တောင်သာမြို့နယ် ကျောက်ကာ ကျေးရွာတွင် NLDပါတီမှ ရုံးဖွင့်ပွဲ ပြုလုပ်ခြင်း ၄င်းအခမ်းအနားကို 3.11.2012 နေ့ နံနက် 10နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ကာကျေးရွာ မှ ဒေသခံပြည်သူများမှ NLD ပါတီသည် မိမိတို့ ဒေသအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိဘဲ အခုမှ ရုံးလာဖွင့်တာ ငါတို့နယ်မှာ NLD ပါတီကို မလိုလားဘူး၊ ငါတို့နယ်ကို ကောင်းအောင် ကြည့်ပေးတဲ့လူကိုဘဲငါတို့အ၀င်ခံ နိုင်မယ်၊ ငါတို့ရွာမှာ NLD ပါတီအ၀င် မခံနိုင်ဘူး၊ တို့ရွာမှာ 3 ယောက်လောက်ဘဲ NLDလုပ်တာနဲ့ တို့ရွာမှာ စိတ်ဝမ်းကွဲ မခံနိုင်ဘူးဟု ပြောဆိုကာ နံနက် 8နာရီခန့်မှစပြီး ရွာအ၀င်မှ ကျေးရွာပြည်သူ 200 ဦးခန့်သည် ငြိမ်းချမ်းစွာဖြင့် “ တို့ရွာ တည်ငြိမ်း အေးချမ်းမှုကို ပျက်စီးအောင် မလုပ်ပါနဲ့၊ NLDအလိုမရှိဘူး၊ ” ဟူသော လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ ကြောင်းသိရသည်။ ကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် တင်သော သူ၏ အရည်အချင်းမှာ- ဦးနန်းတင် (အဖ) ဦးလှမောင်၊ အသက်(၅၃) ၊ ပညာအရည်အချင်း (၇) တန်းသည် စစ်တပ်မှ စစ်သားအဆင့်ဖြင့် စာရိတ္တ ဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတစ်ဦး ဖြစ်ပါတယ်။
ယခုအခါမှာလည်း မယားငယ်နှင့် ပေါင်းသင်းနေသူဖြစ်ပြီး အဖေ အရင်း ခေါက်ခေါက် ကိုဓါးကြိမ်းကြိမ်းပြီး ငါကိုင်တုတ်ဆဲ ရေးတိုင်းထွာမှုများ ရှိခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ် ရ.ယ.က ဥက္ကဋ္ဌ လုပ်စဉ်က လည်း ထန်းသမား ကိုတိုးကြည်၏ ဇနီးအားဆံပင်ဆွဲ ပါးရိုက်သော ကိစ္စဖြင့်ထောင် ကျမလိုဖြစ်ကာ ရ.ယ.က ဥက္ကဋ္ဌ ဘ၀မှရပ် နားခဲ့ရပါတယ်။ ယခု ကျေးရွာတွင်လည်း သာရေး/နာရေး ကိစ္စများတွင် ၄င်းအားဘယ်သူမှ မသုံးဘဲ ကျေးရွာမှ ပစ်ပယ်ထား သူဖြစ်ကြောင်း သိရှိရပါတယ်။ ယခုကိစ္စများကို ကြည့်ခြင်းအားဖြင့် NLD ပါတီသည် ရပ်ကွက်/ကျေးရွာများ တွင်ရုံးခန်းဖွင့် လှစ်ရာတွင် အများပြည်သူနှင့် မတည့်ူသူများ၏ နေအိမ်များ တွင်ရုံးဖွင့်လှစ်နေ ရကြောင်း သိရှိရပါတယ်။
New Industry Guidelines Detail How to Buy Fabric Online Without Seeing It
First
-
*To buy fabric online without seeing it first, buyers must mathematically
translate digital specifications like Grams per Square Meter and stretch
percen...
4 days ago
No comments:
Post a Comment