ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Monday, June 11, 2012

လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး

 "မောင်တောအရေးမှာ နှာစီးချောင်းဆိုးနေတဲ့ မီဒီယာတွေ၊ အစိုးရလုပ်သမျှ ဘုဂလန့်ခံရမယ်လို့ 
ယူဆထားတဲ့ မီဒီယာတွေ၊ နိုင်ငံရေးပါတီတွေ အစိုးရ မှားတုန်းက မှားတယ် ပြောရဲခဲ့ကြသလို မှန်တာကိုလည်း မှန်တယ်လို့ ရဲရဲကြီး ထောက်ခံဖို့လိုပါတယ်။ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင်တွေအပေါ် 
အမြဲကျူးကျော် ထိပါးနေတဲ့ တမီးလ်တွေကို အစိုးရက အမြစ်ပြတ် ရှင်းလင်းစဉ်တုန်းက သီရိလင်္ကာ မီဒီယာတွေရဲ့ အသံဟာ တစ်ညီတည်း ထွက်ခဲ့ကြပါတယ်။ အဲဒီကိစ္စကြောင့် အင်အားကြီး နိုင်ငံတစ်ချို့က သီရိလင်္ကာအစိုးရကို ပြစ်တင်ရှုတ်ချတာမျိုးတွေ၊ ပိတ်ဆို့အရေးယူတာမျိုးတွေ လုပ်လာတဲ့အခါ 
သီရိလင်္ကာ တစ်နိုင်ငံလုံး၊ ပါတီအစုံ၊ မီဒီယာအစုံ၊ ကိုယ့်အစိုးရဘက်က ရပ်တည်ခဲ့ကြပါတယ်။ မြန်မာပြည်တွင်းက အတိုက်အခံပါတီတွေ၊ မီဒီယာတွေ အများကြီး စဉ်းစားသင့်ကြပါပြီ။ လူ့အခွင့်အရေးဆိုတဲ့စကားကို ကိုယ့်နှမနဲ့လဲပြီး ကာကွယ်စောင့်ရှောက်စရာတော့ မလိုလောက်ဘူး ထင်ပါတယ်။"
 
မြန်မာပြည်ကို ချစ်မြတ်နိုးသူ ဆရာတော်အရှင်သူမြတ်တစ်ပါး

No comments: