ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Tuesday, March 12, 2013

ပြည်မြို့ NLD နှစ်ခြမ်းကွဲကာ အချင်းချင်းဆန္ဒပြမှု တရားရုံးမှ ကိုင်တွယ်မည်

ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိ NLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော်ဆန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက် ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပါတီရုံးရှေ့တွင် ဦး ကျော်ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦးတိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့မှ ဦးဆောင်၍ ““အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား လှိုက်လှဲစွာ ထောက်ခံပါသည်။ ဗဟိုညီလာခံ ကြီးအား လှိုက်လှဲစွာထောက်ခံ အပ်ပါသည်”” ““ပြည်မြို့နယ် ညီ လာခံ ကိုယ်စားလှယ်(၃)ဦးအား မမှန်မကန်သည့်အတွက် (လုံးဝ) (လုံးဝ)ပြင်းထန်စွာ ကန့်ကွက်ပါ သည်””၊  ““မမှန်မကန်သော ပြည်မြို့နယ်မှ ကိုယ်စားလှယ် (၃) ဦးအား မထောက်ခံပါ””၊ ““ဒေါက် တာ ခင်မောင်ဝင်းပါ (၃)ဦးအား ပြည်မြို့နယ်မှ လုံးဝ လက်မခံ နိုင်ပါ””ဟူသော စာတမ်းပါ ဗီနိုင်း ပိုစတာများ၊ ဗီနိုင်းစတွင် ခွပ် ဒေါင်းအစစ်တွေရဲ့ ဆန္ဒဟူသော ခေါင်းစဉ်ဖြင့် ““အမျိုးသား ဒီ/ ချုပ် အဖွဲ့ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီ လာခံကြီးကို ယုံကြည်မျှော်လင့် ချက်အပြည့်နဲ့ ကြိုဆိုပါ၏။ ပြည် သူတွေက ပိုပြီးတော့ ချစ်ခင်လေး စားယုံကြည်အားထားရသော အမျိုးသားဒီ/ချုပ်အဖွဲ့ဖြစ်ချင် ပါတယ်။ ပြည်သူတွေအကျိုး အတွက် မရည်စူး၊ ကိုယ်ကျိုး အတွက်ပဲ ရှေ့တန်းတင် လက်ဦး မှုကို အရယူ ပါတီဝင်ဖောင်တွေ ကို လိုသလိုသုံး၊ လူတွေမွေး၊ ဒီမိုကရေစီ အခွင့်အရေးကို အသုံးချ ကြိုတင်လူရွေးပြီး တာ ၀န်တွေကို လုပ်ကြံယူထားသူ များကို လုံးဝမလိုလားပါ။ မျိုး ချစ်မျက်ကန်းများ မဖြစ်ကြပါစေ နှင့်၊ ကြယ်ဖြူနှင့် ခွပ်ဒေါင်းအစစ် များ၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ နယ်””ဟူသော ဗီနိုင်းများကိုင် ဆောင်ကာ လူအင်အား(၅၀)ဦး ခန့်ဖြင့် ဆန္ဒဖော်ထုတ်၍ ညနေ ၅ နာရီ ၅၀ အချိန်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရ သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအား ဦးဆောင်သူ ဦးကျော်ဆန်း၊ ဦးမြင့်သိန်းတို့အဖွဲ့အား သက် ဆိုင်ရာတာဝန်ရှိသူများမှ ခွင့်ပြု ချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း ကြောင့် ပြည်အမှတ်(၂)ရဲစခန်း မှူး ရဲအုပ်လှထွန်းမှ တရားလို ပြုလုပ်၍ ဦးဆောင်သူ ဦးကျော် ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦး တိုးကြီး၊ ဒေါ်ဖြူဖြူစန်းတို့အား (ပ) ၂၀၇၊ ၂၀၁၃ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

From : hot news

No comments: