ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Saturday, October 19, 2013

သံတော်ဆင့် အယ်ဒီတာချုပ်ကြီး ၏ လူသိ ခံဝံ့/ မခံဝံ့ အတိတ် အပိုင်းအစများ

ယနေ့  သံတော်ဆင့် ဂျာနယ် ထွက်ပါတယ် ။ ယခင်က မဖတ်ဖြစ်ပေမဲ့  ယနေ့ တော့  ၀ယ် ဖတ် အားပေးဖြစ်ပါတယ် ။ ဦးဌေးဦး နဲ့  ဦးတင်ထွဋ် ကို ရန်တိုက်ပေးထားတဲ့ သတင်းပါတယ် ။ ဦးတင်ထွဋ်ကို ဆက်သွယ်မေးမြန်းချက် သတင်းဖေါ်ပြထားတာ တွေ့ ရပါတယ် ။ ပြီးတော့ ပါတီဌာနချုပ် က ပြည်သူ့  ဆက်ဆံရေးဌာန ဌာနမှူး ဥိးကျော်သူရ အကြောင်း ရေးသား ဖေါ်ပြထားတာတွေ့ ရပါတယ် ။ ပြည်သူ့  ဆက်ဆံရေးဌာန ကို ပါတီဌာနချုပ် အဆင့်သာမက တိုင်းနှင့်ပြည်နယ် ဒေသကြီး အသီးသီးတွင်ပါ တိုးချဲ့ ဖွဲ့  စည်းထားသည့် အချိန်တွင် ထမ်းဆောင် ရသည့် တာဝန်ကတော့ ပြည်ခိုင်ဖြိုး ပါတီ သည် ပြည်သူ့  ပါတီ အဖြစ် ရပ်တည်ရေး / ပြည် ခိုင် ဖြိုး ပါတီ နှင့် ပြည်သူ တစ်သားတည်း ဖြစ်ရေး ဆိုတဲ့  ရည်မှန်းချက် အများအပြားပါဝင်တဲ့  လုပ်ငန်းများဆောင် ရွက်ခြင်း ဖြစ်ပါတယ် ။




ယနေ့  ပြည်ခိုင်ဖြိုး ပါတီ၏ ပြည်သူ့ ဆက်ဆံရေး ဌာနများ အနေဖြင့် ရည်မှန်းချက်တာဝန် ကို ထမ်းဆောင် ချိန်တွင် ပြည်ခိုင်ဖြိုး ကျေးဇူးခံ ကျေးဇူးစားများအချို့  ကျေးဇူးကန်း စော်ကား သူတစ်ချို့ ၏ အုပ်စုဖွဲ့  ၍ သတင်းဂျာနယ် စာစောင်များမှ တစ်ဆင့် နှောင့်ယှက် ခြင်းများကို ကြုံတွေ့ နေရပါသည်။ ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ပြည်သူ့ ဆက်ဆံရေး တာဝန်ခံတစ်ဦးအနေဖြင့် ပြည်သူ့ ဆက်ဆံရေးဌာန ၏ တာဝန်ကို ပေါက်မြောက် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုး ပါတီ၏ ထမင်းကျွေးသော လက်ကို ပြန်ကိုက်နေသည့်ကျေးဇူးကန်းသူ ကျော်စွာဝင်း(မောင်ရေစက်) (သံတော်ဆင့်ဂျာနယ် ) ကို မွေးထုတ်လေ့ကျင့်  ပေးခဲ့သည့် သာကေတမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးသို့ ယနေ့  တစ်ခေါက် အရောက်သွားခဲ့ပါသည်။
 

သွားခဲ့ရသည့် အကြောင်းရင်းကတော့  သာကေတမြို့ နယ် ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် သံတော်ဆင့် ဂျာနယ် အယ်ဒီတာချုပ်ကြီး မောင်ကျော်စွာဝင်း (မောင်ရေစက်) အပေါ် နာကျည်း မုန်းတီးအောင် ပြစ်မှား စော်ကားခဲ့သည့် လုပ်ရပ်များ ရှိခဲ့သလား / မောင်ကျော်စွာဝင်း အပေါ် ရန်ငြိုးဖွဲ့  စရာ လုပ်ရပ်များ ဆောင်ရွက်ခဲ့ ပါသလား ဟု သိချင်ခဲ့သည်လည်း ပါဝင်ပါသည်။

ကြားသိရချက်များ ကတော့ ကျော်စွာဝင်းကို မြို့ နယ် အဆင့် တာဝန်ရှိသူများ က နာမည် အမျိုးမျိုး မှည့်ခေါ်ခဲ့တာ ကို အရင် သိရပါတယ်။ငါးမြွေထိုး၊ သူတောင်းစား ၊ အထက်ဖား အောက်ဖိ (ငဖါးကောင်) စသည့် နာမည်ပျက်များ ဖြင့် ပြည့်နှက်နေသူတစ်ဦးဖြစ်ကြောင်း သာ ကြားသိရသည်။


ကျော်စွာဝင်း အနေဖြင့် သာကေတမြို့ နယ် ၏ အောက်ခြေ အဆင့်ဆင့်မှ တက်ရောက်လာသည့် မြို့ နယ် အဆင့်ခေါင်းဆောင် မဟုတ်ကြောင်း၊ သာကေတမြို့ နယ် ၏ အထက် တွင်ရှိသည့် ရန်ကုန် အရှေ့ ပိုင်း ခရိုင်ရုံးတွင် ဖွင့်လှစ်သည့် ပညာဒါန သင်တန်းကျောင်း သို့ သာ အချိန်ပြည့်သွားရောက်လုပ်အားပေးခဲ့ကြောင်း၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၏ ထောက်ခံချက်ဖြင့် သာကေတမြို့ နယ် တွင် မြို့ နယ်အဆင့် တာဝန် ထမ်းဆောင်ရန် ခန့် အပ် တာဝန်ပေးစေခိုင်း မှုကြောင့် မြို့ နယ် အဆင့် ဖြစ်လာသူတစ်ဦးဖြစ် ကြောင်း သိရသည်။ အထက်ဖါး အောက်ဖိ (ငဖါးကောင်)


ကျော်စွာဝင်း မှာ သာကေတမြို့ နယ် အတွင်းရေးမှူး ဦးအောင်ဝင်း နုတ်ထွက် သွားချိန်တွင် မှ အစားထိုးခန့် အပ်ခံရသည့် မြို့ နယ် အလုပ်အမှုဆောင် တစ်ဦးဖြစ်ကြောင်း၊ မြို့ နယ် အလုပ်အမှု ဆောင်ဖြစ် သည့် အချိန်တွင် နေစရာ အိမ်မရှိသည့် အတွက် အသင်းရန်ပုံငွေရ အိမ်ဝိုင်းလေးတွင် တစ်လ တစ်ထောင် ကျပ်နှုန်းဖြင့် လခပေးနေထိုင် ခွင့်ရခဲ့ကြောင်း၊ မြို့ နယ် အလုပ် အမှုဆောင် ဖြစ် သည့်အတွက် လစာပင် မပေးခဲ့ကြောင်း သိရသည်။ မြို့ နယ် အလုပ် အမှုဆောင်ဖြစ်ကတည်း က နေစရာ အိမ်မရှိသည့်အတွက် နေစရာတောင်းခဲ့သူ သည် ပြည် ခိုင် ဖြိုး အသင်းဌာနချုပ်မှ ဖွင့်လှစ်သည့် သတင်းစာ အခြေခံပညာ သင်တန်း တက်ရောက်ပြီးသည့် အချိန်တွင် CEC ဗဟိုအလုပ် အမှုဆောင် များ နှင့်  တွေ့ ခွင့်ရသည့် အခါတိုင်းတွင် သတင်းလုပ်ငန်း ဆောင်ရွက်ရန် အကြောင်းပြ၍ နည်းလမ်းပေါင်း စုံဖြင့် ငွေကြေးတောင်းခံခဲ့သူ တစ်ဦး ဖြစ်ကြောင်း၊ ဦးသိန်းအောင်ထံမှလည်း ကင်မရာ တောင်းခံခဲ့ကြောင်း၊ မြို့ နယ် အသင်း၏ စီမံတာဝန်ခံ ထံတွင်လည်း စည်းရုံးရေးလုပ်ငန်းများ လုပ် မည်ဟု ဆိုကာ ကြို ငွေ တစ်သောင်းနှင့် အထက် အမြဲ ထုတ်သုံးလေ့  ရှိကြောင်း၊ ယခုလည်း အသင်း မှ ပါတီအဖြစ် ပြောင်းလဲဖွဲ့  စည်းသည့်ကာလတွင် မြို့ နယ် အသင်း ကာလကတည်း က ငှါးရမ်း နေထိုင်ခဲ့သော နေစရာအိမ်ကို အခန်းသုံးခန်းဖွဲ့ ၍ နှစ်ခန်းကို ငှားစားကာ တစ်ခန်းကို ကျော်စွာဝင်း၏ မိသားစုများ နေထိုင်လျှက်ရှီပြီး သုံးခန်းစာအတွက် တစ်လလျှင် တစ်လလျှင် ၁၂၀၀၀/- ကျပ်နှုန်း သာကေတမြို့ နယ် ပါတီရန်ပုံငွေပေးသွင်းကြောင်း ၊ ငှားရမ်းထားသည့်  အခန်း ငှားရမ်းခမှာ တစ်လလျှင် တစ်ခန်း သုံးသောင်းကျပ် ဖြစ်သဖြင့် ကျော်စွာဝင်း ဘခင် ဖြစ်သူ ဦးသန်းဝင်း နှင့် မိသားစုအဖို့  (၄၈၀၀၀/-) ကျပ်နှုန်း စားသုံး စရိတ်လစဉ် ရရှိနေသေး သည်ကို ပြည်ခိုင်ဖြိုးအပေါ် ကျေးဇူးမတင်ပဲ ကျေးဇူးကန်းနေသည့်အတွက် သူတောင်းစား ဟု ခေါ်ကြောင်း
သိရသည်။

ကျော်စွာဝင်းအနေဖြင့် သတင်းစာ သင်တန်း တက်ရောက်ပြီးချိန်တွင် သာကေတမြို့ နယ် အတွင်း သတင်း တပ်ဖွဲ့  ဖွဲ့ စည်းရန် ဆောင်ရွက်ခဲ့ကြောင်း၊ ကျော်စွာဝင်း၏ သတင်းတပ်ဖွဲ့ တွင် ရပ်ကွက် စည်းရုံးရေးမှူးများ ပါဝင်ခဲ့ပြီး ယင်းတပ်ဖွဲ့ အနေဖြင့် မြို့ နယ်အသင်း အလုပ် အမှုဆောင်များ၏ လှုပ်ရှားမှု များကို စောင့်ကြည့် သတင်းရေးသား တင်ပြရန်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုကြောင့် အသင်းမှ ပါတီအဖြစ်သို့  ပြောင်းလဲ ချိန်တွင် ရပ်ကွက် စည်းရုံးရေးမှူး အချို့  ပါဝင်လာနိုင်ခြင်း မရှိတော့ကြောင်း၊ ကျော်စွာဝင်းမှာ ကျဘမ်း စကားပြောပြိုင်ပွဲတွင် ဌာနချုပ် ဗဟိုအဆင့် ဒုတိယ ဆု ရရှိလာသူတစ်ဦးဖြစ်ကြောင်း၊ ဌာနချုပ် ပြိုင်ပွဲတွင် ကြံ့ခိုင်ရေးအသင်း တိုက်ပုံနှင့် ၀တ်စုံ မရှိသဖြင့် ရပ်ကွက် စည်းရုံးရေးမှူး ဦးထွန်းရှင် ၀ယ်ယူပေးခဲ့ရကြောင်း၊ ကျော်စွာဝင်းကဲ့သို့  ပြည်ခိုင်ဖြိုး စစ် စစ် မဟုတ်ပဲ ကျိုက်လတ်မြို့ နယ် တ.စ.ည ပါတီ စည်းရုံးရေးမှူး ဦးသန်းဝင်း၏ သားဖြစ်သူ ကို မြေတောင်မြှောက်ပေး ခဲ့သည့် အတွက် အဆိပ်ပင်ရေလောင်း ဖြစ်ခဲ့ရပြီး ပါတီဖွဲ့ စည်း ချိန်တွင် အဘရှင် ဦးထွန်းရှင် ပါဝင်လာနိုင်ခြင်း မရှိတော့သည့် အတွက် ငါးမြွေထိုးဟု ခေါ်ဆိုကြောင်း သိရသည်။

အခြားသော လူသိခံဝံ့ / မခံဝံ့ အကြောင်းအရာများ ကိုလည်း ဆက်လက်ဖေါ်ပြပေးသွား ပါမည်။

soe min

No comments: