
၂၀၀၇ နိုဝင်ဘာ ၂၂
အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၌ ဗုဒ္ဓဟူးနေ့က ပြည်သူ ထောင် ပေါင်း များစွာ တို့က အကြမ်းဖက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သဖြင့် ပြည်နယ် အစိုးရ မာ့စ်ဝါဒီသမား များက၊ အကြမ်းဖက်မှုအား နှိမ်နှင်းရန် အိန္ဒိယ စစ်တပ်အား အကူအညီတောင်း ခံခဲ့သည်။ ကွန်မြူနစ်ဝါဒီများ အုပ်စိုးသော၊ အနောက် ဘန်ဂေါပြည်နယ် ၏ အချက်အချာမြို့တော် ကိုလ်ကတ္တားတွင် မွတ်စလင် အများစုပါဝင်သော ဆန္ဒပြသမား ၅၀၀၀ ခန့်နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမှုကြောင့် လူတစ်ဦး သေဆုံး၍ ၃၆ ဦး၊ ဒဏ်ရာ ရရှိခဲ့ပြီး၊ ဆန္ဒပြသမား ၂၀၀ ကျော်အား ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ““ကိုလ်ကတ္တားမြို့ရှိ နယ်မြေလေးခုအား ည ၁၀ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရကာ ဖျူးအမိန့် ထုတ်ပြန် ထားသည်။ အနောက်ဘန်ဂေါပြည်နယ် မွတ်စလင် အများစုနေထိုင်ရာ Nandigram ခရိုင်တွင် အင်ဒိုနီးရှား Slim Group ကုမ္ပဏီက ရေနံဓါတုပစ္စည်းရှာဖွေရန် ဗဟိုချက်မ ဒေသအဖြစ် ရည်ရွယ်ထား သဖြင့်၊ မြေယာ များကို စွန့်လွှတ်ရန် မလိုလားသည့် ရွာသားများက၊ စီမံကိန်းကို စွန့်လွှတ်ရန် အိန္ဒိယအစိုးရအား ဖိအား ပေးသည့် အနေဖြင့်ဆန္ဒပြ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ ဇန်န၀ါရီလ ကတည်းက ဖြစ်ပွားခဲ့သော အဓိကရုဏ်း များကြောင့် ၃၄ ဦး သေဆုံးပြီး ဒေသခံများက အိုးအိမ် ထောင်ပေါင်းများစွာ စွန့်လွှတ်ထားရသည်။ ထိုအချိန်မှ စ၍ ဒေသခံများကတစ်ဖက်၊ ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့က တစ်ဖက်၊ အဆိုပါနယ်မြေအား ထိန်းချုပ်ရန် ပဋိပက္ခ ဖြစ်ပွား နေကြခြင်း ဖြစ်သည်။
(အေအက်ဖ်ပီ)
No comments:
Post a Comment