ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, April 5, 2013

ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး အဘ သူရဦးရွှေမန်းသို့အိပ်ဖွင့်ပေးစာ

ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ ဥက္ကဌကြီး အဘ သူရဦးရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာ(၇)

အဘခင်ဗျား........

ကျွန်တော့်အနေနဲ့ အနယ်နယ်အရပ်ရပ်က ရဲဘော်ရဲဘက်များရဲ့တူညီသောခံစားချက်များကို စုစည်းပြီး ပါတီ ဗဟိုအလုပ် အမှုဆောင်များ သိရှိနိုင် ပါစေကြောင်း ရည်သန်လျက် “အဘများထံ အိတ်ဖွင့်ပေးစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးသားခဲ့တာ (၆)စောင်ရှိခဲ့ပါပြီးခင်ဗျား။ ဒီအိတ်ဖွင့် ပေးစာတွေကို ရေးသားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပါတီတစ်ရပ်လုံးကို ပဲ့ကိုင် ပေးနေကြတဲ့ ဗဟိုအလုပ် အမှုဆောင်များအနေနဲ့ အောက်ခြေ အဖြစ်သနစ်မှန်တွေကို ချင့်ချိန် စဉ်းစားသွားနိုင်ဖို့နဲ့ ပါတီကြီး အဓွန့်ရှည်အောင်မြင်နိုင်ရေး အတွက်ပဲ ဖြစ်ပါတယ် ခင်ဗျား။

ကျွန်တော့်ရဲ့ ပေးစာ အမှတ်(၁)မှ(၆)အထိ ဖတ်ရှုခဲ့ကြသော သွေးသောက် ရဲဘော်များ အနေဖြင့် ၄င်းတို့၏ ခံစားချက်နှင့်လည်း ထပ်တူကျသည်ဟု ဆိုကာ ဆက်လက် ရေးသားပေးရန် တောင်း ဆိုသည့်အပြင် အဘများထံဟူသော ခေါင်းစဉ်ထက် ပါတီဥက္ကဌကြီး ထံသို့သာ တိုက်ရိုက်ရေးသား ပေးစေလိုကြောင်း အကြံပြုလာ သဖြင့် အိတ်ဖွင့်ပေးစာ အမှတ်(၇)မှ စတင်၍ အဘ သူရဦးေ၇ွှမန်းထံ အိတ်ဖွင့်ပေးစာဟူသော ခေါင်းစဉ်ဖြင့် ဆက်လက် ရေးသားသွားမည် ဖြစ်ပါတယ်ခင်ဗျား။

ချစ်ကြောက်ရိုသေလေးစားရပါသော အဘသူရဦးရွှေမန်းခင်ဗျား

ကျွန်တော်တို့ပါတီကြီးဟာ ၁၉၉၃ ခုနှစ်ကတည်းက တပ်မတော်က မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးမှ အခြေတည် ပေါက်ဖွားလာခဲ့တာမို့ ပါတီသက်တမ်း အားဖြင့် နုနယ် သေးသည်ဆိုသော်လည်း အခြားသော နိုင်ငံရေး ပါတီများနှင့် နှိုင်းယှဉ်လျှင် သဘာရော၊ ၀ါအရ ပါ ခြေလှမ်းများစွာ အကြောရနေခဲ့ပါတယ် ခင်ဗျား။ အဲလို ခြေလှမ်း အသာစီးရနေခဲ့တဲ့ ကျွန်တော်တို့ ပါတီကြီးဟာ တစ်ဖြည်းဖြည်းနဲ့ အခြားသောအဖွဲ့ တွေနဲ့ ခြေလှမ်း တူလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေရတာမို့ အချိန်မီ ထိန်းသိမ်း ကွပ်ကဲနိုင်လို့ရအောင် ဥပမာတစ်ခုနဲ့ နှိုင်းယှဉ် တင်ပြသွားပါ့မယ် ခင်ဗျား။

တကယ်တော့ ကျွန်တော်တို့ ပါတီကြီးဟာ ဘာနဲ့အလား သဏ္ဍာန် တူသလဲ ဆိုရင် လှေဝမ်းပေါက်ပြဲ နေသော၊ လှေနံ ကျိုးပဲ့နေသော လှေတစ်စီးနဲ့ တူနေပါတယ် ခင်ဗျား၊ ပဲ့ကိုင်သူက လမ်းမှန်ကို မြန်နှုန်း မြင့်နဲ့ ကိုင်တွယ် မောင်းနှင်သလို၊ လှေဦးကလည်း အရှိန်တစ်ခုနဲ့ ရေပြင်ကို ထိုးဖောက်ပြီး ရုန်းကန် လှုပ်ရှားနေကြပေမယ့်၊ လှေဝမ်း ပေါက်ပြဲနေခြင်း၊ လှေနံများကျိုးပဲ့ ပျက်စီးနေခြင်း တို့ကြောင့်၊ လိုရာ ခရီးကိုမှန်းထားသလိုမရောက်နိုင်ပဲ လှေဝမ်းက ရေကို ခပ်ထုတ်နေရတာ၊ ကျိုးပဲ့နေတဲ့လှေနံ ကြောင့် လှေမမှောက်အောင် ထိန်းနေရတာနဲ့တင် အခြားသော လှေတွေက အမှီလိုက် လာနိုင်တဲ့ သဘောဖြစ်နေပါတယ် ခင်ဗျား။

ဒီဖြစ်စဉ်ကို အထင်ရှားဆုံး အလွယ်ကူဆုံး ဥပမာတစ်ခုနဲ့ မီဒီယာလုပ်ငန်းနဲ့ ပတ်သက် ပြီးနှိုင်းယှဉ် သွားခွင့်ပြုပါခင်ဗျား ............။
 
ကျွန်တော်တို့ပါတီဟာ အသင်းကြီးဘ၀ကတည်းက မီဒီယာ လက်ဦးမှုကို ရရှိခဲ့ပြီး အသင်းဝင်တွေ ကို မီဒီယာလုပ်ငန်းနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င်ဖြစ်အောင် အရှိန်အဟုန် တစ်ခုနဲ့ လေ့ကျင့်ပျိုး ထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ ပါတီဟာ နံပါတ်(၁) ဖြစ်နေသင့် ပါလျက်နဲ့ မျက်မှောက် ကာလမှာ တော့ နံပါတ်(၁)ဖြစ်ဖို့ ဟိုးးးနောက်ဆုံးက စတင် ရေတွက် ရမလိုဖြစ်နေ ပါပြီဆိုတာ အမှန်အတိုင်း သုံးသပ်တင်ပြပါရစေ ခင်ဗျား။

အခုလဲ ဓနအင်အား၊ ပညာရှင်အင်အား၊ လူအင်အား၊ စီမံခန့်ခွဲမှု အင်အား အစစအရာရာ သာလွန်ကောင်းမွန်တဲ့ ကျွန်တော်တို့ ပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာနဲ့ ပတ်သက် ပြီး ကျွန်တော် မြင်တွေ့ နေရတာတွေကို ရင်ဖွင့်ခွင့်ပြုပါ ခင်ဗျား။

အဘသူရဦးရွှေမန်းခင်ဗျား..........

ကျွန်တော်တို့ ပါတီက နေ့စဉ် သတင်းစာ တစ်စောင်ကို ထုတ်ဝေရခြင်း ရည်ရွယ်ချက်ကို ကျွန်တော် ဥာဏ်မီသလောက် ပြောပြရရင်။ ပါတီရဲ့မူဝါဒတွေ၊ ဆောင်ကြဉ်းပေးနေတဲ့ လုပ်ငန်းစဉ်တွေကို လူထု တွေသိရှိဖို့၊ အနယ်နယ် အရပ်ရပ်က ပြည်သူတွေရဲ့ ရင်ဖွင့်သံကို သိရှိဖို့နဲ့ ပါတီအနေနဲ့ ပြည်သူတွေ ထံ တိုက်ရိုက် ပြောဆိုနိုင်တဲ့ ကြားခံ ပစ္စည်းတစ်ခုအဖြစ် ထုတ်ဝေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် ဥာဏ်မီသလောက်သာ ကောက်ချက် ဆွဲမိတာပါ၊ ဒီအထဲမှာ အခိုင်မာဆုံး တစ်ခုက ကျွန် တော်တို့ပါတီအနေနဲ့ ငွေကြေး အတွက် ဒီသတင်းစာကို ထုတ်ဝေခြင်း မဟုတ်ဘူး ဆိုတာပါပဲ။

အဲဒီလို ရည်ရွယ်ချက်တွေကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကနဦး အသင်းဘ၀မှာ ကတည်းက တိုင်း/ပြည်နယ် အသီးသီးက သင်တန်းသားတွေကို သတင်းစာပညာ နဲ့ပတ်သက်ပြီး အကြိမ်ကြိမ် သင်တန်းပေးခဲ့တယ်၊ သတင်းရေးသားမှု စွမ်းရည် မကျဆင်းအောင် လည်း အသင်းပိုင် ဂျာနယ်တွေ စာစောင်တွေ ထုတ်ဝေခဲ့တယ်၊ ဒါ့အပြင် ပါတီဌာနချုပ်မှာ သတင်း ကိစ္စတွေကို ဆက်သွယ် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ ဆက်ဆံရေးဌာန ဆိုတာကို ထားရှိခဲ့ပါ တယ်။ အသင်းမှ ပါတီဘက်သို့ ကူးပြောင်း လာပြီးတော့လဲ ပြည်ထောင်စု နေ့စဉ် သတင်းစာကို ထုတ် ဝေနိုင်ဖို့ အတွက် ကျွန်တော်တို့ကို ပါတီ ဌာနချုပ်က သတင်းစာ သတင်းထောက် သင်တန်း ဖွင့်လှစ် ပေးခဲ့ပါတယ်ခင်ဗျား။

အဘခင်ဗျား......။

သင်တန်းတစ်ခုလို့ ဆိုလိုက်တာနဲ့၊ ဦးဆောင် ဖွင့်လှစ်သူရော တက်ရောက်သူပါ နှစ်ဦးနှစ်ဖက်စလုံး အချိန်၊ ငွေများစွာ ပေးဆပ် ရင်းနှီးမြှပ်နှံ ရတာကြီးပါပဲ အနည်းနဲ့ အများပဲကွာမှာပါ ကုန်ကျတာချင်း တော့အတူတူပါပဲ၊ သင်တန်း(၂)ပတ် အတွင်းမှာရော သင်တန်း ဆင်းပြီးတဲ့ (သတင်းစာ မထုတ်ခင် စပ်ကြား)အထိ ကျွန်တော်တို့ တတွေဟာ ဧပြီ ၁ မှာ စတင် ထုတ်ဝေမယ့် ပါတီသတင်းစာကို ဘယ် လိုကြိုးပမ်း အားထုတ်သွားမလဲ၊ ဘယ်လို စွမ်းဆောင် ပေးသွား မလဲဆိုတာ စိတ်ကူးနဲ့တင် ညည အိပ် မပျော်ခဲ့သလို၊ သင်တန်းသား အချင်းချင်းကလဲ အမြဲတစေ ဖုန်းနဲ့ ဆက်သွယ် မေးမြန်ခဲ့ရတာ မမောနိုင် မပမ်းနိုင်အောင် ပါပဲခင်ဗျား။ ဒါပေမယ့် အဲဒီ စိတ်ကူးယဉ်မှုဟာ ဧပြီလ ၁ ရက်နေ့ မတိုင်မီ တစ်ပတ်အလိုမှာပဲ ပျောက်ဆုံးခဲ့ပါတယ် ခင်ဗျား။

ဒီလိုနဲ့ ပြည်ထောင်စု သတင်းစာကြီးဟာ ဧပြီ(၁)ရက်နေ့မှာ ထွက်လာပါတယ်၊ ကျွန်တော်တို့ သင်တန်းဆင်း တွေ ပါဝင်ခွင့် မရခဲ့ပါဘူး၊ ဒီလိုပြောလို့ “ဖိုးလုပ်ချင်”လို့ မယိုးစွပ်ပါနဲ့ ခင်ဗျား၊ ကျွန်တော် တို့အဆင့်၊ ကျွန်တော်တို့ ပညာနဲ့ အယ်ဒီတာ အဆင့်ကိုတောင် မမှန်းခဲ့ပါဘူး၊ အများဆုံးမှ နယ်သတင်းထောက် တာဝန်လေးတစ်ခုပဲ လိုချင်ခဲ့တာပါ၊ ဒီတာဝန်ကို ကျွန်တော်တို့ လုပ်ပြချင်ခဲ့တာ၊ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ဖော်ပြချင်ခဲ့တာ တစ်ခုတည်းပါပဲ။

ဒါပေမယ့် စွမ်းဆောင်ခွင့် ကူညီခွင့် မသာခဲ့ပါဘူး၊ ကျွန်တော်ပြောတဲ့ စွမ်းဆောင်ခွင့်ဆိုတာ ငွေရေး ကြေးရေးနဲ့ မဆိုင်ပါဘူး တကယ့် စေတနာ၊ ၀ါသနာ စစ်စစ်နဲ့ ပါတီအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုချင်ရုံလေးပါ ခင်ဗျား။ သင်တန်းကို ကျွန်တော်တို့ တက်ရောက် ခဲ့တယ်၊ သင်တန်းမှာ ပါတီ ဌာနချုပ်က ကျွေးခဲ့တဲ့ ထမင်းတွေကို ကျွန်တော်တို့စားခဲ့ရတယ်၊ ပါတီက သင်ကြားပေးလို့ ပညာ တစ်ခုကို တတ်မြောက်ခဲ့တယ် ဒီကျေးဇူး တရားကို တစ်ဖက် တစ်လမ်းက ပြန်ဆပ်ချင်ရုံလေးပါပဲ။ ဆပ်ခွင့် မရခဲ့ပါဘူး ခင်ဗျား။ ဒီလို ခံစားရပေမယ့်လည်း “အော်လူကြီးတွေက အမြှော်မြင်ကြီးကြီးနဲ့ တွေးခေါ်ထားလို့ တို့တွေကို ထုတ်မသုံးသေးပဲ တို့ထက် အရည်အချင်းရှိတဲ့ လူတွေကို အရင် ထုတ်သုံးမယ် အခြေကျမှ တို့တွေကို ပွဲထုတ်မယ်”လို့ ဖြေတွေး တွေးခဲ့မိပါသေးတယ်။ စိတ်မကောင်းခြင်း များစွာဖြစ်ခဲ့ရပါတယ် အဘခင်ဗျား။

ကျွန်တော်နေထိုင်တဲ့ ဒေသက လုပ်သက်နု ဂျာနယ် သတင်းထောက်လေး တစ်ဦးက တစ်လရှစ်သောင်း ရနေရာကနေ ပြည်ထောင်စု သတင်းစာက တစ်လ သုံးသိန်းပေးပြီး တာဝန်ပေးလိုက်တယ် ဆိုတဲ့ အကြောင်း ကျွန်တော့်ကို လာပြောသွားပါတယ်၊ လာပြောတယ်ဆိုတာ သာမန်လာပြောတာမဟုတ် ပါဘူး ရိသဲ့သဲ့ အသံလေးနှောလို့ပါ၊ သူက ဆက်ပြောပါသေးတယ်.. ပြည်ထောင်စု သတင်းစာမှာ အယ်ဒီတာချုပ်က တစ်လ ၁၈ သိန်း၊ အုပ်ချုပ်မှု အယ်ဒီတာက တစ်လကို ၁၀ သိန်း လစာရတယ်တဲ့ လေ၊ ဒီ့ထက်ပိုဆိုးတာက အယ်ဒီတာချုပ်နဲ့ အုပ်ချုပ်မှု အယ်ဒီတာတို့က သားအဖတော်တာတဲ့....။ ပါတီဗဟိုက ........... နဲ့လည်း တစ်ပတ်စဉ်ထဲပဲတဲ့လေ.......။

ဒီအဖြစ်သနစ်တွေကို ပါတီဥက္ကဌဖြစ်တဲ့ အဘအနေနဲ့ သိပါလေစလို့ တွေးမိပါတယ်၊ သားအဖ နှစ်ယောက် တစ်လ သိန်း ၃၀ နီးပါး၊ တစ်ရက်ကို ငွေ ၁ သိန်း........ဘုရား. ....... ဘုရား.....ပြည်သူ့ အကျိုးပြုတွေ အများကြီး လုပ်နိုင်ပါ ပေါ့လား လို့တောင် ဘုရားတ မိပါတယ် ခင်ဗျား။ ဒီလိုပြောလို့ မုဒိတာ မပွားနိုင်တာ မဟုတ်ပါဘူးခင်ဗျား၊ ပညာရှင် ဆိုတာမျိုးဟာ ငွေကြေးနဲ့ ပိုင်းဖြတ်လို့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။  ဒါပေမယ့်အဘရယ်. .............. ................ .။ ကျွန်တော် ဘာကို ဆိုလိုချင်တယ် ဆိုတာ အဘ ထိုးဖေါက်မြင် ပါလိမ့်မယ် ဆိုတာ ကျွန်တော်ယုံကြည် ပါတယ် အဘ။

ကျွန်တော့် ပေးစာကို နိဂုံးချုပ် ပါတော့မယ် အဘ...... လှေတစ်စီးကို ပဲ့ကိုင်သူကလည် မခိုမကပ် ထိန်းကြောင်းပြီး လိုရာပန်းတိုင် တစ်ခုကို မရပ်မနား ရှိသမျှခွန်အားနဲ့ ရုန်းကန်နေပါတယ်အဘ။ လှေဦးကလည်း သူရှိတဲ့ ခွန်အားကို ထုတ်နှုတ်ပြီး ရေထုကို ထိုးဖောက် ပြေးလွှားနေ ပါတယ်အဘ၊ လိုချင်တဲ့ ခရီးကို အမြန်ဆုံးနဲ့ အမှန်ဆုံး ရောက်ဖို့ လှေဝမ်းနဲ့ လှေနံ ပေါက်ပြဲ ပျက်စီးမှု မရှိအောင် တော့ အချိန်မီပြုပြင် ဖာထေးရမယ်ထင် ပါတယ်၊ ဒီလိုမှ မဟုတ်ရင်၊ သဘာမရှိ၊ ၀ါမရှိတဲ့ နောက်က လိုက်လာတဲ့ လောင်းလှေငယ်လေးတွေ ကျော်တက် သွားပါ တော့မယ်လို့ တင်ပြလိုက် ၇ပါတယ် အဘ။

အဘကိုချစ်ကြောက်ရိုသေပါသော တပည့်ကျော် (ကိုဖွ)
USDP Grop Face Book မှ ကူးယူ ဖော်ပြပါသည်။

Wednesday, April 3, 2013

ကိုယ်တွေ့ကြုံရသူ ဆရာဝန် တစ်ဦး ပြောသည့် ဗလီမီးလောင်မှု ဖြစ်ရပ်မှန်


အခု dutyက အပြန် လမ်းမှာ လူတွေ ပြောနေကြတယ်။ မီးကွင်းပစ်တာတဲ့။ လှေကားမှာ ဓာတ်ဆီတွေ လောင်းထားတယ်တဲ့။ ကျွန်တော်နေတာက ပန်းဘဲတန်းဆိုတော့ ပိုဆိုးတာပေါ့။ အဆိုးဆုံးက အိမ်ရောက်လို့ facebook လည်းဖွင့် ရော international မှာပါ ကောလဟာလတွေ အပြည့်ပဲ။ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ အဖြစ်မှန်ကို လူတွေသိစေချင်တယ်။ 

ကျွန်တော် မနေ့က အရေးပေါ် ERC2 dutyကျတယ်။ မနက် ၃နာရီ ခွဲလောက်မှာ ဗလီတစ်လုံး မီးရှို့ခံရလို့ ဆိုတဲ့ သတင်း စဝင် လာတယ်။ ကျွန်တော် တို့လို အစိုးရဋ္ဌာန တွေတောင် ကောလဟာလ သတင်းက စဝင် လာတာ ပြောပါတယ်။ ကျွန်တော် ကတော့ ပထမလုံးဝ မယုံဘူး။ april fool လို့ပဲ ထင်တာ။ နောက် eleven က internet သတင်း တက်လာတော့မှ အကုန်လုံး လန့်ဖြန့်ပြီး ကြိုတင် ပြင်စရာ ရှိတာ တွေပြင်ကြတယ်။ house surgeon လေးတွေကော emo , ဆရာမ တွေကော အလုပ်သမား တွေကောပေါ့။ drip line တွေ ထရော်လီတွေ mask တွေ အကုန် အစုံ အလင်နဲ့ ကိုယ်တွေ တတ်နိုင် သလောက် ပြုစု ကုသပေးဖို့ ပြင်ဆင် ထားကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရည်မှန်းချက် မပြည့် မြောက်ခဲ့ ပါဘူး။ ရောက်လာ သမျှက injury patient တစ်ယောက်မှ မပါပဲ အကုန်လုံး dead body ချည်းဖြစ်နေ လို့ပါ။ ၄ နာရီ ၂၀မှာ body ၄ခု စရောက်တယ်။ နောက်တစ်ခေါက် က ပစ်ကပ်ကားနဲ့ ၆ခု ။ နောက်ဆုံး တစ်ခေါက်က ၃ခု စုစုပေါင်း ၁၃ ခု ရောက်ပါတယ်။ ထူးခြားတာက မီးသတ်ကားတွေ ရဲကားတွေ လူနာတင်ယာဉ်တွေ အကုန်လုံးက ဥသြသံ လုံးဝ မဆွဲပဲ စည်းကမ်း တကျ ဆောင်ရွက်နေကြ တာပါ။ သူတို့နဲ့ အတူတူ အစ္စလာမ် ဘာသာဝင်ယောက် ၄၀ လောက်လည်း ပါလာပါတယ်။ 

ကျွန်တော်လည်း ဖြစ်ကြောင်း ကုန်စင်ကို မေးတာပေါ့။ မီးသတ်က တာဝန်ရှိသူတွေကော ရဲတွေကိုကောပေါ့။ သူတို့က သေချာ ရှင်းပြကြ ပါတယ်။ ဗလီဆရာက ညအိပ်ခါ နီးတိုင်း လူစစ် ပါတယ်တဲ့။ မနေ့ညက ၇၀ ရှိပါတယ်တဲ့။ အခု ၁၃ ယောက်ဆုံးပါး သွားပြီး ၅၃ယောက်ကို ကယ်ထား နိုင်ပြီး ၄ယောက် ပျောက်နေတယ်လို့ ပြောပါတယ်။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကားနဲ့ စက်က ကပ်နေပြီး လှေကားကို မီးကူးတာပါ။ အဲဒီ လှေကားက ထပ်ခိုးကို တက်တဲ့ လှေကားဖြစ်ပြီး ထပ်ခိုးမှာ အိပ်တဲ့ ကလေး ၁၃ယောက်လုံး ပိတ်မိသွားတာပါ။ ထပ်ခိုးက လေးဘက် လေးတန် အလုံပိတ် ဖြစ်ပြီး မီးလောင်တဲ့ လှေကား တစ်ခုပဲ ထွက်ပေါက် ဖြစ်နေ တာကြောင့် ဘယ်လိုမှကယ်လို့ မရဘူးလို့ မီးသတ်ဗိုလ်ကြီးက ပြောပါတယ်။ သူတို့မှာ အထောက်အထား ဓာတ်ပုံတွေ အကုန်ရှိတယ် လို့လည်း ဆိုပါတယ်။ 

ကျွန်တော်လည်း ပါလာတဲ့ အစ္စလာမ် ဘာသာဝင် တော်တော် များများကို လိုက်မေးကြည့် ပါတယ်။ သူတို့ကလည်း ဒီအတိုင်းပဲ ပြောကြ ပါတယ်။ ဗလီကျောင်းက တာဝန်ရှိ လူကြီးတွေလည်း ပါလာပြီး သူတို့လည်း ဒီလိုပဲ ပြောကြ ပါတယ်။ ဘယ်သူမှ ရှို့မီးတို့ မီးကွင်း ပစ်တာတိုံ့ မပြောကြပါဘူး။ သူတို့ ကိုယ်တိုင်က အဲဒါမျိုး လုံးဝ မဖြစ်နိုင်ဘူး။ တံခါးက သော့ခတ် ထားတာဖြစ်ပြီး အထဲက စလောင်တာလို့ ပြောကြ ပါတယ်။ ကျန်တော်နဲ့ တူတူ dutyကျတဲ့ team leader ကော နောက် ရောက်လာတဲ့ FA ကောကလည်း အစ္စလာမ်တွေပဲ ဆိုတော့ သူတို့လည်း စိတ်မကောင်း ဖြစ်နေကြ ပါတယ်။ ကျွန်တော် ကတော့ သေချာအောင် အကုန်လုံးကို သေချာ အောင် လိုက်မေးကြည့် ထားတာပါ။ ဆေးရုံ လုံခြုံရေး အတွက် တံခါးပိတ် ထားတာကို တချို့တွေ အတင်းဖွင့်ခိုင်းလို့ ကတောက် ကစ ဖြစ်တာက လွဲလို့ ဘာမှပြသနာ ကြီးကြီး မားမား မဖြစ်ပါဘူး။ အဲဒီတော့ ဒါ ရှို့မီးမဟုတ်ဘူး ဆိုတာ နားလည်ကြမယ်ထင် ပါတယ်။ သက်သေ အနေနဲ့ င်္မီးသတ်တွေ ရဲတွေ ဆေးရုံက ဆရာဆရာမတွေ အလုပ်သမားတွေ အတူတူ ပါလာတဲ့ အစ္စလာမ် ဘာသာဝင်တွေ ဗလီက တာဝန်ရှိသူတွေရှိကြပါတယ်။

အခုတော့ဗျာ ကောလဟာလတွေက ဆိုးလွန်းအားကြီးပါတယ်။ လူတွေက ဘာတွေ ဖြစ်ချင်နေကြ တာလဲ။ လူတွေ ပါးစပ်က စည်းကမ်းမဲ့ လွန်းအားကြီး ပါတယ်။ အပြစ်မဲ့ ပြီး သေဆုံး သွားတဲ့ ကလေး ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို အသုံးချပြီး အကြမ်းဖက်မှုတွေ ဘာသာရေးသွေးကွဲမှုတွေ အုံကြွမှုတွေ ဖြစ်အောင် လုပ်နေတဲ့ ပြောနေတဲ့ ရေးနေတဲ့ လူတွေရဲ့ လုပ်ရပ်တွေကတော့ အောက်တန်းကျ လွန်းအားကြီးပါတယ်။

ကျွန်တော် ဒီလို status မျိုးရေးလေ့ ရေးထမရှိပါဘူး။ အခု ရေးရတာကလည်း ကိုယ်သိတဲ့ အမှန်တရားတစ်ခုကို ပြောရမယ့် ဝတ္တရားရှိတယ်လို့ ခံယူထားလို့ပါ။ လူတိုင်း အမှန်ကိုသိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်တော့်ရဲ့ fb account မှာ ရှိတဲ့ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေတော့ အမှန်သိသင့်တယ် ထင်လို့ပါ။ လူတိုင်း ကောလဟာလ ဘေးမှ ကင်းဝေးနိုင်ကြပါစေ။
Kaung  Myat  Min Yangon General Hospital facebook မှ ကူးယူဖော်ပြပါသည်။





Tuesday, April 2, 2013

အငှားဗိုက်နဲ့ ဓါးထိုးခံ ပါရစေ (သို့ ) ပြည်ထောင်စု နေ့စဉ် အပေါ် ဝေဖန်ချက်

ဒီနေ့မနက် အိမ်ကို သတင်းစာပို့သမား ရောက်လာတယ်၊ ပြည်ထောင်စု နေ့စဉ် သတင်းစာအခြေ အနေ မေးကြည့်တယ်၊“ အမှန်အတိုင်း ပြောရမလား.. ကြားကောင်းအောင် ပြောရမှာလား ဆရာ”လို့ ဆိုလာပါတယ်။ ကျွန်တော်ကလည်း အားမနာတမ်း ပြောပါဆိုလို့ သူပြောပြခဲ့ ပါတယ်။ “ဆရာရေ.. အားမနာတမ်း တကယ့် အဖြစ်မှန် ပြောမယ်ဆိုရင် ..... ဒီနေ့မနက် ကျွန်တော် သတင်းစာ လိုက်ပို့ရင် ဒီပြည်ထောင်စု သတင်းစာကို လိုက်စပ်ဟပ်ပါတယ်၊ လူတွေက မယူကြဘူး ဆရာ၊  အလကား ပေးတာတောင် အိမ်တိုင်း မယူကြဘူး၊ အားလုံးက ခြင်္သေ့က ထုတ်တယ်ဆိုတာ သိထား ကြတာမို့ပါ ဆရာ” တဲ့လေ။

ကိုင်း.......ဒါက ကျွန်တော်တို့ ဒေသရဲ့ ဧပြီ(၁)ရက်နေ့ မနက်ပိုင်း ကြားရတဲ့ အသံပါ။ နောက်တစ်ခုက သတင်းစာပို့သမား လက်ဆောင် ပေးတဲ့ ပြည်ထောင်စု နေ့စဉ်ကို ကျွန်တော်  အသေးစိတ် ဖတ်ပါတယ်၊ ပထမ စစချင်းထုတ်တဲ့ အစောင်မို့ အပြင်အဆင်ကို မဝေဖန်လိုပါဘူး၊ စာတည်း အဖွဲ့ဝင်တွေ စာရင်းကို ဖတ်ကြည့်လိုက်ပါတယ်၊ ဘယ်မလဲ သတင်းစာ သတင်းထောက် သင်တန်းဆင်းတွေ တစ်ယောက်မှ မပါဝင်ပါလား၊

ဒီအတွက် သင်တန်း ဖွင့်ခဲ့ကြတာ မဟုတ်လား၊ ဒီအတွက် ဌာနချုပ်က ငွေကြေး ကုန်ကျခံခဲ့တယ် မဟုတ်လား၊ ဒီအတွက် တက်ရောက်တဲ့ သင်တန်းသားတွေ အလုပ်ပျက် အကိုင်ပျက်နဲ့ မိသားစု ငြိုငြင်မှုကိုခံပြီး အချိန်ပေးခဲ့ ရတယ် မဟုတ်လား၊

နောက်ဆုံး ရလာဒ်က ဘာလဲ၊ ဘယ်သူ ကောင်းစား သွားလဲ၊ ဘယ်သူ နေရာရသွားလဲ၊ ဒါကို တွက် ကပ်ပြောနေရင် နေရာမရလို့ မလိုတမာစိတ်ကြောင့် ပြောတယ်လို့ ပြောချင် ပြောကြမယ်၊ မဟုတ်ဘူး ကျုပ်ဆိုလိုတာ ဒီအတွက် မဟုတ်ဘူး၊ ကျုပ်နဲ့လည်း ဘာမှ မပတ်သက်ပြီး၊ ကျုပ် အကျိုးစီးပွားလဲ မထိခိုက်ဘူး၊ ဒါပေမယ့် မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ ပြည်သူတွေရဲ့ ပဲ့တင်သံကို တာဝန်ရှိသူတွေ ကြားရအောင် ရောင်ပြန် ပို့ခြင်းသာ ဖြစ်ပါတယ်။

နကို ကတည်းက သတင်းစာ ထုတ်တဲ့အခါ  ဒီလို အစီအစဉ်မျိုးနဲ့ ဆောင်ရွက် သွားမယ်လို့ စိတ်ကူး ထားတယ် ဆိုရင်၊ မလိုအပ်ပဲ ငွေကုန်ကျ မခံကြပါနဲ့၊ အချိန်ကို အလဟသ မဖြုန်းတီး မိပါစေနဲ့၊ အင်အားတွေကို အချည်းနှီး မထုတ်သုံး ကြပါနဲ့၊ ဒီလိုသာ ကြိမ်ဖန်များစွာ ဖြစ်နေကြရင်.. ရင်လေးမိတယ်လို့ပဲ ပြောလိုက် ပါရစေ။ (ကိုဖွ )

USDP FB Group မှ ကူးယူ ဖော်ပြပါသည်။ 



Saturday, March 30, 2013

NLD ပါတီဝင်တစ်ဦးက လ၀က ၏ ဆောင်ပုဒ်တစ်ခုကို ဖျက်သိမ်းပေးရန် တောင်းဆို


မတ်လ 27 ရက်နေ့က သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် NLD ပါတီဝင် ဘင်္ဂလီတစ်ဦးဖြစ်သူ ဦး-----------က လ၀ကတွင်ရေးသားသားသည့် ''မြေမြို၍ လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်မည်" ဆိုသည့် ဆောင်ပုဒ်ကို ဖျက်ပယ် ပေးရန် တရားဝင် တောင်းဆို လိုက်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး သံတွဲ ခရိုင်အုပ်ချုပ်ရေးမှူးမှ မည်သို့မျှ သတင်းထုတ်ပြန်ခြင်း မရှိကြောင်းနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ကိစ္စဖြစ်သဖြင့် ဖျက်၍ မရနိုင်ကြောင်း ပြောခဲ့သည်ဟု သိရသည်။


 မြန်မာနိုင်ငံသည် လူမြို၍ လူမျိုးပျောက်မည်ကို စိုးရိမ်ရသော အနေအထားတွင် ရှိသဖြင့် ပိုမိုပြီး သတိထားရမည့် အချိန်တွင် ထိုသို့ ပြောဆို လာခြင်းသည် နိုင်ငံတော်၏ အချုပ်အချာ အာဏာကို ဖျက်ဆီးရာ ရောက်ကြောင်းနှင့် ထို ဆောင်ပုဒ်သည် ပြဿနာ မဖြစ်ခင် ကတည်းက ရှိနေပြီးသား ဖြစ်သဖြင့် မည်သည့် အတွက်ကြောင့် ထိုသို့ ပြု လုပ်ရသည်ကို လေ့လာရန် လိုအပ်ကြောင်းလည်း ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သူများက ပြောပါသည်။ ထိုအစည်းအဝေးသို့ ပါတီပေါင်းစုံမှ ပါတီဝင်များနှင့် ဒေသခံ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်းလည်း သိရှိရ ပါသည်။


By RSV


Wednesday, March 13, 2013

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?

ဒီနေ့ မြို့ထဲ ရပ်ထဲ ရွာထဲကို လေ့လာကြည့်လိုက်ရင် လူတွေရဲ့ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ်ဆိုတဲ့စကားလုံးပါ၊ ဒီစကားလုံးက တော်တော်လေး ရေပန်းစားနေတာ ကို တွေ့ကြရ မှာပါ ။ ပြီးတော့ ရပ်တိုင်း ရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေ ပလူပျံနေအောင် လုပ်နေကြ တာပေါ့။ ဒါတွေကို ကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထု အပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေ အတိုင်း ဆက်သွား မယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေး စရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာ တစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလို စည်းရုံးရေး ကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရသွားခဲ့ရင် မြန်မာပြည် အတွက် အကောင်းဘူးလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာ မုချမလွဲပါဘဲ။ မှန်ပါတယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီကို မုန်းလို့လဲမဟုတ် ဒေါ်အောင်ဆန်း စုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းကို ခေါင်းဆောင်သော Leader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့ သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာ မြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင် အနာဂတ်နေ့ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင်သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

၁။ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခုမှာ မိဘအုပ်ထိန်းသူဟာ အခရာကျပါတယ်။ မိဘအုပ်ထိန်းသူရဲ့ ဆိုဆုံးမမှု၊ ပဲ့ပြင်မှုတွေက သားသမီးတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ နေမှု ၊ထိုင်မှု စတာတွေနဲ့ အနာဂတ်တွေ လှပအောင် ဖန်တီး ပေးနိုင်ပါတယ်။ မိဘက အရည်အချင်း ရှိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် မိဘကောင်းဖြစ်ရုံနဲ့ မလုံလောက်ဘဲ ထက်မြတ်ပြီး တော်တဲ့ မိဘဖြစ်ဖို့ပါ လိုအပ်လာပါပြီ။ ဒီလိုပါဘဲ မြန်မာပြည်သူတွေ အနေနဲ့ ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ မိဘတွေလို့ သတ်မှတ်ရမှာဖြစ် ပါတယ်။ ဒီနေ့ Direction ဖြစ်တဲ့ Democracy လမ်းကြောင်းပေါ်က မြန်မာပြည်ကို ဦးဆောင် ဦးရွက်ပြုမဲ့ Government အဖွဲ့အစည်းမှာ ပါဝင်တဲ့ Leader တွေဟာ ကောင်းရုံနဲ့တင် မရပါဘူး။ မလုံလောက် ပါဘူး Not enough with good ။ထက်မြတ်တဲ့သူတွေ တော်တဲ့သူတွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ သူတာဝန်ယူရတဲ့ နယ်ပယ်မှာ specialist ဖြစ်ဖို့လိုအပ်တယ်။ ဒါမှာသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မီတိုးတက်သော မြန်မာပြည်ဆိုတာ ဖြစ်တည်လာမှာ ဖြစ်ပါတယ်။

၂။ NLDပါတီကို ပြည်သူတွေဘာကြောင့်ထောက်ခံနေတာလဲ ဆိုတာလဲ အကြောင်းအရင်တွေ ရှိပါတယ်။ အဓိက အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတဲ့ အချက်ဟာ အဓိက အကြောင်းရင်း တစ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်စုကြည်ဟာ တော် တဲ့၊ထက်မြတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်တယ်ဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှ ပြောင်းလဲ တိုးတက်မှာလား? ဒီယူဆချက်ဟာ လုံးဝမှားယွင်းသွား ပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တော်တဲ့သူတွေ၊ သူ့ထက်တော်တဲ့ သူတွေ အများကြီးရှိ နေပါတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနဲ့ ကျွန်တော်တို့နိုင်ငံဟာ တိုးတက်ပြောင်း လဲသွားမှာ မဟုတ်ပါဘူး။ လူတစ်ဦး တစ်ယောက် Super Brain ပိုင်ရှင်ဖြစ်နေပါစေ တိုင်းပြည်တစ် ခုကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ Develop ဖြစ်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဓာတ် ကောင်းမွန်ပြီး ထက်မြတ်တဲ့သူတွေနဲ့ ပေါင်းစု ဖွဲ့စည်းထားတဲ့ အစိုးရ အဖွဲ့အစည်း တစ်ခုက နိုင်ငံ့ ထိပ်ဆုံး ခေါင်းဆောင်ကို Support လုပ်ပေးနိုင်ဖို့ဟာ အဓိက Key Point ဖြစ်ပါတယ်။

၃။ NLD ထောက်ခံမှုရနေတဲ့ နောက် အကြောင်းအရင်း တစ်ချက်ကတော့ကျွန်တော်တို့ မြန် မာပြည် သူတွေဟာ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အောက်မှာ နှစ်ပေါင်း ၂၀ ကာလလောက် နေခဲ့ရတဲ့ အတွက် စနစ်အ ပြောင်းအလဲတစ်ခုကို အင်မတန်လိုချင်နေတဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်အုပ် ချုပ်ရေးစနစ်မှာ နိုင်ငံတကာနဲ့ အနောက် အုပ်စုများရဲ့ ဒဏ်ခတ် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ လူမှုဘ၀မြင့်မား တိုးတက်ရေး စတာတွေ နိုင်ငံတစ်ကာနဲ့ Compare လုပ်ကြည့်ရင် အများကြီး နောက်ကျ ကျန်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီစနစ်ကြောင့်ဆိုပြီး အလိုလို နေရင်း အုပ်ချုပ်သူ လူတန်းစားကို မုန်းတီးမှုတွေ ကြီးထွားလာခဲ့ပြီး ဒီလုတွေ၊ ဒီပါတီ ဆိုရင်တော့ ကောင်းတာ လုပ်လုပ် မလုပ်လုပ် မထောက်ခံဘူး။ NLD ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ထောက်ခံမယ် ဆိုတဲ့ အမုန်းတရား စိတ်ဓာတ်တွေ ၀င်နေတဲ့ အချက်ပဲဖြစ် ပါတယ်။ ဒီနေရာမှာ တစ်ခု ဖြည့်စွက် ပြောချင်တာ ကတော့ ကမ္ဘာပေါ်မှာ တိုင်းရင်းသား လူမျိုးစု အများဆုံး နဲ့ သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့အစည်းအများဆုံး နိုင်ငံဟာ မြန်မာနိုင်ငံဖြစ် ပါတယ်။ တိုင်းပြည် တစ်ခု ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ အဲဒီတိုင်းပြည်ငြိမ်းချမ်းမှု ရှိလား မရှိဘူးလားဆိုတဲ့ အချက်က အဓိကကျတဲ့ အချက် တစ်ခုဖြစ် ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် ကြိုက်တဲ့ အစိုးရတက် အဲဒီ တိုင်းပြည်ဟာ ဘယ်နည်းနဲ့မှ Develop ဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ သမိုင်းကြောင်း နောက်ခံတွေရှိခဲ့တာက လဲ ချန်လှပ်ထားလို့မရတဲ့ အဓိက အချက်တစ်ခုဖြစ်နေပါတယ်။

၎။ နောက်ထပ် အကြောင်းအရင်းကြီး တစ်ခုကတော့ NLD ပါတီရဲ့ ပြည်သူလူထုကို စည်းရုံးရေး လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီဖြစ်တယ် ဆိုတာရယ် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓာတ်ပုံ၊မိန့်ခွန်း စတာတွေကို အသုံးပြုပြီး စည်းရုံးတဲ့အပြင် အစိုးရ ရဲ့ လုပ်ကိုင်ဆောင် ရွက်သမျှ ကိစ္စအားလုံးကို Anti လုပ်ပြီး ဆန့်ကျင်ဘက် ပုတ်ခတ် ပြောဆိုတဲ့ အလုပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးပြုတဲ့အချက်ဖြစ်ပါတယ်။ ဒီလို ရေးသာရတာဟာ NLD ကို ပုတ်ခတ်ပြောဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ NLD ပါတီရဲ့ စည်းရုံးရေး အစည်းအဝေးတွေမှာ သွား နားထောင် ကြည့်လိုက်ရင် ဟုတ်မဟုတ်သိနိုင်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက် နေပြည်သူများဖြစ်ပါတယ်။ အတွေးအခေါ် အမျှော်အမြင်နဲ့ ဗဟုသုတ နည်းနေသေးတဲ့ ပြည်သူတွေကို စည်းရုံးတဲ့နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဟာကွက် ပျော့ကွက်တွေကိုသာ ထောက်ရှုပြီး စည်းရုံး ပြောဆိုရင် အဲဒီလူတွေ ကိုကြိုက်ကြပါ တယ်။ထောက်ခံကြတယ်။ ဒါဟာ လူ့သဘောသဘာဝလဲ ဖြစ်တဲ့ အတွက် အပြစ်တော့ မဟုတ် ပါဘူး။ ဥပမာတစ်ခုနေနဲ့ ( NLD ပါတီဝင်တစ်ယောက်က လူထုစည်းရုံးရေး လုပ်တဲ့ အစည်းဝေးတစ် ခုမှာပြောလိုက် တယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ကလူတွေက ယခင် စစ်အစိုးရ လက်ထက် တုန်းကလူတွေ၊ ဒီလူတွေက ဘောင်းဘီချွတ် အရောင်ပြောင်းထားတဲ့ လူတွေ၊ နဂိုကလည်း ဒီလူတွေ လုပ်ခဲ့လို့ တိုင်းပြည် မတိုးတက်တာ၊ အခုလဲ ဒီလူတွေဘဲ ဆိုတော့ ဘာမှထူးလာမှ မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေဘ၀ အရောင်ပြောင်းမှာ မဟုတ်ဘူး။ ) ဒီလိုပြောလိုက်တဲ့ အချိန်မှာ အောက်က လူတွေက လက်ခုပ်တဗြောင်း ၂ တီးပြီး ထောက်ခံကြတယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရက သိပ်ကောင်း တာဘဲလို့ ဘယ်တော့မှ ပြောပြီးစည်းရုံးမှာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုစည်းရုံးမှုတွေရဲ့ အောက်မှာ အမှားအမှန်းကို သေသေချာချာ ကွဲကွဲပြားပြား မပိုင်းခြားဘဲ ဘာမသိညာမသိနဲ့ သူများတွေ လက်ခုပ်တီးလို့ သူများတွေ NLD ကို ထောက်ခံလို့ လိုက်ပြီး ထောက်ခံတဲ့ လူတွေဟာ ၁၀၀ မှာ ၉၅% နှုန်းလောက် ရှိပါတယ်။ အမှန်တော့ ကျွန်တော်တို့ ပြည်သူတွေက NLD ကို ချစ်လွန်းလို့ အားကိုလွန်းလို့ မဟုတ်ပါဘူး။ NLD စည်း ရုံးရေးလုပ်နေတဲ့သူတွေရဲ့ အစိုးရအပေါ်မှာ အဆိုးမြင်ဝါဒ လက်ကိုင်ထားပြီး ထိုးနှက် တိုက်ခိုက်တဲ့ အပေါစား စည်းရုံးရေး ၀ါဒမှိုင်းတိုက် စကားလုံးတွေ အောက်မှာ ဟုတ်များ ဟုတ်လေ မလားဆိုပြီး ယောင်ဝါးဝါးနဲ့ ထောက်ခံနေ မိကြတာ ဖြစ်ပါတယ်။

၅။ NLD ပါတီမှာ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားသလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မေ့လျော့နေတဲ့ အရေးကြီးဆုံး အချက်တစ်ခုရှိနေပါ သေးတယ်။ ဒီနေ့ NLD ပါတီဝင်တွေမှာ အများဆုံး ပါဝင်တဲ့လူတွေက အစိုးရ အပေါ်မှာ တစ်ချိန်လုံး Anti လုပ်လာခဲ့ တဲ့သူတွေနဲ့ ပညာ အရည်အချင်းက အစ နည်းပါတဲ့ သူတွေ အများဆုံး ပါဝင်ဖွဲ့စည်းထားပါတယ်။ (ဥပမာ တစ်ခုပြောပြရရင် ကျွန်တော့်မွေးရပ်မြေ ရွာက NLD  ပါတီဝင်တွေကို ရွာရောက် တုန်းလေး လာကြည့်လိုက်တယ်။ ဥက္ကဌက ၄ တန်းမအောင်တဲ့ ဦးဖိုးစိန်၊ သူ့ ကို ကျွန်တော် မေးကြည့်တယ် ဦလေး NLD ပါတီ ဥက္ကဌဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်လို ၀င်ဖြစ်သွားပြီး ဘာတွေလုပ်ဖို့ရှိလဲ မေးကြည့်တော့ ဦးလေလဲ မသိပါဘူး ငါတူရာ၊ တောင်ဘက်ရွာ သွားတော့ ထွန်းမောင်ကြီးက ခေါင်းမှာ အနီရောက် အ၀တ်စီးပြီး ဒီချုပ်အလံ အိမ်ရှေ့မှာထောင် ထားတာကွ လူတွေ တရုံးရုံးနဲ့ NLD ဈေးပွဲတော်တဲ့ဗျ ဟန်ပါပါနဲ့ ဒီကောင်က ဥက္ကဌလုပ်နေတယ် ဆိုတော့ ငါလဲဒီဘက်ရွာမှာ ဥက္ကဌ လုပ်မယ်ဆိုပြီး ပါတီဝင်တာဟေ့၊ ဘာလုပ်ဖို့လဲ ဦးလေးရ လို့မေးတော့ ငါတူနှယ် ဥက္ကဌဆိုတော့ ဟန်ပါပါ နေရတာပေါ့ကွ လူအထင်ကြီးတော နည်းသလားတဲ့ ၊ ဒါဆိုဦးလေး ဘာတာဝန် တွေယူထားလဲ ဆိုတော့ ငါတူနယ် ရွာမယ် ဘုရားပွဲရှိ တိုင်း NLD အတွက်ဆိုပြီး ဈေးရောင်းတော့ အမြတ်ကလေး ဘာလေးလဲရ၊ ငါလဲ ဟန်ပါပါ နေလို့ရတာ ပေါ့ကွတဲ့၊ ဟုတ်ပါပြီ ဒါဆို ဦးလေ Democracy ကိုတော့ သိတယ် မဟုတ်လား ဆိုလား အင်း ငါတူရယ် သိတာပကွ မင်းနှယ် Democracyကို ဒေါ်အောင်ဆန်းစုကြည် ၀ယ်ထားပြီးပြီတဲ့ဟ အရင်တုန်း ကတော့ ဒေါ်စုက Democracy လုပ်တာတဲ့ အခုတော့ ၀ယ်ထားပြီးပြီတဲ့ဟ) ဦးဖိုးစိန်က ကျွန်တော့်ကို အဲဒီလို ပြောခဲ့တာပါ ဒါဟာ လက်တွေဖြစ်ပျက်ခဲ့ တာပါ။

ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း တော်နေရုံနဲ့ NLD ပါတီက တိုင်းပြည်ကို ဦးဆောင်လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ တိုင်းပြည်ကို ကောင်းအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး။ အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ တော်တဲ့ ထက်မြတ်တဲ့ သူတွေဖြစ်ဖို့ အရေး အလွန်ကြီးပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLDနိုင်ရင် ပြီးရောဆိုပြီ လာချင်ရာလာ NLD ဆိုပြီး မဲပေးလိုက်တဲ့ ရလာဒ်ဟာ ကြာဖြတ် ရွေးကောက်ပွဲလေး ဖြစ်ခဲ့လို့ တိုင်းပြည်အတွက် ဘာမှ မသိသာခဲ့ပေမဲ့ ၂၀၁၅ မှာသာ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဒီပုံစံတိုင်းဘဲ ဖြစ်သင့် မဖြစ်သင့် ဆိုတာ သေချာမဆုံးဖြတ်ဘဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေ ထားပြီး မဲပေးကြ ဦးမယ်ဆိုရင် အနာဂတ် မြန်မာနိုင်ငံကြီးဟာ ကျွန်တော်တို့ ပြည်သူတွေ မျော်လင့်ထားတဲ့ ရွေရောင် လွှမ်းတဲ့ မြန်မာပြည် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူးဆိုတာ သုံးသပ် တင်ပြလိုက်ရ ပါတယ်။

Jing Hpaw Land





Tuesday, March 12, 2013

ပြည်မြို့ NLD နှစ်ခြမ်းကွဲကာ အချင်းချင်းဆန္ဒပြမှု တရားရုံးမှ ကိုင်တွယ်မည်

ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိ NLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော်ဆန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက် ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီရုံးရှေ့တွင် ဦး ကျော်ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦးတိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့မှ ဦးဆောင်၍ ““အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား လှိုက်လှဲစွာ ထောက်ခံပါသည်။ ဗဟိုညီလာခံ ကြီးအား လှိုက်လှဲစွာထောက်ခံ အပ်ပါသည်”” ““ပြည်မြို့နယ် ညီ လာခံ ကိုယ်စားလှယ်(၃)ဦးအား မမှန်မကန်သည့်အတွက် (လုံးဝ) (လုံးဝ)ပြင်းထန်စွာ ကန့်ကွက်ပါ သည်””၊  ““မမှန်မကန်သော ပြည်မြို့နယ်မှ ကိုယ်စားလှယ် (၃) ဦးအား မထောက်ခံပါ””၊ ““ဒေါက် တာ ခင်မောင်ဝင်းပါ (၃)ဦးအား ပြည်မြို့နယ်မှ လုံးဝ လက်မခံ နိုင်ပါ””ဟူသော စာတမ်းပါ ဗီနိုင်း ပိုစတာများ၊ ဗီနိုင်းစတွင် ခွပ် ဒေါင်းအစစ်တွေရဲ့ ဆန္ဒဟူသော ခေါင်းစဉ်ဖြင့် ““အမျိုးသား ဒီ/ ချုပ် အဖွဲ့ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီ လာခံကြီးကို ယုံကြည်မျှော်လင့် ချက်အပြည့်နဲ့ ကြိုဆိုပါ၏။ ပြည် သူတွေက ပိုပြီးတော့ ချစ်ခင်လေး စားယုံကြည်အားထားရသော အမျိုးသားဒီ/ချုပ်အဖွဲ့ဖြစ်ချင် ပါတယ်။ ပြည်သူတွေအကျိုး အတွက် မရည်စူး၊ ကိုယ်ကျိုး အတွက်ပဲ ရှေ့တန်းတင် လက်ဦး မှုကို အရယူ ပါတီဝင်ဖောင်တွေ ကို လိုသလိုသုံး၊ လူတွေမွေး၊ ဒီမိုကရေစီ အခွင့်အရေးကို အသုံးချ ကြိုတင်လူရွေးပြီး တာ ၀န်တွေကို လုပ်ကြံယူထားသူ များကို လုံးဝမလိုလားပါ။ မျိုး ချစ်မျက်ကန်းများ မဖြစ်ကြပါစေ နှင့်၊ ကြယ်ဖြူနှင့် ခွပ်ဒေါင်းအစစ် များ၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်””ဟူသော ဗီနိုင်းများကိုင် ဆောင်ကာ လူအင်အား(၅၀)ဦး ခန့်ဖြင့် ဆန္ဒဖော်ထုတ်၍ ညနေ ၅ နာရီ ၅၀ အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရ သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအား ဦးဆောင်သူ ဦးကျော်ဆန်း၊ ဦးမြင့်သိန်းတို့အဖွဲ့အား သက် ဆိုင်ရာတာဝန်ရှိသူများမှ ခွင့်ပြု ချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း ကြောင့် ပြည်အမှတ်(၂)ရဲစခန်း မှူး ရဲအုပ်လှထွန်းမှ တရားလို ပြုလုပ်၍ ဦးဆောင်သူ ဦးကျော် ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦး တိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့အား (ပ) ၂၀၇၊ ၂၀၁၃ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

From : hot news