ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Saturday, June 9, 2012

မင်းသားခေါင်းဆောင်း၏ နောက်ကွယ်

မင်းသားခေါင်းဆောင်း၏ နောက်ကွယ်

by Qing Minya on Thursday, June 7, 2012 at 12:30pm ·
၂၀၀၉ ခုနှစ်မှ စ၍ ကမ္ဘာအရပ်ရပ်တွင် 'ကယ်ပါ၊ ယူပါ' တစာစာ အော်ငင်နေကြသော ရိုဟင်ဂျာ အမည်ခံ ဘင်ဂလီများ အဘယ့်ကြောင့် အင်အားတောင့်တင်းစွာ ယနေ့ ထိ ရပ်တည်နေနိုင်သတည်း။ သူရို့ ၏ နောက်ကွယ်တွင် မည်သူတွေ ကြိုးကိုင်နေကြသနည်း။ ဤစာစုတွင် အကျဉ်းချုံး၍ တင်ြ­ပပါမည်။
.
၁၉၇၈ခုနှစ်၊ နဂါးမင်းစစ်ဆင်ရေးကာလအတွင်း အကြီးအကျယ် အထိနာသွားလေသော ဘင်ဂလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့၏ အရှေ့တောင်ဘက်တွင် တောခိုပုန်းအောင်းကာ ဆက်လက် လှုပ်ရှားနေခဲ့သည်။ ၁၉၈၂ခုနှစ်တွင် ယင်းဘင်ဂလီများသည် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့အစည်း (Rohingya Solidarity Organization) ဟူသော အမည်ဖြင့် ပေါ်ပေါ်တင်တင် နိုင်ငံတကာ၏ အကူအညီကို တောင်းခံလာခဲ့သည်။ ၄င်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်များမှာ ရခိုင်ဒေသအတွင်းတွင် ရှိနှင့်ပြီးသော ဘင်ဂလီများနှင့် ဘင်္ဂလားဒေ့ရှ်မှ နောက်ထပ် ဝင်ရောက်လိုသော ဘင်ဂလီများအတွက် ညီညွတ်သော မူစလင် အချုပ်အခြာအာဏာပိုင် ဒေသတစ်ခု တောင်းဆိုရေးဖြစ်သည်။
.
ယင်းအဖွဲ့အစည်းသည် နှစ်အနည်းငယ်အတွင်း အလားတူ အစ္စလာမ်အစွန်းရောက် အဖွဲ့အစည်းများနှင့် ကူးလူးဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အစွန်းရောက်အဖွဲ့အစည်းများမှာ
- Jamaat-e- Islami of Bangladesh
- Jemaah Islamiyah of South East Asia
- Gulbuddin Hekmatyar's Hizb-e-Islami of Afghanistan
- Hizb-ul-Mujahideen of Jammu and Kashmir
- Harakat-ul-Jihad-ul-Islami တို့ ဖြစ်ကြသည်။
.
ယင်း ဘင်ဂလီလက်နက်ကိုင်များ မည်သို့ မည်ပုံ နှစ်လရှည်ကြာစွာ ရပ်တည်နိုင်ကြသနည်း။ အနှီ ရိုဟင်ဂျာ အမည်ခံ ဘင်ဂလီလက်နက်ကိုင်များသည် လူမှောင်ခို၊ မူးယစ်ဆေးဝါး မှောင်ခို၊ လက်နက်မှောင်ခို အစရှိသည့် ဥပဒေကို ဆန့် ကျင်သော လုပ်ငန်းများ၊ လုပ်ရပ်များကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်၍ ရရှိလာသော အကျိုးအမြတ်များဖြင့် တစတစ အင်အားကြီးထွားလာသည် ဟူ၏။ ၁၉၉၀ နှစ်များ ဝန်းကျင်တွင် ထပ်မံဆူပူအုံကြွရန် ရခိုင်မြေပေါ်ရှိ ယင်းတို့ ၏ လက်ဝေခံများ၏ အကူအညီဖြင့် လက်နက်ခဲယမ်းများ သိုဝှက်ခါ အကြံကြီးကြံ၍ အခွင့်အခါကောင်းကို စောင့်ဆိုင်းနေချိန်ဝယ် စစ်အစိုးရ၏ လက်ဦးမှုရယူကာ ချေမှုန်းခြင်းကို ခံရပြန်သည်။
.
ထို့ နောက်တွင်မူ အနှီ ရိုဟင်ဂျာအမည်ခံ ဘင်ဂလီလက်နက်ကိုင်များသည် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ အစွန်းရောက် အစ္စလာမ်အဖွဲ့အစည်းဖြစ်သော Harakat-ul-Jihad-ul-Islami (HuJI) ၏ အကူအညီဖြင့် အာဖကန်နစ္စတန်နိုင်ငံရှိ အယ်လ်ကေဒါ (Al-Qaeda) အကြမ်းဖက်အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။ ၁၉၉၀-၁၉၉၅အတွင်း အင်အား ၅၀၀၀ မျှ ရှိသော ဘင်ဂလီများသည် အယ်လ်ကေဒါများ စီစဉ်ပေးသော အကြမ်းဖက်လုပ်ရပ် သင်တန်းများကို သွားရောက်သင်ယူခဲ့ရုံမျှမက ၄င်းတို့ ထံတွင် ပစ္စည်းသယ်၊ မိုင်းရှင်း စသဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသေးသည်။
.
CNN သတင်းဋ္ဌာန၏ တစ်ခုသော ဖော်ပြချက်အရ ၂၀၀၂ခုနှစ်တွင်း အမေရိကန်တပ်များသည် တစ်ခုသော အယ်လ်ကေဒါစခန်းမှ ဗွီဒီယိုမှတ်တမ်း ၆၀ ကျော် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယင်းမှတ်တမ်းများအနက်မှ Burma ဟူသော စာတမ်းကပ်ထားသည့် ဗွီဒီယိုမှတ်တမ်းတွင် ရခိုင်ဒေသရှိ အယ်လ်ကေဒါ၏ မဟာမိတ် ရိုဟင်ဂျာ မူစလင်များဟူ၍ ယင်းဘင်ဂလီများအကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုမျှမက အခြားသော ဗွီဒီယို မှတ်တမ်းများအရ အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်၏ ၂၀၀၁ခုနှစ်အတွင်း ပြုလုပ်သော လူထုဟောပြောပွဲများတွင် မြန်မာပြည်ရှိ အယ်လ်ကေဒါထောက်ခံသူ ရိုဟင်ဂျာများဟူ၍ ယင်းဘင်ဂလီများ အကြောင်းကို ပေါ်ပေါ်တင်တင် ထည့်သွင်းချီးမွှမ်းသွားခဲ့သည်။ အမေရိကန်အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်များအရ ၂၀၀၂ ခုနှစ်အတွင်း အယ်လ်ကေဒါ အကြမ်းဖက်သူပုန်များကို တင်ဆောင် ထားသော သင်္ဘောတစ်စင်းသည် ယင်းဘင်ဂလီများအပိုင် ရေပိုင်နက်တွင်း ဝင်ရောက်လွတ်မြောက် သွားခဲ့သည်။ ထိုမျှမက ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ ဗုံးပေါက်ကွဲမှုသည် အနှီ ရိုဟင်ဂျာ လက်နက်ကိုင်များနှင့် ဆက်နွယ်နေပြန်သည်ဟု ဆိုသည်။ ထိုသို့ ယင်းဘင်ဂလီများနှင့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အုပ်စုများ ဆက်နွယ်မှုရှိနေသည့်အကြောင်းကို ၂၀၀၂နှစ် နှစ်ကုန်ပိုင်းတွင် အိန္ဒိယ သတင်းဌာနများမှ အတိအလင်း ကြေငြာခဲ့သည်။
.
အနှီ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအမည်ခံ ဘင်ဂလီ လက်နက်ကိုင်အဖွဲ့အစည်းသည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် လူမှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ လက်နက်ခဲယမ်း မှောင်ခို စသဖြင့် တရားဥပဒေမဲ့ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြသည်။ ထိုမျှမက နိုင်ငံတကာရှိ ၄င်းတို့ နှင့် ဦးတည်ချက် တူညီသော အဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုကိုလည်းကောင်း ၊ ယင်းအဖွဲ့အစည်းများ၏ ကူညီ စောင်မမှုဖြင့် ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗျနိုင်ငံများတွင် အလှူငွေ တောင်းခံခြင်းဖြင့်လည်းကောင်း နှစ်ရှည်လများ ရပ်တည်ခဲ့ကြသည်။
.
အရှင်းဆုံး ဆိုရသော် ရခိုင်ဒေသ အေးချမ်းသာယာရေးနှင့် ရခိုင်လူမျိုးများ၏ လုံခြုံမှုအတွက် ထိုဘင်ဂလီများကို လုံးဝ လက်မခံသင့်ပါ။ မင်းသားခေါင်းဆောင်း၏ နောက်ကွယ် မှ သူရို့၏ ဇာတိမှန်၊ သရုပ်မှန်ကို သူရို့လုပ်ရပ်များက သက်သေပြပြီး ဖြစ်နေပါသည်။ ခေတ်အဆက်ဆက် ရခိုင်ြေ­မပေါ်တွင် ထင်ရာစိုင်းလာသူများက အမျိုးထိမှ မချိအောင်နာကာ 'တရားဥပဒေ စိုးမိုးရေး' ဟု ညောင်နာနာထအော်နေသံများက အလွန် ရယ်ဖွယ်ကောင်းလှပါသည်။ ရခိုင်များ အပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ဘဝ အေးချမ်းသာယာရေးအတွက် အနှီ ဘင်ဂလီများ၏ သရုပ်မှန်ကို နီးစပ်ရာ ချစ်မိတ်ဆွေများကို လက်တို့  သင့်ပါကြောင်း တိုက်တွန်းလိုပါသည်။ မိတ်ဆွေ ... သင့်ရှေ့တွင် share ခလုတ်လေး ရှိနေပါသည်။ ညီညီညာညာ နှိပ်လိုက်ကြပါစို့ ။

လှည်းကျိုးနှင့်တူသောသူများ


လှည်းကျိုးနှင့်တူသောသူများ။
by Qing Minya on Monday, June 4, 2012 at 11:31pm ·

http://www.facebook.com/notes/qing-minya

ရိုဟင်ဂျာ ရိုဟင်ဂျာ ဆိုသည့် အသံဗလံများ ထွက်ပေါ်လာသည်မှာ အချိန်ကာလတစ်ခုပင် ရှိနေပါပြီ။ ၎င်းတို့ ဘယ်ကလာသလဲ ဆိုသည်ကို အကျယ်အကျယ် အငြင်းပွားနေကြသည့် မြန်မာများ ဒုနှင့် ဒေးပင် ဖြစ်ပါ သည်။ ဤစာစုတွင် ၎င်းတို့အကြောင်းကို တစေ့တစောင်း ဆွေးနွေးချင်ပါသည်။
.
ရိုဟင်ဂျာဆိုတာ သမိုင်းရာဇဝင်မှာ တကယ်ရှိရဲ့လား။
.
ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို သမိုင်းဆိုင်ရာ website များတွင် အထောက်အထားများ ရှာဖွေလေ့လာ ဖူးပါသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်သော အထောက်အထားများအနက်မှ အစောဆုံးဟု တွေ့ရှိရသော အထောက်အထားများသည် ၎င်းတို့ဘာသာ ဖော်ထုတ်ထားသည့် စာတမ်းမှတ်တမ်းများအရ ၁၈၂၀ ခုနှစ် ဝန်းကျင်မှ စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ် နောက်ပိုင်း မှသာ ၎င်းတို့ကို နိုင်ငံတကာမှ စတင် အာရုံစိုက်လာခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် အနှီ ရိုဟင်ဂျာဆိုသူများ၏ ဇစ်မြစ်သည် ဒွိဟ ဖြစ်စေလှသည်။
.
ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်
.
ရိုဟင်ဂျာများသည် ဘင်ဂလီ အနွယ်ဝင်များ ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အကြောင်းကို ဘင်္ဂလားဒေ့ရှ် နှင့်ပင် စတင်ပါမည်။ မှတ်တမ်းများအရ ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံဖက်၌ အစိုးရမှ စစ်ဆင် ရေးများ ပြုလုပ်၍ နှင်ထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အစုလိုက် အပြုံလိုက် ရိုဟင်ဂျာ ခိုလှုံမှုများ စတင်ခဲ့သည်။ အတိအကျ ဆိုပါလျှင် ခိုလှုံသူ စုစုပေါင်း ၂၀၀,၀၀၀ ဦးခန့်  ဖြစ်သည်။ ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြောင်းကို အနည်းငယ် ဖြည့်စွက်လိုပါသည်။ ဧရိယာစတုရန်းမိုင် ၅၅,၅၉၈ ကျယ်ဝန်းသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၁၉၇၁ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံမှ ခွဲထွက် ခဲ့ပါသည်။ ၁၉၇၈-၈၀ ကာလ ပိုင်း အတွင်း ၄င်းနိုင်ငံသည် လူဦးရေ ၈၈သန်းကျော်ရှိပြီး ၉၈% မှာ ဘင်္ဂလီ လူမျိုးများ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးသောအချိန်တွင် မြန်မာနိုင်ငံဖက်ခြမ်းမှ အနှီ ရိုဟင်ဂျာ ဆိုသူများ ပင်ရင်းနိုင်ငံသို့ ပြန်လည်ခိုလှုံကြသည်။ လွတ်လပ်ရေးရကာစ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ထိုကဲ့သို့ ရိုဟင်ဂျာများ အစုအပြုံလိုက် ဝင်ရောက်လာခြင်းသည် ယင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး တိုးစေသည်။ သို့သော် မျိုးနွယ်တူ၊ ဘာသာစကားနှင့် ကိုးကွယ်မှုတို့ တူညီမှုကြောင့် လက်သင့်ခံခဲ့သည်။ အနှီ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chittagong ပြည်နယ်၊ Cox's Bazaar မြို့လေး၏ အပြင်ဘက်တွင် အစုလိုက် အပြုံလိုက် ခိုလှုံကြသည်။ ၎င်းတို့၏ ခိုလှုံမှုကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ကုလသမဂ္ဂထံ အကူအညီတောင်းခံခဲ့ပြီး ကုလသမဂ္ဂအကူအညီဖြင့် ဒုက္ခသည်စခန်းများ ထူထောင်ပေး ခဲ့သည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင်မူ ဘင်္ဂလားဒေ့ရှ်၏ အလွန်အမင်း ကြောက်ခမန်းလိလိ ဖောင်းဖွလာ နေသော လူဦးရေနှင့် နေထိုင်မှုဆိုင်ရာ အကြပ်အတည်းများကြောင့် ယင်းအစိုးရသည် အနှီ ရိုဟင်ဂျာများ အပေါ်တွင် သဘောထား မူဝါဒများ ပြောင်းလဲလာတော့သည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများအပေါ်တွင် ကြည်ကြည်ဖြူဖြူ မရှိတော့ပေ။
.
၁၉၉၉ နှစ်လည်ပိုင်းအတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ကုလသမဂ္ဂမှ ရိုဟင်ဂျာများနှင့် ပတ်သက်သော စီမံကိန်းများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအား အကြောင်းကြား ခဲ့သည်။ ထိုစဉ်မှ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုထို ရိုဟင်ဂျာများ၏ တာဝန်ကို လုံးလုံးလျားလျား ယူလိုက်ရတော့သည်။ သို့ ရာတွင် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ အနှီ ရိုဟင်ဂျာများ၏ အဆမတန် ပေါက်ပွားနှုန်းကြောင့် ခိုလှုံသူဦးရေများ များပြားလာခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေမှာလည်း တိုးမြင့်လာခြင်း၊ ရိုဟင်ဂျာ ခိုလှုံမှုများသော ပြည်နယ်များတွင် ဒုစရိုက်မှုများ ပိုမိုထူပြောလာခြင်း၊ ဒေသခံ ပြည်သူများနှင့် ပဋိပက္ခ ဖြစ်ပွားခြင်း စသည့်အကြောင်းတရားများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့ အပေါ် ဖိနှိပ်မှုများ စတင် လာတော့သည်။၂၀၁၀ နှစ်ဦးပိုင်းမှ စတင်၍ Cox's Bazaar မြို့ထဲရှိ လန်ချားဆွဲသူ ရိုဟင်ဂျာများအား ရဲနှင့် ဒေသခံအချို့မှ လန်ချားပေါ်မှ ဆွဲချခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသော ရိုဟင်ဂျာအချို့အားလည်း ဒေသခံ အာဏာပိုင်များမှ အထောက်အထား စာရွက်စာတမ်း ခိုင်လုံခြင်း မရှိဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့သည်။ ဒေသခံ များမှလည်း ရိုဟင်ဂျာ ဆန့် ကျင်ရေးကို စုဝေးဆန္ဒပြကြသည်။ ယင်းသို့ ရိုဟင်ဂျာများကြောင့် အဘက်ဘက် မှ စီးပွာရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည့် ပြဿနာ များကို ရင်ဆိုင်ရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နောက်ဆုံးတွင် ၎င်းတို့အား ခိုလှုံခွင့် မပေးလိုတော့ကြောင်း အတိအလင်း ကြေငြာခဲ့သည်။ ကုလသမဂ္ဂမှ ရိုဟင်ဂျာများအတွက် အကူအညီပေးရန် ကမ်းလှမ်းလာသော ရံပုံငွေအမေရိကန်ဒေါ်လာ ၃၃ သန်း ကိုပင် ငြင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ကို စွန့် ခွာ၍ ရေလမ်းမှ တဆင့် အခြားနိုင်ငံများသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားကြလေတော့သည်။ ထိုသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားသောနိုင်ငံများမှာ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ စသည်တို့  ဖြစ်ကြသည်။
.
ရိုဟင်ဂျာများနှင့် ထိုင်းနိုင်ငံ။
.
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ကချင်၊ ကရင် အစရှိသော စစ်ဘေးကြောင့် ခိုလှုံသူ တိုင်းရင်းသားများကို လက်ခံထားသော နိုင်ငံတနိုင်ငံ ဖြစ်သည်။ ထိုသို့  ခိုလှုံလာသူများ ဦးရေမှာ တစ်သန်းခန့် ဖြစ်ပြီး ၁၂% ခန့်  မှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံသည် ရိုဟင်ဂျာများအား နိုင်ငံမဲ့ ခိုလှုံသူများဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် လက်ခံခြင်း မရှိခဲ့ပေ။ ထို့ ပြင် ယခင်က ဝင်ရောက်လာသော ရိုဟင်ဂျာများသည် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မကြာခဏ ဖြစ်ပွားသော မူစလင်များ ဦးဆောင်သည့် ထိုင်းအစိုးရကို ဆန့်  ကျင်သော အကြမ်း ဖက် လုပ်ရပ်များနှင့် ဆက်နွယ်မှုရှိသည်ဟု ဆိုသည်။ ၂၀၀၈ နှင့် ၂၀၀၉ တွင် ထိုင်းသို့  ခိုးဝင်ရန် ကြိုးစားသော ရိုဟင်ဂျာများအား ထိုင်းရဲတပ်ဖွဲ့များမှ တစုံတရာ အကူအညီပေးခြင်း မရှိပဲ ထိုင်းရေပိုင်နက်အတွင်းမှ နိုင်ငံ တကာ ရေပိုင်နက်တွင်းသို့  တွန်းပို့ ခဲ့ခြင်းများပင် ရှိခဲ့သည်။
.
ရိုဟင်ဂျာများနှင့် မလေးရှားနိုင်ငံ။
.
ထိုင်းနိုင်ငံသို့  ခိုလှုံခွင့် မရရှိသော ရိုဟင်ဂျာများအပါအဝင် ရိုဟင်ဂျာအများစုသည် မလေးရှားနိုင်ငံသို့  ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းကြသည်။ မလေးရှားနိုင်ငံသည် အနှီရိုဟင်ဂျာများနှင့် ဘာသာတူခြင်း၊ ကုလ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သော ခိုလှုံသူများကို ကူညီနေရာချထားပေးသော စီမံကိန်းများ ရှိခြင်း စသည်တို့ ကြောင့် ရိုဟင်ဂျာအများစုသည် မလေးရှားနိုင်ငံသို့  ဝင်ရောက်ခိုလှုံရန် ကြိုးစားကြတော့သည်။ မလေးရှားအတိုက်အခံပါတီ PAS (မူဆလင် အစွန်းရောက်ပါတီ) ၏ ထောက်ခံပေးမှုကြောင့် ယင်းနိုင်ငံတွင် လွတ်လပ်စွာ ခိုလှုံခွင့်ရရှိနိုင်ခြင်း၊ UNHCR ၏ အထောက်အပံ့ကိုရရှိနိုင်ခြင်းတို့ ကြောင့် မလေးရှားနိုင်ငံ သည် ဘင်ဂလီခိုလှုံသူများ၏ သည်းချေကြိုက် နိုင်ငံဖြစ်လာခဲ့သည်။ သို့ ရာတွင် ကာလကြာမြင့် လာသောအခါ ယင်းအစိုးရသည်လည်း သူရို့ အပေါ်တွင် သဘောထား ပြောင်းလဲလာချေသည်။ မလေးရှား နိုင်ငံတွင် မူလက နိုင်ငံမဲ့ဒုက္ခသည်များအဖြစ် အစုလိုက်အပြုံလိုက် ၀င်ရောက်လာကြသည့် ရိုဟင်ဂျာ ဘင်္ဂလီများကို လက်ခံရန်အတွက် နိုင်ငံရေးပါတီများအကြား အငြင်းပွားစရာဖြစ်ခဲ့သည်။ ဘာသာကိုးကွယ်မှု တူညီခြင်းကြောင့် အစ္စလာမ်ဘာသာဝင်ခြင်း ရိုင်းပင်းသင့်သည်ဟူသော အကြောင်းပြချက်ဖြင့် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်သည့် နိုင်ငံရေးပါတီအချို့က ယာယီအနေဖြင့်လက်ခံလိုသော်လည်း အစုလိုက်အပြုံလိုက် နှစ်စဉ်ဝင်ရောက်မှုများပြားလာသောအခါ အဆိုပါဝင်ရောက်ခြင်း၏ နောက်ကွယ်တွင် လူမှောင်ခိုဂိုဏ်းများ၏ ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိလာခြင်းကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ ကို သေချာစီစစ်လာခဲ့သည်။ UNHCR၏ အကာအကွယ်ပေးမှုကို အခွင့်ကောင်းယူကာ ဒုက္ခသည် အဖွဲ့အစည်း အမည်ခံ လူမှောင်ခိုဂိုဏ်းများ၊ ပွဲစားများက ရိုဟင်ဂျာဘင်္ဂလီများကိုသာမက မြန်မာမူဆလင် စစ်စစ်များကိုပါ ရိုဟင်ဂျာအမည်ခံ၍ လူကုန်ကူးမှုကို ရဲတင်းစွာလုပ်ကိုင်လျှက်ရှိနေကြသည်။ အစ္စလာမ်နိုင်ငံ တစ်ခုဖြစ်သော်လည်း ဒေသတွင်းရှိ ဂျမားအစ္စလာမ်မီးယား အစွန်းရောက်စစ်သွေးကြွအဖွဲ့၏ ခြိမ်းခြောက်မှု ကို ခံနေရသော မလေးရှားနိုင်ငံအတွက် ယခုကဲ့သို့ နိုင်ငံခြားသားမူဆလင်များ တရားမ၀င် အစုလိုက် အပြုံလိုက် ခိုးဝင်လာခြင်းကြောင့် ရာဇ၀တ်မှုများနှင့် လူနေမှုဘ၀ထိခိုက်မှုများစွာ ကြုံတွေ့လာနေပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာမည်ကို စိုးရိမ်နေရသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ထို့  ကြောင့် မလေးရှားနိုင်ငံသည်လည်း ထိုင်းကဲ့သို့ ပင် သူရို့ အပေါ် တင်းကြပ်လေတော့သည်။ သူရို့ ဘယ်က လာသည်ဆိုသည်ကို တိတိကျကျ မပြောနိုင်ဟူသော အကြောင်းပြချက်ဖြင့် ခိုလှုံခွင့်ပြုရန် မသင့်တော်ဟု ဆိုသည်။ ခိုလှုံသူ ရိုဟင်ဂျာအချို့ မှာ ဖမ်းဆီးနှင်ထုတ်ခြင်း ခံရသလို အချို့မှာလည်း မလေးရှား လူဝင်မှု ကြီးကြပ်ရေး စခန်းများတွင် လနှင့်ချီ၍ အချုပ်ခံထားရပြီး နောက်ဆုံးတွင် မလေးရှား အာဏာပိုင်များ၏ ရိုက်နှက်မှုဒဏ်ကို ခံကြရကာ အဆုံးတွင် ထိုင်း-မလေး နယ်စပ်သို့  နှင်ထုတ်ခြင်း ခံကြရလေသည်။
.
မုန့် လုံးစက္ကူကပ်ပြီ။
.
ထိုကဲ့သို့  နိုင်ငံမဲ့ခိုလှုံသူဟူသော အကြောင်းပြချက်ဖြင့် မလေးရှားနိုင်ငံမှ ထိုင်းနယ်စပ်တွင် စွန့် ပစ် လိုက်သော ရိုဟင်ဂျာများသည် မည်သည့်အရပ်သို့  ဦးတည်ကြလေသတည်း။ အများစုသည် မလေးရှား တွင်းသို့ ပင် ပြန်လည်ခိုးဝင်ကြပါသည်။ မည်သို့ မည်ပုံခိုးဝင်ကြလေသနည်း။ မလေးရှားနိုင်ငံရှိ ပိုင်ရာ ဆိုင်ရာများကို ပေးတန်ပေး၍ လမ်းကြောင်းထွင် ခွင်ဆင်ကြလေသည်။ ဤသို့ ဖြင့် မလေးရှားရဲမှ ဖမ်းမိ သောအခါ ထိုင်းနယ်စပ်သို့  ပြန်ပို့ လိုက်၊ထိုင်းနယ်စပ်ရောက်သောအခါ ထိုင်းရဲမှ မလေးရှားနယ်စပ်သို့  ပြန်ပို့ လိုက်၊ အများစုမှာ ထိုင်းနယ်စပ် ရောက်လျှင် ရောက်ချင်း မလေးရှားဘက်သို့  ပြန်လည်ခိုးဝင် လိုက်ဖြင့် သံသရာလည်နေသည်မှာ ယနေ့ ထက်တိုင်ပင် ဖြစ်သည်။ Human Rights Watch မှ ရိုဟင်ဂျာ အချို့နှင့် တွေ့ဆုံမေးမြန်းရာတွင် အချို့သော ရိုဟင်ဂျာများသည် (၁၁) နှစ်အတွင်းတွင် ထိုင်းနှင့် မလေးရှားကို သွားချည် လာချည် (၈)ကြိမ်နှင့်အထက် ပြုလုပ်ဖူးသည်ဟု ဆိုသည်။
.
ရိုဟင်ဂျာများနှင့် သြစတျေးလျနိုင်ငံ။
.
သြစတျေးလျနိုင်ငံ၏ ရိုဟင်ဂျာများနှင့် စပ်လျှင်းသော သဘောထားများမှာ ထိုင်း၊ မလေးရှား နိုင်ငံများ ကဲ့သို့ပင် ဖြစ်သည်။ ရိုဟင်ဂျာများသည် ယင်းနိုင်ငံ၏ လုံခြုံရေးအတွက် အနှောင့်အယှက်ပေးနိုင်သည် ဟူသော အကြောင်း ပြချက်ဖြင့် အချို့သော ခိုလှုံလာသူ ရိုဟင်ဂျာများကို နှစ်နှင့်ချီ၍ ချုပ်နှောင်လေသည်။ ယင်းသို့  ချုပ်နှောင်ခြင်း ခံရသော ရိုဟင်ဂျာခိုလှုံသူ Harun Roshid ဆိုသူအား Green Left Weekly သတင်းစာမှ ၂၀၁၂နှစ်၊ နှစ်ဆန်းပိုင်း တွင် တွေ့ဆုံမေးမြန်းရာတွင် Roshid မှ ဤသို့ ဖြေကြားခဲ့သည်။
"ကျွန်တော်ဟာ မလေးရှားနိုင်ငံမှာ ၁၅နှစ်ကြာ ခိုလှုံပြီးနောက် သြစတျေးလျသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဏာပိုင်များမှ ကျွန်တော့်ကို လုံခြုံရေးအရဆိုပြီး ချုပ်နှောင်ထားတာ ၂နှစ် ရှိပါပြီ" ဟု ဆိုသည်။
.
ရိုဟင်ဂျာများနှင့် အင်ဒိုနီးရှား။
.
၂၀၀၉ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသည် ၄င်းနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံလာသူ ရိုဟင်ဂျာ ၁၉၃ ဦး အား လက်ခံခြင်း မရှိခဲ့ချေ။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Hassan Wirajuda မှ ရိုဟင်ဂျာများနှင့် စပ်လျှင်း၍ ဤသို့ပြောကြားခဲ့သည်။
.
"သူတို့တွေဟာ စီးပွားရေးအရ ခိုလှုံချင်သူတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်ခြင်းခံရသူများ မဟုတ်ပါဘူး။ ဒါကြောင့် ခိုလှုံခွင့် မပေးသင့်ပါဘူး" ဟု ဆိုသည်။
.
ဤသို့ ဖြင့် ထိုင်းနိုင်ငံကဲ့သို့ ပင် ခိုးဝင်ခိုလှုံရန်ကြိုးစားသူ ဘင်္ဂလီတို့ အား ၄င်းနို်င်ငံရေပိုင်နက်မှ နိုင်ငံတကာ ရေပိုက်နက်သို့ နှင်ထုတ်ရေမျှောခဲ့ကြသည်။ Imam Husen ဆိုသူ ဘင်္ဂလီမှ သူ၏ အတွေ့အကြုံကို The Reuter သတင်းဋ္ဌာနသို့ ဤသို့ ပြောပြခဲ့သည်။
.
"ကျွန်တော်အပါအဝင် ဘင်္ဂလီ ၅၈၀ ဦးခန့်ဟာ မြန်မာနိုင်ငံ၊ မောင်းတောကနေ လှေလေးစင်းနဲ့ ပြေးလာခဲ့ပါတယ်။ အချို့လည်း ထိုင်းမှာ ကမ်းဝင်ကပ်စဉ်က ထိုင်းအာဏာပိုင်များရဲ့ အရိုက်အနှက်ကို ခံရပြီး ပြန်လည်ရေမျှောခြင်း ခံရပါတယ်။ "
.
ထို့ပြင် Hassan Wirajuda မှလည်း ဤသို့ ဖြည့်စွက်ပြောကြားခဲ့သည်။
.
"အင်ဒိုနီးရှားရေတပ်ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ များစွာသော ဘင်္ဂလီများဟာ ဒီကိုလာနေတုန်း လမ်းမှာ ပဲ လှေမှောက် အသက်ပျောက်ကျရပါတယ်။ "
.
ရိုဟင်ဂျာများနှင့် ဘီဘီစီ (BBC) သတင်းဌာန။
.
ရိုဟင်ဂျာဟူသော အနှီဇာတ်လမ်းသည် မည်သို့ စတင်ခဲ့လေသနည်း။ ရိုဟင်ဂျာများအကြောင်းကို ဆွေးနွေး မည်ဆိုပါက ဘီဘီစီ သတင်းဌာနအကြောင်းကိုပါ အတန်ငယ် ထည့်၍ ပြောလိုပါသည်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ မြန်မာအများစုနှင့် အကျွမ်းတဝင်ရှိနေပြီး ဖြစ်သည့်အတွက် အထူးတလယ် မရေးသား လိုတော့ပါ။ ရိုဟင်ဂျာဘင်္ဂလီများအကြောင်းကို ဆက်ကြပါစို့ ။
.
၂၀၁၀ခုနှစ်၊ နိုဝင်ဘာလတွင် ဘီဘီစီမှ Anna Jones ရေးသားတင်ဆက်သော "Bleak Outlook for Burma's Ethnic Groups" ဟူသော ဆောင်းပါးနှင့် ယှဉ်တွဲ၍ မြန်မာပြည်မြေပုံနှင့်တကွ အချို့ သော တိုင်းရင်းသားလူမျိုးစုများ၏ပုံကို ယှဉ်တွဲဖော်ပြခဲ့သည်။ အဆိုပါပုံတွင် ရခိုင်ပြည်နယ်အား ဘင်ဂလီ ကလေးတစ်စု၏ပုံဖြင့် ကိုယ်စားပြုထားသည်။ ယင်းကဲ့သို့ သော အမှားသည် ရခိုင်လူမျိုးများအား စော်ကားခြင်းဖြစ်သည်ဟု မျိုးချစ်ရခိုင်များက ယူဆသည်။ သို့ ဖြစ်၍ မျိုးချစ်ရခိုင်များသာမက ပြည်တွင်း ပြည်ပရှိ မျိုးချစ်မြန်မာနိုင်ငံသားများသည် ဘီဘီစီကို အပြင်းအထန် ဝေဖန်ရုံမက ရခိုင်ပြည်သူလူထုကိုပါ တရားဝင်တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။ သို့ ပါသော်လည်း ဘီဘီစီမှ ယနေ့ ထက်ထိ တောင်းပန်ခြင်း မရှိသေးသည့်အပြင် ယင်းမြေပုံသည် မြန်မာနိုင်ငံရှိ ထင်ရှားသော တိုင်းရင်းသားများကို သရုပ် ဖော်ထားသော မြေပုံဖြစ်သည်ဟူ၍ မြန်မာတို့ အား ထပ်မံစော်ကားလိုက်ရုံမျှမက ရိုဟင်ဂျာ ဘင်ဂလီ ဟူသည် မြန်မာပြည်သားဖြစ်သည်ဟူသော သမိုင်းအလိမ်ကို စတင်စေခဲ့သည်။ ထိုစဉ်မှစ၍ အနှီ ဘင်ဂလီများကို နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာကြသည်။ မျိုးချစ်မြန်မာ ပညာရှင်များဖြစ်သော ဒေါက်တာအေးချမ်း၊ ဒေါက်တာအေးကျော်တို့မှ အထောက်အထား ခိုင်လှုံစွာဖြင့် ရိုဟင်ဂျာ ထိုအမှားကို ထောက်ပြခဲ့ကြသည်။ တဆက်တည်းမှာပင် မျိုးချစ်မြန်မာများမှ ဘီဘီစီကို ကန့် ကွက်သော၊ ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် လက်မခံနိုင်သော blog များ၊ website များ ပြုလုပ်ခဲ့ကြသလို ဘင်ဂလီဘက်မှ ရပ်တည်သော အငိုကောင်းသော ရိုဟင်ဂျာ blog များလည်း အလျှိုအလျှို ပေါ်ပေါက် လာကြသည်။ ပြည်ပရောက် ၈၈မျိုးဆက်ဟောင်း၊ အရိုးတွန်သံ ဆောင်းပါးများတွင် လူသတ်မိန့်  ပေးခဲ့သည်ဟု သတင်းကြီးနေသော အနှီကျောင်းသားခေါင်းဆောင်ဟောင်းဆိုသူမှ ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်သည်ဟု ပြောဆိုခဲ့သည်။ ထို့ နည်းတုစွာ ပက်စီကိုလာဖြင့် နာမည်ရလာသူ ဒေါက်တာဆိုသူမှလည်း ရိုဟင်ဂျာဘင်ဂလီများကို လက်မခံသော မျိုးချစ်မြန်မာများ ကို စက်ဆုပ်ဖွယ်ကောင်းသော အစွန်းရောက်ဖက်ဆစ်ဝါဒီများဟု အမည်တပ် သမုတ်ခဲ့သည်။ မြန်မာပြည်သား စစ်စစ်များ ဖြစ်ပါလျက်နှင့် ထိုသူတို့ ၏ မျိုးချစ်စိတ်ကား ဆန်းကြယ်လှချေတကား။ မျိုးချစ်စိတ်ဟူသည် အမိမြေနှင့် ကာလတာရှည် ခွဲခွာလျှင် မှိုတက်တတ်ပါသလား။
.
အနှီ ရိုဟင်ဂျာဘင်ဂလီပြဿနာသည် ယနေ့ ထက်တိုင် တင်းမာနေဆဲ၊ မတင်မကျ ဖြစ်နေဆဲဖြစ်သည်။
.
ရိုဟင်ဂျာ ဘင်ဂလီများနှင့် မြန်မာနိုင်ငံ။
.
"မိအေး နှစ်ခါနာသည်" ဟူသော စကားသည် ကျွန်မတို့  မြန်မာတိုင်းနှင့် အကျွမ်းတဝင် ရှိပြီးသား ဖြစ်ချေသည်။ ရိုဟင်ဂျာ ဘင်ဂလီများနှင့် စပ်လျှင်းပါက ကျွန်မတို့ ၏ မိအေး (မြန်မာပြည်)သည် နှစ်ခါမက အခါခါ နာရလေသည်။
.
အင်္ဂလိပ်တို့  မြန်မာနိုင်ငံအား ကျွန်ပြုစဉ်ကာလတွင် မြန်မာနိုင်ငံသည် အိန္ဒိယပြည် လက်အောက်ရှိ ပြည်နယ်လေးတစ်ခု သဖွယ် အုပ်ချုပ်ခဲ့သည်။ သို့ ပါ၍ ထိုကာလတလျှောက်လုံးတွင် ဘင်ဂလီများသည် မြန်မာပြည်သို့  တံခါးမရှိ ဓါးမရှိ ဝင်ထွက်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် ဂျပန်တို့  ထိုးစစ်မစတင်မီတွင် အင်္ဂလိပ်တို့ သည် ၄င်းတို့ ၏ စစ်အင်အား ဖြည့်တင်း ရန်အတွက် ဘင်ဂလီများကို မြန်မာပြည်၊ ရခိုင်ဒေသတွင်းသို့ ခေါ်ဆောင်လာသည်။ ထိုသို့ ခေါ်ဆောင်လာရာတွင် အင်္ဂလိပ်တို့ မှ ဘင်ဂလီများအား သူရို့ ၏ အကူအညီအတွက် ရခိုင်ပြည် မြောက်ပိုင်းတွင် မူစလင်နိုင်ငံ တည်ထောင် ပေးပါမည်ဟူ၍ ကတိကဝတ်ပြုခဲ့သည်။
.
၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောကာလများတွင် အစိုးရနှင့် ဘင်ဂလီများအကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။ လွတ်လပ်ရေးရလျှင်ရပြီးချင်းပင် မူစလင်တစ်စုမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်းတောဒေသများကို ခွဲထွက်၍ အရှေ့ ပါကစ္စတန်နှင့် သွားရောက် ပူးပေါင်းလိုပါကြောင်း အဆိုပြုခဲ့သည်။ ယင်းအဆိုကို လွှတ်တော်မှ ပယ်ချခဲ့သည်။ ထို့ နောက်ပိုင်းတွင် မြန်မာအစိုးရသည် ဘင်ဂလီတို့ အား တရားမဝင် နေထိုင်သူများအဖြစ် သတ်မှတ်ခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေးမှလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောနှင့် စစ်တွေနယ်မြေများတွင် ဘင်ဂလီများအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်။ ဤသို့  အနေမသာလေသောအခါ ဘင်ဂလီ များသည် ဇာတိမြေ ဘင်္ဂလား (ထိုစဉ်က ပါကစ္စတန်) သို့  ပြန်လည်ခိုဝင်လေတော့သည်။
.
၁၉၅၀ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်မြေများတွင် ဘင်ဂလီများ ကြောင့် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ ဘင်ဂလီများသည် မှောင်ခိုကုန်ကူးခြင်း၊ တရားမျဝင် လက်နက်ရောင်းဝယ်ခြင်း၊ လူကုန်ကူး ခြင်း အစရှိသော ဥပဒေနှင့် မလွတ်ကင်းသော လုပ်ရပ်များကို မြန်မာ-အိန္ဒိယ-ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်တလျှောက်တွင် ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့သည်။ ထိုမျှမက သူရို့သည် ဘာသာခြားများ၏ အုပ်ချုပ်မှုကို မခံလိုခြင်း၊ ဘူးသီးတောင်၊ မောင်းတောနယ်မြေများတွင် သီးသန့် မူစလင်နိုင်ငံတည်ထောင်လိုခြင်း အစရှိသော အကြောင်းပြ ချက်များဖြင့် မူဂျာဟစ် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။ တော်လှန်ရေးကာလအတွင်း အနှီဘင်ဂလီတို့ သည် မူစလင်မဟုတ်သော ရခိုင်ပြည်သူများကို ဘူးသီးတောင်၊ မောင်းတောနှင့် ရသေ့တောင် ဒေသများမှ နှင်ထုတ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အနှီ မူဂျာဟစ်သူပုန်များကို မြန်မာ့ တပ်မတော်မှ ချေမှုန်းခဲ့သည်။
.
၁၉၆၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အာဏာရလာပြီးနောက်ပိုင်းတွင် အစိုးရသစ်သည် နဂါးမင်း စစ်ဆင်ရေးဖြင့် ဘင်ဂလီများအပါအဝင် နိုင်ငံတွင်း တရားမဝင် နေထိုင်သူများကို ချေမှုန်းခဲ့သည်။ ၁၉၇၇ခုနှစ်၊ နဂါးမင်းစစ်ဆင်ရေးကြောင့် ဘင်ဂလီ ၂၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့  ခိုလှုံခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း ဘာသာတူ၊ လူမျိုးတူသော သူရို့ကို ကုလသမဂ္ဂ၏ အကူအညီဖြင့် လက်ခံထားခဲ့သော်ငြား နောက်ပိုင်းတွင် ယင်းနိုင်ငံ၏ အဆမတန် ဖောင်းပွလာသော လူဦးရေ ပြဿနာအပြင် ရိုဟင်ဂျာများသည် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေခြင်းကြောင့် မြန်မာအစိုးရနှင့် ညှိနှိုင်းကာ ဘင်ဂလီများကို ရခိုင်ပြည်နယ်သို့  ပြန်လည်စေလွှတ်ခဲ့သည်။
.
၁၉၉၁-၁၉၉၂ စစ်အစိုးရလက်ထက်တွင် လူဦးရေ ၂၅၀,၀၀၀ ခန့် ရှိသော ဘင်ဂလီများသည် မြန်မာနိုင်ငံသားများအဖြစ် အသိအမှတ်ပြု မခံရခြင်းဟူသော အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ်သို့  ထပ်မံခိုလှုံကြပြန်သည်။ ဤတကြိမ်တွင်မူ ရာသီဥတု ဖောက်ပြန်မှု၊ လယ်ယာမြေများအား ကပ်ဘေးတွင် ဆုံးရှုံးမှု၊ လူဦးရေအဆမတန် တိုးပွားမှု အစရှိသော ပြဿနာများနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်သည် အနှီ ရိုဟင်ဂျာဘင်္ဂလီများကို လက်မခံလိုတော့ချေ။ သို့ ပါ၍ ဘင်္ဂလားဒေ့ရှ်အစိုးရမှ မြန်မာအစိုးရနှင့် ညှိနှိုင်းကာ သူရို့ကို မြန်မာနိုင်ငံသို့  ပြန်လည်စေလွှတ်ခဲ့ပြန်လေသည်။ ၁၉၉၄-၁၉၉၇အတွင်း ဘင်ဂလီ ၂၃၀,၀၀၀ ခန့်  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပြင် UNHCR ၏အကူအညီဖြင့် မြန်မာနိုင်ငံသို့  ဝင်ရောက်ခဲ့သည်။
.
ညောင်မြစ်တူးတုန်း ပုတ်သင်ဥပေါ်။
.
၂၀၀၈ မတိုင်မီအထိ UNHCR သည် ခိုလှုံသူများကို Refugee Card ခေါ် UN Card များ ထုတ်ပေးခြင်း မရှိသေးပါ။ သို့ ပါ၍ အနှီ ဘင်ဂလီများအား UNHCR သည် ခိုလှုံသူဖြစ်ကြောင်း စာရွက်တရွက်ကိုသာ မိသားစုအလိုက် ထုတ်ပေးခဲ့ပါသည်။ ဤသို့ ဖြင့် သူရို့အား မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် ပြန်လည်နေရာချထားမည်ဟု စီစဉ်ကြသော အခါတွင်ကား ထိုထိုရိုဟင်ဂျာ ဘင်ဂလီများသည် သူရို့၏ ခိုလှုံသူအထောက်အထား မိသားစုစာရင်းတွင် အခကြေးငွေယူ၍ Cox's Bazaar ဒေသခံများ၏ အမည်များ ဖြည့်စွက်ခြင်း၊ အဆိုပါ စာရွက်ကို ရောင်းစားခြင်း စသော အနည်းနည်း အဖုံဖုံဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စွန့် ခွာလိုသူ Cox's Bazaar သားများကို တပါတည်း အပါခေါ်ခဲ့လေသည်။ ဤသို့ ဆိုလျှင် မြန်မာနိုင်ငံတွင်လည်း ၄င်းနည်းလမ်းများဖြင့် ဝင်ရောက်လာသော Cox's Bazaar ဇာတိဖွားများ မည်ရွေ့မည်မျှ ရှိနေပေမည်နည်း။
.
ကျွန်မတို့ မြန်မာလူမျိုးများသည် ကြင်နာသနားတတ်ကြသည်။ မေတ္တာတရား လက်ကိုင်ထားကြသည်။ ဤသို့ ဆိုလျှင် အနှီ ဘင်ဂလီများကို အဘယ်ကြောင့် ခါးခါးသီးသီး လက်မခံလေသနည်း။ ဥပမာရိုင်းရိုင်းတစ်ခု ပေးချင်ပါသည်။ ဆိုကြပါစို့ ။ ရပ်ကွက်ထဲရှိ အိမ်ထောင်မရှိသော အပျိုလေး တစ်ယောက် လင်ကောင်မပေါ် ကိုယ်ဝန်ရှိလာသောအခါ ကြားရသူ ယောင်္ကျားပျိုများ စုတ်တသပ်သပ်ဖြင့် ကရုဏာသက်ကြကုန်၏။ ထိုသို့ သော ယောင်္ကျားပျိုများအား "သနားရင် နင်တို့  အဖေနာမည် ခံမလား" ဟု မေးကြည့်ပါက အနှီယောင်္ကျားများ သဘောတူမည်လော။ မုချ လက်ခံမည် မဟုတ်ပါ။ အဘယ်ကြောင့် နည်း။ ရှင်းပါသည်။ "ကိုယ့်သွေးမဟုတ်သောကြောင့်"။
.
ရာသီဥတု မျှတကောင်းမွန်သော ဖွံ့ ဖြိုးမှုလမ်းကြောင်းပေါ်သို့  ရောက်ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသို့  လူဦးရေအဆမတန် ဖောင်းပွနေသော၊ ကပ်ဘေးအလီလီ ကြုံတွေ့ရသော ဘင်္ဂလားဒေ့ရှ်မှ ရာထောင်ချီ စွာသော ဘင်ဂလီများက ဝင်ရောက်လိုကြသည်။ တရားဝင်သော၊ တရားမဝင်သော နည်းလမ်းများဖြင့် ခေတ်အဆက်ဆက် မြန်မာ့မြေပေါ်တွင် ခြေကုပ်ယူနှင့်ပြီးသော ဘင်ဂလီအချို့ သည်လည်း ယခုဆိုလျှင် ပြည်သူ့ လွှတ်တော်သို့ ပင် ဝင်ကောင်းဝင်နေပေမည်။ မြေမြို၍ မျိုးမသုဉ်းပါ။ လူမြိုလျှင်ကား မျိုးသုဉ်း နိုင်ပါသည်။ ကျွန်မတို့ ချစ်သော မြန်မာပြည်အား လှည်းကျိုးမထမ်းရလေအောင် ပြတ်ပြတ်သားသား ညီညီ ညွတ်ညွတ် ဝိုင်းဝန်းကာကွယ်ကြပါစို့ ။
.
မှီညွှန်းကိုးကား
-http://www.eurasiareview.com/31122011-burma-rohingya-refugees-and-thailand%E2%80%99s-%E2%80%98push-back%E2%80%99-analysis/
-http://thesail.wordpress.com/2011/12/14/protests-continue-against-the-existences-of-rohingya/
-http://www.nyidanmark.dk/NR/rdonlyres/B08D8B44-5322-4C2F-9604-44F6C340167A/0/FactfindingrapportRohingya180411.pdf
-http://www.refugeecouncil.org.au/members/brca.html/
-http://globalvoicesonline.org/2011/10/29/myanmar-netizens-to-bbc-apologize-now/
-http://www.irrawaddy.org/article.php?art_id=20647
-http://burmadigest.info/2011/05/02/burma-related-news-may-02-2011/
-http://www.unhcr.org/refworld/country,,HRW,,MMR,,3ae6a8743,0.html
Top of Form
Bottom of Form

Sunday, February 19, 2012

တိုင်းပြည်အေးချမ်းသာယာရေးကို လိုလားသော တတိယပြည်သူ့အင်အားစုမှ မြန်မာပြည်သူများထံသို့ ပေးစာ (ပေးစာ နံပါတ်-)


ပြည်သူ့ထံသို့ပေးပို့သော သ၀ဏ်လွှာ

ကြော်ငြာချက်အမှတ်(၁/၂၀၁၂)

ပြည်သူလူထုအပေါင်းတို့ခင်ဗျား-

ယနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် အတိုက်အခံအင်အားစုတို့၏ စိန်ခေါ်မှုများကို ကျွန်တော် တို့ မှ အောက်ပါအတိုင်း ရှုမြင်ပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး တပ်မတော်အစိုးရမှသည် ဒီမိုကရေစီကူးပြောင်းရေးသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အခြေခံဥပေဒေပေါ်ပေါက်ရေး အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူကျင်းပကာ လမ်းပြမြေပုံ(၇)ရပ် အကောင်အထည်ဖော်၍ (၂၀၁၀)ရွေးကောက်ပွဲခေါ်ယူကျင်းပပြီးသည့်နောက် ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေး များကို အရှိန်အဟုန်မြှင့်ကာ နှစ်ပေါင်း(၆၀)ကျော် သမိုင်းတစ်ခေတ်ကို ကူးပြောင်းစေခဲ့ပါသည်။ သို့သော် အသွင်ကူးပြောင်းရေးမူအရ အတိုက်အခံအင်အားစုအဖြစ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီထူထောင်ခွင့်လျှောက် ထား၍ လစ်လပ်သော (၄၈)နေရာတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီစည်းရုံးရေးများ၊ မဲဆွယ်ရေးများတို့ကို လမ်းပေါ်ထွက် နိုင်ငံရေးအသွင်သဏ္ဍာန်ဖြင့် စိန်ခေါ်ပွဲ စတင်နေကြောင်း တွေ့ရှိရပါသည်။ အသွင်ကူးပြောင်း ရေးသည် ပြည်သူ့လွှတ်တော်၌ ဥပဒေပြုရေး၊ တရား စီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် (၃)ရပ်အပေါ် NLD ၏ လွှတ်တော်အတွင်းဝင်ရောက်ရေးတွင် စိန်ခေါ်မှု များဖြစ်ပေါ်လာနိုင်မည်ဟု သုံးသပ်ရပါသည်။

၁။ ရင်ကြားစေ့ရေးလမ်းစဉ်

NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့တွေ့ဆုံခြင်းသည် ပြည်သူများ၏ရင်တွင်း၌ မဖြစ်နိုင်သော အသွင်တစ်ခုအား ဖြစ်ပေါ်လာခဲ့သဖြင့် အထူး အံ့သြတုန်လှုပ်ခဲ့ကြပါ သည်။ တွေ့ဆုံဆွေးနွေး ရေး အသွင်တစ်ရပ်အား ဦးသိန်းစိန် အစိုးရလက်ထက် NLD ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခဲ့ သည့် အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတကာမှ ပိတ်ဆို့မှု များ ပြန်လည် ရုပ်သိမ်းသွားစေရန် သမ္မတကြီးနှင့် လွှတ်တော်နှစ်ရပ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် လည်း နိုင်ငံကြီး တစ်ချို့မှ စောင့်ကြည့်နေဆဲကာလဖြစ်သဖြင့် နိုင်ငံတော်အစိုးရသစ်နှင့် NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်တို့ အားပြိုင်မှုကို ပါတီစည်းရုံးရေးခရီးစဉ်၌ စတင်အားပြိုင်မှု ပေါ်ပေါက်လာခဲ့သည့် အတွက် ရင်ကြားစေ့ရေး အဖြေ လမ်းကြောင်းစောင့်ကြည့်ရပေမည်။ ပြည်သူလူထုအပေါင်းတို့ ခင်ဗျား-

၂။ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး

(၂၀၁၂)ခုနှစ်တွင် NLD ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၍ကြားဖြတ် ရွေးကောက် ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရခြင်းသည် ပြည်သူတို့အတွက် အထူးအံ့သြရပါသည်။NLDပါတီ၏ကြားဖြတ်ရွေးကောက် ပွဲ မ တိုင် မီ စိန်ခေါ်မှု အရ (၂၀၁၀)ရွေးကောက်ပွဲအား ဘွိုင်းကောက်လုပ်၍ NO ဟု ကြွေးကြော် ခဲ့ပါသည်။ (၂၀၀၈) အခြေခံဥပဒေအား ကန့်ကွက်ခြင်း၊ မဲမပေးရေး၊ မဲရုံသို့မသွားရေး စည်းရုံး လှုံ့ဆော်ခဲ့ပါသည်။ NLD ဗဟိုအလုပ်အမှုဆောင်များ CRPP မှလည်း လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များမှာ လည်း ရွေးကောက်ပွဲ အား ဆန့်ကျင်ခဲ့ကြပါသည်။

၃။ လွှတ်တော်ပြင်ပနှင့် လွှတ်တော်တွင်းအခြေအနေ

NLD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ (၄၈)နေရာအားလုံး ပါဝင် ယှဉ်ပြိုင်မည် ဟု ကြွေးကြော်ခဲ့ပြီးနောက် NLD ဗဟိုအဖွဲ့မှ ကိုယ်စားလှယ် အမည်စာရင်း အပြည့်အ၀ မတင် ထားခဲ့ပါ။ ၎င်း အပြည့်အ၀ မတင် ထားခဲ့ခြင်းသည် နိုင်ငံရေး အကျဉ်းသားများ

ပြန်လည် လွှတ်မြောက် လာမည့်နေ့ အား စောင့်ဆိုင်း ၍ ချန်လှပ် ထားခြင်းဖြစ်သည်။ နိုင်ငံရေး အကျဉ်းသား များအား နိုင်ငံတော်သမ္မတကြီးမှ လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုပြီးနောက် ထပ်မံ တိုးချဲ့၍အသက်(၄၈)အောက်လူငယ်များ၊ ပညာရှင်များ အစားထိုးရွေး ချယ် ကြေငြာ ခဲ့ပြန်ပါသည်။ (၈၈)မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့်အဖွဲ့တို့သည် ၎င်းရွေးကောက်ပွဲအား မလိုလားကြ ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကြောင့် မပြောသာလက်ခံခဲ့ကြသော်လည်း ပါဝင်ယှဉ်ပြိုင် ခြင်းမရှိကြပါ။ သို့သော် လွှတ်တော်ပြင်ပ နိုင်ငံရေးဗျူဟာအရ အတိုက်အခံအင်အားစုတစ်ရပ်အဖြစ် ရပ်တည်၍ လွှတ်တော် အတွင်း ၀င်ရောက်သွားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် သပိတ် (ပါလီမန်သပိတ်) ဆင်နွဲရန် ပြင်ဆင်ကူးပြောင်း ရပ်တည်ခြင်းဟု သုံးသပ်ရပါသည်။

၎။ ပါတီစည်းရုံးရေး(သို့) မဲဆွယ်စည်းရုံးရေးခရီးစဉ်

(၂၀၁၂) ရွေးကောက်ပွဲအကြိုကာလတွင်လည်း (နသ) မှတ်ပုံတင်ခွင့်အရ ဒီလှိုင်းဂျာနယ်အား တည်ထောင်၍ NLD ၏သဘောထားများ၊ ယခင် အစိုးရအား ဝေဖန်သော အရေးအသားများ၊ (၂၀၀၈) ဖွဲ့စည်းပုံကို ဝေဖန်ရေးသားသော အဆိုးအမြင်ဝါဒအဖြစ် တည်ဆဲဥပဒေကို ဝေဖန်မှုများပြုကြပြန်သည်။ ၎င်းနောက် ဒီလှိုင်းဂျာနယ်ကို အရှိန်မြှင့်တင်ကာ (၁)လ (၂)ကြိမ်မှ (၁)လ (၄)ကြိမ်ထုတ်ဝေ၍ ဒေါ်စုကြည် ခရီးစဉ်ဟုဖော်ပြပြီး မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။ သို့သော် ဒေါ်စုကိုယ်တိုင် မဲဆွယ် စည်းရုံးခြင်းမဟုတ်ကြောင်း၊ ပါတီစည်းရုံးရေးခရီးစဉ်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပြန်သည်။ ဒီလှိုင်း ဂျာနယ်သည် ပြည်သူ့ထံသို့အမြန်ရောက်ရန် အရှုံးခံ၍ဖြန့်ဝေနေခြင်း၊ (နသ)မပါသော ဒေါ်စု ခရီးစဉ် ဓာတ်ပုံ စာသား များ ၀ါဒဖြန့်၊ ဖြန့်ချိဝေငှ၊ နံရံကပ်ခြင်းများ ပြုလုပ်နေခြင်းသည်လည်း တရားဥပဒေစိုးမိုးရေး အား ချိုးဖောက်သည်ဟု ယူဆပါသည်။ ၎င်းဂျာနယ်များတွင် ဒေါ်စုအား အနောက်နိုင်ငံကြီးများမှ ဂုဏ်ထူးဆောင် ဆုများ၊ ခရီးသွားဟန်လွဲလက်ရောက် ချီးမြှင့်ခဲ့သည်ကိုလည်း ဖော်ပြခြင်း၊ ပထမဦးဆုံး အကြိမ် လက်ရောက် ဆုပေးခဲ့သော ပြင်သစ်နိုင်ငံသမ္မတ ဆာကိုဇီ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကိုလည်း ထည့်သွင်းဝါဒဖြန့်ခြင်း၊ ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီမှ ရှာဟစ်ဘနာဇီယာဘူတို ဆုကို လက်ဝယ်အရောက် ချီးမြောက်ခြင်းများ ကိုလည်း ကြည့်ခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ဓာတ်၊ ဒေါ်စုအား ယုံကြည်မှုပြည့်ဝလာစေရန် ၀ါဒဖြန့်ခြင်းဟု ယူဆရပါသည်။ အကောင်းမြင်ရ ကောင်းသော်ငြားလည်း မြန်မာနိုင်ငံသည် ကိုလိုနီစနစ်သဏ္ဍာန် ခေတ်သစ် နီယိုကိုလိုနီစနစ်ဟန်ဖြင့် ခရီးသွားနေသည်ဟု သုံးသပ် မိပါသဖြင့် ၀ါဒဖြန့်ခြင်းသည် လူနဲ့ မူ မခွဲခြားဘဲ လူအား ဦးတည် အထောက်အကူပြုနေသဖြင့် ပဒေသရာဇ် စနစ်မှလွှမ်းမိုးရေး ခေတ်သစ် နီယိုကိုလိုနီဝါဒ ပြန်စနေ ပြီ ဟု သုံးသပ်၍ အကောင်းမြင်ခြင်းမှ အဆိုးမြင် အသွင်တစ်ရပ် မကူးပြောင်းကြစေရန် လိုအပ်ပါသည်။

၅။ လမ်းပေါ်နိုင်ငံရေးနှင့် NLD ပါတီလမ်းစဉ်

(၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ အနိုင်ရရှိလာသော အများစု NLD ပါတီနှင့် အခြားပါတီ များသည် လွှတ်တော်တွင် အားသွန်မှုအခြေအနေ ရောက်ရှိနိုင်ပါသည်။ ဒေါ်စုပါတီနှင့် ဒေါ်စုမှ အနိုင်ရခဲ့ သော် လွှတ်တော် အတွင်း တွင် လွန်ဆွဲပွဲများ၊ စိန်ခေါ်ပွဲများ မဖြစ်မနေရောက်ရှိလာတော့မည်။ ယခုလည်းပဲ လွှတ်တော်ပြင်ပနှင့် လွှတ်တော်အတွင်း (၂)ရပ် ပေါ်ပေါက်လာနိုင်ပါသည်။ လွှတ်တော်ပြင်ပ ဆိုသည်မှာ (၈၈)မျိုးဆက်ကျောင်းသား များ၊ သံဃာအဖွဲ့များ၊ အတိုက်အခံနိုင်ငံရေးအဖွဲ့များသည် လွှတ်တော်အတွင်း NLD ပါတီ၏ အတိုက် အခံပြုမှုကို ပြင်ပလူထုအား အားပြုလျှက် အတိုက်အခံ အင်အားစုကြီး တစ်ရပ် ပေါ်လာစေ ရန် ပြင်ပကွန်ယက် များဖြင့် ချိတ်ဆက်ပြု၍ အတိုက်အခံပြုကြမည်ဟု ယုံကြည်ပါသည်။ ၎င်း ယုံကြည်မှုကြောင့် တရားဥပဒေ စိုးမိုးရေး အား ထိပါးလာနိုင်ပါသည်။ ဦးဝင်းတင်မှ လမ်းပေါ်နိုင်ငံရေးဟု ဆိုထားသဖြင့် လူထုလှုပ်ရှားမှုကို လက်ဦးမှုရယူ၍ လွှတ်တော်ပြင်ပ သပိတ်အား လူထုအားဖြင့် ပြသကြ တော့မည်မှာ မလွဲပါဟု ယုံကြည်မိပါသည်။

၆။ NLD ပါတီနှင့် အမေရိကန်ဦးဆောင်သော အနောက်အုပ်စု နိုင်ငံရေးဗျူဟာ

ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးပွင့်လင်းလာသည့်နှင့်အညီ အမေရိကန်ဦးဆောင်သော အနောက် အုပ်စု ကြီး(၅)ကြီးစာရင်းဝင် နိုင်ငံများသည် မြန်မာနိုင်ငံ အတွင်းသို့ ခြေခြင်း လိမ်ဝင်ရောက် လာကာ ၎င်းတို့၏ နီယို ကိုလိုနီ လက်သစ်ဝါဒအဖြစ် ဒေါ်စုကြည်နှင့် NLD ပါတီအား ကျောထောက်နောက်ခံပေး၍ ရန်ကုန်-ပုသိမ် ခရီးစဉ်၊ညောင်ဦး-ပခုက္ကူ ခရီးစဉ်များတွင်လည်း လေယာဉ်ခရီးစဉ်ကို ဗြိတိသျှသံရုံးမှ အဲယား ပုဂံ လေကြောင်းလိုင်း စင်းလုံးငှားပြီး ဆောင်ရွက်ပေးခဲ့ခြင်း၊ ခရီးစဉ်တိုင်းတွင် မော်တော်ကားများဖြင့် သယ်ဆောင်ပေးခြင်း၊ ၎င်းကုန်ကျငွေများအား အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးမှ ကိုယ်ထိ လက်ရောက်စီစဉ်ဆောင် ရွက်ပေးခြင်း၊ အကူအညီ များပေး၍ ဗြောင်ကျကျ ပါဝင်စွက်ဖက် လာမှုများ သည် မြန်မာနိုင်ငံ အတွက် အလွန်အန္တရာယ် ကြီး မားကြောင်း သတိထားရတော့မှာ ဖြစ်ပါသည်။ သက်သေ အဖြစ် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားလို ဒီမိုကရေစီ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ ပြည်သူတွေ ရွေးချယ်တင်မြောက်ခဲ့တဲ့ အရပ်သား သမ္မတတွေ ၀န်ကြီးတွေ ကိုယ်တိုင် ထောင်နန်းစံ ခံစားနေ ရပြီး ဒီမိုကရေစီ အဟောသိကံစနစ်ဖြင့် စစ်ရေး၊ စီးပွားရေးလွှမ်းမိုး ချုပ်ကိုင် လာ တာတွေ့ရ မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် တိုးတက် လာတဲ့ ပြည်ထောင်စုအစိုးရရဲ့ လိုက်လျောပေး မှု၊ နိုင် ငံရေး ပွင့်လင်းမြင်သာလာမှု အပေါ်တွေကို အခွင့်ကောင်းယူပြီး ဒေါ်စုကြည် NLD ပါတီနှင့် အမေရိကန် အနောက် အုပ်စုတွေက အဆစ်တောင်းရုံမက အလေးပါခိုးတဲ့အထိ ရရှိတဲ့အခွင့်အရေးကို ဥပေဒပြင်ပမှ လုပ်ဆောင်လာတာ ကိုလည်း တွေ့ရပါတယ်။

၇။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး

ပြည်တွင်းငြိမ်းချမ်းရေး ကနဦး စခဲ့သည်မှာ NLD ပါတီမှ ဦးဝင်းတင်ဟု ဆိုရပါမည်။ အကြောင်းမှမူ ဦးဝင်းတင်မှ (၂၁)ရာစု ပင်လုံညီလာခံ ပင်လုံစိတ်ဓာတ်ဟု ကြွေးကြော်လာသော ပင်လုံညီလာခံမှ (ဖက်ဒရယ်မူ) ခွဲထွက်ရေးမူ စတင် ခဲ့သဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြည်ထောင်စုအစိုးရသစ်မှ အတော်လေး ကြိုးစားရမည် ဟုဆိုရပါမည်။ ဒေါ်စုကြည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် မည်ကဲ့သို့ အားစိုက် ပါသနည်းဟုမေးလျှင် ယနေ့ ပြည်တွင်း ငြိမ်းချမ်းရေးကို မည်သို့ပုံဖော်ရမည့်အစား မတည်ငြိမ်သော နေရာ ဒေသများသို့ ထောက်ပံ့ကူညီ အားပေးခြင်းဖြင့် မဲဆွယ်ခြင်း၊ ၀ါဒဖြန့်ခြင်း၊ သွေးထိုးခြင်းများ ပြုလုပ်နေ သည်ဟု သုံးသပ်ရပါသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီးတွင် NLD ပါတီနှင့် အနောက်အုပ်စုတို့၏ စစ်ရေး၊ စီးပွားရေး လွှမ်းမိုးချုပ်ကိုင်လာတဲ့ နီယိုကိုလိုနီ လက်သစ် ၀ါဒ ပြည်ပသြဇာခံ အဖြစ် နိုင်ငံ သူ/နိုင်ငံသား များ၊ ပြည်သူ အများ မခံစား မကျရောက်ရအောင် ကျွန်တော်တို့ တတိယပြည်သူ့အင်အားစုမှ အမျိုးသားရေး အသိဖြင့် ပြည်သူများနှင့် အတူလက်တွဲ ပူးပေါင်း ကာကွယ် စောင့်ရှောက် သွားမည်ဟု ကတိပြုကြောင်း၊ တည်ငြိမ်အေး ချမ်း မှု ကို ရှေ့ရှု၍ ဝေဖန်ပိုင်းခြားနိုင်ရန် အမျိုးသားရေးသတိဖြင့် တပ်လှန့်နှိုးဆော် လိုက်ရ ပါသည်။

တတိယပြည်သူ့အင်အားစု

ကမ္ဘာ့သမိုင်းမှာ

တိုင်းပြည်တစ်ပြည်ဟာ အခြားတိုင်းပြည်တစ်ပြည်ကို

စွက်ဖက်သိမ်းပိုက်တယ်ဆိုတာ စေတနာရှိလို့ မဟုတ်ဘူး၊

လိုချင်လို့သာ ၀င်ရောက်စွက်ဖက် သိမ်းပိုက်ထားခြင်းဖြစ်တယ်၊

ပြီးတော့လည်း ပြန်လက်မလွတ်ချင်တော့ဘူး။

ဗိုလ်ချုပ်အောင်ဆန်း (၂၆-၂-၁၉၄၆)

ညောင်ရွှေလူထုအစည်းအဝေးပွဲမိန့်ခွန်း

Sunday, February 12, 2012

ဆရာကြီးဦးဖေသိန်းရဲ့ ကာတွန်းရုပ်ပြောင်

ဒီခေတ်လက်ရှိအခြေအနေကို သေသေချာချာ ရောင်ပြန်ဟပ်စေတဲ့ ဆရာကြီးဦးဖေသိန်းရဲ့ ကာတွန်းရုပ်ပြောင်

Friday, February 3, 2012

ဘယ်သူက လူထုဆန္ဒကို အလေးထားသလဲ

"ကျွန်တော် တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်၊မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ"

ဦးဌေးဦး (အထွေထွေအတွင်းရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီ)


"သာမန်လူတစ်ယောက်ကလည်း ကိုယ့်ကိုကိုယ် ငါကနိုင်ငံရဲ့ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ။ မဲပေးတဲ့ နေ့မှာတော့ ပါတီကိုမလွဲစေနဲ့။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးပါ"

ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ ၊ NLD )

Sunday, January 22, 2012

(၈၈) မျိုးဆက်ကျောင်းသားများ၏ သတင်းထုတ်ပြန်ချက်



၁။ ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေကြသူများ ဖြစ်သည်။ (၈၈၈၈ အရေးတော်ပုံ ဆိုပြီး ခေါင်းဖြတ်သတ်ခဲ့တာ၊ ဂိုဒေါင်ဖောက်၊ ပစ္စည်းလု၊ ပြ ည်သူတွေ ကျီးလန့်စာစား နေရတာ သတိရလိုက်ပါ။ )

၂။ ကျွန်ုပ်တ နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး မူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်း မှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ် ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။ (၎င်း နိမ့်ကျမှုများမှ တိုးတက်အောင် ၈၈ မျိုးဆက်များ ဘာမှ မလုပ်နိုင်ခဲ့ပါ။ ဒေါ်စု လက်ချက်ကြောင့်လည်း ပါပါတယ်။ )

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။ (ဒီနေ့ ဒီအချိန်ကို ဖန်တီးခဲ့တာ ၈၈ မျိုးဆက်တွေ အစွမ်းအစ ကြောင့် မဟုတ်ပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်ဆီ ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံကြောင့်သာဖြစ်သည်)

၎။ စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် အားပေးဝန်းရံသွားမည်။ (စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ခိုင်းခဲ့တာကိုတော့ မကန့်ကွက်ရဲပါ)

၅။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေသော တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်များမှ တစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသား အင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။ (၈၈ မျိုးဆက်အချင်းချင်း ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့ ABSDF ထဲက မငြိမ်းချမ်းတောတွေကို အရင်ရှင်းပါ)

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထား ရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။ (ပြန်ပရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရေးမှာ အစိုးရက လုပ်ပေးလို့မရပါ. သူတို့လုပ်ရက်တွေကသာ သူတို့ဂုဏ်သိက္ခာကို ဖော်ပြလိမ့်မည်။ မယောင်ရာကို ဆီမလူးပါနဲ့ ၈၈ မျိုးဆက်များ)

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာ နှုန်းစံများနှင့် အညီ ကျင့်သုံး ဆောင်ရွက်မှုများ၊ အိမ်နီးချင်း နိုင်ငံများ အပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။ (အားမပေးလို့လည်း မရတော့ဘူး၊ အားမပေးခဲ့စဉ်၊ ကန့်ကွက်ခဲ့စဉ်၊ မထောက်ခံစဉ် တုန်းကလည်း အစိုးရက သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ)

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသား အင်အားစုများ အပါအ၀င် မြန်မာ့လူ့အဖွဲ့စည်း တစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။ (ပူးပေါင်းတာက လွယ်ပါတယ်၊ ကိုယ်စွမ်းနဲ့ ဥာဏ်စွမ်းရှိအောင် အရင်လုပ်ကြပါ။ လမ်းပေါ်ထွက်ပြီး အော်တဲ့ နိုင်ငံရေးလောက်တော့ ဘယ်နိုင်ငံရေးမှ မလွယ်ဘူးဆိုတာ သတိထားပါ )

၉။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ကြိုးပမ်းမှုများတွင် အားပေး ကူညီထောက်ခံနေသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာ မိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည် ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။ (ပြုပြင်ပြောင်းလဲရေးကို လက်မခံသူတွေ၊ ၉၀ ရွေးကောက်ပွဲကို နောက်ကြောင်းပြန်ချင်သူတွေ အများကြီးရှိနေသူတွေ ပြည်တွင်းပြည်ပ မှာ အများကြီးရှိနေတာကိုလည်း သတိရပါ)

Friday, January 20, 2012