ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Monday, June 11, 2012

ဘူးသီးတောင် ကန်တော်ကြီး ရေကန်အား ဘင်္ဂါလီလူမျိုးက အဆိပ်ခတ်

ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့သည်။ ဇွန်လ ၁၀ ရက်နေ့ည ၂၂၃၅ နာရီချိန်တွင် ရေကန်အတွင်းသို့ လူဆင်းလာသည့်အသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့မှ ဓါတ်မီးဖြင့် ထိုးကြည့် ရာ လူ(၂)ဦး ရောက်ရှိနေသည်ကို တွေ့ရှိရသည်။

ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ၄င်းလူ(၂) ဦးမှ လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီလူမျိုး (၁)ဦး သေနတ်မှန်ပြီး (၁)ဦး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သေနတ်ထိမှန်၍ ကျန်ရစ်ခဲ့သည့် ဘင်္ဂါလီလူမျိုးမှာ ဘူးသီး တောင်မြို့မှ (၃)မိုင်ခန့်အကွာ ကျောက္ကရွာမှ ဖြစ်ကြောင်း သိရှိရသည်။ ၄င်းထံတွင် ဓါး(၁) လက်၊ လေးခွနှင့် လောက်စာလုံးများ တွေ့ရှိရသည်။ ၄င်းတို့လုပ်ဆောင်သည့် အခြေအနေ အား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။
 

No comments: