ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Wednesday, March 6, 2013

NLD ဗဟိုအဆင့် အကွဲအပြဲ အစ ကိုယ်စားလှယ် (၄) ဦးအား တာဝန်မှ ရပ်စဲ

မိမိ ပါတီဝင်များအား ထိန်းသိမ်း မနိုင်သည့်  ၊ စည်းကမ်းမဲ့သည့် NLD ပါတီ၏ ဗဟိုအဆင့် ပထမဆုံး ခြေလှမ်းအဖြစ် ဒီမိုကရေစီ စနစ်နှင့် မညီညွတ်စွာ အဖြစ်မှန်ကို စုံစမ်း စစ်ဆေးမှု မပြုပဲ သတင်း အကြားဖြင့် ညီလာခံ ကိုယ်စားလှယ် (၄) ဦး ထုတ်ပယ် လိုက်ကြောင်း NLD က မတ် (၅) ရက်နေ့တွင် ကြေညာချက် ထုတ်ပြခဲ့သည်။ 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်း ညီညွတ်ရေးကို ပြိုကွဲစေသော အပြုအမူ၊ အပြော အဆိုနှင့် လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်း ရရှိထား သဖြင့် ယခုလ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ ရက်နေ့တွင် ကျင်းပမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ လိုက်ကြောင်း ဒီချုပ်မှ သတင်း ထုတ်ပြန် လိုက်သည်။

ညီလာခံ ကိုယ်စားလှယ် အဖြစ် မှ ရပ်စဲခံ ရသူများမှာ ဦးခင်မောင်ဝင်း၊ ဥက္ကဋ္ဌ (ဗဟိုညီလာခံ ကိုယ်စားလှယ်) အလုပ် အမှုဆောင်အဖွဲ့၊ လမ်းမတော်မြို့နယ်၊ ဦးသန့်ဇင် (ဗဟိုညီလာခံ ကိုယ်စားလှယ်) ရွှေပြည်သာမြို့နယ်၊ ဦးခင်မောင်ရှိန်၊ ဥက္ကဋ္ဌ (ဗဟိုညီလာခံ ကိုယ်စားလှယ်)မြောက်ပိုင်း ခရိုင်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဒေါ်မိမိကြီး (ဗဟို ညီလာခံ ကိုယ်စားလှယ်) ကောလင်း မြို့နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးတို့ ဖြစ်သည်။

NLD ပါတီသည် ညီလာခံများကို ရပ်ကွက် ကျေးရွာ အဆင့်မှ တိုင်းဒေသကြီး ပြည်နယ် အဆင့်ထိ ကျင်းပပြုလုပ်ရာတွင် ပြသနာများစွာ၊ ပါတီဝင် အချင်းချင်း ဆန္ဒပြမှုပေါင်း များစွာ ဖြစ်ပေါ်ခဲ့ပြီး အခု ဗဟိုအဆင့်တွင်လည်း ဖြစ်ပေါ်လျက်ရှိသည်။ 


No comments: