ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Wednesday, January 23, 2013

မြင်းခြံ NLD အဖွဲ့ဝင်များလည်း NLD ကော်မရှင်ကို ဆန္ဒပြမည်

ပြီးခဲ့သည် လပိုင်းအတွင်း မြို့နယ် / ရပ်/ကျေး ညီလာခံများကို မြင်းခြံ မြို့နယ် ရပ်/ကျေးများတွင်း ကျင်းပပြုလုပ်ရာ၌ မြင်းခြံ မြို့နယ်အတွင်း ရှိ ပါတီဝင် အင်အား ၇၀၀၀ ခန့်၏ အခွင့်အရေး ကို ပိတ်ပင် ဖိနှိပ်ခြင်း၊ ရပ်ကွက် / ကျေးရွာ ညီလာခံများ ပြုလုပ်ရာတွင် ပါတီဝင်များအား ဖိတ်ကြား ခြင်း မပြုပဲ စာရွက်ပေါ်တွင်သာ ပြုလုပ်သွားခြင်း၊ ပါတီဝင် အများဆန္ဒကို မျက်ကွယ်ပြုပြီး ဗဟို ဦးစီး စနစ်ကိုသာ အသုံးပြု သွားခြင်း၊ ဒီမိုကရေစီကို အယောင်ပြသာ အသုံးပြုခြင်း ၊ ပြသနာ ဖြစ်ပွား နေသော မြင်းခြံနှင့် အခြား ဒေသဖြစ်စဉ်များကို ပါတီ ဗဟိုကိုယ်တိုင်က တရား သဖြင့် မဖြေရှင်း ပေးပဲ ပြသနာကို မီးထိုး ပေးနေခြင်းကြောင့် မြင်းခြံ ပါတီဝင်များ အင်အား (၅၀၀) ခန့်ဖြင့် ရက်သတ္တပတ် အတွင်း ဆန္ဒပြခွင့် ရရှိရေး အုပ်ချုပ်ရေး အဖွဲ့ အစည်းများသို့ တင်ပြသွားမည်ဟု ကိုယ်တိုင် ဆောင်ရွက်နေသည့် မြို့နယ် ပါတီဝင် တစ်ဦးက ဖော်ထုတ်ပြောဆိုသည်။

 ထိုသို့ ဆန္ဒပြရာတွင် အာဏာရှင် စနစ်ကို မတည်ဆောက်ပါနှင့် NLD ။ လက်တစ်ဆုပ်စာ ပါတီ မတည်ဆောက်ပါနှင့်။ ပြည်သူ့ ပါတီ တည်ဆောက်ပါ။ အမေစုကို ချစ်သည်။ NLD ကို ချစ်သည်။ ပြည်သူကို ချစ်သည်။ မတရားသော မြင်းခြံ NLD ကော်မရှင်ကို မလိုမရှိ။ စသည့် လက်ကိုင် ပိုစတာ များနှင့် ကြွေးကြော်သံများ အသုံးပြုမည် ဖြစ်ကြောင်း ဦးဆောင် ဆောင်ရွက်နေသည့် ကိုမင်းစစ်နိုင် ကပြောသည်။ NLD ပါတီသည် ရပ်ကွက်နှင့် ကျေးရွာ ညီလာခံ ၊ မြို့နယ် ညီလာခံများ ကျင်းပပြီး နောက်ပိုင်းတွင် အချင်းချင်း မကျေနပ်မှုများ ပိုမို ဖြစ်ပွားလာပြီး မြန်မာနိုင်ငံအနှံ မြို့နယ် အသီးသီးတွင် NLD ကော်မရှင်များ အပေါ် ကန့်ကွက်မှုများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

http://www.channelnewsmyanmar.com/index.php/2013-01-18-10-36-04/171-nld-nld


No comments: