ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Sunday, January 13, 2008

ရန်ကုန်ဘူတာကြီး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား.

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်း ရန်ကုန်ဘူတာကြီး အထက်တန်း လက်မှတ် အရောင်း ဌာနအတွင်းရှိ အများသုံး သန့်စင်ခန်းနှင့် အုတ်တံတိုင်း ကြားတွင် ယနေ့ (၁၄း၀၅) နာရီ အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ဗုံးပေါက်ကွဲမှုကြောင့် သန့်စင်ခန်းတွင် အခပေး ရေချိုးနေသူ ဒေါ်အေးမြင့် ၊ အသက် (၇၃)နှစ်၊ အနှိပ်သည် (ဘုန်းကြီးလမ်း ၊ စံပြရုပ်ရှင် အနောက်ဖက်တွင် နေထိုင်သူ )အား ၀ဲယာ လက်ဖျံနှစ်ဘက်နှင့် ၀ဲဘက် တင်ပါးတွင် ဗုံးစထိမှန် ဒဏ်ရာရရှိ သွားပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင် သွားရကြောင်း အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် ဗုံးစ (၁၇)စအား သက်ဆိုင်ရာမှ သိမ်းဆည်းရမိပြီး လမ်းမဘက်ခြမ်း ဗိုလ်ချုပ်လမ်းပေါ်မှ ဗုံးပစ်ထည့် သွားသည်ဟု ယူဆရကြောင်း သတင်းရရှိပါသည်။

သာကီနွယ် မှ ရယူဖော်ပြပါသည်။

No comments: