ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Saturday, November 24, 2007

အနီးမှုံအန်တီစု

မစ္စတာဂမ်ဘာရီ စက်တင်ဘာလ နောက်ပိုင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ပြီး အပြန်တွင် အန်တီစု ထုတ်ပြန် ကြေညာချက်အား စင်ကာပူတွင် ထုတ်ပြန် ကြေညာခဲ့ ပါသည်။ ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း စည်းလုံးညီညွတ်ရေး အတွက် ၄င်းမှ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ခေါ်ယူညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေါ်ပြ ထားသည်ကို ဖတ်ရပါသည်။ အံ့သြစရာ ကောင်းလှပါသည်။ ကျွန်တော်တို့ နိုင်ငံတော်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက် ယခင်လက်နက်ကိုင် ဆန့်ကျင် ခဲ့ကြသော တိုင်းရင်းသား အဖွဲ့အစည်းများအား တပ်မတော်မှ နိုင်ငံတော် တာဝန် ထမ်းဆောင်ချိန်မှ စ၍ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနှင့် နယ်မြေ အေးချမ်းမှုအတွက် ငြိမ်းချမ်းရေးရယူ တည်ထောင်ခဲ့ရာ ယခုအခါ မြန်မာ နိုင်ငံအနှံ့ အပြား နေ့ရောညပါ အေးချမ်း တည်ငြိမ်စွာ သွားလာ လုပ်ကိုင်လျက် ရှိကြသည်ကို နေရာတိုင်း တွင် တွေ့မြင်ပြီး လက်တွေ့ ခံစားနေကြရပြီ ဖြစ်ပါသည်။

၎င်းအခြေအနေသည် မြေပြင် လက်တွေ့ အမှန်တရား ဖြစ်ပါသည်။ ထို့ ပြင် စည်းကမ်း ပြည့်ဝပြီး ခေတ်မီ ဖွံ့ ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် အမျိုးသား ညီလာခံတွင် နိုင်ငံ တစ်ဝှမ်းလုံးမှ ကိုယ်စားလှယ်များဖြင့် ဆွေးနွေး ဆောင်ရွက်ခဲ့ရာ အခြေခံမူများ ချမှတ်အောင်မြင်ခဲ့ပြီဖြစ်ပါသည်။ ၄င်းအခြေအနေ ကိုလည်း မျက်စိအောက်တွင် မြင်နိုင်ပါသည်။ ထိုကဲ့သို့ မျက်စေ့အောက်တွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှုရှိရန် ဆောင်ရွက်မှု၊ တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်အောင် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်များ ဆွေးနွေး ဆောင်ရွက်မှု အခြေအနေများကို အန်တီစုမမြင်ဘဲ ဖေါ်ပြပါအတိုင်း "ဂမ်ဘာရီ" မှတဆင့် စင်္ကာပူတွင် ကြေညာချက် ထုတ်ခြင်းမှာ အနီးတွင် ဖြစ်ပေါ်နေသော အခြေအနေများကို မျက်ကွယ်ပြုပြီး ဆရာကြီးများ ခိုင်းစေချက်အတိုင်း ရေးသား ထုတ်ဝေခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် အန်တီစု အနီးမှုံရောဂါ ဖြစ်နေသည်။ ၄င်း အနီးမှုံရောဂါသည် အနောက်တိုင်း အထင်ကြီး၊ ဒေါ်လာများကို စားသော အစားအစာများမှ ဖြစ်လာခြင်း ဖြစ်ပါသည်။

3 comments:

MgThaJan said...

ကိုရဲထွန်း ခင်ဗျားဟာ ဗုဒ္ဓဘာသာ တစ်ယောက် ဆိုရင် အသိဥာဏ်ရှိသူ တစ်ယောက်ဆိုရင် ဘုရားပုံကို ဒေါ်စု မျက်နှာ ဖြတ်ညှပ်ကပ် လုပ်ထားတာ ဖြုတ်လိုက်စေချင်ပါတယ်။ သာသနာကို စော်ကားလွန်းလှတယ်ဗျာ။

Lumaw said...

`မျက်စေ့အောက်တွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှုရှိရန် ဆောင်ရွက်မှု၊ တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်အောင် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်များ ဆွေးနွေး ဆောင်ရွက်မှု အခြေအနေများ´ ဟုတ်လား
ပေးထားတဲ့ စာရွက်ကို တစ်ယောက်ချင်းထဖတ်ပြ၇တာကို ဆွေးနွေးတယ်လို့ ခေါ်၇င် ငါ့ညီ မင်းမှားနေပြီ။

sam said...

ငရဲ မင်းတော့နာတော့မယ်၊ဘယ့်နှယ့်ဘုရားပုံမှာအမျိုးသ္မီး
ပုံထည့်ထားရတာလဲကွ။မင်းတို့ ကောင်တွေအားလုံးမင်းတို့
အဖေသန်းရွှေရဲ့ လမ်းစဉ်လိုက်ကုန်ကြတာနှမြောစရာ
ကောင်းတာကွာ၊အေးပေါ့လေမိစ္ဆာကိုကိုးကွယ်တော့မင်းလည်း
မိစ္ဆာဖြစ်သွားတာတော့မဆန်းပါဘူးကွာ၊နိုင်ငံရေးတော့မင်းမ
ပြောပါနဲ့ ကွာ၊ညီအကိုလိုခင်လို့ ပြောတာပါ၊မင်းမြောင်း
ထဲရောက်သွားမှာစိုးလို့ ပါကွာ။ဒါပေမယ့် ငါ့အထင်
တော့မင်းအခုမြောင်းထဲကနေပြောနေတယ်နော်၊ငရဲမင်း
မီသေးတယ်၊မင်းမျက်စိနဲ့ နားကိုပိတ်မထားပါနဲ့၊အမှန်
တရားတွေဟာမင့်ဘေးနားမှာဝိုင်းဝိုင်းလည်နေတုန်းဘဲ
အမြန်ဆုံးဆုပ်ကိုင်လိုက်ပါ။


ခင်မင်စွာဖြင့်
အစ်ကိုကြီး ရဲ