန်ကယ်တို့က ကျွန်မတို့ အဖွဲ့ချုပ်မှာလဲ နေရာတွေယူ ၊ အခွင့်အရေးတွေ ယူခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အာဏာ ဖီဆန်ရေး လမ်းစဉ်ကိုတော့ လက်မခံကြဘူး။ န၀တ အစီအစဉ်နဲ့ အာဇာနည်နေ့မှာ ပန်းခွေချဖို့ စာရင်းပေးကြတယ်။ ကျွန်မတို့ တိုက်ခိုက် ဆန့်ကျင်နေတဲ့ မှတ်ပုံတင် ကင်းလွတ်ခွင့်ကို အန်ကယ်တို့ သွားယူတယ်။ အခုတော့ အန်ကယ်တို့ဟာ တတ်သိတွေ ပြောသလို တကယ်မှန်နေပြီ။ ဒါ့ကြောင့် အန်ကယ်တို့နဲ့ ကျွန်မတို့ လမ်းခွဲကြမှ ဖြစ်တော့မယ်။"

ဒေါ်စုကြည်၏ ယတိပြတ် ဆုံးဖြတ်ချက်စကားကို မျိုးချစ်ရဲဘော်ဟောင်းကြီးများက ပြန်လည် ဖြေရှင်းပြီး ချော့မော့နှစ်သိမ့် တိုးလျှိုးခဲ့ကြသည်။ ဒေါ်စုကြည်က ဗူးဆိုဖယုံမသီးတော့ပေ။ NLD နှင့် မျိုးချစ်အဖွဲ့ကို ဘွာမကူတမ်း ဖြတ်တောက်ပစ်ခဲ့သည်။ မျိုးချစ်ကြီးများ ကိုယ်တိုင် ၎င်းတို့ NLD မှ ကန်ထုတ်ခံရပြီဟု ပြင်ပတွင် ပြောခဲ့ကြသည်။ ဒေါ်စုကြည်၏ အဆိုပါပြောကြာချက် ကက်ဆက်ခွေများကို နေရာတိုင်း လိုလို၌ ဖွင့်ပြီး နားထောင်ခဲ့ကြသည်။ ဒေါ်စုကြည်က ၁၆.၇.၁၉၈၉ ရက်နေ့တွင် NLD နှင့် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်ကို အဆက်ဖြတ်ခိုင်းခဲ့သည်။ ဤသို့သာ အမှန်တကယ် ဖြစ်ခဲ့လျှင် NLD ၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကောင်း သွားနိုင်ပေသည်။

မျိုးချစ်ရဲဘော်ဟောင်း EC အမှုဆောင်အဖွဲ့ ကလည်း အစည်းအဝေး လုပ်ပြီး NLD နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။ သို့ရာတွင် အတွင်းရေးမှူးဖြစ်သူ ဦးချစ်ခိုင်က " ဗဟိုဦးစီး အဖွဲ့ဝင်တွေ ဖိတ်ခေါ်ပြီး လမ်းခွဲဖို့ ဆုံးဖြတ်တာ ပိုသင့်တော်ပါတယ်။ နှစ်ရက်သုံးရက်လောက် စောင့်ပါဦး" ဟုပြော၍ စောင့်ခဲ့ကြသည်။ ထိုကာလမှာ အာဇာနည်နေ့ ဆူပူအုံကြွရန် ဖန်တီးလှုံ့ဆော်မှု အကျိုးဆက်အဖြစ် ဒေါ်စုကြည်နှင့် ဦးတင်ဦးတို့အား တားဆီး အမိန့်ထုတ်ပြန်ခဲ့သည်။

ဒေါ်စုကြည်အား ၂၀.၉.၁၉၈၉ ရက်နေ့တွင် သက်ဆိုင်ရာက နေအိမ်၌ တားဆီး မိန့်ထုတ်ခဲ့ရသည်။ ယင်းသို့ တားဆီးမိန့်မထုတ်မီ ဇူလိုင်လ ၁၉ရက်ညတွင် NLD ဌာနချုပ်လုပ်ထားသော တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏နေအိမ်ခြံဝင်းကို သက်ဆိုင်ရာက စနစ်တကျ ဖွဲ့စည်းပြီး ၀င်ရောက် ရှာဖွေမှုပြုလုပ်ခဲ့သည်။

၎င်းခြံဝင်းထဲ၌ လွတ်မြောက်နယ်မြေသဖွယ် သဘောထားပြီး အစိုးရ ဆန့်ကျင်မှု မှန်သမျှကို လက်ရဲဇက်ရဲ လုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဆန့်ကျင်စာများ၊ လက်နှိပ်စာများ၊ မိတ္တူကူးစက်များ၊ ဖြန့်ဝေခဲ့သည့် အဖွဲ့အစည်းအမည်အမျိုးမျိုး၊ မြို့အမည်အမျိုးမျိုးနှင့် ဆန့်ကျင်စာများကို သိမ်းဆည်းရရှိခဲ့သည်။ ခြံထဲမှ ဥပဒေအရ အရေးယူ အပြစ်ပေးခံရမည့် လူများ အပါအ၀င် NLD လူငယ် ၄၁ ယောက်ကို ဖမ်းမိသည်။ ၎င်းအထဲတွင် သောင်းကျန်းသူ အဖွဲ့ ဖြစ်သည့် ABSDF မှ ထောက်ပံ့ရေး ကော်မတီ တွဲဖက်တာဝန်ခံ စိုးမြတ်သူလည်း ပါဝင်ခဲ့သည်။

ဒေါ်စုကြည်သည် တောတွင်း သောင်းကျန်းသူများနှင့် ဆက်သွယ်ပ တ်သက်ခဲ့ သည့် တိုက်ပိတ် စိုးမြတ်သူ စသည့် တောတွင်း သောင်းကျန်းသူ အဖွဲ့အစည်း များကို ၎င်းခြံဝန်း အတွင်းလက်ခံတွေ့ဆုံ အားပေးခဲ့သည်။ ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နိုင်ငံတော် အစိုးရအား ၀ိုင်းပယ်ရန် ၊ အရေးယူ ပိတ်ဆို့ရန် စာရေး တိုက်တွန်းခဲ့သည်။ သောင်းကျန်းသူများနှင့် ဆက်သွယ် ဆက်ဆံ အားပေးမှု ပြုခဲ့သည်။ အစိုးရအပေါ် အကြည်ညို ပျက်အောင် ပြုမူပြောဆို လှုံ့ဆော်ခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်ရေး ၊ အာဏာဖီဆန်ရေး လုပ်ရပ်များဖြင့် တည်ဆဲဥပဒေပုဒ်မ အများအပြားကို ချိုးဖောက်ခဲ့သည်။ ၎င်းကျူးလွန်ခဲ့သော ဥပဒေပုဒ်မ အားလုံးဖြင့်သာ ရုံးတင် တရားစွဲစစ်ဆေးပါက လွတ်ရက်မရှိ ထောင်ကျ နိုင်ကြောင်းသိရပေသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရက စိတ်ရှည် သီးခံမှုများဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့၍သာ နေအိမ်၌ တားဆီးမိန့်ဖြင့် နေနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အများစုမှာ ပြစ်မှုကိုယ်စီ ဖြင့် အရေးယူခံ နေရချိန် ဖြစ်သည်။ ဒေါ်စုကြည်ပါ တားဆီးမိန့် အထုတ်ခံ လိုက်ရသောအခါ NLD လည်း ရုပ်သေး ကြိုးပြတ်သလို ဖြစ်သွားသည်။ ဤအခြေကို အမိအရ ဆုပ်ကိုင်ပြီး လှုပ်ရှားသူများ ကတော့ မျိုးချစ်ရဲဘော်ဟောင်းများ ဖြစ်သည်။ NLD ကို ဦးဆောင်လှုပ်ရှား မည့်သူ မရှိချိန်တွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်မှ ဦးအောင်ရွှေက NLD ဥက္ကဌ နေရာ ၀င်ယူခဲ့သည်။ NLD အဖွဲ့ခွဲများ၊ အဖွဲ့ဝင်များအား စည်းရုံးရေးလုပ် ၊ ရွေးကောက်ပွဲဝင် ဖြစ်အောင်ဝင်ရမည်ဟု မက်လုံးပေးကာ NLD ကို အသက် ဆက်ပေးခဲ့သည်။ နောက်ကွယ်မှ အကြောင်းရင်း အမှန်မှာ လူထုက မဆလကို မုန်းနေသည့် အရှိန်မကုန်သေးမီ ရွေးကောက်ပွဲ၌ NLD မဲရနိုင်သည့် အခြေအနေကို မျှော်မှန်းပြီး လှေမျောကို လှေနှင့်လိုက်ရန် ကြိုးပမ်း ခဲ့ခြင်းဖြစ်သည်။ ဦးအောင်ရွှေတို့ အုပ်စုတွင် တည်မြဲဖဆပလ (တစ်ချိန်က ဆိုရှယ်လစ်ပါတီ တစ်ခြမ်း)မှ လူများပါဝင်ရာ နိုင်ငံရေး ဖျံများပီပီ NLD ဗဟိုကို အုပ်စီး လာခဲ့ကြပေသည်။

ဒေါ်လာစားတွေရဲ့ လုပ်ပေါက်


ဒီမိုလုပ်စား သူတောင်းစား လို့ ပြောရင် ရမယ် ထင်တယ်။ ကြည့်ပါအုံး ။
ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိ။ ဒေါ်လာစားတွေရေ ....ရှက်စရာ ကောင်းလိုက်တာ ။
နေ့တွက် ရလို့သာ လုပ်နေတယ် ထင်တယ်။ မြန်မာပြည်ဒီမိုကရေစီ ခေါင်းဆောင် ဆိုသူရဲ့
နာမည်တောင် မှန်အောင် မပေါင်းနိုင်ဘူး၊

Friday, January 15, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၆)


ယင်းသို့ နိုင်ငံရေးပါတီအချင်းချင်း မလိမ်မ့တပတ်လုပ်ခဲ့သော NLD သည် ၁၉၈၉ခုနှစ်ဇူလိုင်လ (၁၉)ရက် (၄၂) မြောက်အာဇာနည်နေ့ကို အကြောင်းပြုပြီး အခြားပါတီများကို ခုတုံးလုပ်အသုံးချခဲ့ပြန်သည်။ ဒေါ်စုကြည်နှင့် NLD ကအာဇာနည်နေ့ ချီတက်အလေးပြုမည့် အစီအစဉ်ကို ဒုတိယမြောက် အရေးအခင်းအဖြစ် လုပ်ကြံဖန်တီး ခဲ့ခြင်းဖြစ်သည်။
အစိုးရက အာဇာနည်နေ့အလေးပြုပွဲ အခမ်းအနားသို့ ဒေါ်စုကြည်အပါအ၀င် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများကို ထုံးတမ်းစဉ်အလာအတိုင်း သီးခြားဖိတ်ကြား ခဲ့သည်။ နိုင်ငံရေးပါတီများကိုလည်း တစ်ပါတီလျှင် ကိုယ်စားလှယ် (၁၀)ယောက် တက်ရန်ဖိတ်ကြားခဲ့သည်။ သို့ရာတွင် ဒေါ်စုကြည်က ပြသနာထလုပ်သည်။ ၄င်းအနေဖြင့် သီးခြားမတက်ဘဲပါတီများ ပြည်သူများနှင့် အတူတက်မည်ဟုဆိုသည်။
ဇူလိုင်(၁၃)ရက်နေ့ကျောက်တံတားမြို့နယ်NLD ရုံးတွင် ဒေါ်စုကြည် အာဇာနည်နေ့အခမ်းအနားသို့ စစ်ပါတီ (၁၀)ယောက်တက်ရောက်ရသည်ဆိုသည် ကိုလက်မခံကြောင်း၊ အများပြည်သူနှင့်ဆိုင်သော နေ့ဖြစ်၍ အားလုံးချီတက်အလေးပြု နိုင်ကြောင်း၊ လုံးခြုံရေးတပ်ဖွဲ့များကို ရုပ်သိမ်းပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ လူစုလူဝေးနှင့် စုပေါင်းချီတက်မည့်အစီအစဉ်သည် ဒုတိယအကြိမ်ဆူပူအုံကြွ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဗ က ပ ယူဂျီများကလည်း ဒေါ်စုကြည်၏ အစီအစဉ်ကိုလိုက်နင်းပြီး လှုံဆော်ဖန်တီးမှုများပြုလုပ်ခဲ့ကြသည်။
တစ်နည်းအားဖြင့် အစိုးရနှင့် ပြည်သူလူထုကို ရန်တိုက်ပေးခြင်းပင်ဖြစ်သည်။
ထို့နောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီသို့် NLD ဥက္ကဌဦးတင်ဦး လက်မှတ်ရေးထိုးပြီး စာတစ်စောင် ပေးပို့ခဲ့သည်။ နိုင်ငံရေးပါတီ (၁၀၄)ပါတီစုပေါင်းပြီး ပြည်သူလူထုနှင့် အတူချီတက်အလေးပြုရန်စုပေါင်းဆုံး ဖြတ်ထားကြောင်းဟု ဖော်ပြထားသည်။ ထိုစာကိုအောက်ခြေအဆင့်ဆင့်ရှိပါတီရုံးများသို့ လည်းဖြန့်သည်။ ပါတီရုံးများက မြို့နယ်များတွင် သတင်းဆက်လွှင့်သည်။ ၄င်းတို့အစီအစဉ်ဖြင့် မဖြစ်မနေချီတက်မည့်ပုံပေါ် နေပေသည်။
ဇူလိုင်လ(၁၈)ရက်နေ့ညတွင်NLDပါတီလူကြီးပိုင်းတစ်ညလုံးဆွေးနွေးကြသည်။ (၁၉)ရက်နေ့NLDအဖွဲ့ချုပ် ရုံး၌ အာရုံဆွမ်းကပ်အပြီးတွင် ဒေါ်စုကြည်က အာဇာနည် နေ့ချီတက်မည့်အစီအစဉ်ကို ဖျက်လိုက်ကြောင်းကပ် ပြီးမှပြောသည်။ အစိုးရက ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို သပိတ်မှောက်ကြောင်း ကြေညာချက်ထုတ်မည်ဟုပြောကာ ၄င်းကိုယ်တိုင်ရေသားသည်။ အစိုးရက်NLD အားဆူပူမှုဖန်တီးသည်ဆို သည့် အကြောင်းဖြင့် ဖျက်သိမ်းမည်ကို စိုးရိမ်ပြီး စာထုတ်ရန် လုပ်ခြင်းဖြစ်သည်။

သို့ရာတွင် အစီအစဉ်ဖျက်လိုက်သည်ကို အခြားပါတီများနှင့် အောက်ခြေမှ မသိခဲ့ကြပေ။ ရန်ကုန်မြို့အနှံ့ကြိုတင် လှုံ့ဆော်မှုအရ ချီတက်ရန်စုရုံးမှုများ ရှိလာကြသည်။ လုံခြုံရေးအဖွဲ့က တားဆီးရသဖြင့် အခြေအနေများရှုပ်ထွေးသွားခဲ့သည်။ တားဆီးထိန်းသိမ်း ခံရသူများ လည်းရှိခဲ့သည်။NLD နှင့်ဒေါ်စုကြည်၏ တို့မီးရှို့မီးလုပ်ပြီးခေါင်းရှောင်သွားမှုကို လူငယ်များနှင့် အခြားပါတီများက မကျေမနပ်ဖြစ်ခဲ့ ကြပေသည်။

Thursday, January 14, 2010

NLD ပါတီ အမှားတော်ပုံမှား (၅)


NLDမှ ဦးအောင်ကြီးကို ဖယ်ထုတ်ပြီးနောက်ပိုင်း၌ ဒေါ်စုကြည်၏ သြဇာပိုကြီးလာခဲ့သည်။ အမာခံအင်အားအဖြစ် အရေးအခင်းကာလ ဆူပူလှုပ်ရှားသူများကို တိုးချဲ့အသုံးပြုလာသည်။ NLDအတွင်းမှ လက်ဝဲသမား ကွန်မြူနစ်များက ဦးအောင်ကြီးကို ရှင်းပစ်နိုင်ခဲ့ပြီး ဆက်၍ မျိုးချစ်ရဲဘော်ဟောင်း အမည်ခံ ဘောင်းဘီချွတ်နှင့် ဗိုလ်ပြုတ်များကို ဖြိုနိုင်မှ NLDကို အပိုင်စီးနိုင်မည်ဟု တွက်ခဲ့ကြသည်။ ဤသို့ဖြင့် မျိုးချစ် ရဲဘော်ဟောင်း အဖွဲ့မှ ဦေးအာင်ရွှေ ၊ ဦးချစ်ခိုင် စသူတို့သည် NLDလက်ဝဲအုပ်စု၏ ဒုတိယ ပစ်မှတ်ဖြစ်လာ ပေသည်။

ထိုကာလတွင် ၃.၂.၁၉၈၉ ရက်နေ့၌ ဦးကိုယု (စာရေးဆရာမောင်ကိုယု) က NLD ဦးစီး အဖွဲ့သို့ "လက်ရှိ အခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်ချက် " ဟူသည့် စာတမ်း တင်သွင်းခဲ့သည်။ ၄င်းစာတမ်းတွင် ဖိနှိပ်ချုပ်ချယ်ထားသော အမိန့်များကို ရုပ်သိမ်းရေး ၊ တိုက်ပွဲပုံစံကို တစ်ဆင့်ချင်း တိုးမြှင့်ရေး၊ လက်အောက်ခံ မြို့နယ်အဖွဲ့များ မဟာမိတ်ပါတီများနှင့်း ပါင်းပြီး လက်ကိုင် ပိုစတာ လည်ချိတ်ပိုစတာများ ဆွဲပြီး နှစ်ပတ်လည် ဆန္ဒပြမှုများ ပြုလုပ်ရမည်ဟု ရေးသားထားသည်။

ယင်းသည် အာဏာဖီဆန်ရေး အကြမ်းဖက် စီမံချက်ပင်ဖြစ်သည်။ ဦးကိုယုမှာ အလံနီ ကွန်မြူနစ်ဖြစ်ရာ အလံနီတစ်ဦး၏ စီမံချက်ကို လက်ခံလိုက်လျင် ဗ က ပ အနွယ်များ သိက္ခာကျနိုင်သဖြင့် ထိုစီမံချက်ကို တတ်သိ ဗ က ပအုပ်စုက အာဏာဟူသမျှဖီဆန်ကြ ဆောင်ပုဒ်ဖြင့် အစားထိုးခဲ့ကြသည်။

တတ်သိ လက်ဝဲအုပ်စုသည် ဒေါ်စုကြည်အား ပါတီအနေဖြင့် ပြည်သူလူထု အထင်ကြီးစေမည့် လှုပ်ရှားမှု ( Movement) များပြုလုပ်နိုင်မှ အသက်ဝင်နေမည်ဖြစ်သည်ဟု ၀ိုင်းပြောလာကြသည်။ ယခင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ ဦးဝင်းတင်ကလည်း ၁၈၄၁ခုနှစ်က ပေါ်ထွက်ခဲ့သည့် အမေရိကန် တွေးခေါ်ပညာရှင် ဒေးဗစ် သော်ရိုး ၏ ရေးသားချက်များကို ကိုးကားပြီး အမိန့်အာဏာဖီဆန်ရေး ကိစ္စများကို နားချခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ခုနှစ် ဇွန်လတွင် ဦးဘသော် ( စာရေးဆရာ မောင်သော်က) က ဒေါ်စုကြည် အား ဒေးဗစ်သော်ရိုး၏ စာပိုက်များကို ရွတ်ပြခဲ့သည်။ NLD တတ်သိ အုပ်စုဝင် မောင်သော်က ၊ ဒေါ်မြင့်မြင့်ခင် ၊ စမ်းစမ်းနွဲ့( သာယာဝတီ) ၊ မောင်ကိုယု၊ မောင်ဝံသ ၊ မောင်ခက်ပန်၊ တင်မိုးတို့က Civil Disobedience လိုင်းကို တင်ခဲ့ကြသည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကြည်၏ တာဝန်ပေးအပ်ချက်အရ "အများသဘောမတူပဲ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ"ဟူသော ကြွေးကြော်သံကို တင်ပြရာ အားလုံးက လက်ခံ အတည်ပြုခဲ့ကြသည်။ ဤသို့ဖြင့် အာဏာဖီဆန်ရေး လုပ်ရပ်ကို အဆက်မပြတ် ဆက်တိုက် လုပ်လာ ခဲ့တော့သည်။

ပြည်ထဲရေး ၀န်ကြီးဌာနက ပါတီအဖွဲ့အစည်းများ ပါတီတွင်းစည်းရုံးရေး အတွက် ရေးသားဖြန့်ဝေမည့် စာရွက်စာတမ်းများ ကိစ္စနှင့် စပ်လျဉ်းပြီး မှတ်ပုံတင် ကင်းလွတ်ခွင့်ရယူရန် ကြေငြာခဲ့သည်။ NLDက ထိုကင်းလွတ်ခွင့်ကို ရယူရန်မလို ၊ ကိုယ့်စိတ်ကြိုက် ရေးသားထုတ်ဝေ နိုင်သည်ဟု ပြောကာ ဖီဆန်ခဲ့သည်။ ပါတီ၏ စည်းရုံးရေးကို ဆန့်ကျင်ရေးနှင့် တွဲပြီး လုပ်ခဲ့သဖြင့် NLD သည် ကိုယ့်ရှူး ကိုယ်ပတ် ကိုယ့်လက်ကိုမနိုင် ဖြစ်လာခဲ့သည်။

NLDသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရဖွဲ့စည်းပုံနှင့် တကွ တရားဝင် တင်ပြ၍ ဖွဲ့စည်းခွင့်ရထားသော ပါတီဖြစ်သည်။ သို့ရာတွင် မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်နေ့ဆိုပြီး ဒေါ်စုကြည် ထင်ရာ ထလုပ်လိုက်ခြင်းသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက် မရယူပဲ လုပ်ခြင်းဖြစ်၍ ပါတီစည်းကမ်းအရ အရေးယူ သင့်သည့် ကိစ္စမျိုးဖြစ်သည်။ သို့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် အရုပ်များသာ ဖြစ်သည်။ ရုပ်ပြမျှသာ ဖြစ်နေပေသည်။

၎င်းအဖွဲ့ဝင် အများစုသည် အသက်လည်းကြီးပြီး နိုင်ငံရေးအရ ထင်ပေါ်မှုမရှိ ဖြစ်နေချိန်တွင် အရေးအခင်းနှင့် ကြုံ၍ နေရာရလာချိန်ဖြစ်သည်။ ထို့ကြောင့် ဒေါ်စုကြည်၏ အငြိုအငြင်ကို မခံရဲကြပေ။ ဒေါ်စုကြည် ငြိုငြင်ပါက ဦးအောင်ကြီးနှင့် အုပ်စုလို ပထုတ်ခံရမည်ကို စိုးရွံ့နေခဲ့ကြသည်။ ထို့ကြောင့် အပြစ်တင်စကား ပြောသည်ကိုပင် လေပြေထိုးပြီး ပြောခဲ့ကြရသည်။ ထို့ကြောင့် NLD CEC အား ယခုပြည်ပြေး ဖြစ်နေသူ မိုးသီးဇွန်က ကျောင်းထိုင် ဘုန်းကြီးမသိပဲ ဘာမှမလုပ်ရဲ မကိုင်ရဲ မဆုံးဖြတ်ရဲသော ကပ္ပိယနှင့် တူနေပြီဟု ဝေဖန်သုံးသပ်ခဲ့သည်။

မိုးသီးဇွန်က ၁၀.၂.၁၉၈၉တွင် "အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုနှင့် ဒေါ်စုကြည် အပေါ်သုံးသပ်ချက်" ခေါင်းစဉ်ဖြင့် စာတမ်း ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ ၄င်းစာတွင် ပုဂ္ဂိုလ်ရေး ထိုးနှက်ချက် အချို့ပါသော်လည်း NLD ၏ ပကတိအခြေအနေမှန်ကို ထင်ဟပ်သည်ဟု ဆိုကြသည်။ ၄င်းစာတမ်းတွင် "NLD ပါတီသည် ခေါင်းဆောင်ဆိုသူ အမျိုးသမီးကို ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်လွန်းနေကြောင်း၊ ယင်းသည် ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း ၊ ပုဂ္ဂိုလ်ရေး ဆန်လွန်းလျှင် အဖွဲ့အစည်းပါ ကျဆုံးသွားနိုင်ကြောင်း ၊ NLDသည် ဆွမ်းလောင်းအသင်း ၊ သာရေးနာရေး အသင်း၊ ရေကြည်တော်ဝတ်အသင်း တစ်ခုထက် မပိုကြောင်း ၊ လူထုကို ကိုယ်စားမပြု၊ နိုင်ငံရေး ဦးဆောင်မှုမပေးပဲ ရွေးကောက်ပွဲကိုသာ အာရုံစိုက်လုပ် နေကြောင်း ၊ လူထုကနိုင်ငံရေး ပါတီတွေအပေါ် စိတ်ပျက်နေကြောင်း ၊ စည်းကမ်းရှိပါ၊ ညီညွတ်ပါ ဆိုသည့် အဘိဓမ္မာမှာ ကျဆုံးသွားပြီး ဖြစ်ကြောင်း ၊ ယင်းအဘိဓမ္မာဖြင့် ဒီမိုကရေစီကို မရနိုင်ကြောင်း ၊ လူတန်းစားပျက်ကြီးများနှင့် ထောင်ထားသည့် ပါတီဖြစ်၍ နိုင်ငံကို ခေါင်းမဆောင် နိုင်ကြောင်း" စသည်ဖြင့် ဝေဖန်သုံးသပ်ခဲ့သည်။

သို့သော် ဒေါ်စုကြည်နှင့် NLDက ဝေဖန်ရေး လက်မခံခဲ့ပေ။ မိုးသီးဇွန်၏ ဝေဖန်ချက်က ဒေါ်စုကြည်အား အနာပေါ်တုတ်ကျသလို နာသွားစေသည်။ နာလိုခံခက်ဖြင့် အမျက်ထွက်ခဲ့သည်။ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားသည်။ ဒေါ်စုကြည်၏ အတ္တမာနနှင့် မခံချင်စိတ်ကို နှိုးဆွ သွေးထိုးပေး လိုက်သလို ဖြစ်ခဲ့လေသည်။ ယင်းသို့ မြှောက်သူကမြှောက် ၊ ချွန်တွန်းပင့် လုပ်သူက လုပ်နေကြသဖြင့် ဒေါ်စုကြည်က ပို၍ အရွဲ့တိုက်သလို လုပ်လာသည်။ နိုင်ငံရေးအရ မပြောသင့် မဆိုသင့်သည် များဖြင့် ပြောမှားဆိုမှား ဖြစ်ခဲ့ သည်။ NLD CEC အဖွဲ့က မူ ဒေါ်စုကြည်ကို မျောက်ပြဆန်တောင်း လုပ်ကောင်း ခဲ့ကြပေသည်။