ခွပ်ဒေါင်း ရွှေနေကြာစေ့ လှော် ထုတ်လုပ်သူ ဦးလှမျိုးက ၄င်း၏ စီးပွားရေး
လုပ်ငန်းများ ဖြစ်သည့် ခွပ်ဒေါင်း တံဆိပ် ရွှေနေကြာနှင့် ခွပ်ဒေါင်း တံဆိပ်
ယိုစုံ လုပ်ငန်းများတွင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမှတ်တံဆိပ်ကို ၄င်း၏ စီးပွားရေး
လုပ်ငန်းများတွင် အသုံးပြုထားမှုကြောင့် ရေရှည်တွင် အဖွဲ့ချုပ်က
တရားစွဲလာနိုင်သဖြင့် မူပိုင်ခွင့် အနေဖြင့် ၄င်း၏ ယိုစုံနှင့် နေကြာ
လုပ်ငန်းများတွင် အမြဲတမ်း အသုံးပြု ရရှိရေး အလှူငွေ ကျပ် သိန်း (၄၀)
လှူဒါန်းလိုက်ကြောင်း သိရှိရသည်။
၎င်းလှူဒါန်းသည့်
ငွေများအတွက် အလှူငွေ လက်ခံပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဟံသာဝတီ
ဦးဝင်းတင် ဖောင်ဒေးရှင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်)၊
နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ် တို့အား
အလှူငွေပေးအပ်ပွဲခြင်းကို ဇန်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းက ရွှေဂုံ တိုင် M3
ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခွတ်ဒေါင်းတံဆိပ် ရွှေနေ
ကြာစေ့တွင် ယိုစုံလုပ်ငန်းရှင် ဦးလှမျိုးမှ ဟံသာဝတီဦးဝင်းတင်
ဖောင်ဒေးရှင်းသို့ ကျပ် ၁၀ သိန်း ကို ဟံသာဝတီဦးဝင်းတင်သို့ လည်းကောင်း၊
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ကျပ် ၁၀ သိန်း ကို နာယက ဦးတင်ဦးသို့
လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်)သို့ ကျပ် ၁၀
သိန်းကို လူငယ်တာဝန်ခံ ကိုမောင်မောင်ဦးသို့ လည်းကောင်း၊
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်သို့ ကျပ် ၁၀ သိန်းကို
ကိုကျော်စိုးလင်းသို့ လည်းကောင်းပေးအပ် လှူဒါန်းသွားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းမျဉ်း အခန်း(၅)၊ အပိုဒ်(၁၀) (ဇ)အရ
အဖွဲ့ချုပ်နှင့် စပ်လျဉ်းသည့် အလံ၊ တံဆိပ်၊ ဓာတ်ပုံ၊ အထိမ်းအမှတ် ပစ္စည်း၊
ပုံရိပ် စသည်တို့ကို အဖွဲ့ချုပ် (ဗဟို)က စိစစ်ပြီးတာဝန်ပေးထားသည့်
အဖွဲ့များ၊ လုပ်ငန်းဌာနများက လွဲ၍ မည်သည့် အဖွဲ့ဝင်ကမှ ထုတ်လုပ်ခြင်း၊
ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပေးကမ်းခြင်း တို့ မပြုလုပ်ရဟု
ဖော်ပြထားသည်။
www.channelnewsmyanmar.com မှ ကူးယူ ဖော်ပြပါ သည်။
How Brand Mentions and Citations Improve SEO
-
*Brand citations for SEO grow when your site defines the brand clearly,
your content gives publishers something worth referencing, and your
outreach targ...
16 hours ago



