ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Friday, November 23, 2007

စီးပွားရေး ပိတ်ဆို့တယ် ဆိုတိုင်း ဂရုစိုက်ရမှာလား

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့တာကို အာရှတိုက်က ဘယ်နိုင်ငံကမှ မထောက်ခံဘူးလို့ စင်္ကာပူ ၀န်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်း ကြားသိရပါတယ်။ အလားတူပဲ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံများ ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့တာကို ဆန့်ကျင်ရှုတ်ချ ကြောင်း ဝေဖန် ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဟာ နိုင်ငံအချင်းချင်းအကြား လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစားရေး အခြေခံမူအတိုင်း တစ်သွေမတိမ်း လိုက်နာ ကျင့်သုံးသွားသင့်ကြောင်း လာအိုဝန်ကြီးချုပ်က အာဆီယံထိပ်သီး ဆွေးနွေးပွဲမတိုင်မီမှာ ထုတ် ဖော် ပြောကြား ခဲ့ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ဗိုလ်ကျ အနိုင်ကျင့်ချင်တဲ့ အနောက်အုပ်စုများက ကျွန်တော်တို့ နိုင်ငံကို သွားပုပ်လေလွင့် အခြေအမြစ်မရှိ စွပ်စွဲမှုတွေလုပ်ပြီး စီးပွားရေးပိတ်ဆို့မှု နည်းလမ်းနဲ့ ဖိနှိပ် ရန်စလာတာ ကြာခဲ့ပါပြီ။ ဒါကျွန်တော်တို့ ပြည်သူတွေအားလုံးကို ရန်စတာ၊ နိုင်ငံတော်ရဲ့ အေးချမ်းသာယာတည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးမှုတွေကို တုံ့ဆိုင်းရပ်တန့်သွားအောင် သက်သက်မဲ့ အနိုင်ကျင့်တာဖြစ်ပါတယ်။သူတို့သမ္မတ ကတော် လော်ရာဘွတ်ဒ်ကလည်း သူ့ဟာသူ အေးအေးမနေဘဲ နားမလည်ပါးမလည်နဲ့ နိုင်ငံတော်ကျင်း ပခဲ့တဲ့ ၂၀၀၇ခုနှစ် နှစ်လည် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ရှောင်ရှားကြဖို့ နိုင်ငံတကာကျောက်မျက် ရတနာ ကုမ္ပဏီများကို တိုက်တွန်းကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့စကား ဘယ်သူမှနားမထောင်ပဲ နိုင်ငံပေါင်း (၁၅)နိုင်ငံက ကုမ္ပဏီ(၁၅၈၃)ခုက ပြည်ပရတနာကုန်သည်ပေါင်း (၂၂၆၁)ဦးလာရောက်ခဲ့ပြီး ကျောက်မျက်ရတနာများ လေလံ ဆွဲဝယ်ယူခဲ့ ကြပါတယ်။ ဒီကြားထဲ ကနေဒါ ကလည်း သံယောင်လိုက်၊ ဥရောပဘုံဈေး အဖွဲ့ကလည်း ဆရာကြီးရဲ့ အကြိုက်ကို လိုက်နဲ့၊ သူတို့နိုင်ငံ တွေနဲ့ ကမ္ဘာ့ ပုလိပ်ကြီး ဆက်ဆံရေး ကောင်းအောင် မျက်နှာချို သွေးကြပြီး ကျွန်တော်တို့နိုင်ငံကို စီးပွားရေး ပိတ်ဆို့ မှုတွေ လုပ်လာ ပါတယ်။

ကျွန်တော့် အမြင်ကတော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားတိုင်းစားရေး ၊ ၀တ်ရေး ၊ နေရေး ဖူလုံ လောက်အောင် သဘာဝသယံဇာတ အရင်းအမြစ်တွေ၊ ထုတ်လုပ်မှုစွမ်းအားတွေ အပြည့်အ၀ ရှိပြီး သားပါ။ ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။ ကမ္ဘာ့ပုလိပ် ဦးဆောင်တဲ့ အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြ တဲ့ ကမ္ဘာ့နိုင်ငံတွေ အများကြီးပါပဲ။ သူနဲ့အနီးကပ်ဆုံး ကျူးဘားကို နှစ်ပေါင်း(၄၀)ကြာအောင် ပိတ်ဆို့ လာတာ ခုထိ ဘာအောင်မြင် သေးလို့လဲဗျာ။ ကျူးဘားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု စွမ်းအားက ဒါတွေကို ကျော်လွှား နိုင်ခဲ့တာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ ပြည်သူလူထုတွေ အားလုံးကိုလည်း အရေးကြီးပြီ၊ သွေးနီးကြစို့လို့ တပ်လှန့် နှိုးဆော်ချင်ပါတယ်။

No comments: