ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Wednesday, November 28, 2012

စတုတ္ထမဏ္ဍိုင်

မယောင်ရာ ဆီလူး
မောင်ဦးက နောက်ကျန်
အောက်ခံမှာ နတ္ထိ
ရှပ်ကြည့်ပြီး ဝေဖန်
လေထန်ရင် စုန်ဆင်း
အခင်းတော်တဲ့ လိပ်ဖျာ
သတင်းလှော်မဲ့ ပြိတ္တာ။
(ကိုမိုက်ရိုင်း)

Thursday, November 22, 2012

မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ဖျက်ဆီးနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်


ကျွန်တော်တို့နိုင်ငံ၏ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများကို လိုက်နာစောင့်ထိန်းရာတွင် မြန်မာလူထု၏ ခေါင်းဆောင်ပီပီ စံနမူနာပြ ဖြစ်သင့် ပါတယ်။ သွားလေရာ၊ နေရာတိုင်းမှာ မြန်မာဆန်ဆန် ၀တ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဟန်ပန်ကို မြန်မာအမျိုးသမီးထုတစ်ရပ်လုံးက သဘောကျနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဖက်ရှင် ဆိုပြီး အမျိုးသမီးထုအတွင်းမှာ ရေပန်းစားနေပါတယ်။ တစ်ချိန်သောအခါက နိုင်ငံခြားသားကို ယူခဲ့ပေ မယ့် အခုအခါမှာတော့ တကယ့်ကို မြန်မာဆန်လှပါပေတယ် ဟူသော ချီးမွမ်းထောပနာပြုသံများသည် ပြည်သူများအတွင်း ပျံ့နှံ့လျက်ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့တတွေ လုံးဝအံ့သြဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခု၊ အဖြစ်အပျက်တစ်ခုကိုတွေ့ မြင်လိုက်ရတဲ့အခါမှာတော့ အံ့သြခြင်း၊ ၀မ်းနည်းခြင်း စိတ်မကောင်းခြင်းများစွာ ခံစားလိုက်ရပါတယ်။ မပြောရက် မနှိုင်းရက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါင်းယောင်ဆောင်သောကျီးပါလား... ဘယ်လိုပဲ ဒေါင်းယောင်ဆောင်ထားပေမယ့် အချိန်တန်တော့လည်း ကျီးရဲ့ဇာတ်သရုပ်ဟာ ပေါ်လာတာ  ပါပဲဆိုတဲ့အတွေးဝင်လာမိပါတယ်။ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုပြောပြော၊ ဓလေ့ပြောပြောတစ်ဦး နဲ့တစ်ဦး ဖက်လဲတကင်း နမ်းရှုံ့နှုတ်ဆက်တာ ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာတော့ ဒီလိုမျိုးနှုတ်ဆက်ခြင်းဟာ လွန်စွာအကျည်းတန်အရုပ်ဆိုးလွန်းလှပါတယ်။

မြန်မာနိုင်ငံ၊ မြန်မာတိုင်းရင်းသားတို့ရဲ့ယဉ်ကျေးမှုဓလေ့မှာ တစ်စိမ်းယောက်ျားတစ်ယောက်နဲ့မိန်းမတစ် ယောက်ဖက်ကြ၊ နမ်းကြတာဟာ လင်မယားဆိုတဲ့သတ်မှတ်ချက်မှာပဲရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ၊ ဗီဒီယိုဇာတ်လမ်းတွေထဲမှာတောင် မင်းသားမင်းသမီးတွေ ချစ်သူရည်စားဖြစ်နေပါစေ..နမ်းတဲ့အခန်းမပါ ရှိကြပါဘူး။ ကျွန်တော်တို့အသည်းစွဲကြိုက်နေတဲ့ ကိုရီးယားကားတွေထဲမှာ နမ်းတဲ့အခန်းပါရင်တောင် မြန်မာ့အသံနဲ့မြ၀တီရုပ်မြင်သံကြားတို့က တာဝန်ရှိပုဂ္ဂိုလ်တွေက ဒီအခန်းတွေကို ဖြတ်ထားပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့သဘောပါပဲ။

အခုဟာကတော့ ကျော်မကောင်း ကြားမကောင်း အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ကို ဖက်နမ်းလို့တဲ့.. ဆိုတဲ့သတင်းဟာ အထူးခြားဆုံး သတင်းတစ်ပုဒ်လို ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနားမှာမှီခိုနေတဲ့ ဦးဝင်းတင်တို့လိုပုဂ္ဂိုလ်မျိုးကတော့ မုဆိုးမတစ်ယောက်ကို သမ္မတကနမ်းတာ ဘာဆန်းလို့လဲ.. လို့ဆင်ခြေပေးချင်ပေးနေမှာပါ။ မြန်မာလူထုပရိသတ်ရဲ့ အလယ် မှာတော့ ဒါဟာဆန်းကြယ်ပါတယ်။ အမြင်မသင့်တော်လှပါဘူး။ မြန်မာ့ယဉ်ကျေးမှုကို အလေးမထား တာ၊ အနောက်တိုင်းယဉ်ကျေးမှုကိုခုတိုင်ကိုင်စွဲနေတာကို ပြသလိုက်တာပါပဲ။

အနောက်တိုင်းက အရေးကြီးပုဂ္ဂိုလ် လာရောက်လည်ပတ်လို့ သူတို့ယဉ်ကျေးမှုအရ သူ့ယဉ်ကျေးမှု အတိုင်းလိုက်ပါလုပ်ဆောင်ရပါတယ်လို့ဆင်ခြေပေးကြမယ်ဆိုရင်လည်း.. ပြောပါရစေ.. မိန်းမသားချင်း အတူတူ... ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်ကျတော့ အိုဘားမားရဲ့ အနမ်းကိုဘာလို့မခံတာလဲ။ သူနဲ့လဲ တွေ့တာပါပဲ။ သူလဲ သူတို့ ထိုင်းပြည်သူတွေချစ်တဲ့ခေါင်းဆောင် တစ်ယောက်ပါ။ ပြောရမယ် ဆိုရင် ဗုဒ္ဓဘာသာအမျိုးသမီးချင်းအတူတူ ကျွန်တော်တို့မြန်မာခေါင်းဆောင်ထက် ထိုင်းအမျိုးသမီး ခေါင်းဆောင်ကယဉ်ကျေးမှုကို ပိုမိုစောင့်ထိန်းတယ်ဆိုတဲ့သဘောကိုပြလိုက်တာမို့ မြန်မာလူမျိုးတွေ အနေနဲ့ရင်ထဲမှာအောင့်သက်သက်ကြီး ဖြစ်နေပါတယ်။

မြန်မာဆိုတာ သိတဲ့အတိုင်းပါပဲ။ ခွေးချင်းကိုက်တာတောင်မှ ကိုယ့်ခွေးကို အနိုင်ရချင်တာပါ။ မြန်မာ့ စိတ်ဓာတ်ကနေရာတကာမှာ အနိုင်ရချင်တဲ့လူမျိုးတွေပါ။ အားကစား ဆိုလည်း ဒီအတိုင်းပါပဲ ကိုယ်က ဂိုးပေးလိုက်ရတဲ့အနေအထားထက် ကိုယ်ကဂိုးသွင်းလိုက်ရတာ(နိုင်လိုက်ရတာ)ကို လိုလားကြတာပါ။ တို့မြန်မာနိုင်ပြီဆိုတာမျိုးကို ကြွေးကြော်ချင်ကြသလို အနိုင်ဆိုတာမျိုးကိုပဲ လိုလားတာပါ။ အခုတော့ ခေတ်စကားနဲ့ပြောရယင် ကျွန်တော်တို့တစ်ဂိုးရှုံးသွားပါပြီခင်ဗျာ....။ တကယ်ဆိုကျွန်တော် တို့တစ်ဂိုး မရှုံးရအောင် ဟီလာရီကလင်တန်နဲ့နှုတ်ဆက်တဲ့နေရာမှာ မြန်မာသမ္မတဦးသိန်းစိန်က ဖက်လဲတကင်း ပွေ့ဖက်နမ်းရှုံ့လိုက်ရမှာပါ။ သူရဦးရွှေမန်းတို့၊ ဦးခင်အောင်မြင်တို့ကကော ဟီလာရီကလင်တန်ကို ဘာဖြစ်လို့ ၀ိုင်းပြီးမနမ်းလိုက်ကြလဲ... လို့ပဲ အော်ဟစ်မေးလိုက်ချင်စိတ်ဖြစ်မိပါတယ်။

အမှန်တကယ်ပြောရမယ်ဆိုရင် သူ့ရဲ့အနားမှာဝိုင်းရံနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ရှေးရိုးမြန်မာကြီးတွေ ဖြစ်ကြပါတယ်။ ဟံသာဝတီဦးဝင်းတင်ဆိုရင်လဲ မြန်မာနိုင်ငံမှာ သူ့လောက်စာတတ်တဲ့သူ မရှိပါဘူး။ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး(ငြိမ်း) ဆိုလဲ တစ်ချိန်က နိုင်ငံတော်မှာ ဒုတိယခေါင်းဆောင်နေရာမှာ နေလာတဲ့သူပါ။ သူတို့တွေရှိနေရက်သားနဲ့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး အမှားအယွင်း ဖြစ်ရတာကို စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။ ဒီမိုကရေစီခေါင်းဆောင်ကြီးကပဲ အာဏာရှင်ဆန်ဆန် ဘယ်သူ့ စကားကိုမှ နားမထောင်ဘဲ နေတာလား၊ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကပဲ မပြောရဲကြတာလား။ ပါတီအဖွဲ့အတွင်းမှာ ဒီမိုကရေစီမရှိကြလို့လား။ ဒါဆိုရင် ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည် တပ်ထားတာလဲ.. လို့ပင်မေးလိုက်ချင်ပါတယ်။

ဒီလောက်အကျည်းတန်၊ အရုပ်ဆိုးလှသော အဖြစ်အပျက် ကြီးကြီးမားမားကြီးကို လူမြင်ကွင်းမှာ အဖြစ်ခံရတာဟာ ဒီမိုကရေစီဘိုးဘိုးများဖြစ်ကြတဲ့ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့က ကြိုတင်တားသင့် ပါလျက် အဘယ်ကြောင့်မတားဘဲ လွှတ်ပေးထားသည်ကို စဉ်းစားမရဖြစ်မိကြောင်းပါခင်ဗျာ......။  

ရည်ညွှန်း - https://www.facebook.com/moeminthar.gyi

Wednesday, November 14, 2012

ဘယ်သူက တိုင်းပြည်ကို တကယ်ချစ်လဲ



ကြေငြာချက်
 (ဒို့ တဏှာအစည်းအရုံး မှာ အောက်ပါအတိုင်းကြေငြာထားလေရဲ့ ။)
လွှတ်တော်အမတ် ရှေ့နေ ဦးသိန်းညွှန့် နှင့် နေပြည်တော်ရှိ မာဆပ်တစ်ခု မှကောင်မလေး မူဗီထွက်ပေါ်နေကြောင်း သတင်းအတိအကျရထားပါသည်။ 
ဖိုင်ဆိုဒ် 50MB လောက်ရှိပြီး။ အစိမ်းရောင်အခန်းဆီးများကာထားသည့် အခန်းတွင်ဟုသိရပါသည်။ ချောင်းရိုက်ထားသော မူဗီဖြစ်သော်လည်း အရုပ်အသံများအထူးကြည်လင်ပြတ်သားသည်ဟု သိရပါသည်။  မိတ်ဆွေများကို တင်ပေးချင်သော်လည်း  လက်ထဲတွင်မူဗီမရှိဖြစ်နေပါသည်။ မူဗီလက်ဝယ်ရှိသော မိတ်ဆွေများ မေးထဲသို့ ပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကချင်ပြည်သူတွေ အတွက် ဘယ်သူက သူပုန်လဲ ဘယ်သူကအစိုး၇လဲ။

ဗလမင်းထင်တံတားဆိုတာနဲ့ ကချင်ပြည်နယ်ကလို့ သိကြမှာပါ။ ဒီတံတားကြီးဟာ မြစ်ကြီးနားမြို့  Shatapru ကျေးရွာနဲ့ မိုင်းနားကျေးရွာကြားရှိ ဧရာဝတီမြစ်ကြီးကို ဖြတ်ပြီးဆောက်ထားပါတယ်။ ဒီတံတားကြီးဆောက်တဲ့အချိန် ပြည်သူတွေရဲ့ အိမ်ခြံမြေတွေ အတော်များများဖယ်ပေးလိုက်ရပါတယ်။Shatapru ကျေးရွာ သီတာအေးရပ်ကွက်နဲ့ မိုင်းနားဆိပ်ရပ်ကွက် က ပြည်သူတွေ မတရားခြံမြေတွေ ဖယ်ပေးလိုက်ရ ပြီးအစိုးရပြန်ပေးတဲ့ မြေနေရာတွေကတော့ ရေ၀တ်ပြီး ဘာမှစိုက်စားလို့မ၇တဲ့ နေရာတွေ မြေရိုင်းတွေ။ အိမ်တွေပြန်ဆောက်ပေးဖို့နေနေသာသာ ဘာတန်ဖိုးမ၇ှိတဲ့ မြေတွေပြန်ပေးတာတောင်ကျေးဇူးတင်ရမလို ရှိခိုးးရမလိုပါပဲ။ ဒီတံတားကြီးဆောက်ပြီးလို့ ပြည်သူတွေ ကောင်းရောင်းကောင်းဝယ် ဟိုဘက်ကမ်းဒီဖက်ကမ်း ကူးသန်းရောင်းဝယ်သွားလာရတာများအဆင်ပြေပြီအောင်းမေ့တာ အရင်ကူးတို့နဲ့သွားလာရတာတောင် ပို လွတ်လပ်ပျော်ရွှင်သလို စိတ်ချမ်းသာရတာအမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် တံတားကြီးပေါ်မှာ နေရာယူထားတဲ့ ဌာနဆိုင်ရာ အဖွဲ့စည်းတွေများလွန်း၊ အပြိုင်အဆိုင်အလုအယက် ကောက်ခံနေတဲ့ အခွန်တွေဆိုတာ ပြည်သူတွေကို ဒမြတိုက် နေတာကျနေတာပဲ။ ဒီတံတားကြီးမှာ တာဝန်ကျဖို့ အပြိုင်အဆိုင်အကြီးအကဲတွေဆီ ဖားရပြုရတာလည်း မြင်မကောင်းရှုမကောင်း။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီတံတားကြီးမှာ တပ်ထိုင်ဖို့ တပ်ရင်းမှုးတွေ ပေးပို့ဖားရတာလည်း တစ်လကို သိန်း၆၀၀ထက်မနည်းပေးဆောင်ရတယ်။ တံတားပေါ်မှာ အာဏာအ၇ှိဆုံးကတော့ စစ်တပ်။ မော်တော်ယဉ်ဌာန၊သစ်တော်ဌာန၊စည်ပင်ဌာန၊လူဝင်မှုကြီးကြပ်ရေးဌာန၊ရဲဌာန၊အခွန်ဦးစီးဌာနစသဖြင့်ဌာနပေါင်းစုံက ၀န်ထမ်းတွေ စီးပွားရှာ အမြတ်ထုတ်နေတာက လွန်လွန်းပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ဖြတ်သန်းသွားလာဖို့ရင်ဆိုင်ရတဲ့ လမ်းကြောင်းတွေက ကိုယ်နိုင်ငံ ကိုယ့်ဒေသမှာ အဲ့ဒီလာက်ခက်ခဲပင်ပန်းလိမ့်မယ်ဆိုတာ ဘယ်သူထင်ပါ့မလဲ။ ပြည်သူတွေအဖို့ တောင်ယာလယ်တွေဆိုတာက နဂိုကတည်းက ဗလမင်းထင်တံတားရဲ့ ဟိုဖက်ကမ်းဆိုတဲ့ မိုင်းနားရွာမှာ လုပ်ကိုင်ခဲ့ကြတယ်။ လယ်ယာပြီးလို့ စပါးတွေကို ဒီဖက်ကမ်းသယ်လာဖို့ ရင်ဆိုင်ရတဲ့အနေအထားက ဒီဌာနဆိုင်ရာတွေကို ပေးရကမ်းရ အခွင့်တောင်းနေရတာတွေက ဆိုးဝါးလွန်းလှတယ်။ ပြက္ခဒိန်တွေကို မတန်တဆပေးပြီး ၀ယ်၇တာကလည်း စိတ်ဆင်းရဲဖို့ကောင်းလွန်းတယ်။  နွေရာသီ စပါးပြန်ချောစားတော့ မိုင်းနားကို စပါးပြန်သယ်တော့ တရုတ်ကို ရောင်းမှာဆိုးလို့ဆိုပြီ စစ်တပ်က မဖြတ်ခိုင်းပေးဆောင်ရတဲ့ငွေက ဆန်ဝယ်စားရတာထက်ဆိုး။

ဝိုင်းမော်မြစ်ကြီးနား ကိုယ့်ပြည်တွင်းမှာ အိမ်ဆောက်လို့ သစ်တွေ ဟိုဖက်ကမ်းဒိဖက်ကမ်းသယ်ဖို့ ဒီတံတားကြီးကို ဖြတ်ရတာ ရာဇ၀တ်မှုပဲကျုးလွန်သလို။ သစ်တစ်ချောင်းတောင်ဖြတ်လို့ မရဘူးတဲ့။ ဒီတံတားကြီးပေါ်က ဌာနဆိုင်ရာဆိုတဲ့သူတွေက စစ်ဆေးမေးမြန်းလိုက်တာ ခြိမ်းချောက်ငွေညစ်လိုက်ကြတာ။

ပြည်သူတွေ ခရီးသွားလာကူးသန်းရောင်းဝယ်ကြတာကို တော့ မှောင်ခိုပဲလုပ်စားနေသလို။

ည ဆိုတဲ့ အချိန်ရောက်တော့ ဒီတံတားကြီးပေါ်က ဌာနဆိုင်ရာတွေ အပြိုင်အဆိုင်အလုအယက် မျက်လုံးကြီးတွေတစ်ဝင်းဝင်းနဲ့ လောဘမော်ဟတွေ ဝေတဲ့ အချိန်ပေါ့။ ညဆိုတဲ့ အချိန်က သူတို့ အတွက် ငွေတွင်းကြီးဆိုလည်းဟုတ်၊ အလုပ်လုပ်လို့ အကောင်းဆုံးအချိန်အပျော်ဆုံးအချိန်ပေါ့။ ဘာလို့လဲဆိုတော့ နေ့လည်က မိဘပြည်သူတွေကို ဆန်စပါးတရုတ်ပြည်ကို ရောင်းမှာဆိုးလို့ ဆိုက်ကားနဲ့တောင်မဖြတ်ရဆိုတဲ့ ဌာနဆိုင်ရာက လူတွေ ကွန်တိန်နာကားကြီးကားငယ်တွေနဲ့ အစီးရေမနည်းမနော် ကို ဖြတ်ခိုင်း မှတ်တဲ့သူကမှတ်ဌာနတိုင်းကအလုပ်ကိုရှုပ်။ နေ့လည်က မိဘပြည်သူတွေအမှန်တကယ်လိုအပ်လို့ သစ်တွေ ဆိုက်ကားထော်လာဂျီတွေနဲ့ သယ်တာကို မသယ်ရဆိုတဲ့ သူတွေက ညဆို သစ်ကားကြီးတွေနဲ့ အစီးရေတစ်ရာ နှစ်ရာ အပြိုင်အဆိုင်မှတ် ။ဒီတံတားကြီးကို ဖြတ်တရုတ်ကို သယ်နေတာက ရင်နာစရာ။ မော်တော်ယာဉ်မောင်းတွေက မြန်မာစကား၊ကချင်စကားတစ်လုံးမှမတတ်တဲ့ သူတွေ ဘယ်လိုလုပ်ပြီး မြစ်ကြီးနားကနေတရုတ်ပြည်ထိသယ်နေတာလဲ။ ဗလမင်းထင်တံတားမရောက်ခင် သီတာအေးဘုန်းကြီးကျောင်းက သစ်တွေ သိုလောင်ထားတဲ့နေရာပေါ့။ မိဘပြည်သူတွေက အိပ်စက်ခြင်းကောင်းကောင်းမအိပ်ရ၊ ကားသံ၊သစ်သယ်တဲ့ အလုပ်သမားတွေ အောင်တဲ့အသံဆူညံနေတာပဲ။

ကိုယ့်ပြည်နယ်ကိုယ့်ဒေသကလူတွေ ခရီးသွားလာတာကို ကြတော့ မသင်္ကာသလို ခြေဆုံးခေါင်းဆုံးကြည့်မှတ်ပုံတင်ကို စစ်လိုစစ်။ ဟောမြန်မာစကားတစ်လုံးတောင်မသိတဲ့သူတွေက ကိုယ်ဒေသမှာ ဘယ်လိုအကြောင်းတရားတွေကြောင့် ရောက်လာရတာလဲ။ ဗမာစကားမတောက်တစ်ခေါက်တတ်တဲ့ တစ်ရုတ်မက ငါ့မှတ်ပုံတင်က စစ်စစ်၊ ၂၅သိန်းတောင်ပေးထားရတာဆိုပြီး ရဲကို ပြန်ပြောလို့။

ကချင်ပြည်က ထွက်သမျှကျောက်စိမ်းတွေ မြန်မာပြည်ကောင်းဖို့ ဘယ်နေရာကနေဘာတွေ လုပ်ပြီးပြီလဲ။

ဖားကန့်မှာ ဗမာစကားမတတ်တဲ့ သူတွေက ဘယ်သူတွေရဲ့ အခွင့် အာဏာနဲ့ လုပ်ငန်း၇ှင်ကြီးတွေ ဖြစ်နေတာလဲ။

ဒေသခံမြန်မာနိုင်ငံသာတွေ အကျိုးဘာတွေလုပ်သလဲ။ ဖားကန်ကကျောက်တွေကို တောင်တွေဖြို၊မြေတွေတူး ရေမြေတောတောင်သဘာဝ ပျက်စီးခြင်းမကပျက်စီးပြီး ပြုပြင်ထိမ်းသိမ်းပြန်လည်မွမ်းမံဖို့ မစွမ်းဆာင်ပေးနိုင်တဲ့ အစိုးရကို ဘာလို အကောင်းမြင်ဝါဒနဲ့ ကြည့်ပေးရမလဲ။

လမ်းတံတားတွေ ကို မသိတဲ့ မြန်မာနိုင်ငံသားတွေက အစိုးရလုပ်တယ်ထင်ကောင်းထင်ကြလိမ့်မယ်။တကယ်တော့ ကချင်လုပ်ငန်းရှင်တွေ ဘယ်သူ ကျောက်ကောင်းမအောင်လိုက်နဲ့ အစိုးရက လမ်းတံတားတွေဆောက်ခိုင်းကျောင်းတွေဆောက်ခိုင်းနဲ့ နိုင်ငံတော် အခွန်တွေက မဆောက်ပဲကချင်လုပ်ငန်းရှင်တွေရဲ့ စည်းစိမ်တွေကို မနာလိုမရှုစိမ်အမြစ်ဖြုတ်၊အမည့်ချွေချွေပေးနေတာ နာကျင်ရင်နာစရာပါ။ တရုတ်တွေကုလားတွေ ကတော့ အာဏာပိုင်တွေနဲ့ပှုးပေါင်းပြီး ချမ်းသာလွန်းမက ကြီးပွားလွန်းမက လမ်းတံတားဆိုတာ သူတို့နဲံ မဆိုင်ဘူး။ဒီလို အကျင့်ပျက်ချစားလွန်းတဲ့ အစိုးရကို ကချင်ပြည်သူတွေအနေနဲ့ ဘယ်လို အားကိုးမလဲ။

မိမိပြည်သူတွေ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက် တာကိုကြတော့ ရာဇ၀တ်သားလို စစ်စစ်ဆေးဆေးနဲ့ အမှန်တကယ်တရုတ်ကို သယ်ယူရောင်းစားအမြတ်ထုတ်နေတာတွေကြတော့ အစိုးရဘက်တော်သားဆွေမျိုးလုပ်ငန်းရှင်တွေ ကြီးပဲ။ ဒေသခံပြည်သူတွေဆိုတာက ကိုယ့်မြေကိုယ့်ရေမှာ ပြားပြားဝတ်မတရားခံနေရတာတွေက နာကျင်စရာနဲ့ နာကျဉ်းစရာ။

ကချင်ပြည်သူတွေကိုယ့်မြေကိုယ်ရေကိုယ့်ဒေသမှာ ဘောင်ကျဉ်းလာ ရှာဖွေစားသောက်အသက်ရှင်ခက်လာတာတွေက မခံချင်စိတ်နဲ့ တော်လှန်မှုကို ဖြစ်စေလာတဲ့ အခြေခံအကြောင်းတရားတွေပဲ။

ဒီနေ့ ကေအိုင်အေတွေ ရဲ့ ပြည်သူတွေအပေါ်ရပ်တည်ချက်က ကချင်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အရိပ်လက္ခဏာတွေဖြစ်တယ်ဆို ကချင်ပြည်သူတွေ ကေအိုင်အေကို ထောက်ခံအားပေးတာ မှန်ကန်တဲ့ ထောက်ခံမှုတစ်ရပ်ပဲ။ ဒီလိုပဲ မြန်မာအစိုးရက ကချင်ပြည်သူတွေအပေါ်ထားတဲ့ရပ်တည်ချက် က ကချင်ပြည်သူတွေ အတွက် ကောင်းမွန်တယ်ဆို မြန်မာအစိုးရကလည်းကချင်ပြည်သူတွေရဲ့ အစိုးရတစ်ရပ်ပါပဲ။ သေချာတာက မြန်မာအစိုးရရဲ့ ကချင်ပြည်သူတွေအပေါ်ထားတဲ့ ရပ်တည်ချက်က အစဉ်အလာ သမိုင်းကြောင်းအရ ရိုးသားမှုမှန်ကန်မှု မရှိခဲ့လို့ ယနေ့တိုင်းရင်းသားပြည်သူတွေနဲ့ ပြသာနာတက်နေတာက ဘယ်သူတွေရဲ့ အလွန်လဲ။ကချင်ပြည်သူတွေကို ကချင်မြေမှာနေလို့မရအောင် လုပ်နေတာက ဘာရည်ရွယ်ချက်လဲ။ ကေအိုင်အေတွေ ပြည်သူတွေ အတွက် မကောင်းတဲ့ သူတွေဆို ပြည်သူတွေကမြန်မာအစိုးရနဲ့ ပူပေါင်းပြိးကေအိုင်အေကို အမြစ်ပြတ်ချေမုန်းဖို့ ဘာအကြောင်းကြောင့် နှောင့်နှေးတုန့်ဆိုင်းနေမှာလဲ။ အဲ့ဒီလို့ပဲ မြန်မာအစိုးရက ကချင်ပြည်သူတွေ အတွက် မကောင်းရင် ကချင်ပြည်သူတွေအနေနဲ့ မြန်မာအစိုးရကို ကေအိုင်အေနဲ့ ပှုးပေါင်းတော်လှန်ဖို့ ဘာအကြောင်းကြောင့် တွန့်ဆုတ်ရမှာလဲ။ ဘယ်အစိုးရမဆို ပြည်သူတွေ ရဲ့ အခြေခံလူတန်းစေ့နေထိုင်အသက်ရှင်မှုကို အာမခံချက်ပေးရင် ပြည်သူတွေ ရဲ့ လိုလားတဲ့ အစိုးရပဲ။ခု ကေအိုင်အေက ပြည်သူတွေ အတွက် အကျိုးရှိတဲ့ မှုဝါဒတွေ ပြည်သူတွေ ကို အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ သေအချာအခိုင်အမာ လုပ်ဆောင်နေတယ် ညှိနိုင်းနေတယ်ဆိုတာ ကချင်ပြည်သူတွေသာမက မြန်မာတစ်နိုင်ငံလုံးနိုင်ငံတကာကို ဘာတစ်ခုမှဖုံးကွယ်ထားချင်းမရှိ လက်တွေ့လုပ်ဆောင်နေတာ ကျွန်တော်တို့ပြည်သူတွေ သိနေတယ်၊မြင်နေတယ်၊ကြားနေတယ်။ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကလည်းစစ်ကို လိုလားလွန်းလို့ ဒုက္ခကို ရင်ဝယ်ပိုက်သားကဲ့သို့ ချစ်ခင်လွန်းလို့ မှမဟုတ်တာ။ ကျွန်တော်တို့ ရဲ့ ဒုက္ခကို ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်ကောင်းစားပျော်ရွှင်ဖို့ စတေးရတာ အစိုးရကောင်းတစ်ရပ်ပေါ်ထွန်းလာဖို့ပဲ။ ခုချိန်မှာ ကချင်ပြည်သူတွေအတွက် အစိုးရနှစ်ရပ်ကို အသက်နဲ့ ရင်းပြီးရွေးချယ်နေရတဲ့အချိန်တစ်ခု။ ကျွန်တော်တို့ရဲ့ရွေးချယ်မှုမှာ သွေးနံတွေလည်းညှီနေပြီ။ခု ကချင်ပြည်နယ်မှာ အထက်ကအကြောင်းအရာလို ဌာနဆိုင်ရာဒမြ၊သူခိုးတွေက ကေအိုင်အေဖက်က မရှိသေးတော့ ကျွန်တော်တို့ ပြည်သူတွေ ဘယ်အစိုးရက ကိုယ့်ဘ၀အတွက် ကောင်းတဲ့ အစိုး၇လဲဆိုတာ စဉ်းစားနေရပြီ။ အဆုံးအဖြတ်ပေးဖို့ ဒုက္ခစစ်ပြေးဘ၀ကြားက ရဲရဲဝံ၀ံအဆုံးအဖြတ်ပေးနေရပြီ။ကချင်ပြည်သူတွေ အတွက် ဘယ်သူက သူပုန်လဲ ဘယ်သူကအစိုး၇လဲ။ဘယ်သူတွေက ဒမြ၊သူခိုးလဲ။ဘယ်သူတွေက သူရဲကောင်းလဲ။
သင်သာကချင်ပြည်သူ၊ကချင်လူမျိုးဆိုရင် သင့် အစိုးရက ဘယ်သူဖြစ်မလဲ။ 
 tsaw-ra FB မှ

Thursday, November 8, 2012

တောင်သာမြို့ ကျောက်ကာရွာ NLD ရုံးဖွင့်ပွဲ ဆန္ဒပြခံရ

တောင်သာမြို့နယ် ကျောက်ကာ ကျေးရွာတွင် NLDပါတီမှ ရုံးဖွင့်ပွဲ ပြုလုပ်ခြင်း ၄င်းအခမ်းအနားကို 3.11.2012 နေ့ နံနက် 10နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ကာကျေးရွာ မှ ဒေသခံပြည်သူများမှ NLD ပါတီသည် မိမိတို့ ဒေသအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိဘဲ အခုမှ ရုံးလာဖွင့်တာ ငါတို့နယ်မှာ NLD ပါတီကို မလိုလားဘူး၊ ငါတို့နယ်ကို ကောင်းအောင် ကြည့်ပေးတဲ့လူကိုဘဲငါတို့အ၀င်ခံ နိုင်မယ်၊ ငါတို့ရွာမှာ NLD ပါတီအ၀င် မခံနိုင်ဘူး၊ တို့ရွာမှာ 3 ယောက်လောက်ဘဲ NLDလုပ်တာနဲ့ တို့ရွာမှာ စိတ်ဝမ်းကွဲ မခံနိုင်ဘူးဟု ပြောဆိုကာ နံနက် 8နာရီခန့်မှစပြီး ရွာအ၀င်မှ ကျေးရွာပြည်သူ 200 ဦးခန့်သည် ငြိမ်းချမ်းစွာဖြင့် “ တို့ရွာ တည်ငြိမ်း အေးချမ်းမှုကို ပျက်စီးအောင် မလုပ်ပါနဲ့၊ NLDအလိုမရှိဘူး၊ ” ဟူသော လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ ကြောင်းသိရသည်။ ကျေးရွာတွင် NLD ပါတီဆိုင်းဘုတ် တင်သော သူ၏ အရည်အချင်းမှာ- ဦးနန်းတင် (အဖ) ဦးလှမောင်၊ အသက်(၅၃) ၊ ပညာအရည်အချင်း (၇) တန်းသည် စစ်တပ်မှ စစ်သားအဆင့်ဖြင့် စာရိတ္တ ဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတစ်ဦး ဖြစ်ပါတယ်။

ယခုအခါမှာလည်း မယားငယ်နှင့် ပေါင်းသင်းနေသူဖြစ်ပြီး အဖေ အရင်း ခေါက်ခေါက် ကိုဓါးကြိမ်းကြိမ်းပြီး ငါကိုင်တုတ်ဆဲ ရေးတိုင်းထွာမှုများ ရှိခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ် ရ.ယ.က ဥက္ကဋ္ဌ လုပ်စဉ်က လည်း ထန်းသမား ကိုတိုးကြည်၏ ဇနီးအားဆံပင်ဆွဲ ပါးရိုက်သော ကိစ္စဖြင့်ထောင် ကျမလိုဖြစ်ကာ ရ.ယ.က ဥက္ကဋ္ဌ ဘ၀မှရပ် နားခဲ့ရပါတယ်။ ယခု ကျေးရွာတွင်လည်း သာရေး/နာရေး ကိစ္စများတွင် ၄င်းအားဘယ်သူမှ မသုံးဘဲ ကျေးရွာမှ ပစ်ပယ်ထား သူဖြစ်ကြောင်း သိရှိရပါတယ်။ ယခုကိစ္စများကို ကြည့်ခြင်းအားဖြင့် NLD ပါတီသည် ရပ်ကွက်/ကျေးရွာများ တွင်ရုံးခန်းဖွင့် လှစ်ရာတွင် အများပြည်သူနှင့် မတည့်ူသူများ၏ နေအိမ်များ တွင်ရုံးဖွင့်လှစ်နေ ရကြောင်း သိရှိရပါတယ်။

ကုလားဟု ခေါ်ခြင်းအား ဗိုလ်ချုပ် ထောက်ခံချက်ပေး



ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကုလားလို့ သုံးထားပါတယ်....

ဒါက ဒေါ်အောင်ဆန်းစုကြည်ရေးထားတဲ့ ဆောင်းပါးထဲက ကောက်နှုတ်ချက် ဖြစ်ပါတယ်..

အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။
...
ဖခင်ဖြစ်သူ ဦးဖာသည်လယ်သမားမျိုးရိုးမှ ဖြစ်ပြီး မိမိ၏အသက်မွေးဝမ်းကြောင်းအလုပ်
ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်း မရှိခဲ့ပါ။ထို့ကြောင့် ထက်မြက်သွက်လက်လှသော မိခင်ဒေါ်စုသာ
လျှင် မိသား စု စားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါ သည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ်“ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလား တို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သား များ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။(ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ဆောင်းပါး)_