ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Monday, December 3, 2007

အကျဉ်းသား၈၀၀၀ကျော် လွတ်ငြိမ်းသက်သာခွင့်ပေး

မြန်မာအစိုးရက အကျဉ်းသား ၈၀၀၀ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ သိရ ပါတယ်။ ဒီဇင်ဘာ ၃ရက် ည၈နာရီ ရုပ်သံသတင်းမှာ အဲဒီ့သတင်းကို ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါ တယ်။ ကျင်းပ ပြီးစီးခဲ့တဲ့ အမျိုးသားညီလာခံ အောင်မြင်စွာ ပြီးဆုံးခြင်း ၊ ဒီဇင်ဘာ ၃ရက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း စတင် ရေးဆွဲနိုင်ခြင်း စတဲ့ အထိမ်းအမှတ် အဖြစ် ယခုလို တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၆ရက်ကနေ ဒီဇင်ဘာ ၃ရက် အထိ စုစုပေါင်း အကျဉ်းသား ၈၅၈၅ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ့အထဲမှာ ထိုင်းလူမျိုး အကျဉ်းသား ၃၃ဦးလဲ ပါဝင်တယ်လို့ သတင်းမှာ ကြေငြာသွား တာပါ။ သတင်းမှာတော့ အကျဉ်းသားရယ်လို့ပဲ သုံးးနှုံးသွားပြီး မည်ကဲ့သို့သော ပြစ်ဒဏ် ကျခံ နေကြသူများ ရယ်လို့တော့ အသေးစိတ် ကြေငြာသွားခြင်း မရှိပါဘူး။


လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်းကြေငြာတဲ့ တစ်ရက်တည်းမှာပဲ လမ်းပြမြေပုံရဲ့ အဆင့် ၃ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းကို နေပြည်တော်မှာ စတင်လိုက်ပါပြီ။ ကော်မရှင် လုပ်ငန်း လုပ်ကိုင် နေပုံတွေကို အစိုးရက သံတမန်တွေနဲ့ မီဒီယာသမားတွေကို ဒီဇင်ဘာ၃ရက်မှာ ဖိတ်ခေါ်ပြသခဲ့ပါတယ် (ပုံ)။ အဲဒီ့ရက်မှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကိုပါ နေပြည်တော်မှာ ကျင်းပသွားခဲ့ပါတယ်။

http://yangonmedia.com/ မှ ရယူပါသည်။

No comments: